ချန်းစီလင်၏ အတွေးလေးများ
Vol. 2 Ch. 19
သူက ဝမ်ယင်ဖုန်းကို အချိန်တော်ကြာ သည်းငြီးခံခဲ့၏။
လုကျန်းကို ထပ်ခါထပ်ခါ အလိုလိုက်တာနှင့် ရှုရို့ရန်ကို အကြိမ်ကြိမ် အနိုင်ကျင့်တာက ဘာမျှမဆိုင်သည့် ကိစ္စတွေဖြစ်၏။
ဤတစ်ကြိမ်၌ သူတို့၏လက်ထပ်မှုကို ဝမ်ယင်ဖုန်းကြားဝင်နောက်ယှက်လို့မရတာ သေချာအောင်ပြုလုပ်ရမည်ဖြစ်၏။
ဝမ်ယင်ဖုန်း၏ မျက်လုံးတွေက ဒေါသတွေနှင့် ပြည့်နှက်သွားပြီး အော်ပြောလိုက်၏။
“ကောင်းပြီလေ, နင်ကသတ္တိရှိသားပဲ။”
“နင်သာ ငါကျေနပ်လောက်မယ့် ခန်းဝင်ပစ္စည်းပေးနိုင်ရင် နင်တို့ရဲ့ကိစ္စတွေထဲ နောက် ငါဘယ်တော့မှ ဝင်မပါတော့ဘူး။”
“ဒါပေမယ့် မှတ်ထားနော်, ငါ့ကို ကျေနပ်စေမယ့် ခန်းဝင်ပစ္စည်းနော်…. နားလည်လား...”
ဂျန်ဖန်းက အေးအေးဆေးဆေး စာတစ်ကြောင်းရေးလိုက်၏။
“ဒါဆိုလည်း မင်းပါစပ်ပိတ်ဖို့ စောင့်နေလိုက်…”
ဝမ်ယင်ဖုန်းက လက်သီးဆုပ်ကာ အံ့ကြိတ်လိုက်၏။
“ကောင်းပြီး, ငါစောင့်နေမယ်”
ထို့နောက် သူမက သုန်မှုန်နေသည့် အမူအရာနှင့် သူမအခန်းကို ပြန်သွားခဲ့သည်။
ရှုကျန်းယန်က အမြင်တစ်မျိုးနှင့် ဂျန်ဖန်းကို ကြည့်လိုက်၏။
“မင်းမှာကျောရိုးရှိသားပဲ, ကလေး”
သူ ရှုရို့ရန်ကို အစွမ်းကုန်ကာကွယ်ပေး တာကို မြင်သည့်အခါ အဖေတစ်ယောက် အနေဖြင့် သူက အနည်းငယ် စိတ်ချသွားခဲ့သည်။
သို့ပေမယ့် ဝမ်ယင်ဖုန်းကို ကျေနပ်စေမည့် ခန်းဝင်ပစ္စည်းကို သုံးရက်အတွင်း စုဆောင်းဖို့က ဂျန်ဖန်းအတွက် မဖြစ်နိုင်လုနီးပါးဖြစ်၏။
သူက ဂျန်ဖန်းနှင့် ရှုရို့ရန်ကို ကူညီသင့်လားဟု အနည်းငယ်တွေးလိုက် မိ၏။
လူအုပ်က တဖြည်းဖြည်းလူစုကွဲသွားခဲ့သည်။
ရှုရို့ရန်က ဂျန်ဖန်း၏အိမ်ကို စိုးရိမ်သည့်အမူအရာနှင့်ပြန်ရောက်လာခဲ့ပြီး သူမက အတော်လေး စိတ်ညစ်နေခဲ့သည်။
“ဖန်း, နင် အခုချက်ချင်း ကတိမပေးခဲ့သင့်ဘူး။”
“ဒေါလေးဝမ်က သူစိတ်ကျေနပ်မယ့် ခန်းဝင်ပစ္စည်းကို သုံးရက်အတွင်းဘာလို့ပေးခိုင်းတာလဲဆိုတာ နင်သိလား”
ဂျန်ဖန်းက ပြုံးလိုက်၏။
“မင်းတောင်သိတာ, ငါက ဘာလို့မသိရမှာလဲ”
“သူမက သူမအဖိုးတန်တူလေးရဲ့ ပြဿနာကိုဖြေရှင်းဖို့ ငွေလိုချင်နေတာပါ”
“ခန်းဝင်ပစ္စည်းက ငွေပြားသုံးသိန်းကျော်နေသ၍ သူလက်မခံချင်ရင်တောင် လုကျန်းအတွက် လက်ခံပေးမှာပါပဲ”
ရှုရို့ရန်က ဒေါသတကြီး ဂျန်ဖန်းရဲ့ရင်ဘတ်ကို ထုလိုက်၏။
“နင်သိတယ်လား… ဒါတောင် လက်ခံရဲသေးတယ်ပေါ့”
“ဒါက ငွေပြားသုံးသိန်းနော်… နင်က ဘယ်ကရမှာလဲ”
“ဘဏ်ကို ဓားပြတိုက်မလို့လား…”
ဂျန်ဖန်းက ပခုံးတွန့်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။
“ဘဏ်က ငါ့လောက်ချမ်းမှာတဲ့လား…”
သူက ရှုရို့ရန်ကို ကြီးကျယ်ခမ်းနားစွာ လက်ထပ်မယ်လို့ ကတိပေးထားခဲ့၏။
ထို့ကြောင့် ဝမ်ယင်ဖုန်းမတောင်းဆိုလျှင်တောင် ဂျန်ဖန်းက များပြားသည့်ခန်းဝင်ပစ္စည်းတွေကို စီစဥ်ထားပြီးပြီဖြစ်သည်။
ညအချိန်ကိုကျရောက်လာခဲ့သည်။
ရှုရို့ရန်ထွက်ခွာသွားပြီးနောက် ဂျန်ဖန်းက ချီကျင့်ကြံခြင်းအရည်ကို စတင်သန့်စင်လိုက်၏။
ယခင်နေတွေမှအတွေ့အကြုံတွေနှင့်အတူ သူက ထိုအရာကို ကျွမ်းကျင်စွာ ပြုလုပ်နိုင်ခဲ့သည်။
အာရုံတက်လာသည့်အခါ သူ့ရှေ့၌ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ပုလင်း ၄၀ နှင့် အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည် ပုလင်း ၂၀ ရှိနေခဲ့သည်။
“အထွတ်အထိပ်ချီကျင့်ကြံခြင်းအရည် အောင်မြင်မှုနှုန်းက မနေ့ကထက်စာရင် အနည်းငယ်တိုးတက်လာပြီ။”
“ဒီ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ပုလင်း ၄၀ကို ချန်မိသားစုဆီရောင်းရင် နောက်ထပ် ငွေပြား လေးသိန်းရမယ်။”
“အရင် ငါးသိန်းနဲ့ ထပ်ပေါင်းရင် ငွေ ကိုးသိန်းရပြီ။”
သူက ချန်မိသားစုဆီကို သွားဖို့ပြင်လိုက်၏။
သို့ပေမယ့် ရှုရို့ရန်က တောက်ပသည့် အပြုံးတစ်ခုနှင့် ရောက်လာခဲ့သည်။
“ဖန်း, ချန်းစီလင်က ငါ့ကို သူ့အိမ်တော်ဖိတ်လိုက်တယ်။ နင့်ကိုလည်း တစ်ပါတည်းခေါ်ခဲ့တဲ့…”
‘ဘယ်သူ…’
‘ချန်းစီလင်လား…’
‘ချန်မိသားစုက တစ်ယောက်လား…’
သူစိတ်ရှုပ်ထွေးနေတာကိုမြင်သည့်အခါ ရှုရို့ရန်က ရှင်းပြလိုက်သည်။
“သူမက ငါ့ရဲ့ အခင်ဆုံးသူငယ်ချင်းလေ။ ငါတို့တစ်ယောက်ကိုတစ်ယောက် သိလာတာ နှစ်အတော်ကြာပြီ။”
“ခန်းဝင်ပစ္စည်းအတွက် ငါသူမကို အကူအညီတောင်းကြည့်ချင်တယ်”
သူမ၏ လက်ထပ်ပွဲကြောင့်သာမဟုတ်ရင် သူမက အမှန်တကယ်အကူအညီ မတောင်းချင်ပေ။
ယခုအချိန်၌ သူမက ချန်းစီလင်ကို အကူအညီတောင်းရုံသာတတ်နိုင်တော့၏။
“ပြီးကျလို့ သူ့မနဲ့ တွေ့တဲ့အခါကျရင် နင်ကောင်းကောင်းနေရမယ်နော်… နားလည်လား…”
“သူမက ငါတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်နိုင်တယ်”
‘ကောင်းကောင်းပြုမူနေထိုင်ရမည်…’
‘ထိုအရာက ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ပိုပြီးသန့်စင်ပေးတာကို ဆိုလိုတာလား…’
ဂျန်ဖန်းက သူ့နှာခေါင်းကိုပွတ်လိုက်ပြီး အကူအညီမဲ့စွာနှင့် ရှုရို့ရန်နောက်ကနေ ချန်မိသားစုသို့ လိုက်လာခဲ့သည်။
သူ့အိတ်ထဲက ချီကျင့်ကြံခြင်းအရည် တွေ၏ အလေးချိန်ကို ခံစားမိသည့်အခါ ဂျန်ဖန်း အနည်းငယ် ဆွံ့အသွားခဲ့သည်။
သူက ထိုပုံစံအတိုင်း အလည်သွားသင့်လား…
ဒါမှမဟုတ် ချီကျင့်ကြံခြင်းအရည်ကို ချန်မိသားစုသို့ အရင်ရောင်းတာ ပိုကောင်းမလား…
ချန်မိသားစုဂိတ်တံခါးနားရောက်သည့်အခါ ဂျန်ဖန်းကပြောလိုက်သည်။
“ရို့ရန်, နင်ဒီနားမှာခဏစောင့်ပေးပါ့လား”
“ငါ မုန့်အချို့ သွားဝယ်လိုက်အုန်းမယ်”
ရှုရို့ရန် တစ်ခဏကြောင်အသွားခဲ့သည်။ ထို့နောက် ထိုအရာက ဂျန်ဖန်း၏ ချန်အိမ်တော်ကိုသွားသည့် ပထမဆုံးအကြိမ်ဆိုတာ နားလည်သွားခဲ့သည်။
သူက လက်ဆောင်အချို့ယူသွားသင့်၏။
“နင်က အတော်လေး စဥ်းစားတတ်တာပဲ။ ကောင်းပြီ, မြန်မြန်လေးသွား မြန်မြန်လေးပြန်လာခဲ့…. စီလင်က အရမ်းအလုပ်များတယ်။ ငါတို့နဲ့တွေ့ဖို့ သူမမှာ အချိန်အနည်းငယ်ပဲရတာ။ ငါတို့သူမအချိန်တွေကို အလကားဖြစ်စေလို့မရဘူး။”
ဂျန်ဖန်းက ခေါင်းညိတ်လိုက်ပြီး လူအုပ်ထဲကို ဝင်ရောက်သွားခဲ့သည်။
ရှုရို့ရန် သတိမမူမိတာကို အခွင့်ကောင်းယူပြီး သူက လမ်းကြားတစ်ခုသို့ဝင်ရောက်ကာ ဝတ်စုံလဲလိုက်၏။ ထို့နောက် ချန်မိသားစု ဂိတ်ရှေ့မှာ ပေါ်လာခဲ့သည်။
ရတနာအဆောက်အဦး ဆိုင်ရှင်က အစတုန်းက ရှုရို့ရန်ကို စောင့်နေခဲ့တာဖြစ်၏။
ဝိညာဥ်သခင်ကိုမြင်သည့်အခါ သူက အံ့သြဝမ်းသာသွားခဲ့သည်။
“စီနီယာ, မင်းဘာလို့ အစောကြီးလာတာလဲ”
မနေ့ညမှစ၍ ဒီနေ့အထိ မရေတွက်နိုင်သည့်လူတွေက ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ရောင်းဖို့ ချန်မိသားစုကို တိုက်တွန်းနေခဲ့ကြ၏။
များစွာသောလူတွေက ချီကျင့်ကြံခြင်း အရည် တစ်ပုလင်းရဖို့ ဈေးနှစ်ဆတောင် ပေးဝယ်ကြတာဖြစ်၏။
သို့ပေမယ့် ချန်းစီလင်က စီနီယာဝိညာဥ်သခင် ဒီနေ့အတွက် ချီကျင့်ကြံခြင်းအရည် အလုံအလောက် မထုတ်ပေးမှာကို စိုးရိမ်တာကြောင့် ထိုအရာကို လက်မခံရဲပေ။
မမျှော်လင့်စွာနှင့် ဤစီနီယာဝိညာဥ်သခင်က အတော်လေး ဝီရိယရှိလှ၏။
တစ်ညတည်းနှင့် သူက ကတိအတိုင်း ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်တွေကို လာပို့ခဲ့၏။
“ကျေးဇူးပြု၍ အထဲဝင်ခဲ့ပါ၊ ငါ စီနီယာကို သခင်မလေးဆီကို ခေါ်သွားပေးပါ့မယ်။”
ချန်မိသားစု အနောက်ဘက်ခြံဝန်း၌…
ချန်စီလင်းက ခြံဝန်းထဲ၌ ဓားသိုင်းလေ့ကျင့်နေခဲ့ပြီး သူမ၏ စိုးရိမ်နေသည့်စိတ်ကို တည်ငြိမ်အောင်ပြုလုပ်နေခဲ့သည်။
တစ်ညလုံးတွေးပြီးတာတောင် သူမကိုယ်သူမ ထိုစီနီယာဆီကို ပေးအပ်သင့်လားဆိုတာ မဆုံးဖြတ်ရသေးပေ။
ပထမအချက်က အသက်အရွယ်ဖြစ်ပြီး ဒုတိယအချက်က အခြားတစ်ဖက်က ဝိညာဥ်သခင်အလုပ်သင် ပြုစုပျိုးထောင်ပေးမည့်ကတိကို မတည်မှာပဲဖြစ်သည်။
“သခင်မလေး, စီနီယာက ချီကျင့်ကြံခြင်း အရည်လာပို့ပါပြီ”
ဆိုင်ရှင်၏အသံက သူမ၏ ဓားကျင့်ကြံရေးကို နှောက်ယှက်လိုက်၏။
ချန်းစီလင် ရုတ်တရက်တုန်လှုပ်သွားခဲ့သည်။ သူမက အဝတ်ပွပွကြီးဝတ်ဆင်ထားသည့် ဝိညာဥ်သခင်ကို လှည့်ကြည့်လိုက်ပြီး အနည်းငယ်ပျော်ရွင်သွားခဲ့သည်။
သူ့ကတိအတိုင်း ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်တွေ စောစီးစွာ လာပို့သည့်အတွက် သူမက သဘာဝအတိုင်း ကျေးဇူးတင်မိ၏။
သို့ပေမယ့် မကြာခင် ချန်းစီလင် နောက်တစ်ကြိမ် စိတ်ညစ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ သွယ်ဝိုက်တောင်းဆိုမှုကို လက်ခံရမလားဆိုတာ မဆုံးဖြတ်ရသေး၍ဖြစ်သည်။
စဥ်းစားနေစဥ်မှာပဲ အင်္ကျီလက်ထဲက ပုံရိပ်ယောင်ချိုးဖြတ်ခြင်း သလင်းကျောက်ကို မသိမသာဆုပ်ကိုင်လိုက်၏။
စိတ်ခံစားချက်ကို တည်ငြိမ်အောင်ပြုလုပ်ပြီး သူမဓားကို ချထားခဲ့ကာ အလျှင်အမြန်ထွက်ခွာသွားခဲ့သည်။
သူမမျက်နှာက နီရဲနေပြီး ချွေသံတရဲရဲဖြစ်နေကာ ချောမွေ့သည့်မေးစေ့လေးမှတစ်ဆင့် ရင်ဘတ်ကြားထဲသို့ စီးကျနေခဲ့သည်။
ချွေးစိုနေသည့်သိုင်းဝတ်စုံက သူမခန္ဓာကိုယ်၌ တင်းကြပ်စွာကပ်ရပ်နေခဲ့ပြီး စွဲမက်ဖွယ်ကောင်းသည့် ကောက်ကြောင်းအလှကို အထင်းသားပေါ်လွင်နေစေ၏။
သူ့အကြည့်ကိုမလွဲခင် ဂျန်ဖန်းမနေနိုင်ပဲ နောက်တစ်ကြိမ်ထပ်ကြည့်မိလိုက်သည်။ ထို့နောက် ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ပုလင်း ၄၀ ကို စားပွဲပေါ်ကိုတင်ထားလိုက်သည်။
“ဒီမှာ ပုလင်း ၄၀….”
ချန်းစီလင် စိတ်လှုပ်ရှားသွားခဲ့သည်။
သူမက စီနီယာဝိညာဥ်သခင်ကို အာရုံစိုက်နေတာကြောင့် သူ သူမကို တစ်ခဏတာလေးကြည့်လိုက်တာတောင်မှ သတိထားလိုက်မိတာပဲဖြစ်သည်။
ထိုအရာကြောင့် သူမစိတ်ထဲ၌ ပျာယာခတ်သွားခဲ့သည်။
သူမက ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်း အရည်တွေကို အလျှင်အမြန်စစ်ဆေးလိုက်ပြီး ဘာပြဿနာမှမရှိတာကို အတည်ပြုလိုက်၏။ ထို့နောက် ငွေမှတ်စုစာရွက်နှင့် ကုန်ကြမ်းပစ္စည်း အစုံ ငါးဆယ်ကို ကမ်းပေးလိုက်သည်။
“စီနီယာ, ကုန်ကြမ်းစ္စည်းနဲ့ ငွေမှတ်စုစာရွက်ပါ….”
သူမက နှုတ်ခမ်းအနည်းငယ်ကိုက်လိုက်ပြီး ဂျန်ဖန်းကို လက်ကမ်းပေးနေစဥ် တမင်တကာ အကွာအဝေးတစ်ခုခြားထားခဲ့၏။
ဂျန်ဖန်း ပဟေဠိဖြစ်သွားခဲ့သည်။
‘သူမနဲ့ ပတ်သက်ပြီး ဘာမှားနေတာလဲ…’
‘ငါက သူ့ကို ကိုက်စားမယ်လို့ထင်နေတာ လား….’
“ကောင်းပြီ, ငါမနက်ဖြန်မှပြန်လာခဲ့မယ်”
ဂျန်ဖန်းက ပစ္စည်းတွေကို သိမ်းလိုက်ကာ ထွက်ခွာဖို့တစ်ဖက်လှည့်လိုက်၏။
“ခဏနေပါအုန်း, စီနီယာ….”
ရုတ်တရက် ချန်းစီလင်က နောက်ကနေ ခေါ်လိုက်၏။
“စီနီယာ, နင်မပြန်ခင် လက်ဖက်ရည်လေး သုံးဆောင်သွားပါအုန်း။ ငါ နင့်အတွက် စိတ်ဝိညာဥ်လက်ဖက်ရည် အထူးပြင်ဆင်ပေးထားတယ်။”
သူမပြောပြီးသည်နှင့် အစေခံတစ်ယောက်ကကျောက်စိမ်းရောင် လက်ဖက်ရည်တစ်ခွက်ယူဆောင်လာခဲ့သည်။
လက်ဖက်ရည်က ရနံ့သင်ပျံလှပြီး ကျင့်ကြံရေးကိုတိုးမြှင့်ပေးနိုင်သည့် ထိပ်တန်းအဆင့် စိတ်ဝိညာဥ်လက်ဖက်ရည်ဆိုတာ သိသာလှ၏။
ထိုအရာက ဈေးကြီးလှပြီး သာမန်မိသားစုတွေရနိုင်သည့်အရာမျိုး မဟုတ်ပေ။
ဂျန်ဖန်းက လက်ဖက်ရည်ခွက်ကိုယူပြီး ခုံပေါ်ကိုထိုင်ကာ အနည်းငယ်သောက်လိုက်၏။
သူ့ခေါင်းအောက်ငုံ့နေစဥ် ချန်းစီလင်က တစ်ဖက်လှည့်ကာ သေးငယ်ကြည်လင်သည့် သလင်းကျောက်လေး နှစ်ခုကို သူမမျက်လုံးထဲသို့ မသိမသာ တပ်ဆင်လိုက်၏။
ထို့နောက် အသက်ပြင်းပြင်ရူကာ တစ်ဖက်ပြန်လှည့်လာပြီး စီနီယာကို စိတ်လှုပ်ရှားစွာနှင့် ကြည့်လိုက်သည်။
သူမက ထိုစီနီယာ အရမ်းကြီး အသက်မကြီးဖို့ စိတ်ထဲ၌ မျှော်လင့်နေမိ၏။
အနည်းဆုံးတော့ ထိုအရာက သူမကို စိတ်သက်သာရာရစေမည်ဖြစ်၏။
သူသာ သက်လတ်ပိုင်းအရွယ်ဖြစ်လျှင်တော့ အကောင်းဆုံးဖြစ်၏။
အသွင်အပြင်အတွက်တော့ သူမအများကြီး မမျှော်လင့်ထားပေ။ အရမ်းကြီးရုပ်မဆိုးရင်ရပြီဖြစ်၏။
သို့ပေမယ့်….
ပုံရိပ်ယောင်ချိုးဖြတ်ခြင်းသလင်းကျောက် အဝတ်ပွပွကြီးကိုထိုးဖောက်သွားပြီး အောက်မှာရှိသည့်ဂျန်ဖန်း၏ပုံရိပ် ထွက်ပေါ်လာသည့်အခါ…
ချန်းစီလင် ကြောင်အသွားခဲ့သည်။