မူလအခြေအနေသို့ ပြန်ရောက်ရှိသွားခြင်း
Vol. 2 Ch. 17
အဆင့် ၉ စိတ်ဝိညာဥ်အမြစ်က ရှုံးနိမ့်သွား သည်တဲ့လား….
ထို့ပြင် လုံးဝကို အပြတ်အသတ် ရှုံးနိမ့်သွားခြင်းဖြစ်၏။
လုံးဝကိုမျှော်လင့်မထားသည့် ဆန့်ကျင်ဘက်ရလဒ်က လူတိုင်းကို ကြောင်အသွားစေခဲ့သည်။
ရှုယင်းရင်၏ လှပသည့်မျက်လုံးတွေ လည်း တောက်ပလာပြီး တစ်စုံတစ်ခုကို သတိထားမိလိုက်၏။ သူမက ပါးစပ်ထဲကနေ သွေးတွေစီးကျနေသည့် လုကျန်းကို ကြည့်ပြီး အတွေးနက်နေခဲ့သည်။
ဝမ်ယင်ဖုန်းကတော့ နာကျင်နေသည့်အမူအရာနှင့် လုကျန်းကို ထူပေးလိုက်၏။
“ကျန်းအာ, ဘာလို့အရမ်း သတိမမူပဲ လုပ်ရတာလဲ”
ချင်းချန်ရှန်လည်း သူတောင် မသုံးရက်သည့် ကုသရေး ဆေးလုံးကို အလျှင်အမြန် ထုတ်ယူပြီး လုကျန်း၏ ပါးစပ်ထဲကို ထည့်ပေးလိုက်ကာပြောလိုက် သည်။
“သခင်လေးလု, မင်းနဲ့ သူ့ ကြားမှာ ၁၀ နှစ်ကြာ သူငယ်ချင်း သံယောဇဥ်ရှိတယ်ဆိုပြီး ဂရုမမူပဲ မလုပ်ပါနဲ့”
“လက်ထောက်ခန်းမသခင်ချန်းက ကြည့်နေတယ်လေ”
…..
လူတိုင်းလည်း လုကျန်း၏ ရှုံးနိမ့်မှုက မတော်တဆမှုတစ်ခုလို့ ယူဆလိုက်ကြ၏။
ချန်းကျန်တောက်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။ သူလည်း တစ်စုံတစ်ခုမှားယွင်းနေတာကို သတိထားမိတာ သိသာလှ၏။
လျိုချင်းရွယ် ပြောစကားအရ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်က ချီကျင့်ကြံခြင်း အဆင့် ၄ ကနေ အဆင့် ၇ သို့ ချိုးဖြတ်သွားတာကို သူမမျက်လုံးတွေနှင့် တပ်အပ်မြင်တွေ့ခဲ့တာဖြစ်၏။
ထိုသို့ဆိုလျှင် သူက အဘယ်ကြောင့် ချီကျင့်ကြံခြင်း အဆင့် ၆ ကို အလွယ်တကူရှုံးနိမ့်သွားရသနည်း။
သူက မနေနိုင်ပဲ လုကျန်းကို နောက်တစ်ကြိမ်မေးလိုက်၏။
“မင်းက တကယ်ပဲ အဆင့် ၉ စိတ်ဝိညာဥ် အမြစ်လား”
“မင်းငါ့ကို ညာရင် အကျိုးဆက်ကို သိတယ်မလား”
ထိုအရာကို ကြားသည့်အခါ ရှုမိသားစုမှ လူတွေက တုန်လှုပ်သွားကြသည်။
ထိုရှုံးနိမ့်မှုက အမှန်တကယ်ပဲ လုကျန်း၏ အထောက်အထားကို သံသယဝင်သွား စေခဲ့သည်။
ဝမ်ယင်ဖုန်းက အလျှင်အမြန်ပဲ သူမတူကို ကာကွယ်ပေးပြီး ပြောလိုက်၏။
“လက်ထောက်ခေါင်းဆောင်ချန်း, ကျေးဇူးပြု၍ ငါ့တူကို နောက်ထပ်အခွင့်အရေးတစ်ခုလောက် ပေးပါ”
လုကျန်း၏ မျက်ခွံ့တွေလည်း ကျုံ့သွားပြီး အလျှင်အမြန် မတ်တပ်ရပ်ကာ ပြောလိုက်၏။
“လက်ထောက်ခေါင်းဆောင်ချန်း, ငါ ကောင်းကင်ကို ကျိန်ဆိုရဲပါတယ်။ ငါမင်းကို မလိမ်ပါဘူး။”
“အဲ့နေ့က တကယ်ပဲ ငါ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို စမ်းသပ်မိခဲ့တာပါ။”
“အခုက ငါ အနည်းငယ် သတိမထားမိ ဖြစ်သွားတာပါ။ နောက်တစ်ကြိမ်တိုက်ခိုက်ပြီး ငါ့ရဲ့ခွန်အားကို သက်သေပြလိုပါတယ်။”
သူ့စကားတွေကအလွန်လေးနက်နေပြီး လိမ်ညာသည့်ပုံ မပေါ်တာကို မြင်သည့်အခါ ချန်ကျန်တောက်က အနည်းငယ် ခေါင်းညိတ်လိုက်၏။ သူက လုကျန်းကို နောက်တစ်ကြိမ် အခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်၏။
“ကောင်းပြီလေ…”
ထို့နောက် ချန်းကျန်တောက်က ဂျန်ဖန်းကို ကြည့်ပြီး ပြောလိုက်သည်။
“မင်းကော ဘယ်လိုထင်လဲ…”
ဂျန်ဖန်းက တွေဝေမနေပဲ စာရေးလိုက်သည်။
“သူငါ့ကို မနိုင်ဘူး”
သူက သူ့နယ်ပယ်ကို ဖိနှိပ်ထားခဲ့ပြီး ခွန်အား တစ်ဝက်ထက်နည်း သုံးထားသော်လည်း လုကျန်းက အနိုင်မရသေးပေ။
ရလဒ်အရတော့ လုကျန်းက သူ့ခန့်မှန်းထားသည့်အတိုင်း အတိအကျဖြစ်၏။
လုကျန်း၌ အဆင့် ၉ စိတ်ဝိညာဥ်အမြစ် ရှိပုံမပေါ်ပေ။
ထိုစကားလုံး ငါးလုံးကို မြင်သည့်အခါ လုကျန်း ဒေါ်သထွက်သွားပြီး ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်၏။
“ဂျန်ဖန်း, ခိုးကြေင်ခိုးဝှက်တိုက်ခိုက်တဲ့ ကောင်….”
“ငါ့ရှေ့မှာဒူးထောက်စမ်း”
သူက နောက်တစ်ကြိမ်ဟိန်းဟောက်လိုက် ပြီး ဒေါသတကြီးကျားတစ်ကောင်ကဲ့သို့ ပြေးဝင်သွားခဲ့သည်။
သူက ဂျန်ဖန်းကို အင်မတန်အနိုင်ရချင်နေပြီး သူကိုယ့်သူ သက်သေပြချင်၏။ ထို့ကြောင့် သူ၏ တိုက်ခိုက်မှုက ဟာကွက်တွေနှင့် ပြည့်နှက်နေခဲ့သည်။
ဂျန်ဖန်းက အခွင့်အရေးကို အမိအရဖမ်းယူပြီး ဓားချက်အား သာသာယာယာရှောင်တိမ်းလိုက်ကာ လုကျန်းရင်ဘတ်ကို ဆောင့်ကန်လိုက်၏။
ဖုန်း!
လုကျန်း နောက်တစ်ကြိမ် လွင့်ထွက်သွား ခဲ့သည်။ သို့ပေမယ့် ဤတစ်ချိန်၌ သူကသွေးအန်လိုက်ရပြီး အတွင်းဒဏ်ရာ ရရှိသွားတာ သိလာလှ၏။
သူ၏ ဒုတိယအကြိမ်ရှုံနိမ့်မှုက ရှုမိသားစု တစ်ခုလုံးကို ဆွံ့အသွားစေခဲ့သည်။
ပထမတစ်ကြိမ်ရှုံးနိမ့်မှုက ဂရုမစိုက်လို့ဟု ယူဆနိုင်၏။
ဒုတိယတစ်ကြိမ်ကလည်း ထို့သို့ဖြစ်နိုင်ပါမည်လား….
ရှုယင်းရင်းကဲ့သို့ ပိုပိုများသည့် ကလန်အဖွဲ့ဝင်တွေက အကြောင်းအရင်းမှန်ကို တဖြည်းဖြည်း မြင်လာကြပြီဖြစ်၏။
ဝမ်ယင်ဖုန်းကတော့ အသိတရားရလာဖို့ ဆန္ဒမရှိသေးပေ။ သူမက သူမတူကို သူမ၏ အကြီးဆုံးဂုဏ်သိက္ခာအဖြစ် ယူဆထားတာပဲဖြစ်သည်။ ကျန်ရှိသည့် ရှုမိသားစုအဖွဲ့ဝင်တွေကတော့ လုကျန်း၏ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို သံသယရှိလာပြီဖြစ်၏။
ဤတစ်ကြိမ်၌ ဂျန်ဖန်းက မည်သည့်စကားမှ ပြောစရာမလိုပဲ ချန်ကျန်းတောက်က လှောင်ပြောင်လိုက်၏။
“အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ဆိုတာ ဒါလား…”
သူက သာမန်အတိုင်း အသေးစားစမ်းသပ် ရေး ကြေးပေတံတစ်ခုကို ထုတ်ယူပြီး လုကျန်းရှေ့ကို ပစ်ပေးလိုက်၏။
“ပြန်စမ်းသပ်စမ်း…”
ချန်ကျန်းတောက်က အမိန့်ပေးလိုက်၏။
လုကျန်းက ခါးသီးစွာ ရယ်လိုက်၏။
“ငါနှစ်ကြိမ်တိတိ ရှုံးနိမ့်ခဲ့ပြီးပြီ၊ ဒါက ငါ့စိတ်ဝိညာဥ်အမြစ်မှားယွင်းနေတာကို သက်သေပြဖို့ လုံလောက်နေပြီမလား”
“ကောင်းပြီ… ငါမင်းတို့အားလုံးကို သက်သေပြမယ်။”
“မင်းတို့ကြည့်ထားကြ, အဆင့် ၉ စိတ်ဝိညာဥ်အမြစ်က ဘာလဲဆိုတာ…”
သူ့ကို ကြည့်နေကြသည့် ပတ်ပတ်လည်က သံသယမျက်လုံးတွေကြောင့် သူက အလွန်စော်ကားခံရသလို ခံစားလိုက်ရ၏။
သူက ကြေးပေတံအသေးစားကို ဆုပ်ကိုင်လိုက်ပြီး လူတိုင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
“ရှုကျန်းယန်, အစတုန်းကတော့ ငါက ရှုမိသားစုကို ငါ့နဲ့အတူတူ မြှင့်တင်ပေးမလို့ပဲ။ ဒါပေမယ့် ကံမကောင်းချင်တော့ မင်းတို့အားလုံးက ငါ့ကို သံသယဝင်နေခဲ့တယ်။”
“သနားစရာပဲ…. မင်းတို့ ရှုမိသားစုက ငါ့စေတနာနဲ့ မထိုက်တန်ဘူး။”
ထိုအရာကို ကြားသည့်အခါ ရှုမိသားစု အဖွဲ့ဝင်တွေအားလုံး ရုတ်တရက် သွေးရူးသွေးတန်းဖြစ်သွားကြသည်။
ချင်ချန်ရှန်က အလျှင်အမြန်ပြောလိုက်သည်။
“သခင်လေးလု, ငါမင်းကိုယုံတယ်… ငါမင်းကို ယုံတယ်။”
လုကျန်းမှာသာ အဆင့် ၉ စိတ်ဝိညာဥ်အမြစ် မရှိခဲ့လျှင် ထိုအရာက လုကျန်း၏ ကံကြမ္မာဆိုးဖြစ်ရုံသာမက ချင်မိသားစု၏ ကောင်းကင်ကြီးလည်း ပြိုကျသွားမည်ဖြစ်၏။
လုကျန်းက အနည်းငယ်ခေါင်းညိတ်လိုက်ပြီး ချင်းချန်ရှန် ပခုံးကို ပုတ်လိုက်၏။
“မင်းက ငါကို အများဆုံး ထောက်ပံ့ပေးတဲ့ တစ်ယောက်တည်းသောသူပဲ။ မစိုးရိမ်ပါနဲ့, ငါမင်းကို မနစ်နာစေရပါဘူး။”
ထို့နောက် သူ့မျက်လုံးထဲ၌ ရူးသွပ်မှုတွေနှင့်အတူ ဂျန်ဖန်းကို ကြည့်လိုက်၏။
“ဂျန်ဖန်း, မင်းက ကံကောင်းပြီး အဆင့် ၆ ကို ချိုးဖြတ်နိုင်ရုံနဲ့ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို အထင်သေးနိုင်မယ်လို့ ထင်နေတာလား”
“ငါ့ရဲ့ အဆင့် ၉ စိတ်ဝိညာဥ်အမြစ် ဘယ်လောက်တောက်ပလဲဆိုတာ မင်းရဲ့ ခွေးမျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ကြည့်ထား….”
သူက ကြေးပေတံကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။
ချက်ချင်းပဲ, စွမ်းအင်လှိုင်းတစ်ခုက ပေတံအောက်ခြေမှ အပေါ်သို့ စတင်တက်လာခဲ့သည်။
ပထမအဆင့်…
ဒုတိယအဆင့်…
တတိယအဆင့်…
တတိယအဆင့်ကို ရောက်သည့်အခါ၌ စွမ်အင်လှိုင်းမြှင့်တက်လာမှုက သိသိသာသာ နှေးကွေးလာခဲ့သည်။
ထိုအရာက ခရုတစ်ကောင် တွားသွားနေသကဲ့သို့ ဖြစ်၏။
အဆင့် ၃ အဆင့်နိမ့်၊ အဆင့် ၃ အလယ်အလတ်….
နောက်ဆုံးမှာတော့ ထိုအရာက အဆင့် ၃ အမြင့်ပိုင်း အောက်နား ဆံခြည်တစ်မျှင်လောက်အကွာမှာ ရပ်တန့်သွားခဲ့သည်။
နေရာတစ်ခုလုံးက သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့ပြီး အပ်ကျသံတောင် ကြားနိုင်၏။
အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ဟု ယုံကြည်ထားသည့် လုကျန်း၏ နောက်တစ်ကြိမ်စမ်းသပ်မှုက အမှန်တကယ် အဆင့် ၃ အလယ်အလတ်အဆင့် ဖြစ်နေခဲ့၏။
လုကျန်းကိုယ်တိုင်တောင် ကြောင်အသွားပြီး ရေရွတ်လိုက်၏။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ, ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“ငါ အဆင့် ၉ စိတ်ဝိညာဥ်အမြစ် စမ်းသပ်မိခဲ့တာ သေချာပါတယ်”
“ဒါက မှားနေတာပဲဖြစ်ရမယ်။ ငါ နောက်တစ်ကြိမ် ပြန်ကြိုးစားရမယ်။”
သူက ကြေးပေတံကို နောက်တစ်ကြိမ် ဆုပ်ကိုင်လိုက်၏။
သို့ပေမယ့် ရလဒ်ကတော့ အတူတူပဲ ဖြစ်သည်။
အဆင့် ၃ အလယ်အလတ်အဆင့်သာ ဖြစ်၏။
လုကျန်းက ထိပ်ထိပ်ပြာပြာဖြစ်သွားပြီး သူ့ကမ္ဘာကြီးက ပြိုကျပျက်ဆီးသွားခဲ့သည်။ သူ့ခေါင်းကို ခါယမ်းလိုက်၏။
“ဒါ မဖြစ်နိုင်ဘူး။ ဒီကြေးပေတံနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတာပဲဖြစ်မယ်။”
“ဟုတ်တယ်, ဒါပဲ ဖြစ်ရမယ်”
သူရူးသွပ်သွားပြီး လက်ထောက်ခန်းမသခင်ချန်း၏ မှော်အသုံးဆောင်ကို သံသယဝင်နေသည်အား မြင်သည့်အခါ
နောက်ဆုံးမှာတော့ ရှုယင်းရင်းက သည်းမခံနိုင်တော့ပဲ မတ်တပ်ရပ်ကာ ကြေးပေတံကို ဆုပ်ကိုင်လိုက်၏။
စွမ်းအင်လှိုင်းက ပေတံအောက်ခြေကနေ နောက်တစ်ကြိမ်စီးဆင်းလာခဲ့သည်။ ထိုအရာက အဆင့် ၃ အလယ်အလတ်အဆင့်ကို ကျော်ကာ အဆင့် ၆ အပြာရောင်နယ်ပယ်ကို ရောက်ရှိသွားခဲ့သည်။
ရှုယင်းရင်းက လုကျန်းကို ကြည့်လိုက်ပြီး စိတ်သက်သာရာရသည့် အမူအရာတစ်ခုကို ထုတ်ဖော်ပြလိုက်၏။
“ကြည့်ရတာတော့ ကြေးပေးတံမှာ ပြဿနာရှိပုံမပေါ်ဘူး။”
“ပြဿနာက နင့်ရဲ့ စမ်းသပ်မှုရလဒ်ပဲ ဖြစ်မယ်”
နေရာတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့သည်။
ချန်းကျန်တောက်၏ တည်ရှိမှုကတောင် ထွက်ပေါ်လာသည့် ဆွေးနွေးမှုတွေကို မတားဆီးနိုင်ပေ။
“ဘာလဲဟ, သူက ဘယ်တုန်းကမှ အဆင့် ၉ စိတ်ဝိညာဥ်အမြစ် မဟုတ်ခဲ့ဘူးပဲ”
“ဒါအတွက်နဲ့ ငါက သူ့ကို ဒီရက်တွေမှာ မျက်နှာချိုးသွေးဖားယားနေရတာလေ။”
“မင်းက ကံကောင်းတယ်ပြောရမယ်၊ အချို့လူတွေက ခန္ဓာကိုယ်တောင် သူ့လိုဘာမဟုတ်တဲ့လူကို ပေးခဲ့ကြတာ။”
“ခန္ဓာကိုယ်ရှုံးဆုံးတာက ဘာမှမဟုတ်သေးဘူး။ ချင်းမိသားစု ခေါင်းဆောင်ကိုပဲကြည့်… ခုလေးတင် သူက ငွေပြား သုံးသိန်း တန်ဖိုးရှိတဲ့ အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်တွေပေးခဲ့တာ။ ပြီးတော့ လုကျန်းကလည်း အားလုံးကို လက်ခံခဲ့တယ်လေ။”
…..
ဝမ်ယင်ဖုန်းက သူမတူကို ကာကွယ်ပေးဖို့ စိတ်အားထက်သန်နေပြီး အလောတကြီး အော်ပြောလိုက်၏။
“တော်လောက်ပြီ… ငါ့ ကျန်းအာက လုံးဝ အဆင့် ၃ အလယ်အလတ်အဆင့် မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး…”
ထိုအခိုက်အတန့်၌ ရှုယင်းရင်က သူမကို တည်ငြိမ်စွာ ဝင်ပြောလိုက်၏။
“အမေ, နင်က ခုထိ နင်ကိုယ်နင် လှည့်စားနေတုန်းလား”
“သူ ဂျန်ဖန်းကိုရှုံးနိမ့်တဲ့ ပထမအကြိမ်ကတည်းက ငါတို့ မြင်ခဲ့သင့်တယ်။”
“သုံးရက်အတွင်း အဆင့် ၉ စိတ်ဝိညာဥ်အမြစ်နဲ့ ချင်းချန်ရှန်ဆီက ချီကျင့်ကြံခြင်းအရည် အထောက်အပံ့တွေနဲ့တောင် သူက ဂျန်ဖန်းကို အနိုင်မယူနိုင်ခဲ့ဘူး။”
“အဲ့အချိန်ကတည်းက ငါ သူ့စိတ်ဝိညာဥ်အမြစ်ကို သံသယရှိခဲ့တာ။ ဒီနေ့ရလဒ်က ထူးတော့မထူးဆန်းပါဘူး။”
သူမ၏ အရှိန်အဝါက မြင့်တက်လာပြီး အချိန်အတော်ကြာ အောင့်အည်းမျိုသိပ် ထားခဲ့ရသည့် သူမနှလုံးသားက နောက်ဆုံးမှာတော့ ငြိမ်းအေးသွားခဲ့သည်။
ထိုအတိုင်းဆိုလျှင် သူမက အထီးကျန်လှေမြို့၏ နံပါတ်တစ်ဂုဏ်ယူရသူအဖြစ် ဆက်ရှိနေမည်ဖြစ်၏။
အဆင့် ၆ စိတ်ဝိညာဥ်အမြစ်က အသန်မာဆုံး ဖြစ်နေဆဲဖြစ်၏။
ဝမ်ယင်ဖုန်းက သူမနှုတ်ခမ်းကို ကိုက်လိုက်၏။ သူမက အခြားသူတွေထက် အမှန်တရားကို ပိုသိပေမယ့် ထိုအရာကို လက်မခံနိုင်ဖြစ်နေခဲ့၏။
လုကျန်း၏ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်က တစ်ခါက သူမ၏ ဂုဏ်ယူရသည့်အရာ ဖြစ်ခဲ့၏။
အရုပ်ကျိုးပြတ်ဖြစ်နေသည့် လုကျန်းကို ကြည့်ပြီး သူမက သူ့ကို နှစ်သိမ့်ဖို့သာ လုပ်နိုင်၏။
“ကျန်းအာ, ကြည့်ရတာတော့ စမ်းသပ်ရေးမျှော်စင်ရဲ့ သလင်းကျောက်တိုင်က အမှားအယွင်း ဖြစ်သွားတာနဲ့တူတယ်။”
“ဒီကမ္ဘာကြီးထဲမှာ ဘာ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်မှမရှိဘူး။ အဆင့် ၃ အလယ်အလတ်အဆင့်ကလည်း အထီးကျန်လှေမြို့မှာ ထိပ်ဆုံးအဆင့်ပါပဲ။”
ထိုစကားတွေကို ကြားသည့်အခါ လုကျန်းလည်း အနည်းငယ် သက်သာယာရသွားခဲ့သည်။
သူက အနည်းငယ်ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်။ အကောင်းဆုံးက ရှုယင်းရင်ရဲ့ အဆင့် ၆ စိတ်ဝိညာဥ်အမြစ်ပဲ။ ငါက သုံးဆင့်ပဲ နိမ့်တာ, အရမ်းကြီးတော့ မဆိုးပါဘူး။”
သို့ပေမယ့်…
ချန်ကျန်းတောက်က ခက်ထန်သည့် အမူအရာနှင့် ကြေးပေတံကို ပြန်သိမ်းလိုက်၏။ ထို့ပြင် သူပြောလိုက်သည့် စကားက လုကျန်း၏ ကမ္ဘာကြီးကို ချေမြွသွားခဲ့သည်။
“အထီးကျန်လှေမြို့မှာ အဆင့် ၉ စိတ်ဝိညာဥ်အမြစ် မရှိဘူးလို့ ဘယ်သူပြောလဲ”
“အဲ့ဒါက မင်းမဟုတ်တာပဲရှိတာ”