သူကို ဏှာဘူးလို့ပြောဖို့နင့်ကို ခွင့်မပြုဘူး
Vol. 2 Ch. 20
ထူးခြားသည့် လူငယ်လေးတစ်ယောက်၏ အသွင်အပြင်က မြင်ကွင်းထဲကိုပေါ်လာခဲ့သည်။
အသက်အားဖြင့်တော့ သူမထက် မကြီးပေ။
ထို့ပြင် သူ့အသွင်အပြင်က နူးညံ့သိမ်မွေ့ပြီး ချောမောခန့်ငြားတာပဲဖြစ်သည်။ ကိုယ်နေဟန်ထားက ဖြောင့်မတ်လှပြီး တည်ငြိမ်သည့်အော်ရာတစ်ခုကို ထုတ်လွတ်နေခဲ့သည်။
ထိုအရာက အမှန်တကယ် စီနီယာဝိညာဥ် သခင်လား…
ဝိညာဥ်သခင်အားလုံးက နှစ်ပေါင်းများစွာကျင့်ကြံထားကြသည့် အသက်ကြီးကြီး အဘိုးကြီးတွေမဟုတ်ဘူးလား။
ချန်းစီလင် ထိုအရာကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
ထိုအရာက နှာဘူးအဘိုးကြီးမဟုတ်ပဲ ထူးခြားသည့်ပါရမီရှင်တစ်ယောက်ဆိုတာ သိသာလှ၏။
အင်မတန်အဆင့်အတန်းမြှင့်သည့် တိမ်စိမ်းဂိုဏ်းက ဝိညာဥ်သခင်တောင်မှ အဆင့် ၂ သာဖြစ်၏။ ထိုသူကို တိမ်စိမ်းဂိုဏ်း ဂိုဏ်းခေါင်းဆောင်တောင် မျက်နှာသာအချို့ပေးရမည်ဖြစ်၏။
ဤသို့ဆိုလျှင် သူမရှေ့မှ ထိုလူငယ်လေးက ခြေတစ်လှမ်းလှမ်းရုံနှင့် တိမ်စိမ်းဂိုဏ်းနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေမည်ဟု မဆိုလိုနေဘူးလား။
“ဘာမှားနေလို့လဲ…”
ဂျန်ဖန်းက ချန်းစီလင်၏ ထူးဆန်းသည့် အကြည့်ကို သတိထားမိပြီး မနေနိုင်ပဲ မေးလိုက်သည်။
ချန်းစီလင် ပျာယာခတ်သွားပြီး အလျှင်အမြန်ပြန်ဖြေလိုက်သည်။
“ဘာ…ဘာမှမဟုတ်ပါဘူး”
ဂျန်ဖန်းက တစ်ခုခုမှာယွင်းနေသည်ကို ဝိုးတဝါးခံစားမိပြီး လက်ဖက်ရည်ခွက်ကို ချကာ ပြောလိုက်သည်။
“ငါ သွားစရာရှိသေးတယ်၊ ပြန်လိုက်ပါအုန်းမယ်…”
သူ၏ ထွက်ခွာသွားသည့်ပုံရိပ်ကိုကြည့်ပြီး ချန်စီလင် သူမမျက်လုံးတွေကို သူဆီကို အချိန်အတော်ကြာမခွာနိုင်ဖြစ်နေခဲ့သည်။
ဆိုင်ရှင်တီးတိုးပြောလိုက်သည်။
“သခင်မလေး, မင်းသေချာမြင်လိုက်ရဲ့လား”
ချန်းစီလင်က စိတ်ရှုပ်ထွေးသည့်အမူအရာ နှင့် ခေါင်းညိတ်လိုက်၏။
ဆိုင်ပိုင်ရှင်၏အသံက ပိုတိုးသွားခဲ့သည်။
“အဲ့ဒါဆို မင်း….”
ချန်းစီလင် သူမ၏ နှင်းဆီးရောင်နှုတ်ခမ်း လေးကို ကိုက်လိုက်ပြီး မျက်နှာက တဖြည်းဖြည်းနှင့် နီရဲလာခဲ့သည်။
“မိသားစုအတွက်လိုအပ်ရင်, ငါ… ငါ စဥ်စားပေးနိုင်ပါတယ်”
ဆိုင်ရှင်က စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး စိတ်ပျက်သွားခဲ့သည်။
ကြည့်ရတာတော့ ချန်းစီလင်က သူမကိုယ်သူမ စတေးခံဖို့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးပြီး ဖြစ်နိုင်၏။
အာ....
ထိုအခိုက်အတန့်၌
အစေခံတစ်ယောက်က သတင်းလာပို့ခဲ့သည်။
“မမလေး, သခင်မလေးရို့ရန်ရောက်ပါပြီ”
ချန်းစီလင် အသိပြန်ဝင်လာပြီး သိုင်းဝတ်စုံကိုဝတ်ဆင်ထားလျက်နှင့်ပဲ သူမကို ကြိုဆိုဖို့ ထွက်လာလိုက်သည်။
မကြာမီ ရှုရို့ရန်ကို မြင်သည့်အခါ သူမမျက်လုံးတွေကတောက်ပလာခဲ့သည်။ ရှုရို့ရန်က အစိမ်းရောင်တောက်တောက် ဝတ်စုံကို ဝတ်ဆင်ထားပြီး နွေဦးပိုင်း ကြာရွက်တစ်ရွက်ကဲ့သို့ ကျက်သရေရှိလှ၏။
“ကောင်းမလေး, နင်က ပိုပိုလှလာပြီပဲ”
သူမကရှေ့ကိုတက်ကာ ရှုရို့ရန်၏ခါးကို ပွေ့ဖက်လိုက်ပြီး မေးစေ့ကိုကိုင်ကာ ကျီစယ်ပြီးပြောလိုက်သည်။
“ကောင်မလေး, ငါတို့မတွေ့တာ့တဲ့နောက် ပိုင်း နင်က ပိုပိုပြီးဆွဲဆောင်မှုရှိလာတာပဲ။ ငါကောင်းကောင်းကြည့်ပါရစေ။”
လူရှေ့၌ ထိုကဲ့သို့အစနှောက်ခံရသည့်အခါ ရှုရို့ရန်၏မျက်နှာက နီရဲလာပြီး ပြောလိုက်သည်။
“နင်မရှက်ဘူးလား…”
ချန်းစီလင်က သူမကိုလွတ်ပေးလိုက်ပြီး သူမပါးစပ်ကိုကာကာ အဆက်မပြတ်ရယ်နေခဲ့သည်။
သူမနှင့်အချိန်အတော်ကြာခင်မင်လာခဲ့သည့်အတွက် ရှုရို့ရန်က သူမအကြောင်းကို ကောင်းကောင်းသိ၏။ သူမအရမ်းပျော်ရွင်နေတာကို မြင်သည့်အခါ မေးလိုက်သည်။
“နင်က အတော်လေး စိတ်အခြေအနေ ကောင်းနေတယ်ပေါ့”
“နင် ကောင်းတာတစ်ခုခုတွေ့ထားတယ် မလား။ ငါ့ကိုပြောပြစမ်းပါ။”
ချန်းစီလင်က ပြောပြဖို့အရမ်းစိတ်အားထက်သန်နေပြီး သူမကို အနောက်ဘက်ခြံဝန်းသို့ ဆွဲခေါ်သွားကာ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က အကြောင်းတွေကို ပြန်ပြောပြလိုက်သည်။
နားထောင်ပြီးသည့်နောက်၌ ရှုရို့ရန်၏မျက်နှာက ရှုပ်ထွေးသွားပြီး မေးလိုက်သည်။
“စီလင်, နင်တကယ်ဆုံးဖြတ်ပြီးပြီလား”
“သူက အရမ်းငယ်တယ်ဆိုရင်တောင် သူ့အပြုအမူအရ စာရိတ္တပျက်ပြားနေတဲ့ တဏှာရူးတစ်ယောက်ပဲနေမှာ။ နင့်ခန္ဓာကိုယ်ကိုရပြီးရင် သူနင့်ကို တာဝန်ယူမှာ မဟုတ်လောက်ဘူး။”
ချန်းစီလင်ကတော့ ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာနှင့်ပတ်သက်ပြီး စိတ်ထဲသိပ်မထားပဲပြောလိုက်သည်။
“မိသားစုကြီးတစ်ခုက ကလေးတစ်ယောက်အနေနှင့် ဘယ်လိုလုပ်လွတ်လပ်ခွင့်ရှိမှာလဲ”
“ငါ့ကိုယ်ငါ ဆန္ဒအလျှောက်မစတေးဘူးဆိုရင်တောင် အချိန်ကြာတာနဲ့ နှေးတာပဲကွာတာပါ။ မိသားစုက မဟာမိတ်ပစ္စည်းတစ်ခုအဖြစ် ငါ့မကြိုက်တဲ့တစ်စုံတစ်ယောက်နဲ့ လက်ထပ်ပေးမှာပါပဲ။”
“အခု, ငါ့ကိုယ်ငါ အဆင့် ၂ ဝိညာဥ်သခင်ဆီ ပေးလိုက်တာ တကယ် မဆိုးပါဘူး။”
ဒါက….
ရှုရို့ရန် သူမဘာသာသူမ တွေးလိုက်၏။ သူမလည်း အစားထိုးတစ်ယောက် အနေဖြင့် အတင်းဖိအားပေး လက်ထပ်ပေးခံရတာတာဖြစ်၏။
မတူညီသည့်အချက်က သူမလက်ထပ်ကတာက ဂျန်ဖန်းဖြစ်၏။ အလွန်အားထားရသူဖြစ်ပြီး ထိုတဏှာရူး ဝိညာဥ်သခင်ထက် အများကြီးပိုသာ၏။
သူမက စာနာစွာနှင့် ချန်းစီလင်၏ လက်ကိုကိုင်လိုက်၏။
“ဒါဆိုအနာဂတ်မှာ နင်လက်ထပ်ဖို့ ခက်ခဲသွားမှာနော်”
ချန်းစီလင်သက်ပြင်းချလိုက်သည်။
“ငါ့ခန္ဓာကိုယ်ကိုရပြီးလို့ အဲ့ဒီဝိညာဥ်သခင်က တာဝန်ယူမယ်ဆိုရင် ငါ နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး ပုံအပ်မှာပါ။ သူ့ကို ငါ့ယောက်ျားအဖြစ် အသိအမှတ်ပြုပြီး သစ္စာရှိရှိနဲ့ ချစ်သွားမယ်။”
“သူက ငါ့ကိုစွန့်ပစ်သွားမယ်ဆိုရင်တော့… ဒါလည်းအဆင်ပြေပါတယ်။ ငါဘဝကို တစ်ယောက်တည်း ဖြတ်သန်းရုံပေါ့။”
“ချန်းမိသားစုအတွက် စဦးဝိညာဥ်သခင် လေ့ကျင့်ပေးမယ်ဆိုတဲ့ သူ့ကတိကို တည်နေသ၍ လုံလောက်ပါတယ်။”
ရှုရို့ရန် နာကျင်သွားခဲ့သည်။
သူမနှင့်ယှဥ်လျှင် ချန်စီလင်၏ အနာဂတ်က အများကြီးဝမ်းနည်းစရာ ကောင်း၏။ သူမက ညင်သာစွာပြောလိုက်သည်။
“စီလင်, ငါတောင်းပန်ပါတယ်, ငါနင့်ကို ဘာအကူအညီမှမပေးနိုင်ဘူး…”
ချန်းစီလင်ပြုံးလိုက်သည်။ သူမက ထိုအကြောင်းအရာကို ဆက်မပြောချင်တော့ပေ။
“ဒါနဲ့ နင့်သတို့သားလောင်းကော ဘယ်မှာလဲ”
“သူ့ကိုပါခေါ်လာခဲ့ဖို့ ငါပြောတယ်လေ”
ထိုအကြောင်းကြားသည့်အခါ ရှုရို့ရန် ဒေါသထွက်သွားခဲ့သည်။
“သူ့အကြောင်းမပြောစမ်းပါနဲ့…”
“ဒီကိုလာတဲ့လမ်းမှာ ဒါက သူအလည်လာ တာပထမဆုံးအကြိမ်မိုလို့ လက်ဆောင်ပစ္စည်းယူလာချင်တယ်တဲ့။ ပြီးတော့ တစ်ခုခုသွားဝယ်ကြီတာပဲ။”
“ဒါပေမယ့် သူက အချိန်အတော်ကြာတာ တောင် ပြန်မလာဘူးလေ။ ငါတို့တွေ့ရမယ့် အချိန်ကလည်း နီးလာတာနဲ့ ငါတစ်ယောက်တည်း အရင်လာနှင့်လိုက်တာ။”
အစကတည်းက ဂျန်ဖန်းနှင့်ပတ်သက်ပြီး အမြင်မကြည်သည့် ချန်စီလင်က ဝေဖန်ပြစ်တင်လိုက်၏။
“သူက အချိန်ကိုတောင် မလေးစားဘူး ဆိုတော့ ဘယ်လိုကောင်မျိုးလဲဟ….”
ရှုရို့ရန် အကူအညီမဲ့ ဖြစ်သွားခဲ့သည်။
ဤအရာက သူ၏ ပထမဆုံးအကြိမ် အလည်လာခြင်းဖြစ်တာတောင် ဂျန်ဖန်းက နောက်ကျနေပြီး တစ်ဖက်လူကို ဆိုးရွားသည့်ထင်မြင်ချက် ရသွားစေ၏။
နောက်ပိုင်း သူမကို အကူအညီတောင်းသည့်အခါ ခက်ခဲတော့မည်ပဲဖြစ်သည်။
ထိုအချိန်၌ အစေခံတစ်ယောက် ရောက်လာပြီး သတင်ပို့လိုက်၏။
“သခင်မလေး, ဂျန်ဖန်းလို့ခေါ်တဲ့လူတစ်ယောက်က မမလေးရှုရဲ့သတို့သားလောင်းလို့ ပြောနေပါတယ်။”
ချန်းစီလင်က စိတ်ဆိုးစွာနှင့်ပြောလိုက်သည်။
“သူ့ကို အပြင်မှာစောင့်ခိုင်းလိုက်”
ရှုရို့ရန်ဒေါသထွက်နေသော်လည်း ဂျန်ဖန်းကို ထိုကဲ့သို့ လျစ်လျူရှုမထားနိုင်ပေ။ ထို့ကြောင့် သူမက ညင်သာစွာပြောလိုက်သည်။
“စီလင်, သူက လက်ဆောင်ပစ္စည်းပြင်ဆင် နေလို့ နောက်ကျသွားတာပါ။”
“သူ့ကို အပြစ်မတင်ပါနဲ့…”
ရှုရို့ရန်က ဂျန်ဖန်းအား အရမ်းကာကွယ်ပေးနေသည်ကို မြင်သည့်အခါ ချန်းစီလင် ပိုလို့တောင် ဒေါသထွက်သွားပြီး ပြောလိုက်သည်။
“ကောင်းပြီလေ, သူ့ကိုဝင်လာခိုင်းလိုက်”
“ငါမှာ သူ့ကို ပြောစရာအချို့ရှိတယ်”
ရှုရို့ရန်က ဂျန်ဖန်းကို ဖိအားပေးလက်ထပ် ရတာဟု သူမအမြဲတွေးထားခဲ့၏။
ယခုကြည့်ရတာတော့ ရှုရို့ရန်က ထိုအရာကို ဆန္ဒအလျောက်ပြုလုပ်ခဲ့တာ ဖြစ်၏။
ထိုအရာက သူမကို စိုးရိမ်သွားစေပြီး ရှုရို့ရန်ကို လေးလေးနက်နက် အကြံပေးလိုက်၏။
“ရို့ရန်, ငါနင့်ကို ပြောမထားဘူးလား။”
“လက်ထပ်တယ်ဆိုတာ အရးကြီးတဲ့ ကိစ္စတစ်ခုပဲ၊ ဒါကို နင်ကဘယ်လိုတောင် ပေါ့ပေါ့တန်တန်လုပ်နိုင်ရတာလဲ။”
“နင့်မိထွေးက နင့်ကို မျက်စိဆံပင်မွေးစူးစရာလို့ပဲ မြင်တာ။ နင့်ကို ဘယ်တုန်းက ကောင်းကောင်းဆက်ဆံလို့တုန်း။ နင် ချမ်းသာတဲ့သခင်လေးတစ်ယောက်ကို ရှာပြီးလက်ထပ်သင့်တယ်။ ဒါမှ နင့်တစ်ဘဝလုံး ပျော်ရွင်ရမှာ။”
“နင်ဘာလို့ ဒီလောက်တောင် မိုက်မဲပြီး အအတစ်ယောက်ကို လက်ထပ်ရတာလဲ”
ထိုကဲ့သို့ ဆူပူကြိမ်းမောင်းခံရသည့်အခါ ရှုရို့ရန်က ညင်သာစွာသက်ပြင်းချလိုက်သည်။
“ဒါက အတော်လေး ရှုပ်ထွေးတယ်။”
သူမက သူမညီမကိုယ်စား လက်ထပ်လိုက်ရသည့်အခြေအနေအား ရှင်းပြလိုက်သည်။
ချန်းစီလင်က လောကကြီးအကြောင်း နောကျေနေသူဖြစ်၏။ သူမက ချက်ချင်းပဲ နားလည်သွားပြီး စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်သည်။
“နင်က အရူးပဲ…”
“နင့်အဖေ, နင့်မိထွေးနဲ့ နင့်ညီမတို့က အတူတူပေါင်းပြီး နှစ်ပါးသွားကနေတာလေ”
“နင့်အဖေနဲ့ နင့်ညီမကတော့ အခြားအတွေးရှိမှာမဟုတ်ဘူး။ သူတို့က သူတို့ကိုယ်သူတို့နှင့် မိသားစုအတွက်ပဲ စဥ်းစားတာ။”
“ဒါပေမယ့် နင့်မိထွေးက နင့်တစ်ဘဝလုံး ဒုက္ခရောက်နေအောင် အအတစ်ယောက်နှင့်အတူ ဆွဲချချင်နေတာ သေချာတယ်။ တော်တော် ကောက်ကျစ်တဲ့ မိန်းမကြီး…”
အကြောင်းအရာတွေကိုသိသွားသည့်အခါ, သူတို့နှစ်ယောက်ကို လက်မထပ်ခိုင်းမည့် ချန်းစီလင်၏ ဆုံးဖြတ်ချက်က ပိုလို့တောင် ခိုင်မာသွားခဲ့သည်။
ရှုရို့ရန်က အတော်လေးခေါင်းကိုက်သွား ခဲ့သည်။ အမှန်တရားကို ပြောလိုက်လျှင် ဤကဲ့သို့ဖြစ်လာမည်ကို သူမသိ၏။
“စီလင်, ဖန်းနဲ့ ငါ့ရဲ့ လက်ထပ်ပွဲက မတော်တဆမှုဆိုပေမယ့် ငါတို့ အဆင်ပြေပါတယ်။ ငါသူ့ရဲ့ရိုးသားမှုကို ခံစားလို့ရတယ်။ အနာဂတ်မှာ သူ ငါ့ကို ကြင်ကြင်နာနာဆက်ဆံမယ်လို့ ငါယုံကြည်တယ်။”
ချန်းစီလင်က သူမနဖူးကိုပုတ်လိုက်ပြီး စိတ်ဆိုးစွာပြောလိုက်သည်။
“ဘာကိုရိုးသားတာတုန်း…”
“ငါမေးပါအုန်းမယ်, သူ့ရဲ့ ရိုးသားမှုက ခန်းဝင်ပစ္စည်းဝယ်လို့ရလား…”
ဒါက….
ရှုရို့ရန် ဆွံ့အသွားခဲ့သည်။
ဂျန်ဖန်းသာ ခန်းဝင်ပစ္စည်းထုတ်ပေးနိုင်လျှင် သူမက ချန်းစီလင်ကို အကူအညီတောင်းနေမည် မဟုတ်ပေ။
“ခန်းဝင်ပစ္စည်းတောင် မပေးနိုင်တောင် သူက ဘယ်လိုလုပ်နင့်ကို ပျော်ရွင်အောင်လုပ်ပေးနိုင်မှာလဲ။”
ချန်းစီလင်က ရှုရို့ရန်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားကာ မျက်ရည်အဝိုင်းသားနှင့် ပြောလိုက်သည်။
“ရို့ရန်လေး, နင်က သနားစရာအကောင်း ဆုံးပဲ”
“နင့်ရဲ့အလှအပနဲ့ အသွင်အပြင်က ပြိုင်ဘက်ကင်းပဲ။ နင်က ဘဝကို အေးချမ်းပျော်ရွင်စွာ ဖြတ်သန်းရသင့်တာ။ ဒါပေမယ့် နင့်ညီမအစား အအကောင်နဲ့ ဖိအားပေးလက်ထပ်ခိုင်းခံရတယ်။”
သူမက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး အံ့ကြိတ်ကာ ပြောလိုက်သည်။
“မီးတွင်းထဲ နင်ခုန်ချမှာကို ငါကြည့်မနေနိုင်ဘူး”
“ခန်းဝင်ပစ္စည်း ငွေးပြားသုံးသိန်း… ဘာအကြောင်းကြောင်းနဲ့မှ ငါသူ့ကိုကူညီမှာ မဟုတ်ဘူး။”
“သူ နင့်ဘဝကို ဖျက်ဆီးမှာကို ငါခွင့်ပြုမှာ မဟုတ်ဘူး။”
သူမက လူဆိုးတစ်ယောက်လုပ်ဖို့ ဆုံးဖြတ်လိုက်၏။
ထိုအခိုက်အတန့်၌….
မိသားစုအစေခံတစ်ယောက်ရောက်လာပြီး သတင်းပို့လိုက်၏။
“သခင်မလေး, သခင်လေးဂျန် ရောက်ပါပြီ”
ချန်းစီလင်၏မျက်လုံးတွေ စူးရှသွား၏။
“အချိန်ကိုက်ပါ့လား…”
“ငါ့သူ့ကို ခက်ခဲအောင်လုပ်ပြီး နောက်ဆုတ်သွားအောင်လုပ်ရမယ်”