ဘာမှမဟုတ်သည့် အဆင့် ၉ စိတ်ဝိညာဥ်အမြစ်
Vol. 2 Ch. 16
ချန်းကျန်တောက် မြေပြင်ပေါ်ဆင်းသက် သည်နှင့် ရှုကျန်းယန်က လုကျန်းနှင့် ရှုမိသာစုအဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ဒူးတစ်ဖက်ထောက်ကာ ကြိုဆိုလိုက်၏။
“ကောင်းကင်ဘုံစက်ယန္တရားခန်းမ အကြီးအကဲကို ကြိုဆိုပါတယ်”
ချန်းကျန်တောက်က ပြုံးလိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
“ငါက ကောင်းကင်ဘုံစက်ယန္တရားခန်းမရဲ့ လက်ထောက်ခန်းမသခင်, ချန်းကျန်တောာက်ပါ။”
လက်ထောက် ခန်းမသခင်?....
ရှိနေသည့် လူတိုင်း တုန်လှုပ်သွားခဲ့သည်။
သူတို့က လက်အောက်ငယ်သားတစ်ယောက် ဒါမှမဟုတ် သာမန်တစ်စုံတစ်ယောက်ပဲ လာမည်ဟု ထင်ထားခဲ့၏။
မည်သူသိမည်နည်း၊ ထိုအရာက အမှန်တကယ် လက်ထောက်ခန်းမသခင် ဖြစ်နေခဲ့၏။
လူတိုင်းက ကြောက်ရွံ့မှုနှင့် တုန်လှုပ်မှု နှစ်ခုစလုံးကို ခံစားလိုက်၏။
ကောင်းကင်ဘုံစက်ယန္တရားခန်းမ၏ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်အပေါ်မှာ တန်ဖိုးထားမှုက သူတို့မျှော်လင့်ထားသည် ထက် အတော်လေး ကျော်လွန်နေခဲ့သည်။
“ဒီမှာရှိတဲ့လူတွေထဲက ဘယ်သူက အဆင့် ၉ စိတ်ဝိညာဥ်အမြစ်လဲ…”
ချန်းကျန်တောက်က စိတ်မရှည်စွာနှင့် မေးလိုက်သည်။
နှစ်နာရီတည်းနှင့် အဆင့်သုံးဆင့် တစ်ခါတည်း ချိုးဖြတ်ခြင်း…..
ထိုအရာက ကောင်းကင်ကို လုံးဝ ဆန့်ကျင့်နေခဲ့၏။
လူတိုင်းက လုကျန်းကို တစ်ညီတစ်ညာတည်း ကြည့်လိုက်ကြ၏။
မနာလိုမှု၊ ဝန်တိုမှု၊ ပျော်ရွင်မှုနှင့် အခြားခံစားချက်မျိုးစုံတွေက လုကျန်းကို အတော်လေး ဂုဏ်ယူဝင့်ကြွားသွားစေခဲ့သည်။
သူက သူ့လက်နှစ်ဖက်ကို ယှက်ပြီးပြောလိုက်သည်။
“ဂျူနီယာလုကျန်း လက်ထောက်ခန်းမသခင် ချန်းကို နှုတ်ဆက်ပါတယ်။”
ထိုအရာကို ကြားသည့်အခါ, ချန်းကျန်တောက်က အလျှင်အမြန် ရှေ့ကို လျောက်လာပြီး သူ့ကို ကူညီပေးလိုက်၏။ သူက သဘောကျသည့်အနေဖြင့် ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။
“မဆိုးပါဘူး… မဆိုးပါဘူး…. လူတော်လေးပဲ”
လုကျန်းက ဝမ်းသာဂုဏ်ယူသွားခဲ့သည်။
လက်ထောက်ခန်းမသခင်က အလွန်ဖော်ရွေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ ထိုအရာက သူကို ပိုတည်ငြိမ်လာစေခဲ့သည်။
ချန်းကျန်းတောက်က ပြုံးလိုက်ပြီး လုကျန်း၏ လက်ကို ကိုင်လိုက်၏။
“စိတ်လှုပ်ရှားဖို့မလိုပါဘူး။ ငါတို့ကို တစ်နိုင်ငံတည်းသားတွေလို့ ပြောလို့ရတယ်။”
“ငါက အိမ်နီးချင်း ပိုင်းလျိုမြို့ကလေ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်တုန်းက ငါ့မှာ အဆင့် ၈ စိတ်ဝိညာဥ်အမြစ် ရှိတာကို စမ်းသပ်မိပြီး ဒါက ကောင်းကင်ဘုံ စက်ယန္တရားခန်းမကို တုန်လှုပ်သွားစေခဲ့ တယ်။”
“နောက်ထပ် နှစ် ၃၀ ကြာတော့ မင်းက အဆင့် ၉ စိတ်ဝိညာဥ်အမြစ် စမ်းသပ်နိုင်ခဲ့ပြီး ကောင်းကင်ဘုံစက်ယန္တရားခန်းမကို နောက်တစ်ကြိမ် တုန်လှုပ်သွားစေခဲ့ပြန်တယ်”
“ဒါက ငါတို့ရဲ့ ရေစက်ပဲ”
လူတိုင်းက ချက်ချင်း နားလည်သွားခဲ့ကြသည်။
‘ဒီတော့ ချန်ကျန်တောက်က အနက်ရောင် အဆင့် ၈ စိတ်ဝိညာဥ်အမြစ်နှင့် ပိုင်းလျိုမြို့မှ ဂုဏ်ယူရသူပေါ့…’
ဆက်ဆံရေးတစ်ခုတည်ဆောက်ပြီး လုကျန်းကို ဆွဲခေါ်မည့် သူ့ခြေလှမ်းကို ရှိနေသည့်လူတိုင်းက ရှင်းရှင်းလင်းလင်း နားလည်ကြ၏။
ထိုအရာက လုကျန်း ကောင်းကင်ဘုံ စက်ယန္တရားခန်းမ ကိုရောက်သွားလျှင် ချန်းကျန်တောက်က သူ့ကို ကြည့်ရှုစောက်ရှောက်မည်ဟု ဆိုလိုနေတာပဲဖြစ်သည်။
လုကျန်း၏ အလားအလာက အရှုံးအဆမရှိ တောက်ပတော့မည်ပဲ ဖြစ်သည်။
ချင်ချန်းရှန်က စိတ်လှုပ်ရှားစွာနှင့် လက်သီးကို ဆုပ်ကာ သူ့ကိုယ်သူ တီးတိုးပြောလိုက်၏။
“ငါပြောပါတယ်… ငါ, ချင်ချန်ရှန်ရဲ့ ရွေးချယ်မှုက ဘယ်တော့မှ မမှားပါဘူးလို့”
“လုကျန်းကို တွယ်ကပ်တာက ငါ့တစ်ဘဝလုံးရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ…”
လုကျန်းနှင့် အချိန်အတော်ကြာ စကားပြောပြီးနောက် ချန်းကျန်တောက်က သူနှင့် အလွန်ရင်းနှီးလာခဲ့၏။ သူက နောက်ဆုံးမှာတော့ အဓိကအချက်ကို ဦးတည်လိုက်၏။
မြေပြင်ပေါ်မှာဒူးထောက်နေသည့် ရှုမိသားစု အဖွဲ့ဝင်တွေကို တစ်ချက်ကြည့်လိုက်ပြီး သူက ပြောလိုက်သည်။
“အားလုံး ထလို့ရပြီ…”
ရှုကျန်းယန်က ပထမဆုံး မတ်တပ်ရပ်လာပြီး ရိုသေစွာ ပြောလိုက်သည်။
“လက်ထောက်ခန်းမသခင်ချန်း, ကျေးဇူးပြု၍ အထဲကို လိုက်ခဲ့ပါ”
ထို့နောက် လူတိုင်းက အဓိကခန်းမထဲကို သွားလိုက်ကြ၏။
ခန်းမထဲ၌ ချန်းကျန်တောက်တစ်ယောက်သာ ထိုင်နေပြီး ကျန်သူတွေက ခန်းမ ဘေးတစ်ဖက်တစ်ချက်၌ မတ်တပ်ရပ်နေခဲ့ကြကာ အသက်တောင် ကျယ်ကျယ်မရူရဲကြပေ။
“လူငယ်လေးလု, ငါဒီကိုလာတဲ့လမ်းမှာ မင်းရဲ့ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို ကြားခဲ့ပြီးပြီ”
ချန်ကျန်းတောက်က ညင်သာစွာ တစ်ချက်ရယ်လိုက်၏။
“တိမ်စိမ်းဂိုဏ်းက အေးစက်စက် ကောင်းမလေးတောင် မင်းကြောင့် မျက်ရည်တွေနှင့် ပြန်သွားရတယ်”
‘အမ်…’
လုကျန်း အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့ သည်။
‘တိမ်စိမ်းဂိုဏ်းက မိန်းခလေး?…’
‘အဲ့ဒါက ဘယ်သူလဲဟ’
ချန်ကျန်းတောက်က ဆက်ပြောလိုက်၏။
“မင်း အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ရဲ့ ထူးခြားမှုတွေကို ဒီနေရာမှာ ပြသပေးနိုင်မလား…”
နှစ်နာရီတည်းနှင့် အဆင့် ၃ ဆင့် ချိုးဖြတ်ခြင်း…. စိတ်ဝိညာဥ်စွမ်းအင်တွေကို စုပ်ယူသည့် ထိုအမြန်နှုန်းက ဝေလငါးတစ်ကောင် ပင်လယ်ရေတွေကို စုပ်ယူနေသကဲ့သို့ ဖြစ်၏။
လုကျန်းက ခေါင်းညိတ်လိုက်ပြီး ခန်းမအလယ်ကို လျှောက်လာခဲ့သည်။
ကောင်းကင်ဘုံစက်ယန္တရားခန်းမမှ ပုဂ္ဂိုလ်က သူ့ကို ဤကဲ့သို့ ပြုလုပ်ခိုင်းမည်ကို မျှော်လင့်ထားပြီးဖြစ်၏။
သို့ပေမယ့် စိတ်ဝိညာဥ်အမြစ်ကို အသက်သွင်းပြရုံလောက်နှင့်က သူ၏ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်စွမ်းအားကို အပြည့်အဝ သရုပ်ဖော်ပြနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူက ပိုကောင်းသည့် နည်းလမ်းတစ်ခုကို ပြင်ဆင်ထားခဲ့သည်။
“လက်ထောက်ခန်းမသခင်ချန်း, ငါတို့ ဒါကို ပြိုင်ပွဲတစ်ခုနဲ့ အစားထိုးလို့ရမလား”
တွေဝေနေခြင်းမရှိပဲ ချန်ကျန်းတောက်က ခေါင်းညိတ်လိုက်၏။
“မင်းက ဘယ်သူနဲ့ ပြိုင်ချင်တာလဲ”
စစ်မှန်သည့် ကျွမ်းကျင်သူတစ်ယောက်ဟာ စတင်လှုပ်ရှားကတည်းက ထက်ရှားပေါ်လွင်နေသင့်၏။
ထိုပြိုင်ပွဲ၌ လုကျန်းက အဆင့် ၉ စိတ်ဝိညာဥ်အမြစ်၏ ပြိုင်ဘက်ကင်းမှုကို ပိုမိုကောင်းမွန်စွာ ပြသနိုင်မည်ဖြစ်၏။
လုကျန်းက စိတ်ထဲမှကြိတ်၍ အေးစက်စွာ တစ်ချက်ရယ်လိုက်ပြီး အင်္ကျီလက်ထဲကို လက်ထည့်ကာ အေးအေးဆေးဆေး မတ်တပ်ရပ်နေသည့် ဂျန်ဖန်းကို ညွှန်ပြလိုက်၏။
“ဂျန်ဖန်း, မင်းငါနဲ့ နောက်တစ်ကြိမ်ပြိုင်ရဲ လား”
‘အို…’
ချန်းကျန်တောက်က သူ့လက်ညိုးနောက်ကို လိုက်ကြည့်လိုက် သည့်အခါ ဂျန်ဖန်းကို မြင်လိုက်ရ၏။
ဂျန်ဖန်းက စကားမပြောပဲ တုန့်ပြန်ဖို့ စာပဲရေးတာကို မြင်သည့်အခါ သူက အံ့အားသင့်သွားခဲ့သည်။
“အအ တစ်ယောက်လား…”
လုကျန်းက ရှင်းပြလိုက်၏။
“လက်ထောက်ခန်းမသခင်ချန်း, မင်းက မသိလို့၊ ငါချစ်ရသူကို သူက စေ့စပ်ပြီး ငါ့ဆီကနေ အဝေးကို ခေါ်သွားခဲ့တယ်။ သူမကို ပြန်ရဖို့ ငါနဲ့သူ ဘယ်သူက အဆင့်မြန်မြန်ချိုးဖြတ်နိုင်မလဲဆိုတာ ယှဥ်ပြိုင်ခဲ့ကြတယ်လေ။”
“ဒါပေမယ့် သူက မသမာတဲ့နည်းလမ်းကို သုံးပြီး အနိုင်ယူခဲ့တယ်။”
“ငါ ဒါကို လက်မခံနိုင်ဘူး၊ ဒါကြောင့် ငါချစ်ရတဲ့သူကို ပွင့်ပွင့်လင်းလင်းနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်ယူရမယ်။ လက်ထောက်ခန်းမသခင်ချန်း မျက်မြင်သက်သေလုပ်ပေးပါ။”
ထိုအရာက လက်ထောက်ခန်းမသခင်ချန်း အား တရားမျှတမှုကို ထောက်ခံပေးဖို့ တောင်းဆိုနေခြင်းဖြစ်၏။
သို့ပေမယ့် လက်ထောက်ခန်းမသခင်ချန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
အအတစ်ယောက်က အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ရှိသည့် လုကျန်းကို အနိုင်ယူနိုင်သည်တဲ့လား….
ဝမ်ယင်ဖုန်းက ရှေ့ကို အလျှင်အမြန်ထွက်ကာ ပြောလိုက်သည်။
“လက်ထောက်ခန်းမသခင်ချန်းကို တင်ပြပါတယ်။ ဒီကိစ္စတွေက အမှန်တကယ်ပါ။”
“အဲ့ဒီ ဂျန်ဖန်းက ငါတို့ သူ့အပေါ်မှာ တင်နေတဲ့ ကျေးဇူးတရားကို ဗန်းပြပြီး ငါရဲ့ အကြီးဆုံးသမီးနဲ့ သူ့ကို လက်ထပ်ပေးဖို့ အတင်းဖိအားပေးခဲ့တာ”
“ကျေးဇူးတရားကြောင့် ငါတို့က ဒေါသတွေကိုမြိုသိပ်ခဲ့ရတယ်။ ငါသမီးလည်း စော်ကားမှုကို တောင့်ခံပြီး လက်ထပ်ဖို့ သဘောတူခဲ့ရတယ်။”
“ငါ့တူလေးက အဆင့် ၉ စိတ်ဝိညာဥ်အမြစ် စမ်းသပ်မိတဲ့အချိန်မှာ သူ့ချစ်သူကို ပြန်လိုချင်ခဲ့တယ်။ ဒါပေမယ့် ဂျန်ဖန်းက လိမ်လည်လှည့်ဖြားပြီး အနိုင်ယူခဲ့တယ်လေ။”
ပြောပြီးနောက် သူမက ရှုမိသားဝင်တွေကို တစ်ချက်ကြည့်ကာ လုကျန်းထောက်ခံပြီး လိမ်လည်ပေးကြဖို့ အကြပ်ကိုင်လိုက်၏။
ကိုယ့်လိပ်ပြာကိုယ်မလုံတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ သို့မဟုတ် လက်ထောက်ခန်းမသခင်း၏ သြဇာအာဏာကို ကြောက်ရွံ့၍လည်းဖြစ်ကောင်းဖြစ်နိုင်၏။ တစ်ယောက်မှ အသံထွက်မလာခဲ့ကြပေ။
သို့ပေမယ့် ချင်ချန်းရှန်က သူ့မျက်လုံးတွေကို အလျှင်အမြန်လှည့်ပတ်ကြည့်လိုက်ပြီး ချက်ချင်းပြောလိုက်သည်။
“လက်ထောက်ခန်းမသခင်ချန်း, ဒီကိစ္စတွေက အမှန်တွေဆိုတာ ချင်းမိသားစုနာမည်နဲ့ ငါ သက်သေခံပေးလို့ရပါတယ်။”
လူနှစ်ယောက်၏ အခိုင်အမာထောက်ခံ ပေးမှုနှင့်အတူ လက်ထောက်ခန်းမသခင် ချန်း၏ အမူအရာက အနည်းငယ် အေးစက်လာခဲ့သည်။
သူက ဂျန်ဖန်းကို စူးရှစွာကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးတရားကို အကြောင်းပြပြီး ဖိအားပေးလက်ထပ်ခိုင်းတာ ဓားပြတိုက်တာနဲ့ ဘာမှမခြားဘူး”
“မင်းသိမ်းပိုက်ထားတဲ့အရာအတွက် မင်း လုကျန်းနဲ့ ယှဥ်ပြိုင်ရဲလား”
ရှုရို့ရန် ကြောင်အသွားခဲ့သည်။
ကျေးဇူးတရားကို မသိတတ်ပြီး လက်ထပ်ပွဲစီစဥ်မှုကို ပြောင်းလဲပစ်တာဟာ ရှုမိသားစုဆိုတာ သိသာလှ၏။
ဘယ်လိုလုပ် ဂျန်ဖန်းက ကြင်နာမှုကို အလွဲသုံးစာလုပ်သည် ဖြစ်သွားရသနည်း။
သူမက ရှင်းပြဖို့ ပါးစပ်ဟလိုက်ပေမယ့် ဂျန်ဖန်းက သူမကို တားလိုက်ပြီး စာရေးလိုက်သည်။
“စကားတွေအများကြီး ပြောဖို့ မလိုပါဘူး”
“လက်သီးနဲ့ ဖြေရှင်းနိုင်တဲ့အရာကို စကာလုံးတွေနဲ့ ငြင်းခုံနေစရာ မလိုပါဘူး”
ထို့နောက် သူက လုကျန်းကို ကြည့်လိုက်ပြီး စားရေးလိုက်သည်။
“မင်း ဘယ်လို ယှဥ်ပြိုင်ချင်တာလဲ”
လုကျန်းက မောက်မာစွာ ပြန်ပြောလိုက်သည်။
“ထုံးစံအတိုင်း ခွန်အားခြင်းပြိုင်မှာပေါ့။ မင်း တိုက်ခိုက်ရဲတယ်မလား။”
တွေဝေနေခြင်းမရှိပဲ ဂျန်ဖန်းက လျှင်မြန်စွာ စာရေးလိုက်၏။
“ကောင်းပြီလေ”
ထိုအရာကို မြင်သည့်အခါ လုကျန်းက စိတ်ထဲမှာ လှောင်ပြောင်လိုက်၏။
‘ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ အရူးပဲ”
သူက ချီကျင့်ကြံခြင်းအဆင့် ၅ ဖြစ်ပြီး ဤရက်တွေအတွင်း ရှုမိသားစု၏ “ရှုဓားသိုင်း” ကို လျို့ဝှက်လေ့ကျင့် ထားခဲ့၏။
ဂျန်ဖန်းကကော?....
သူက တိုက်ဆိုင်ပြီး ကံကောင်းလို့ ချီကျင့်ကြံခြင်း အဆင့် ၃ ကို ချိုးဖြတ်နိုင်ခဲ့တာ ဖြစ်၏။
သူက ဘာအားကိုးနှင့် သူ့ကို အနိုင်ယူမည် နည်း။
“ဒါဆိုလည်း စကြတာပေါ့”
လုကျန်းက သူ့ဓားကို ဆွဲထုတ်လိုက်ပြီး မျက်နှာချင်းဆိုင်က ဂျန်ဖန်းကို ညွှန်ပြ လိုက်၏။
ဒီနေ့….
သူက ဂျန်ဖန်း၏ မျက်နှာကို ဖြတ်နင်းကာ ဂျန်ဖန်းမိန်းမကို လုယူမည်ဖြစ်၏။ ထို့ပြင် အဆင့် ၉ စိတ်ဝိညာဥ်အမြစ်၏ စွမ်းအားကိုလည်း ကမ္ဘာကြီးအား ပြသမည်ဖြစ်၏။
ဂျန်ဖန်းက သူ ကောင်းကင်ပေါ်တက်ဖို့ အနင်းခံ ကျောက်တုံးသာ ဖြစ်၏။
ဂျန်ဖန်းက ကြောက်ရွံ့မနေပဲ ခန်းမအလယ်ကို တည်ငြိမ်စွာ လျှောက်လာခဲ့သည်။
သူက သာမန်အတိုင်း လုကျန်းကို စတင်ဖို့ အချက်ပြလိုက်၏။
ထိုမောက်မာသည့်အမူအရာကြောင့် ချင်ချန်းရှန်က လှောင်ပြောင်ရယ်မောလိုက်၏။
“သူက ငါ့ကို နောင်တရလိမ့်မယ်လို့ ပြောတယ်။ ခဏနေလို့ မြေကြီးပေါ် ခွေးသေတစ်ကောင်လိုလဲနေတဲ့ အချိန်ကျရင် နောင်တရပြီလားလို့ သူ့ကို မေးရမယ်။”
ချန်ကျန်းတောက်က သူ့ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး သက်ပြင်းချလိုက်၏။
“အဆင့် ၉ စိတ်ဝိညာဥ်အမြစ်နဲ့ ရင်ဆိုင်တာကို အရမ်းမောက်မောက်မာမာ ပြုမူနေတယ်”
“ဒီကလေးက အတော်လေး ဘဝင်မြင့် တာပဲ”
ထိုကဲ့သို့ အထင်အမြင်သေးသည့် အမူအရာက လုကျန်းကို ပိုမိုဒေါသထွက် သွားစေခဲ့သည်။
“ဒါကို မင်းကိုယ်တိုင်တောင်းဆိုတာ”
“တောင်းတန်းပန်းချီကို ပိုင်းဖြတ်ခြင်း”
လုကျန်းက အေးစက်စွာ နာမှုတ်လိုက်ပြီး သူ့၏ သန်မာသည့် ချီကျင့်ကြံခြင်းအဆင့် ၅ စိတ်ဝိညာဥ်စွမ်းအင်နှင့် ကြမ်းကြုတ်စွာ ခုတ်ပိုင်းလိုက်၏။
ဂျန်ဖန်းက ပြုံးလိုက်၏။
ဤတစ်လျှောက်လုံး၌ လုကျန်းက လုံးဝတိုးတက်မလာခဲ့ပေ။
ဓားအရိပ်ကျလာသည့်အခါ၌ ဂျန်ဖန်းက ချီကျင့်ကြံခြင်း အဆင့်၆ စိတ်ဝိညာဥ်စွမ်းအင်ကို ထုတ်ဖော်လိုက်၏။
သူလက်ချောင်းတွေကနေ စိတ်ဝိညာဥ်စွမ်းအင်တွေ ထွက်ပေါ်လာပြီး ဓားသွားကို အသာအယာ ခုတ်ပိုင်းလိုက်၏။
ထိုစွမ်းအားက လုကျန်းခုခံနိုင်သည်ထက် များစွာကျော်လွန်နေခဲ့ပြီး ချက်ချင်းပဲ သူ့လက်ထဲက ဓားကို လွင့်ထွက်သွားစေခဲ့ သည်။
လုကျန်း တခဏတာကြောင်အ သွားခဲ့ပြီး ဘာဖြစ်သွားလည်းဆိုတာ နားမလည်နိုင် ဖြစ်နေခဲ့သည်။ ထိုစဥ် ဂျန်ဖန်းက သူ့လက်ချောင်းတွေကို လက်ဝါးအသွင်ပြောင်းကာ လုကျန်းမျက်နှာကို ရိုက်ချလိုက်၏။
လုကျန်းက ကဗျာကယာနှင့် သူ့စိတ်ဝိညာဥ်စွမ်းအင်ကို ထုတ်ဖော်လိုက်ပြီး ထိုတိုက်ခိုက်မှုကို လက်သီးနှင့် ထိုးချလိုက်၏။
သူက ဂုဏ်သိက္ခာလေးအနည်းငယ် အဖတ်ဆယ်နိုင်အောင်လို့ ဂျန်ဖန်းကို ပြန်တိုက်ခိုက်ဖို့ ကြိုးပမ်းလိုက်၏။
သို့ပေမယ့် တိုက်ခိုက်မှု၏ ရလဒ်ကတော့ လုကျန်းကို လက်ဝါးတစ်ချက်တည်းနှင့် လွင့်ထွက်သွားစေခဲ့သည်။ သူက လက်ဖက်ရည်စားပွဲတစ်လုံးကို ဝင်တိုက်ပြီးမှသာ ရပ်တန့်သွားခဲ့သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကြ၏။
ထိုအရာက သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေခြင်းဖြစ်၏။
ဂျန်ဖန်း သူ့အင်္ကျီလက်ကို ဖုန်ခါနေသည့် အသံနှင့် စာရေးသံကိုသာ ကြားနိုင်တာပဲ ဖြစ်သည်။
“အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကလည်း ဘာမှ ထူးခြားမနေပါ့လား”