အရှက်ဗြန်းဗြန်းကွဲတဲ့ မြင်ကွင်း
Vol. 141 Ch. 2102
“ သူ့ကိုလား … ထားလိုက်တော့ ….”
လင်းရီ လက်ဖက်ရည်ကို တစ်ကျိုက်မျှ မော့လိုက်ပြီး ဘာမျှ ထပ်ပြောမလာတော့ချေ။
“ နင့်အဖေကို ပန်းတိုင်ထားပြီး သူ့ကို ကျော်ဖြတ်ဖို့ နင် စိတ်ကူး မရှိဘူးလား …”
“ ဟင့်အင်း .. ဘာပဲဆိုဆို ဒီနှစ်တွေထဲမှာ ကျွန်တော်တို့နှစ်ယောက် စကားပြောဖြစ်တာမှ မရှိတာ ….”
လင်းရီ၏ လေသံက တည်တည်ငြိမ်ငြိမ်ပင်။ မည်သို့သော စိတ်ခံစားချက်မျိုးကိုမျှ ထောက်လှမ်းမမိချေ။
ကျွန်းအကြောင်း သိလိုစိတ်ပြင်းပြမှုက စနစ်ကြောင့်သာ ဖြစ်၏။ ထိုကောင် ပြောသည်မှာတော့ သူက အဆိုပါ အဖွဲ့အစည်းကြီးထံကနေ ဆင်းသက်လာခဲ့သည်ဆိုပင်။
ထိုကဲ့သို့သော စနစ်မျိုးကို ဖန်တီးနိုင်ခဲ့သည့်သူ အကြောင်းကို စဉ်းစားရုံမျှနှင့် လင်းရီ ကြက်သီးမဖြန်းဘဲ မနေနိုင်ခဲ့ချေ။
ကြည့်ရသည်မှာတော့ လူသားများမှာ အဆိုပါ လူ့အဖွဲ့အစည်းကြီး၏ ရှေ့မှောက်၌ နှိမ့်ကျသည့် ခြင်ယင်တစ်ကောင်ထက်ပင် ပိုလိမ့်မည်မထင်ပေ။
ဒူ ဒူ ဒူ …
ထိုအချိန်မှာပဲ လင်းရီ၏ဖုန်းက တုန်ခါလာခဲ့၏။
သူ ကိုင်ကြည့်လိုက်သောအခါ လျန်ရူရွှယ်က ဝီချက် ဗွီဒီယိုကော ပြောရန် တောင်းဆိုလာသည်ကို မြင်တွေ့လိုက်ရသည်။
လင်းရီ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ ယခုလို အချိန်မျိုးတွင် သူမဘက်က ဗွီဒီယိုကော ခေါ်ဆိုလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
“ ကိုင်လိုက်လေ … တကယ်လို့ အဆင်မပြေဘူးဆိုရင် ငါ အပြင်ထွက်ပေးမယ် ….”
“ မဟုတ်တာ မဟုတ်တာ … ကျွန်တော်တို့လည်း ထွေထူး ဘာမှ သိပ်မပြောပါဘူး …” ဗွီဒီယိုကော ခေါ်ဆိုမှုကို လင်းရီ သာမန်လျှံကာပဲ လက်ခံလိုက်၏။
စခရင်ပေါ်တွင် လျန်ရူရွှယ်က သာမန်အဝတ်အစားတို့ကိုသာ ဝတ်ဆင်ထားပြီး အလုပ်သွားသကဲ့သို့ အသေးစိတ်ကျကျ မဆင်ယင်ထားခဲ့ချေ။
“ နင် ဘာတွေ လုပ်နေတာလဲ …” ဖုန်းထဲတွင် လျန်ရူရွှယ် အေးအေးလူလူ လေသံဖြင့် မေးမြန်းလာသည်။
“ ညစာ စားနေတာလေ ….”
လင်းရီ ထို့နောက် ကင်မရာကို လှည့်၍ ဟင်းပွဲများအား ပြသကာ သူ၏ အပြစ်ကင်းစင်မှုအား ဖော်ပြလိုက်သည်။
“ နင့်အိမ်နဲ့လည်း မတူပါဘူး … နင် အပြင်ထွက်ပြီး စားနေတာလား ….”
“ ဉာဏ်ကောင်းသားပဲ …”
“ နင့်ကြည့်ရတာ စားပြီးတော့မယ့် ပုံစံပါပဲ … ငါ အခု ရန်ကျင်းမှာ … ဒီည ငါ့ကို အပြင်ထွက်ပြီးလည်ဖို့ ဖိတ်ခေါ်နိုင်မယ့် အခွင့်အရေး နင့်ကို ပေးမယ် …..”
“ ရန်ကျင်း ရောက်နေတာလား….”
“ အင်း … ငါ အခု တတိယအဝိုင်းပတ်လမ်းနားမှာ ….”
“ မင်း ခဏလောက် စောင့်လို့ အဆင်ပြေလား ….”
“ ခဏလောက် စောင့်ရမယ် … နင် အဲ့တာ ဘာစကားလဲ …” လျန်ရူရွှယ်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး “ ငါ့ကိုတောင် စောင့်ခိုင်းထားရအောင် နင် ဘယ်သူနဲ့ ထမင်းစားနေတာလဲ ပြောစမ်း ….”
လင်းရီ “ ….. “
ရှန်းရှုရီ “ …. “
“ ဟေ့ မင်းအဲ့လိုမပြောနဲ့ … စကားကို ကြည့်ပြော …..”
“ ရပါတယ် ရပါတယ် .. နင်ပဲ နင့် စမောလေးကို အဖော်လုပ်ပေးနေလိုက် … ငါတော့ အိမ်ပြန်ပြီ ….”
“ ငါ မင်းအမေနဲ့ ထမင်းစားနေတာနော်…..”
“ ဟင် … အမေနဲ့လား ….”
လင်းရီသည် ကင်မရာကို ရှန်းရှုရီဘက်သို့ လှည့်ပြလိုက်ပြီး သူမ၏ နက်မှောင်နေသည့် မျက်နှာအမူအရာအား မြင်တွေ့စေလိုက်သည်။
အာ ….
လျန်ရူရွှယ်၏ အမူအရာမှာ ချက်ချင်း အေးခဲသွားခဲ့၏။
“ အမေ ….”
ရှန်းရှုရီ သူ့သမီးအား တင်းမာစွာ ကြည့်လိုက်ပြီး “ ငါတို့ ဟွိုက်ရန် စားသောက်ဆိုင်မှာ ထမင်းစားနေတယ် … နင် မစားရသေးဘူးဆို ဒီလာခဲ့လိုက် …”
“ ဟုတ်ကဲ့ ….” လျန်ရူရွှယ် လေသံတိုးတိုးလေးဖြင့် နာနာခံခံလေး ပြန်ဖြေလိုက်သည်။
လျန်ရူရွှယ် ကိုးရို့ကားယား နိုင်စွာဖြင့် ဗွီဒီယိုကောကို ချလိုက်လေသည်။ အခန်းထဲရှိ လေထုမှာ အနည်းငယ် လေးလံသွားခဲ့၏။ သို့သော် မကြာမီမှာပဲ ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။
ရှန်းရှုရီလည်း အနည်းငယ် ရှက်ရွံ့နေခဲ့မိ၏။
ဒီလို မှိုဦးနှောက်နဲ့ သမီးမျိုးကို သူမ ဘယ်လို မွေးခဲ့မိတာလဲတဲ့ ..
များမကြာမီ လျန်ရူရွှယ် အပြုံးလေးဖြင့် အထဲသို့ ဝင်ရောက်လာသည်။
“ အမေတို့နှစ်ယောက်က ဘာလို့ အတူစားနေကြတာလဲဟင် ….”
“ သူက ရန်ကျင်း ရောက်နေတာလေ … ငါနဲ့ အတူ ထမင်းစားတာ ပုံမှန်ပဲ မဟုတ်ဘူးလား ….”
ရှန်းရှုရီ သူမ၏ ပန်းကန်များအား ဆင့်လိုက်ပြီး “ ငါလည်း စားပြီးပြီဆိုတော့ နင်တို့ နှစ်ယောက် ဆက်ပြောကြ ….”
“ အမေ … မသွားနဲ့လေ … သမီးက အမေ့ကို မောင်းထုတ်နေတာလည်း မဟုတ် ….”
“ နင်တို့ကြားထဲ ငါ မီးသီး မဖြစ်ချင်ဘူး … အိမ်မှာ နင့်အဖေ မျှော်နေပြီ ….”
ရှန်းရှုရီ ခပ်ကြာကြာ မနေခဲ့ချေ။ အကယ်၍ သူမတွင်သာ လင်းရီနှင့် ဆွေးနွေးစရာ ကိစ္စ မရှိခဲ့ဘူးဆိုပါက လျန်ရူရွှယ် ရောက်လာသည့်တိုင် စောင့်နေခဲ့မှာတောင် မဟုတ်ပေ။
ရှန်းရှုရီ ထွက်ခွာသွားခဲ့ပြီးနောက် လျန်ရူရွှယ်သည် လင်းရီဘေးနားသို့ ဝင်ထိုင်လိုက်ပြီး ခါးသို့ ဆွဲဆိတ်လိုက်၏။
“ ကောင်စုတ်... နင် အမေနဲ့ ထမင်းစားနေတာကို ဘာလို့ ငါ့ကို ကြိုမပြောတာ … ငါဖြင့် ရှက်လိုက်တာ ….”
“ မင်းလည်း ရုတ်တရက်ကြီး ရန်ကျင်းရောက်လာမယ်လို့ ငါလည်း ဘယ်ထင်ထားမှာ … “ လင်းရီ ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။
“ ကောင်းရော … အခု ငါ ရန်ကျင်းရောက်နေတာကို အမေသိသွားတော့ ဒီည အိမ်ပြန်ရတော့မယ် …..”
“ ဟင် … မင်းမှာ တခြား အစီအစဉ်ရှိနေလို့လား …” လင်းရီ မြေခွေးအပြုံးမျိုးဖြင့် ပြုံးလိုက်ပြီး “ တကယ်တော့ လွယ်ပါတယ် … မင်းကျိုးဟိုင် ပြန်သွားခဲ့ပြီလို့ ငါ အန်တီ့ကို ပြောလိုက်မယ် … အဲ့တာဆို မင်းလည်း ကြိုက်တာလုပ်လို့ရပြီလေ….”
“ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ …. ငါ ဒီည အိမ်မပြန်တာ ငါ့အဖေ သိသွားလို့ကတော့ ငါ့ ခြေထောက် ရိုက်ချိုးလောက်တယ် …. “ လျန်ရူရွှယ် ဒေါသတကြီးဖြင့် ဆိုလိုက်၏။
“ အဲ့တာ နင့်ကြောင့် …. “
“ အေးပါ အေးပါ … အကုန် ငါ့ကြောင့် … “ လင်းရီ ဆက်ပြီး ငြင်းခုန်မနေတော့ဘဲ “ မင်း မစားရသေးဘူးမလား … ဒီမှာ ဟင်းတွေ အများကြီး ကျန်သေးတယ် … မြန်မြန်စားတော့ ….”
လျန်ရူရွှယ် ခေါင်းညိတ်လိုက်ပြီး များများစားစား စိတ်ထဲ ထားမနေချေ။
သူမကဲ့သို့ စစ်တပ်မိသားစုတွင် ကြီးပြင်းလာသည့် မိန်းကလေးမှာ ပုံမှန် ချမ်းသာသည့် ဒုတိယမျိုးဆက်တို့ထက် ဒူပေနာပေခံသည်။ အကယ်၍ ဤနေရာတွင် ချင်းဟန်ဖြစ်ခဲ့မည်ဆိုပါက ဟင်းပွဲ အသစ်ချပေးဖို့ တောင်းဆိုမှာ အမှန်ပင်။
“ ဒီတော့ … ရန်ကျင်းကို ဘာလာလုပ်တာ ….”
“ ဘာလာလုပ်ရမှာ … အလုပ်ကိစ္စပဲပေါ့ … ပြီးတော့ နင်လည်း ရန်ကျင်းမှာ ရှိနေတာလေ … အဲ့တာနဲ့ နင့်ဆီ လာရင်း လာခဲ့လိုက်တာ …” လျန်ရူရွှယ် စားရင်း ပြောလိုက်သည်။
“ နင်ရော … ဝေကျန်းလုံ အမှုက ဖြေရှင်းပြီးသွားပြီမဟုတ်လား … ဘာလို့ ကျိုးဟိုင် မပြန်သေးတာ … ကျုံးဝေ့တပ်ဖွဲ့မှာ ကိစ္စ တစ်ခုခု ရှိနေလို့လား ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ငါ မနက်ဖြန် နေ့လည်ခင်းပိုင်း လန်ဒန် သွားရဖို့ ရှိတယ် ….”
လျန်ရူရွှယ် ရပ်တန့်သွားခဲ့ပြီး မသိစိတ်အလျောက် နှုတ်က လွှတ်ခနဲ မေးမြန်းလိုက်သည်။
“ မစ်ရှင်လား … အန္တရာယ်များလား ….”
“ မပူနဲ့ .. လုံးဝ အန္တရာယ် မများဘူး ….”
“ အဲ့လိုဆို ကောင်းတယ် ….” လျန်ရူရွှယ် ပြောလိုက်ပြီး “ အိုး ဒါနဲ့လေ .. ငါ ရုပ်ရှင် လက်မှတ် နှစ်စောင် ဝယ်ထားတယ် … ဒီည ဇာတ်ကားကြည့်ကြမယ် … ပြီးရင် အိမ်ပြန်မယ် ….”
“ အချိန်က သိပ်မရှိပါဘူးဆို ဘာလို့ ဇာတ်ကားကြည့်နေဦးမှာ … ပိုပြီး အကျိုးရှိမယ့်ဟာလေးတွေ လုပ်သင့်တယ် မထင်ဘူးလား … “
“ ပိုပြီး အကျိုးရှိမယ့်ဟာ ဟုတ်လား … ဘယ်လိုမျိုးလဲ ….”
“ မသိလို့ မေးနေတာလား … စားနေတာ တော်လိုက်တော့ …. ဒီ အစ်ကိုကြီးက မင်းကို လှပတဲ့ မှတ်ဉာဏ်ဟောင်းလေးတွေဆီ ပြန်ခေါ်သွားပေးမယ် ….”
“ လှပတဲ့ မှတ်ဉာဏ်ဟောင်းတွေဆီ …” လျန်ရူရွှယ် ဇဝေဇဝါ ဖြစ်သွားခဲ့ပြီး “ ချီးကို မှတ်ဉာဏ်ပါလား … ငါကတော့ နင် ငါ့ကို ဟိုတယ် ခေါ်သွားချင်နေတာလို့ပဲ ထင်တယ် ….”
“ အဝတ်လဲခန်းဆိုလည်း အဆင်ပြေတယ်နော် …”
“ ထွက်သွားစမ်း … ငါတော့ မသွားဘူး … ဒီည အိမ်ပြန်ရမှာ ….”
လင်းရီသည် သူမရှေ့တွင် ဖုန်းကို ဝှေ့ယမ်းပြလိုက်ပြီး “ ငါ အန်တီရှန်းကို ပြောပြီးသွားပြီ … မင်းဒီည အိမ်မပြန်တော့ဘူးလို့ ….”
“ လဲသေလိုက်လေ … ငါ နင့်ကို သတ်မယ် အကောင်စုတ် ….”
လျန်ရူရွှယ် ကျိန်ဆဲလိုက်ပြီး “ နင် ငါ့ကို ဖျက်စီးနေတာပဲ ….”
“ ဒီလိုကိစ္စမျိုးကို ဖုံးကွယ်ထားနေလို့ အဓိပ္ပာယ် မရှိဘူးလေ…..” လင်းရီ ပြောလိုက်ပြီး “ အန်ကယ်လျန်ကို အရူးလုပ်တာက တစ်ကဏ္ဍ … ဒါပေမယ့် မင်းအမေကိုတော့ သွားမလုပ်နဲ့ … အန်တီလည်း သိနေပြီးသားပဲကို ဘာလို့ ဟန်ဆောင်နေမှာလဲ ဟုတ်တယ်မလား ….”
လျန်ရူရွှယ် မကျေမချမ်း နှုတ်ခမ်းစူထော်သွားခဲ့၏။ သူမ အမေက တကယ်လည်း အရူးလုပ်ဖို့ မလွယ်ကူချေ။
“ ငါ နင့်ကို ပြောလိုက်မယ် … ဒီတစ်ခါတည်းနော် … နောက်တစ်ခါဆိုလို့ကတော့ နင့်ကို သေအောင် ညှစ်သတ်ပစ်မှာ ….”
“ ဒါဆို စားနေတာ တော်လိုက်တော့ … ဟိုတယ် သွားကြမယ် … အစ်ကိုကြီးက မင်းကို ပိုကောင်းတာတွေ ကျွေးမယ်လေ ….”
“ နှာဘူးကောင် ….”
လင်းရီသည် လျန်ရူရွှယ်ကို ဟိုတယ်သို့ ခေါ်ဆောင်သွားခဲ့၏။
ထို့နောက် နှစ်ဦးကြားတွင် ပူပြင်းတောက်လောင်သည့် အရှုံးမပေးတမ်း ချစ်ခြင်းတိုက်ပွဲ တစ်ခု ဖြစ်ပေါ်လာကာ အဆိုပါ ကြာညောင်းသည့် တိုက်ပွဲကြီးက မနက် ၂ နာရီ အချိန်ထိုးတော့မှသာ အဆုံးသတ်သွားခဲ့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီသည် မနက် ၈ နာရီထိုးသည့် အချိန်၌ မျက်လုံးက အလိုအလျောက် ပွင့်လာခဲ့ပြီး လျန်ရူရွှယ်မှာတော့ အိပ်ရာက ထမည့်ဟန် မပြသေးချေ။
သူမ၏ အိပ်ရေးအကျင့်ကို သိထားသည့်အလျောက် လင်းရီလည်း သူမကို နှောင့်ယှက်မနေတော့ဘဲ ရေချိုးခန်းထဲသို့ သွားကာ ကိုယ်လက် သန့်စင်လိုက်၏။
သူ သွားတိုက်ပြီးသည့် အချိန်မှာပဲ ချိုးယွီလော့ထံက ဖုန်းဝင်လာသည်။
“ နင် အသင့် ပြင်ပြီးပြီလား … ငါတို့ ၁၁ နာရီ လေဆိပ်မှာ ဆုံမယ် …. ပြောစရာ ရှိလား …”
“ မရှိဘူး … အိုကေတယ် …”
စကားအနည်းငယ် ပြောဆိုပြီးနောက် လင်းရီ အချိန်ကို တစ်ချက် ကြည့်လိုက်၏။ မနက် ၁၀ စထွက်မည်ဆိုပါက အဆင်ပြေနိုင်လောက်သည်။ ထို့ကြောင့် သူ့တွင် တစ်နာရီကျော်ကျော် ကျန်နေသေး၏။
ရေချိုးခန်းထဲက ထွက်လာခဲ့ပြီးနောက် အိပ်ခန်းထဲသို့ ပြန်ဝင်လာသည်။
ပူတင်းကဲ့သို့ တုန်အိအိ ဖြစ်နေသည့် လျန်ရူရွှယ်၏ တင်ပါးကို အသာ ခပ်ဆတ်ဆတ်ရိုက်လိုက်ရင်း လင်းရီ ပြောလိုက်၏။
“ ဆယ်နာရီ ထိုးတော့မယ် … ထတော့ … ငါ ခဏနေ သွားရတော့မှာ …..”
“ နင် သွားနှင့် … ငါ့ကို စိတ်မပူနဲ့ ….”
လျန်ရူရွှယ်သည် တစ်ဖက်သို့ လူးလှိမ့်သွားခဲ့ပြီး အိပ်ရာထရမှာကို ပျင်းရိနေသည့် ကြောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။
လင်းရီ သက်ပြင်းချလိုက်မိသည်။
တကယ့်ကို အိပ်ပုတ်ပဲ …
အန်တီရှန်းနဲ့များ တခြားစီ … တကယ်လို့ သူ(မ)နဲ့သာ ကလေးရခဲ့ရင် အန်တီရှန်းနဲ့တူတဲ့ သမီးလေး ဖြစ်အောင် မွေးရမယ် …