အနိုင်ရသူက သရဖူဆောင်းပြီး ရှုံးနိမ့်သူက မေ့လျော့ခံရတယ်
Vol. 141 Ch. 2104
“ တကယ်ကြီး သူတို့ ဖြစ်နေတာပဲ …” လင်းရီ တိတ်တဆိတ် ဆိုလိုက်၏။
အဆိုပါ ကုမ္ပဏီကြီး နှစ်ခုအနက် -- တစ်ခုက ဈေးကွက်ကို နှစ်ပေါင်းများစွာ လက်ဝါးကြီး အုပ်ထားခဲ့သည့် လီတိုဂရပ်ဖီစက် ထုတ်လုပ်သည့် ကုမ္ပဏီကြီး ဖြစ်သည်။ ပုံမှန် အခြေအနေအောက်တွင် ၎င်းတို့က လုံရှင်းထက် ဈေးကွက် ရှယ်ယာ ပိုများသည်မှာ သဘာဝပင်။
အခြားနောက်တစ်ခု ဖြစ်သည့် TSMC က ချစ်ပ် ထုတ်လုပ်ရေး နယ်ပယ်၏ ဂျိုင်းရက်ကြီးဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်နေသူလည်း ဖြစ်သည်။
ထို့ကြောင့် ဤအရေးတွင် ၎င်းတို့ဘက်က အသာစီး ရထားသည်က သဘာဝပဲဖြစ်၏။
ယင်းက အံ့အားသင့်စရာလည်း မဟုတ်သလို မှန်းဆရ ခဲယဉ်းသည့် ကိစ္စ တစ်ခုလည်း ဟုတ်မနေချေ။
“ အဆိုပြုချက်ကို အတည်ပြုလိုက်ပြီလား ….”
“ ပြီးလုပြီးခင်ပဲ … ဒီည ကော့တေးပါတီ ရှိတယ် … ပြီးတော့ အဲ့ဒီအချိန်မှာပဲ ဒီကိစ္စကို နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်လောက်တယ် …” ချီရှန်းကျောက် ပြန်ပြောလိုက်သည်။
“ ကော့တေးပါတီလား ….”
“ သူတို့ ထုံးစံပဲလေ… ကိစ္စတွေကို သက်တောင့်သက်သာ ပုံစံနဲ့ပဲ လုပ်ကြတယ် ….”
“ ဒါဆို ပြောင်းလဲနိုင်ဦးမယ့် အခွင့်အရေး ရှိသေးတယ်ပေါ့ ….”
“ သီအိုရီ အရဆိုရင်တော့ … အင်း … ရှိတယ် … ဒါပေမယ့် လက်တွေ့ကျကျ ပြောကြေးဆိုရင်တော့ မရှိဘူး …” ချီရှန်းကျောက် ပြောလိုက်ပြီး “ Intel, ASML, TSMC, Samsung , Qualcomm(ကွဲကွန်း) , Micron (မီခရွန်), Texas Instrument … ဒီရဲ့ ကမ္ဘာ့ထိပ်တန်း Semiconductor ဂျိုင်းရက်ကြီးတွေ အကုန်လုံးက မဟာမိတ် ဖွဲ့ထားကြပြီ … ကျုပ်တို့ရဲ့ လွှမ်းမိုးမှုက ပါမွှားလေးရယ် … ပြီးတော့ သူတို့ရဲ့ စည်းချက်ကို ထိုးဖောက်ဖို့က မဖြစ်နိုင်လု နီးပါးပဲ ….”
“ Intel လည်း ဒီထဲ ပါဝင်နေတာလား …”
Intel ၏ ဝင်ရောက်စွက်ဖက်မှုက လင်းရီကို အံ့အားသင့်သွားစေခဲ့သည်။ မည်သို့ပင်ဆိုစေ သူက Intel ၏ အကြီးမားဆုံး ရှယ်ယာပိုင်ရှင်ပင်။ ထို့ကြောင့် သီအိုရီနည်းကျကျ ဆိုပါက ၎င်းတို့သည် သူ့ဘက်ခြမ်းတွင် ရပ်တည်ပေးသ့်၏။
“ Intel ရဲ့ လုပ်ရပ်က ကျုပ်ကိုလည်း အတော်လေး ဇဝေဇဝါ ဖြစ်သွားစေတာပဲ ….” ချီရှန်းကျောက် ပြေလိုက်ပြီး “ ဒီတစ်ခေါက် သူတို့ရဲ့ ကိုယ်စားလှယ်က အဲလစ် မဟုတ်ဘူး … ပေါလ်ဆိုတဲ့ စီနီယာ ဒုဥက္ကဌတစ်ယောက်ပဲ ….”
“ အဲလစ်နဲ့ရော သီးသန့် ဆက်သွယ်ဖြစ်သေးလား …”
“ အင်း … လုပ်ကြည့်တယ် … ဒါပေမယ့် ဆက်သွယ်လို့မရဘူး ….”
“ ဒါဆို တစ်ခုခု ဖြစ်နေပြီ …” လင်းရီ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
Intel ၏ အခြေအနေကို လင်းရီ ကောင်းစွာ သတိပြုမိသည်။ သူတို့က ကမ္ဘာ့အကြီးဆုံး CPU ထုတ်လုပ်သူ ဖြစ်ပြီး ကမ္ဘာ့ Semiconductor နယ်ပယ်အတွက် အရေးပါသည့် အပိုင်းအစတစ်ခုပင်။
အမေရိကန်က ထိုကဲ့သို့သော ကုမ္ပဏီမျိုးကို သူတစ်ပါးတိုင်းပြည် လက်ဖဝါးထဲသို့ ကျရောက်ခွင့် မပြုမည်မှာ ထုံးစံပင်။ သို့သော် ဤအခြေအနေကို သူတို့ မည်သို့ ကိုင်တွယ်နေလဲဆိုတာကိုတော့ ရေရာရှင်းလင်းခြင်း မရှိသေးချေ။ သေချာသည့်အရာ တစ်ခုကတော့ အကယ်၍ ၎င်းတို့ဘက်ကသာ Intel ကို ပြန်ရယူလိုသည်ဆိုပါက ခက်ခဲသည့် အရာတော့ မဟုတ်ပေ။
သို့သော် လင်းရီသည်လည်း လွယ်လင့်တကူ လိုက်လျောပေးဖို့ မစဉ်းစားထားပေ။ အချိန်ရသည်နှင့်ချက်ချင်း အဲလစ်နှင့် စကားပြောဖို့ လုပ်ရပေမည်။
“ ဥက္ကဌလင်း … ကျုပ်တို့ အခုလောလောဆယ် အတော်လေး အန္တရာယ်များတဲ့ အခြေအနေကို ကျရောက်နေပြီ …” ချီရှန်းကျောက် အင်မတန် စိုးရိမ်ကြောင့်ကြစွာဖြင့် ပြောလိုက်သည်။ “ တကယ်လို့ ဒီရဲ့ တည်ဆောက်မှု ပုံစံအသစ် သဘောတူညီချက်ကသာ သက်ဝင်လှုပ်ရှားသွားခဲ့ရင် လင်းယွင်အုပ်စုအပေါ် ထိခိုက်လာမယ့် အပျက်အစီးက တိုင်းတာလို့ မရအောင်ကိုပဲနော်… တုံးစန်းကောင်တီမှာ ရှိတဲ့ ကျုပ်တို့ရဲ့ စက်မှုဇုန်တွေလည်း ထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားရလောက်တယ် … လိပ်ပြာတောင်ပံခတ်သွားတဲ့ အကျိုးဆက်က ဟွာရှ Semiconductor နယ်ပယ် တစ်ခုလုံးကိုတောင် သက်ရောက်သွားမယ့် အလားအလာတွေ ရှိတယ် ….”
“ ငါနားလည်တယ် ….”
လင်းရီ သူ့ခေါင်းကို အနည်းငယ် ငုံ့ထားပြီး သူ၏ အမူအရာမှာ မည်းမှောင်နေသည်။
သူ ယနေ့ ချီရှန်းကျောက်နှင့် တွေ့ဖို့ ချိန်းလိုက်သည်က ကုမ္ပဏီ ကိစ္စများ ပြေဆိုဆွေးနွေးပြီး ဖြစ်ပျက်နေသည့် အကြောင်းအရာများအား အမီလိုက်ရန်အတွက်ပင်။
ယခုလို ကိစ္စမျိုး ဖြစ်ပျက်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
ယင်းက စီးပွားရေး ဖိနှိပ်ဟု မြင်ရသော်လည်းပဲ စင်စစ်တွင်ကား ပထဝီ နိုင်ငံရေး ကစားမှုပင်။
ထို့ပြင် လင်းယွင်အုပ်စုက ၎င်းတို့ အလယ်တွင် အမြှောက်စာ ဖြစ်သွားခဲ့ရခြင်း ဖြစ်၏။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်လာခဲ့ပြီး ရှန်းရှုရီက ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။
လင်းရီ အချိန်ကို တစ်ချက် ကြည့်လိုက်သည်။ လန်ဒန် စံတော်ချိန် ည ၆ နာရီ ရှိနေပြီး ဆိုလိုသည်က ရန်ကျင်းတွင် ည တစ်နာရီ ရှိနေပြီ ဟူ၍ပင်။
ယခုလို အချိန်မျိုး၌ ရှန်းရှုရီ ဖုန်းဆက်လာသဖြင့် တစ်စုံတစ်ရာ အရေးကြီးသည့် အရာပဲ ဖြစ်ရပေမည်။
“ စကားပြောလို့ အဆင်ပြေလား ….”
ဖုန်းကိုင်လိုက်သည်နှင့် ရှန်းရှုရီ ပြောဆိုလာခဲ့သည်။
“ ဟုတ် အန်တီရှန်း … ပြောလေ …”
“ နင် ချီရှန်းကျောက်နဲ့ တွေ့ပြီးပြီလား ….”
“ တွေ့ပြီးပြီ .. အခုလေးတင် အတူ စကားပြောနေတာ ..”
“ သူ နင့်ကို ညီလာခံ အကြောင်းရော ပြောပြသေးတယ်မလား ….”
“ အန်တီရှန်းလည်း အဲ့ကိစ္စ သိနေတယ်ပေါ့ ….”
“ ငါ ဒီတိုင်း ကြားမိတာ …”ရှန်းရှုရီ လေးနက်တည်ကြည်စွာ ပြောဆိုလိုက်ပြီး “ ဒီ အခြေအနေက နင့်ကို ပစ်မှတ်ထားနေတာဆိုတာ အသိသာကြီးပဲ … သူတို့က ဟွာရှရဲ့ semiconductor နယ်ပယ်ကို ဖိနှိပ်ချင်နေကြတာ … အခုလောက်ဆို နင်လည်း သတိပြုမိရောပေါ့ ….”
“ ကျွန်တော် သိတယ် … ကျွန်တော်တို့က လူနှစ်ယောက် အင်အားချင်း ယှဉ်တဲ့ တိုက်ပွဲမှာ ဒီတိုင်း အမြှောက်စာ ဖြစ်သွားခဲ့ရုံပါပဲ …” လင်းရီ ခါးသီးစွာ ပြုံးလျက် ဆိုလိုက်ပြီး “ ကျွန်တော်တောင် ကိုယ့်ကိုယ်ကို ဘယ်လို ဆွဲချခံလိုက်ရမှန်း မသိလိုက်ဘူးရယ် ….”
ရှန်းရှုရီ အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
“ နင့်အတွက် တကယ်လည်း ခက်ခဲရှာမှာပဲ ….”
“ အဆင်ပြေပါတယ် … ကျွန်တော်က အရေထူနေပြီလေ … ဒီလောက်နဲ့တော့ ကျွန်တော့်ကို စိတ်အနှောင့်အယှက် မပေးနိုင်ပါဘူး … အဆိုးဆုံးဖြစ်လာရင် အိမ်ပြန်ပြီး မိန်းမနဲ့ ကလေးနဲ့ နွေးထွေးတဲ့ အိပ်ရာလေးနဲ့ပဲ နေလိုက်တော့မယ် ….”
“ နင်သာ အဲ့လိုတကယ်တွေးနေတယ်ဆိုရင် ငါ နင့်အတွက် တကယ် ဝမ်းသာတယ် .. ဒါပေမယ့် နင်က အဲ့လို လူစားမျိုး မဟုတ်ပါဘူး … ငါ့ကို ပေါက်တတ်ကရတွေ လာပြောမနေနဲ့ ….”
လင်းရီ နှာခေါင်းပွတ်လိုက်ပြီး ရှန်းရှုရီ၏ အလဲထိုးချင်းကို ခံလိုက်ရသည့်နှယ် ခံစားသွားခဲ့ရသည်။
“ ဒါပေမယ့် ကျွန်တော်သိချင်တာ တစ်ခု ရှိတယ်….” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ဒီ ညီလာခံ အောင်မြင်သွားခဲ့ရင် Semiconductor နယ်ပယ်ထဲမှာ အဓိကကျတဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာ သေချာတယ် … သည့်မတိုင်ခင်တုန်းက ဘာလို့ သတင်းလေး နည်းနည်းလောက် ပေါက်ကြားတာမျိုးတောင် မရှိခဲ့ရတာလဲ ….”
ထိုနေရာအရောက်တွင် လင်းရီ စကား ရပ်တန့်လိုက်၏။ ထို့နောက် ဆက်ပြောသည်။
“ ပြီးတော့ တည်ဆောက်မှုပုံစံအသစ်နဲ့ ကွန်ပျူတာနဲ့ဆိုင်တဲ့ သဘောတူညီချက်တွေကို ပြန်ရေးတာက သူတို့ရဲ့ ကိုယ်ပိုင် ကုမ္ပဏီတွေကိုလည်း သက်ရောက်မှု ရှိလာမှာပဲ … ဒီ နိုင်ငံတကာ ဂျိုင်းရက်ကြီးတွေရဲ့ ရှယ်ယာရှင်တွေက ဒီလိုမျိုး ဆုံးဖြတ်ချက်ကို အတွန့်မတွက်ဘဲ သဘောတူကြတယ်ပေါ့ …”
ချီရှန်းကျောက် ထိုကိစ္စ ထုတ်ပြောလာခဲ့ကတည်းက လင်းရီသည် တစ်ချိန်လုံး ဇဝေဇဝါ ဖြစ်နေခဲ့ရသည်။
အရင်းရှင် သူဌေးကြီးတို့မှာ အမြတ်ကိုသာလျှင် အမြဲတစေ ဂရုစိုက်ပြီး မည်သည့်အရာကိုမျှ များများမစဉ်းစားပါဘဲနှင့် ငွေတစ်ခုတည်းကိုပဲ ရနိုင်သမျှ ရှာချင်သည်။
သို့သော် တည်ဆောက်မှုပုံစံကို အသစ်ပြန်ရေးမည်ဆိုပါက ၎င်းတို့၏ ငွေကြေး အမြတ်အစွန်းအပေါ်တွင်လည်း သိသာထင်ရှားသည့် အကျိုးသက်ရောက်မှုတို့ ရှိလာပေလိမ့်မည်။
အကယ်၍ ယင်းကို ကုမ္ပဏီတစ်ခုတည်းက သဘောတူညီသည် ဆိုပါက ယုတ္တိရှိသော်လည်းပဲ သို့သော် ယခု … ကမ္ဘာ့ထိပ်သီး Semiconductor ကုမ္ပဏီကြီးများအားလုံးက တစ်ညီတစ်ညွှတ်တည်း သဘောတူလာခဲ့သည်ရာ တစ်ခုခုတော့ မူမမှန်ချေ။
“ ငါလည်း အဲ့ကိစ္စ အခုထိ သဘောမပေါက်သေးဘူး …” ရှန်းရှုရီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါ ခန့်မှန်းမိသလောက်ကတော့ အဲ့တာက မညီမျှတဲ့ ဖွံ့ဖြိုးမှုရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်လိမ့်မယ်….”
“ မညီမျှတဲ့ ဖွံ့ဖြိုးမှုလား ….”
“ ပြည်တွင်း အင်တာနက်နဲ့ Semiconductor နယ်ပယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းက နှစ် ၂၀ လောက်ပဲ ရှိသေးတယ် … မတူးဖော်ရသေးတဲ့ အပြာရောင် သမုဒ္ဒရာကြီးတွေက အများကြီး ရှိနေသေးတယ် … ဒါကြောင့်မို့ ရင်းနှီးမြုပ်နှံသူတွေက ရေတို အကျိုးအမြတ်နောက် လိုက်ပါလိုက်ကြတာပဲ …” ရှန်းရှုရီ ရှင်းပြလိုက်သည်။ “ ဒါပေမယ့် အမေရိကန်က မတူဘူး … နည်းပညာ ထိပ်သီး ကုမ္ပဏီကြီးတွေ တော်တော်များများက သူတို့ နိုင်ငံမှာပဲ ရှိတယ် … သူတို့ရဲ့ အင်တာနက်နဲ့ မြင့်မားတဲ့ နည်းပညာနယ်ပယ်ကလည်း ဆယ်စုနှစ် ငါးခုကျော်နေပြီ … ဖွံ့ဖြိုးတိုးတက်ပြီး ထုတ်ဖော်ဖို့ လိုအပ်တဲ့ အပိုင်းတွေလည်း အကုန်ပြီးသွားပြီ … ရေတိုရင်းနှီးမြုပ်နှံပြီး ငွေရှာဖို့က အခုချိန်မှာ အတော်လေး အခက်တွေ့စရာ အခြေအနေပဲ … ငါ့အထင်ကတော့ သူတို့က ဒီနယ်ပယ်ကို အသုံးချပြီး ငါတို့ရဲ့ ဆီလျော်မှုမရှိတဲ့ ကုမ္ပဏီတွေကို ဖယ်ရှားပစ်ချင်နေတာပဲ .. ဒါက လင်းယွင်အုပ်စုတစ်ခုတည်းကိုတင် မကဘူး .. နိုင်ငံထဲက တခြား Semiconductor နယ်ပယ်ထဲမှာ ရှိတဲ့ ကုမ္ပဏီတွေ အပေါ်လည်း အကျိုးသက်ရောက်မှု ရှိလာလိမ့်မယ် … အဲ့လိုလုပ်လိုက်ရင် သူတို့က ကမ္ဘာကို ဦးဆောင်တဲ့သူတွေ ဖြစ်လာပြီး Semiconductor အပေါ်မှာ လက်ဝါးကြီး အုပ်လာနိုင်မှာပဲ ….”
“ အဲ့တာက ယုတ္တိရှိတယ် …ဒါပေမယ့် ဒီလိုလုပ်တာက ပြည်တွင်း အကျိုးစီးပွားကို ထိပါးလိုက်တာပဲလေ .. သူတို့က ဒီလိုမျိုး ကိုယ့်ကိုယ်ကို ပြန်လောင်ကျွမ်းမယ့် ကစားနည်းမျိုးကို ကစားဝံ့နေတယ်ပေါ့ …”
“ အဲ့တာကြောင့် ငါ့မှန်းဆချက် သပ်သပ်ပဲလို့ သုံးတာပေါ့ … မသေချာသေးဘူး … သူတို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်က ဘာတွေ ဖြစ်မလဲဆိုတာ အချိန်တွေလေးအတွင်း ပေါ်လာလိမ့်မယ် … ငါ နင့်ဆီ ဖုန်းဆက်လိုက်တာက လက်ရှိ အခြေအနေရဲ့ အတိမ်အနက်ကို နားလည်နိုင်အောင်လို့ပဲ ….”
ရှန်းရှုရီ လေးနက်စွာ ပြောလိုက်ပြီး “ အခု … လင်းယွင် အုပ်စုနဲ့ အနောက် ကမ္ဘာရဲ့ Semiconductor ဂျိုင်းရက်ကြီးတွေက မတူညီတဲ့ တပ်စခန်း နှစ်ခုက စေလွှတ်လိုက်တဲ့ ပထမလှိုင်း အင်အားစုလေးပဲ … နှစ်ဖက်ခြမ်းလုံးမှာ သူတို့ရဲ့ ကိုယ်စီ မစ်ရှင်တွေ ရှိတယ် .. နင်တို့ တစ်ယောက်ချင်းစီတိုင်းက တစ်ယောက်ကိုယ်တစ်ယောက် ဖျက်စီးဖို့ ကြိုးစားနေကြတယ် … နင် မှတ်ထားရမှာက အနိုင်ရတဲ့သူက သရဖူဆောင်းပြီး ရှုံးနိမ့်တဲ့လူက မေ့ပျောက်ခံရတယ် ဆိုတာပဲ ….”