မျက်လုံးရှေ့မှာရှိတဲ့ သစ်ရွက်တစ်ရွက်က တောင်ကိုဖုံးထားနိုင်၏
Vol. 2 Ch. 18
ဘုန်း, ဘုန်း…
လုကျန်း၏ မျက်လုံးတွေက ပြူးကျယ်နေပြီး ခုလေးမှ အနည်းငယ်ပို ကောင်းလာသည့် သူ့စိတ်က နောက်တစ်ကြိမ် ကြမ်းတမ်းစွာ ထုရိုက်ခံလိုက်ရ၏။
“အဆင့် ၉ စိတ်ဝိညာဥ်အမြစ်က တကယ်ရှိတယ်။ ဒါ…ဒါက ငါ မဟုတ်တာပဲရှိတာ…”
အရင်က အဆင့် ၉ စိတ်ဝိညာဥ်အမြစ် တစ်ယောက်အနေနှင့် သူက ဤကွာခြားချက်ကြီးကို မည်သို့ သည်းခံနိုင်မည်နည်း။
သူ့ခန္ဓာကိုယ်ထဲက သွေးတွေက ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး နောက်ထပ်မထိန်းနိုင်တော့ပေ။ သူက ပါးစပ်အပြည့် သွေးတွေအန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်လဲကျကာ အဆက်မပြတ်တုန်ယင်နေခဲ့သည်။
ရှုယင်းရင်းလည်း စိတ်ဓာတ်ကျသွားခဲ့ သည်။
သူမက သူမလက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး ထိုအရာကို လက်မခံနိုင်စွာနှင့် ပြောလိုက်သည်။
“အထီးကျန်လှေမြို့မှာ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်က တကယ်ရှိတယ်။ ဒါဆို စမ်းသပ်ရေးမျှော်စင်က မမှားဘူးပေါ့။”
လက်ထောက်ခန်းမသခင်ချန်းက ပြောလိုက်သည်။
“စမ်းသပ်ရေးမျှော်စင်ရဲ့ သလင်းကျောက်က ဘာလို့ အမှားလုပ် သွားလဲဆိုတာတော့ ငါမသိဘူး။ သာမန်အရည်အချင်းပဲရှိတဲ့ အဆင့် ၃ အလယ်အလတ်အဆင့် ကို အဆင့် ၉ စိတ်ဝိညာဥ်အမြစ်လို့ ပြသွားတယ်။”
“ဒါပေမယ့် အထီးကျန်လှေမြို့မှာ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်နဲ့ တစ်စုံတစ်ယောက် တကယ်ရှိတယ်။”
“ငါ စောနတုန်းက တိမ်စိမ်းဂိုဏ်း ခေါင်းဆောင်ရဲ့ သမီးနဲ့တွေ့ခဲ့တယ်။ သူမတောင်မှ အဲ့ဒီလူထက်နိမ့်ကျတယ် ဆိုတာကို ဝန်ခံခဲ့တယ်။”
“ဒါပေမယ့်…”
လက်ထောက်ခန်းမသခင်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။
လျိုချင်းရှန်က သူမ ထိုလူကို တိမ်စိမ်းဂိုဏ်း အမိန့်ပြားပေးခဲ့သည်ဟု ပြောသော်လည်း တစ်ဖက်လူကသာ ထုတ်ဖော်မပြလျှင် သူက မည်သို့သိမည်နည်း။
သူက လျိုချင်းရှန်ကို ပြန်ခေါ်ရမည်ဖြစ်၏။ သူမတစ်ယောက်သာလျှင် အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို မြင်ဖူးပြီး ကူညီရှာဖွေပေးနိုင်တာပဲဖြစ်သည်။
ရှုယင်းရင်၏ အစောပိုင်းက ပေါ့ပါးသွား သည့် စိတ်အခြေအနေက နောက်တစ်ကြိမ် တင်းကြပ်သွားခဲ့သည်။ သူမက သူမလက်သီးတွေကို တင်းကြပ်စွာ ဆုပ်လိုက်ပြီး ပြောလိုက်သည်။
“အဆင့် ၉ စိတ်ဝိညာဥ်အမြစ် အစစ်အမှန်က ဘယ်သူလည်းဆိုတာ ငါသိချင်တယ်”
ထိုအရာကိုကြားသည့်အခါ ချန်းကျန်တောက်က သူမကို ကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီးချကာ လေးလေးနက်နက်ပြောလိုက်သည်။
“စိတ်အေးအေးထားပါ”
“အဲ့ဒီ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်က အတော်လေးထူးခြားတယ်။ မင်းရဲ့ အဆင့် ၆ စိတ်ဝိညာဥ်အမြစ်ကို မပြောနဲ့ ငါ့ရဲ့ အဆင့် ၈ စိတ်ဝိညာဥ်အမြစ်တောင် သူထက် အတော်လေး နိမ့်ကျတယ်။”
“မင်း သူနဲ့သိခွင့်ရရင် ဒါက မင်းဘဝရဲ့ အခွင့်အရေးတစ်ခုဖြစ်လိမ့်မယ်။”
ထိုအရာအရ ရှုယင်းရင်းက သူ့ကို မော့ပဲကြည့်ရမည်ဖြစ်ပြီး ယှဥ်ပြိုင်ဖို့ အရည်အချင်းမရှိဘူးလို့ သွယ်ဝိုက်ပြောဆိုလိုက်တာပဲဖြစ်သည်။
ရှုယင်းရင် အံ့သြသွားခဲ့သည်။
အဆင့် ၈ စိတ်ဝိညာဥ်အမြစ်တောင် ကမ္ဘာကြီးတစ်ခု ခြားနားနေသည်လား…
ဒါဆို သူမ၏ အဆင့် ၆ စိတ်ဝိညာဥ်အမြစ် က နှိုင်းယှဥ်စရာကို မလိုတော့ပေ။
ထိုအရာကိုတွေးပြီး သူမက အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ လက်ထောက်ခန်းမသခင်တောင် ထိုအရာကို လက်ခံထားရ၏။ သူမ၏ အဆင့် ၆ စိတ်ဝိညာဥ်အမြစ်လေးက မည်သို့ထိုက်တန်မည်နည်း။
သူမက မနေနိုင်ပဲ အဆင့် ၉ စိတ်ဝိညာဥ်အမြစ် ပါရမီရှင်က ဘယ်လိုပုံစံလည်းဆိုတာ စိတ်ကူးယဥ်ကြည့်နေခဲ့သည်။
“သူက လူတွေကြားက နဂါးတစ်ကောင်ဖြစ်ပြီး ကမ္ဘာကြီးမှာ ပြိုင်ဘက်ကင်းတည်ရှိမှုပဲဖြစ်ရမယ်။”
ရုတ်တရက်, သူမက မေးစေ့ပေါ် လက်ထင်ထားပြီး အတွေးထဲနစ်မျှောနေသည့် ဂျန်ဖန်းကို သတိထားမိလိုက်သည်။ ထိုအရာက အတော်လေး မျက်စိဆံပင်မွေးစူးစရာ ကောင်းလှ၏။
ယနေ့ သူက ထင်ရှားကျော်ကြားမှုအားလုံးကို ယူဆောင်သွားခဲ့သည်။
ချီကျင့်ကြံခြင်းအဆင့် ၆ ကြောင့် လူတွေက သူ့ကို အမြင်သစ်တွေနှင့် မြင်လာကြပြီဖြစ်၏။
ထို့ပြင် ပိုဆိုးတာက ထိုအရာဟာ အတိတ်က သူမဆုံးဖြတ်ချက်မှားယွင်းခဲ့ တယ်လို့ ပြသနေသည်မဟုတ်လား?
“ဂျန်ဖန်း, အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို အနိုင်ရတော့ နင် အရမ်းကို ဂုဏ်ယူနေတယ်မလား။”
ရှုယင်းရင်းက အလွန်အေးစက်သည့် မျက်နှာထားနှင့် ပြောလိုက်သည်။
“လုကျန်းက ဒီနှစ်တွေတစ်လျှောက်မှာ ကျင့်ကြံရေးကို အာရုံမစိုက်ခဲ့ဘူး။ သူ့စိတ်က အခြားနေရာတွေရောက်နေခဲ့ တာ။”
“သူ့အခြေခံက အခိုင်မာရုံတင်မကဘူး။ သူ့ဓားသိုင်းကလည်း အောင်မြင်ခြင်းကြီး အဆင့်ကို မရောက်သေးဘူး။”
“သူ့ကို အနိုင်ရတာ ဘာမှဟုတ်မနေဘူး”
ဂျန်ဖန်း တွေးနေရာကနေ ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။
သူက ချန်းကျန်တောက်ပြောသည့် အဆင့် ၉ စိတ်ဝိညာဥ်အမြစ်က မည်သူလည်းဆိုတာ စဥ်းစားနေတာပဲဖြစ်သည်။
တိမ်စိမ်းဂိုဏ်းခေါင်းဆောင်၏ သမီးဖြစ်သူတောင် နိမ့်ကျကြောင်း ဝန်ခံခဲ့၏။ ထိုအရာက ထိုလူဟာ အလွန်ထူးခြားကြောင်း ဖော်ပြနေတာပဲ ဖြစ်သည်။
သူ၏ ကြည်လင်သည့် စိတ်ဝိညာဥ်အမြစ်နှင့် အဆင့် ၉ အမြစ် နှိုင်းယှဥ်ကြည့်လျှင် ဘယ်လိုရှိမည်ဆိုတာကို သူက သိချင်နေခဲ့သည်။
သူမစကားတွေကိုကြားသည့်အခါ သူက ရှုယင်းရင်ကို တစ်ချက်သာကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။
သူက တစ်ဖက်လှည့်ကာ ရှုရို့ရန်ကို ပြုံးပြပြီး စာရေးလိုက်သည်။
“အံ့သြသွားလား…”
ရှုရို့ရန်က ဂျန်ဖန်းကိုကြည့်ပြီး သူမ၏ မျက်လုံးတွေက တောက်ပနေကာ အဆက်မပြတ်ခေါင်းညိတ်လိုက်၏။
“ဖန်း, နင်က အရမ်းအံ့သြစရာကောင်း တာပဲ။”
ဂျန်ဖန်းက ရှုယင်းရင်ကို မရှိသလိုဆက်ဆံနေပြီး ရှုရို့ရန်၏ ထင်မြင်ချက်ကိုသာ ဂရုစိုက်နေခဲ့သည်။ ထိုအရာက ရှုယင်းရင်းကို ရှင်းပြလို့မရသည့် မသက်မသာဖြစ်မှုကို ခံစားရစေ၏။
သူမကို သူမ၏အမ ရှုရို့ရန်က လွမ်းမိုးသွားပြီဟု ခံစားလိုက်ပြီး အတော်လေးအနေရခက်စေတာပဲဖြစ်သည်။
ထိုအချိန်၌ ချန်းကျန်တောက်က မတ်တပ်ရပ်ပြီးထွက်ခွာသွားခဲ့သည်။
ရှုမိသားစု၏လိုက်လံပို့ဆောင်တာကို စောင့်မနေတာ့ပဲ သူက သိမ်ငှက်ပြာကြီးပေါ်ကိုတက်ကာ ကောင်းကင်သို့ပျံသန်းသွားခဲ့သည်။
ရှုကျန်းယန်က စိတ်သက်သာရာရစွာနှင့် သက်ပြင်းရှည်ကြီးချလိုက်ပြီး ထိုင်ခုံပေါ်ကို ထိုင်ချလိုက်သည်။
“ကံကောင်းပေလို့ပေါ့… လက်ထောက်ခန်းမသခင်ချန်းက ကြင်နာတတ်တဲ့ နှလုံးသားရှိပြီး အဆင့် ၉ စိတ်ဝိညာဥ်အမြစ် လိမ်လည်တဲ့ကိစ္စကို တာဝန်မယူခိုင်းခဲ့ဘူး။”
“အဲ့လိုမှမဟုတ်ရင် ငါတို့ရှုမိသားစု ပြဿနာအကြီးကြီးတက်လိမ့်မယ်။”
သူက အစောပိုင်းတုန်းက အလွန်မတန် ကြောက်ရွံ့တုန်လှုပ်နေခဲ့တာပဲဖြစ်သည်။
အချိန်အတော်ကြာတုန်လှုပ်နေသည့် လုကျန်းလည်း ပြန်လည်တည်ငြိမ်စပြုလာ ခဲ့သည်။ ဘေးအန္တရာယ်ကြီးမှ အသက်ရှင်လွတ်မြောက်ခဲ့သည့်အတွက် သူက စိတ်သက်သာရာရသည့် အမူအရာတစ်ခုကို ပြသလာခဲ့သည်။
သို့ပေမယ့် ခန်းမသခင်အဝေးကို ရောက်သွားသည့်အခါ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုက ပေါက်ကွဲထွက်လာခဲ့သည်။
“လုကျန်း…”
လူတိုင်းက တုန်လှုပ်သွားပြီး အသံလာရာဆီကို ကြည့်လိုက်သည့်အခါ ချင်းချန်ရှန်၏ ပိန်လိမ်နေသည့် မျက်နှာကို မြင်လိုက်ကြသည်။ သူက တစ်စုံတစ်ယောက်ကို အရှင်လတ်လတ် မြိုချချင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
သူ့ဆံပင်တွေက ထောင်မတ်နေပြီး လက်သီးတင်းကြပ်စွာဆုပ်ကာ ဟိန်းဟောက်လိုက်၏။
“မင်း… သုံးစားမရတဲ့ အမှိုက်ကောင်”
ဤတစ်ချိန်၌ အကြီးမားဆုံး ရှုံးဆုံးရသူမှာ လုကျန်းမဟုတ်ပေ။ သူက သူ၏မူလအခြေအနေကို ပြန်ရောက်သွားရုံမျှသာ ဖြစ်သည်။
သို့ပေမယ့် ချင်းချန်ရှန်ကတော့ ခြားနား၏။ အစကတည်းက သူက လုကျန်းကို တွယ်ကပ်ခဲ့ပြီး လောင်းကြေးကြီးကြီး ပြုလုပ်ခဲ့၏။
အခု လုကျန်း၏အစစ်အမှန်ပုံရိပ်ပေါ်ထွက် လာသည်နှင့်အတူ သူက တစ်ခါမှ မခံစားဖူးသည့် အရှက်ရမှုကို ခံစားလိုက်ရ၏။
သူက ပထမဦးစွာ အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည် ၁၀ ပုလင်း ပေးခဲ့၏။
အစောပိုင်းကလည်း ဂုဏ်ပြုသည့်အနေဖြင့် ငွေပြား သုံးသိန်း တန်ဖိုးရှိသည့် လက်ဆောင်တွေကို ယူဆောင်လာခဲ့သည်။
အဓိကအချက်ကတော့ လုကျန်းက ပါရမီရှင်ကြီးအဖြစ်ဟန်ဆောင်ကာ အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည် အားလုံးကို ပေးဝေပစ်လိုက်၏။ ထို့ပြင် အားလုံးကလည်း သောက်သုံးပြီးသွားပြီ ဖြစ်၍ ပြန်ရဖို့ နည်လမ်းမရှိတော့ပေ။
လုကျန်းက တောင်းပန်စွာနှင့် ပြောလိုက်သည်။
“ချင်မိသားစုခေါင်းဆောင်, စိတ်အေးအေးထားပါ။ ငါ… ငါ မင်းကို ပြန်ပေးဖို့ နည်းလမ်းရှာပါ့မယ်။”
သူကအတော်လေးနောင်တရနေ၏။ ဂျန်ဖန်းပြောတာကို နားထောင်ပြီး လက်ဆောင်တွေကို အရင်လက်မခံခဲ့သင့်ပေ။
“ပြန်ပေးမှာလား?.... မင်းက ဘာနဲ့ပြန်ပေးမှာလဲ။”
ချင်ချန်းရှန်၏မျက်လုံးတွေက နီရဲနေပြီး လုကျန်းကို လည်ပင်းညစ်သတ်ချင်နေခဲ့သည်။
အစပိုင်း သူက လုကျန်းနှင့် သူ့နောက်က ဝိညာဥ်သခင်ကို မှီခိုဖို့ တွေးထားခဲ့၏။
ထိုအရာက သူ ဂုဏ်ပြုလက်ဆောင် ငွေပြားသုံးသိန်းဖိုးပေးခဲ့သည့် အကြောင်းပြချက်ပဲဖြစ်သည်။
အဆုံးမှာတော့ ထိုအရာအားလုံးဟာ ရေဆုံမျှောပြီပဲဖြစ်သည်။
လုံးဝကို ဒေါသထွက်နေသည့် ချင်ချန်ရှန်နှင့် ရင်ဆိုင်ရသည့်အခါ ချင်မိသားစုက အထီးကျန်လှေမြို့၏ ထိပ်တန်းမိသားစု လေးခုထဲမှ တစ်ခုဖြစ်တာကို လုကျန်း နောက်ဆုံးမှာ နားလည်သွားခဲ့သည်။
ပုံမှန်အတိုင်းဆိုလျှင် သူက ထိုကဲ့သို့လူမျိုးနှင့် ဆက်ဆံဖို့ အခွင့်အရေးတောင်ရှိမည်မဟုတ်ပေ။
အဆင့် ၉ စိတ်ဝိညာဥ်အမြစ်သာမရှိလျှင် သူက သူတို့အတွက် ဘာကောင်မှ မဟုတ်ပေ။
ကြောက်ရွံ့မှုကြောင့် သူက စကားတစ်ခွန်း တောင်မပြောရဲတော့ပဲ ဝမ်ယင်ဖုန်းနောက် ကို ဝင်ပုန်းနေလိုက်၏။
ချင်ချန်းရှန်က ဒေါသတကြီးပြောလိုက် သည်။
“သုံးရက်အတွင်း ပိုက်ဆံတွေကို ပြန်ပေးပါ။ အဲ့လိုမှမဟုတ်ရင် အကြင်နာ မရှိဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့။”
သူ့ခန္ဓာကိုယ်ကတုန်လှုပ်သွားပြီး အခြေခံတည်ဆောက်ခြင်း အဆင့် ၁ စွမ်းအားကို ထုတ်ဖော်ပြသလိုက်၏။
ကြည့်ရှုနေကြသည့် ရှုမိသားစု အဖွဲ့ဝင်တွေ သိသိသာသာ ကြောက်ရွံ့သွားခဲ့ကြသည်။
ရှုမိသားစုက အလယ်အလတ်မိသားစုတစ်ခုသာဖြစ်ပြီး ချင်မိသားစု၏ ဒေါသကို မည်သို့ ခုခံနိုင်မည်နည်း။
လုကျန်းက ပြန်လည်ချေပဖို့ မျှော်လင့်ချက်မရှိပေ။
အကာအကွယ်သာမရှိလျှင် ချင်ချန်ရှန်က သူကို သေချာပေါ်က သတ်မှာပဲဖြစ်သည်။
ထိုစဥ်မှာပဲ ရှုကျန်းယန်က လုကျန်းကို ဒေါသတကြီးကြည့်လိုက်၏။
“မင်း ဒုက္ခပေးတဲ့ကောင်, ထွက်သွားစမ်း၊ ရှုမိသားစုက ဒီလိုကျေးဇူးကန်းတဲ့ကောင် မျိုး အလိုမရှိဘူး။”
သူက အတော်လေးဒေါသထွက်နေခဲ့သည်။
လုကျန်းက သူတို့မိသားစုကို မြှင့်တင့်ပေးရမည်ဖြစ်၏။ ထိုအစား သူတို့က အစော်ကားခံရပြီး အထီးကျန်လှေမြို့ တစ်ခုလုံး၏ လှောင်ပြောင်စရာဖြစ်လာပြီ ဖြစ်၏။
ယခု သူတို့က ငွေပြား သုံးသိန်းလည်း အကြွေးတင်သွားပြီးဖြစ်သည်။
အစဥ်အမြဲကာကွယ်ပေးခဲ့သည့် ဝမ်ယင်ဖုန်းလည်း တုန်လှုပ်သွားခဲ့သည်။
“ကျန်းယန်, နင် ကျန်းအာကို နင်ထုတ်မယ်ဆိုရင် ငါ့ကိုလည်း နင်ထုတ်လိုက်တော့။”
သူက မြေပြင်ပေါ်ပစ်လဲချကာ သူမခြေထောက်တွေကိုကန်ပြီး အော်ဟစ်ငိုကြွေးနေခဲ့သည်။
သူမ၏ ခေါင်းမာသည့်အမူအရာကို မြင်သည့်အခါ ရှုကျန်းယန် အကူအညီမဲ့သလို ခံစားလိုက်ရသည်။
“ဒါဆို မင်းက ရှုမိသားစုကို ဒီအကြွေးတွေ ပြန်ဆပ်စေချင်တာလား။ ဒါက ငွေပြား သုံးသိန်းနော်။ မင်းက ကလန်တစ်ခုလုံးကို ငတ်ပြတ်သွားစေချင်လို့လား။”
ဝမ်ယင်ဖုန်း ပြောစရာစကားမရှိဖြစ်သွားခဲ့ သည်။
သို့ပေမယ့် သူမက သူမတူကို ဆက်လက် ကာကွယ်လိုနေဆဲဖြစ်၏။
“ဒါ… ဒါက ကျန်းအာကို အပြစ်တင်လို့ မရဘူးလေ။ ဒါ… ဒါတွေအားလုံးက ဂျန်ဖန်းရဲ့ အပြစ်ပဲ။”
“ဟုတ်တယ်၊ ဂျန်ဖန်းသာ လုကျန်းဆီကို ကံဆိုးမှုတွေယူမလာရင် ကျန်းအာက သူ့မှာ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ရှိတယ်လို့ မှားထင်မှာမဟုတ်ဘူး။”
ထိုကျိုးကြောင်းမဆီလျော်သည့် ငြင်းခုံမှုကို ကြားသည့်အခါ ရှုကျန်းယန် ဒေါသထွက်သွားခဲ့သည်။
သူ ဂျန်ဖန်းကို မကြိုက်တာတောင်မှ ဂျန်ဖန်း အပြစ်ကင်းတယ်လို့ သူ ခံစားရ၏။
ရှုကျန်းယန်က မနေနိုင်တော့ပဲ ပြောလိုက်သည်။
“မင်းဘယ်လိုပဲပြောပြော ဒီကိစ္စတွေကို လုကျန်းကိုယ်တိုင် လုပ်ခဲ့တာပဲ။ ဒီအကြွေးတွေကို လုကျန်းပဲ ပြန်ပေးရမှာ။”
သူမ၏ ဝုန်ဒိုင်းကြဲမှုက အလှုပ်မဖြစ်တာကိုမြင်သည့်အခါ ဝမ်ယင်ဖုန်းက သူမ၏ မကျေနပ်ချက်အားလုံးကို ဂျန်ဖန်းဆီသို့ ဦးတည်လိုက်၏။
“နင်ဘာလို့ လုကျန်းကို အနိုင်မပေးတာလဲ”
“နင်သာ သူ့ကို အနိုင်ပေးလိုက်ရင် ဘာပြဿနာမှဖြစ်လာမှာမဟုတ်ဘူး။”
ရှုရို့ရန်က ဒေါသတကြီးပြောလိုက်သည်။
“ဒေါ်လေးဝမ်, ဒါတော့အရမ်းများသွားပြီနော်”
“ဖန်းကို အနိုင်ကျင့်တာ လုကျန်းပါ။ အခု နင်က ဖန်းကို လာအပြစ်တင်နေတယ်။”
ကလေးမလေးကတောင် သူမကို ပြန်ခံပြောနေတာကို မြင်သည့်အခါ ဝမ်ယင်ဖုန်း ပိုလို့တောင်ဒေါသထွက်လာပြီး အော်ပြောလိုက်၏။
“နည်းလမ်းမကျဘူး, ဟုတ်လား…”
“ကောင်းပြီ, ကောင်းပြီ… နင်တို့နှစ်ယောက်ပေါင်းပြီး ငါ့ကို အနိုင်ကျင့်နိုင်မယ်လို့ ထင်နေတာလား။”
“ငါနင့်ကို ပြောလိုက်မယ်၊ နင်တို့ရဲ့ လက်ထပ်ပွဲက ခုထိတရားဝင်မဖြစ်သေးဘူးနော်….”
“ဂျန်ဖန်း, သုံးရက်အတွင်း ငါ့ကို ခန်းဝင်ပစ္စည်းပေးပါ။ ငါစိတ်ကျေနပ်မှုမရှိရင် ဒီလက်ထပ်ပွဲက ဖြစ်လာမှာ မဟုတ်ဘူးနော်။”
ထိုအရာကို ကြားသည့်အခါ ရှုရို့ရန်၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။
ဝမ်ယင်ဖုန်း ဂျန်ဖန်းကို အလွန်မုန်းတီးနေတာအရ သူမ ဂျန်ဖန်းကို အစောပိုင်းကပေးထားသည့် ငွေစအနည်းငယ်က မလုံလောက်တာသိသာလှ၏။
သူမက သူမနှုတ်ခမ်းကို ကိုက်လိုက်ကာ တောင်းပန်ဖို့ ပြင်လိုက်၏။
သို့ပေမယ့် ဂျန်ဖန်းက သူမလက်ကိုကိုင်ကာ သူမကို ရပ်တန့်လိုက်၏။
အခြားလက်တစ်ဖက်နှင့် သူက ပြတ်သားစွာ စာရေးလိုက်၏။
“ခန်းဝင်ပစ္စည်းက မင်းကို စိတ်ကျေနပ်စေရင် မင်းရဲ့ ညစ်ပတ်ရိုင်းစိုင်းတဲ့ ပါးစပ်ကို ပိတ်ထားတာပိုကောင်းလိမ့်မယ်။”