← Chapters

နင်က မကောင်းတဲ့သူပဲ

Vol. 2 Ch. 21

နင်က မကောင်းတဲ့သူပဲ

Vol. 2 Ch. 21

ရှုရို့ရန် ထိပ်ထိပ်ပျာပျာ ဖြစ်သွားပြီး တောင်းပန်လိုက်၏။

“စီလင်, ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့”

“ဖန်းက အရမ်းအလုပ်ကြိုးစားပါတယ်။ နောက်ဆုံးမှာမှ သူက သိုင်းပညာလမ်းကြောင်းမှာ အောင်မြင်မှုအချို့ရလာတာ။ ကျေးဇူးပြုပြီး သူကို ကိုယ့်ကိုယ်ကို အပြစ်ရှိစိတ်နဲ့ နာကျင်အောင်မလုပ်ပါနဲ့။”

ရှုရို့ရန် ဂျန်ဖန်းကို အပြင်းအထန် ကာကွယ်နေသည်အား မြင်သည့်အခါ သူမသာ သူတို့ကို အလျှင်အမြန်မခွဲဘူးဆိုလျှင် နောက်ထပ်အခွင့်အရေးမရှိတော့ဘူးဟု ချန်းစီလင်ခံစားလိုက်ရ၏။

သူမက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့၊ ငါ သူ့ကို မစော်ကားပါဘူး။”

“နင့်ရဲ့အနာဂတ်အကြောင်းကို လေးလေးနက်နက် ဆွေးနွေးရုံလောက်ပါပဲ”

“သူသာ တာဝန်ယူမှုရှိတဲ့ ယောက်ျားတစ်ယောက်ဆိုရင် သူဘယ်လိုရွေးချယ်ရမလဲဆိုတာ သိမှာပါ။”

တပ်! တပ်! တပ်!

ပုံမှန်အတိုင်း လျှောက်လှမ်းလာသည့် ခြေလှမ်းသံတွေ ထွက်ပေါ်လာခဲ့သည်။

အစေခံ၏ဦးဆောင်မှုနှင့်အတူ သူခုဏလေးတင်ရောက်ရှိခဲ့သည့် ခြံဝန်းထဲသို့ ဂျန်ဖန်းရောက်လာခဲ့သည်။

သို့ပေမယ့် ဤတစ်ချိန်၌ အစေခံက အထဲမဝင်ဖို့ တားမြစ်လိုက်၏။

“အနောက်ဘက်ခြံဝန်းက အမျိုးသမီးတွေ အတွက်သီးသန့်ပါ။ ကျေးဇူးပြုပြီး ဒီနေရာမှာကနေ သခင်မလေးရဲ့ အမိန့်ကို စောင့်နေပေးပါ။”

ဂျန်ဖန်း တစ်ခဏ ကြောင်အသွားခဲ့သည်။

ခုလေးမှ သူအထဲကို ဝင်ခဲ့တာ မဟုတ်ဘူးလား?

“နင်က ရို့ရန်ရဲ့ သတို့သားလောင်း ဂျန်ဖန်း လား…”

နံရံကိုဖြတ်လာသည့် ရင်းနှီးသည့်အသံကို သူကြားလိုက်၏။ ထိုအရာက ချန်းစီလင်၏အသံ အတိအကျပဲဖြစ်သည်။

ရန်မူသည့်အသံကြောင့် ဂျန်ဖန်းက သူ့နှာခေါင်းကိုထိလိုက်သည်။

‘ဒီမိန်းခလေးက ဘယ်လိုတောင် မျက်နှာနှစ်ဖက်ရှိနိုင်ရတာလဲ?’

သူ့ကို ဝိညာဥ်သခင်အဖြစ် မျက်နှာချင်းဆိုင်တုန်းက သူမက အလွန်ရိုသေကျိုးနွံ့ခဲ့၏။

အခြားအထောက်အထားနှင့်ဖြစ်သွားသည့် အခါ သူမက ကြမ်းတမ်းလာခဲ့သည်။

“ဟုတ်တယ်, ငါပဲ….”

ဂျန်ဖန်းက စာတစ်ကြောင်းရေးလိုက်ပြီး နံရံပေါ်ကနေပစ်ပေးလိုက်သည်။

ချန်းစီလင်က အစေခံကောက်ပေးသည့် စာရွက်ကို ဖတ်လိုက်ပြီး ပြောလိုက်သည်။

“ငါက ရို့ရန်ရဲ့ အကောင်းဆုံးသူငယ်ချင်းပါ။ အခု ငါ နင့်ကို မေးခွန်းအနည်းငယ်မေးချင်တယ်။ နင်ရိုးရိုးသားသားဖြေပေးပါ။”

“ပထမဦးဆုံး, နင် ရို့ရန်ကို လက်ထပ်တာက နင် သူမကို တကယ်ချစ်လို့လား။ ဒါမှမဟုတ် ရှုမိသားစုကို မျက်နှာလိုမျက်နှာရလုပ်ပြီး သူမကို မှီခိုနေထိုင်မလို့လား။”

အာ…

သူမကို မှီခို နေထိုင်ဖို့လား…

ရှုရို့ရန် တောင်းပန်သည့်အမူအရာနှင့် ဂျန်ဖန်းကို ထိုကဲ့သို့ အရှက်မခွဲဖို့ ချန်းစီလင်ကို ပြောလိုက်သည်။

လက်ရှိ၌ ဂျန်ဖန်းက အိမ်ခြေယာမဲ့ တစ်ယောက်ဖြစ်ပြီး ရှုမိသားစုအပေါ်၌သာ အလုံးစုံမှီခိုနေရ၏။

အခြားတစ်ယောက်ကသာ သူ့ကိုမှီခိုပြီးနေသည်ဟု ပြောလာလျှင် သူ့မှာ ပြန်လည်ချေပဖို့ နည်းလမ်းရှိမည် မဟုတ်ပေ။

ချန်းစီလင်၏ ပထမဆုံးမေးခွန်းကတောင် ဂျန်ဖန်းအား ဘာမှမပြောနိုင်အောင်ဖြစ်သွားစေတယ်လို့ ရှုရို့ရန် ခံစားလိုက်ရ၏။

မမျှော်လင့်စွာနှင့်ပဲ အသစ်စက်စက် ငွေမှတ်စုစာရွက်အနည်းငယ်က ခြံစည်းရိုးနံရံပေါ်ကနေ ပျံသန်းကျလာခဲ့သည်။

ချန်းစီလင် ကြောင်အသွားပြီး အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

ငွေမှတ်စုငါးရွက်, တစ်ခုချင်းစီက ငွေပြား တစ်သိန်းတန်ဖို့ရှိပြီး အားလုံးပေါင်း ငွေပြား ငါးသိန်းဖြစ်၏။

ထိုအရာတွေက သူမ ဝိညာဥ်သခင်ကို ပေးလိုက်သည့် ငွေမှတ်စုတွေနှင့်တောင် ဘဏ်အတူတူပဲဖြစ်သည်။

ရှုရို့ရန်လည်း အံ့သြသွားခဲ့သည်။

“ဖန်း, နင် ဒီလောက်ငွေအများကြီး ဘယ်ကရတာလဲ။”

ငွေပြားငါးသိန်းတန် ငွေမှတ်စု, ထိုအရာက ဂျန်ဖန်းပိုင်ဆိုင်နိုင်သည့် အရာတွေမဟုတ်ပေ။

ဂျန်ဖန်းက ရိုစင်းစွာပြုံးလိုက်ပြီး နောက်ထပ်စာရွက်တစ်ခုကို ပစ်ပေးလိုက်သည်။

“သခင်မလေး, မင်း ဒုတိယမေးခွန်း မေးနိုင်ပြီ။”

ငွေးပြားငါးသိန်းနှင့်ဆိုလျှင် သူတို့နှစ်ယောက်ချမ်းချမ်းသာသာ နေထိုင်ဖို့က လုံလောက်ပြီဖြစ်၏။

တစ်စုံတစ်ယောက်ကို မှီခိုပြီးနေထိုင်သည် ဟုပြောတာကို ဖြေရှင်းပြီးပြီပဲဖြစ်သည်။

ချန်းစီလင် အနည်းငယ် ကြောင်အနေခဲ့သည်။ အခြားသူ၏ အရိပ်အောက်၌ ၁၀ နှစ်ကြာ နေထိုင်ခဲ့သည့် လူတစ်ယောက်က ဒီလောက်ငွေအများကြီး ဘယ်နေရာက ရလာသည်လဲဆိုတာ သူမက စဥ်စားနေခဲ့သည်။

မူလတုန်းက ဂျန်ဖန်းကို စိတ်ပျက်အားငယ်သွားစေဖို့ ရည်ရွယ်တာကနေ မမျှော်လင့်စွာနှင့် သူက သူမကို တစ်ကွက်ပြန်ပြသွားခဲ့သည်။

စိတ်ပျက်စွာနှင့် သက်ပြင်းချလိုက်ပြီး သူမက နောက်တစ်ကြိမ်မေးလိုက်သည်။

“ငွေအချို့စုထားတယ်ဆိုရင်တောင်, နင်က ရို့ရန်ကို ကာကွယ်နိုင်လို့လား…”

“ငါတို့ရဲ့ အထီးကျန်လှေမြို့က ငြိမ်းညမ်းတယ်လို့ ယူဆလို့ရတယ်။ အပြင်ဘက်ကမ္ဘာက စည်းမဲ့ကမ်းမဲ့နဲ့ အရိုင်းအစိုင်းတွေချည်းပဲ။ နင်သူမကို ကာကွယ်နိုင်တာ သေချာလို့လား…”

ရှုရို့ရန်လို လှပသည့်လူတစ်ယောက်ကို သူမသွားသည့်နေရာတိုင်းက ငမ်းငမ်းတက်လိုချင်ကြမည်ပဲဖြစ်သည်။

ခွန်အားမရှိဘဲနှင့် သူမကို မကာကွယ်နိုင်ပေ။

ဂျန်ဖန်းကဲ့သို့ ကျင့်ကြံခြင်းမရှိသည့် လူတစ်ယောက်က ရှုရို့ရန်ကို မကာကွယ်နိုင်ဘူးဟု ချန်းစီလင်တွေးလိုက်သည်။

ဆန့်ကျင်ဘက်အနေဖြင့်, သူက သူမကိုတောင် ဆွဲချသွားအုန်းမည်ဖြစ်၏။

အခြားတစ်ဖက်က တုန့်ပြန်သံမကြားသည့် အခါ ချန်းစီလင်က သူမ ဂျန်ဖန်း၏ ချက်ကောင်းကိုထိသွားပြီဟုတွေးကာ ဂုဏ်ယူစွာနှင့်ဆက်ပြောလိုက်သည်။

“နင် ရှုရို့ရန်ကို တကယ်ချစ်ရင် လက်လွတ်လိုက်ပါ။ နင်သူမကို မကာ….”

သူမပြောလို့မပြီးသေးခင်မှာပဲ သူတို့ကြားက နံရံက ရုတ်တရက် အက်ကွဲသွားခဲ့သည်။ ထို့နောက် ကြီးမားသည့်အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဂျန်ဖန်း၏ အောက်ပိုင်းခန္ဓာကိုယ်တစ်ဝက် ပေါ်လာခဲ့သည်။

ချန်းစီလင်က ဂျန်ဖန်း၏ နယ်ပယ်ကို ချက်ချင်းခန့်မှန်းမိလိုက်ပြီး အံ့အားသင့်သွားခဲ့သည်။

“ချီကျင့်ကြံခြင်း အဆင့် ၇?...”

ဤအသက်အရွယ်နှင့် ထိုကဲ့သို့နယ်ပယ်မျိုးက အထီးကျန်လှေမြို့မှာ ထိပ်တန်းပါရမီရှင်ဟု ယူဆနိုင်တာပဲ ဖြစ်သည်။

သူမက မယုံနိုင်စွာနှင့် မျက်တောင်တစ် ဖျတ်ဖျတ်ခတ်လိုက်ပြီး ရှုရို့ရန်ဆီမှ အတည်ပြုချက်ကို တောင်းခံလိုက်၏။

“သူမှာ စိတ်ဝိညာဥ်အမြစ်မရှိဘူးဆို…”

ရှုရို့ရန်က ခါးသီးစွာပြုံးလိုက်၏။

“သူက ဒီတစ်လျှောက်လုံး တိတ်တိတ်လေး လေ့ကျင့်ထားတယ်နဲ့ တူတယ်။ ငါတို့လည်း ဒါကို မသိဘူး။”

ချန်းစီလင် အတော်လေး အံ့အားသင့်သွားခဲ့သည်။

သူမကို တော်သထွက်သွားစေသည့်အရာက နောက်ထပ်ရောက်လာသည့် ဂျန်ဖန်း၏ ရန်စသည့် စာရွက်ပဲဖြစ်သည်။

“နောက်ထပ် မေးခွန်းရှိသေးလား…”

ချန်းစီလင်း အနည်းငယ် အံ့ကြိတ်လိုက်၏။

“ဒီကောင်တော့… သူက ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေတာပဲ”

“နင်ကျင့်ကြံနိုင်တော့ကော ဘာဖြစ်လဲ။ နင် ရို့ရန်ကို ဘာပေးနိုင်လို့လဲ….”

“သူမသာ ချမ်းသာတဲ့ မိသားစုကို လက်ထပ်လိုက်ရင် အဆုံးအဆမရှိတဲ့ အရင်းအမြစ်တွေကို ရနိုင်တယ်။ ပြီးတော့ အမျိုးမျိုးသော ကျင့်ကြံရေးနည်းလမ်းတွေလည်း ရနိုင်တယ်။ နင့်မှာ အဲ့တာတွေရှိလို့လား…”

ထိုအရာက ဂျန်ဖန်းကဲ့သို့ ဘာနောက်ခံမှမရှိသည့် လူတစ်ယောက် အတွက် ပျော့ကွက်ဆိုတာ သူမ ယုံကြည်၏။

ဂျန်ဖန်းမှာ ငွေအချို့နှင့် ကျင့်ကြံရေးအချို့ ရှိကောင်းရှိနိုင်၏။

သို့ပေမယ့် အရင်းအမြစ်နှင့် ထိပ်တန်း ကျင့်ကြံရေးနည်းလမ်းတွေက ချမ်းသာသည့်မိသားစုတွေ၏ အရေးကြီးဆုံး ပစ္စည်းတွေဖြစ်၏။

ထိုအရာတွေက ဆင်းရဲသည့်ကောင်လေး တစ်ယောက် ပိုင်ဆိုင်နိုင်သည့် အရာတွေ မဟုတ်ပေ။

ဆုတ်ဖြဲသံအနည်းငယ်သာ ကြားရပြီး အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့၏။ ဂျန်ဖန်းခံပြင်းပြီး ပစ္စည်းတွေဖျက်ဆီးကာ နောင်တအနည်းငယ်ရနေသည်ဟု သူမက တွေးလိုက်၏။

အမှန်တကယ်သာ မလိုအပ်လျှင် သူမက တစ်စုံတစ်ယောက်ကို မတရားသဖြင့် နာကျင်စေလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် သူမအသံက အနည်းငယ် ပျော့ပျောင်းသွားပြီး ပြောလိုက်သည်။

“ဂျန်ဖန်း, ငါနင့်ကို ပစ်မှတ်ထားဖို့ မရည်ရွယ်ပါဘူး။”

“ရို့ရန်ရဲ့ ကံကြမ္မာက ခါးသီးလွန်းတယ်။ နင် သူမကို လက်လွတ်လိုက်ဖို့ ငါမျှော်လင့်တယ်။ သူမကို တိုက်တန်တဲ့တစ်စုံတစ်ယောက်နဲ့ လက်ထပ်ခွင့်ပေးလိုက်ပါ။”

“နင်သာ လက်ထပ်ပွဲကို လက်လျှော့ဖို့ သဘောတူရင် နစ်နာကြေးအနေနဲ့ ငါနင့်ကို အဆင့်မြင့် ချီကျင့်ကြံခြင်းအရည် အချို့ပေးမယ်။”

“ဒါကမျှတပါတယ်…”

သို့ပေမယ့် အခြားတစ်ဖက်က ခုချိန်ထိ တုန့်ပြန်မလာသေးပေ။

အချိန်ခဏကြာပြီးနောက် အထုပ်ငယ်တစ်ခု နံရံကိုကျော်ပြီး ကျလာခဲ့သည်။

ချန်းစီလင် အံ့သြသွားပြီး အစေခံကို ကောက်ခိုင်းလိုက်ကာ ရှုရို့ရန်ရှေ့မှာပဲ ဖွင့်ကြည့်လိုက်၏။

ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်း အရည် ငါးပုလင်းက သူမမျက်လုံးရှေ့ကိုထွက်ပေါ်လာခဲ့သည်။

“ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်၊ သူဘယ်ကရတာလဲ…”

ချန်းစီလင်၏ မျက်နှာက အံ့သြတုန်လှုပ်မှုတွေနှင့် ပြည့်နှက်သွားခဲ့သည်။

ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်ကို ချန်မိသားစုတစ်ခုတည်းကသာ ရောင်းချပြီး တစ်ယောက်ကို တစ်ပုလင်းသာ ရောင်းချ၏။ တစ်ခါတည်းနှင့် ငါးပုလင်းဝယ်ဖို့က မဖြစ်နိုင်ပေ။

သူက ဒါတွေရဖို့ လူတွေငှားရမ်းခဲ့တာလား?....

“ဒီကောင်မှာ တကယ် ပိုက်ဆံအချို့ ရှိတာပဲ။ ဟမ့်…”

ဂျန်ဖန်း၏ ကြွယ်ဝမှုကို သူမလျှော့တွက်ခဲ့ကြောင်း ချန်းစီလင်ဝန်ခံ၏။

“ဒါပေမယ့်, ဒီငါးပုလင်းက ဘာမှမဟုတ်သေးဘူး…”

ချန်းစီလင်ပြောပြီးနောက် အထုပ်အောက်ခြေက အဖုံးပြဲနေသည့် အမည်မသိကျင့်စဥ်တစ်ခုကို သတိထားမိလိုက်သည်။

‘ခုနက သူစုပ်ဖြဲနေတာ ဒါလား?....’

ချန်းစီလင်က ထိုအရာကိုယူလိုက်ပြီး စိတ်ရှုပ်ထွေးသွားခဲ့သည်။

“ဒါက ကျင့်စဥ်နည်းလမ်းလို့တော့ နင့်ငါ့ကိုမပြောနဲ့နော်…”

သို့ပေမယ့် ချန်စီလင် ဖွင့်လိုက်ပြီး ပထမစာမျက်နှာကိုမြင်သည့်အခါ ထိုင်ခုံကနေ ရုတ်တရက်ထရပ်လိုက်၏။ သူမ၏ နုနယ်လှပသည့်မျက်နှာလေးက တုန်လှုပ်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

“အဝါရောင်အဆင့်မြင့် ကျင့်စဥ်….”

သူမက ထိုအရာကို ဆုပ်ကိုင်ထားပြီး မယုံကြည့်နိုင်ဖြစ်နေခဲ့သည်။

အထီးကျန်လှေမြို့၌ ချမ်းသာသည့် မိသားစုတွေပိုင်ဆိုင်သည့် အကောင်းဆုံးကျင့်စဥ်နည်းလမ်းမှာ အဝါရောင် အလယ်အလတ်အဆင့် သာဖြစ်၏။

သို့ပေမယ့် ဂျန်ဖန်းက ရှုရို့ရန်ကို အဝါရောင် အဆင့်မြင့် ကျင့်စဥ်တစ်ခု ပေးခဲ့၏။

ထိုအရာက ချမ်းသာသည့်မိသားစုကြီးတွေ တောင်ထုတ်မပေးနိုင်သည့် ထိပ်တန်းအဆင့် အရင်းအမြစ်ဖြစ်၏။

ထိုအခိုက်အတန့်၌…

နောက်ထပ်စာရွက်တစ်ခုတစ်ခု ဂျန်ဖန်းက ပစ်ပေးလိုက်သည်။

“မေးစရာရှိသေးလား…”

ချန်းစီလင်ဟာ မူလက ဂျန်ဖန်းကို ဟန့်တားဖို့ ရည်ရွယ်ခဲ့၏။ ယခုတော့ သူက သူမကို အညာတာကင်းမဲ့စွာ ပညာပြန်ပြလိုက်၏။

မိသားစုကြီးတစ်ခု၏ သခင်မလေးတစ်ယောက်အနေဖြင့် ချန်းစီလင်က ယခုကဲ့သို့ ယခင်က တစ်ခါမှဆက်ဆံမခံရဘူးပေ။

သူမက အံကြိတ်ကာ စားပွဲပေါ်က ရတနာဓားကိုကောက်ကိုင်လိုက်ပြီး အော်ပြောလိုက်၏။

“ဒီကိုလာခဲ့စမ်း…”

“နင် ငါ့ရှေ့မှာကော သူရဲကောင်းကြီး လုပ်ပြရဲအုန်းမလား မြင်ချင်သေးတယ်”

ရှုရို့ရန်က ချန်းစီလင်၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး ရယ်ရမလို ငိုရမလိုနှင့် ပြောလိုက်သည်။

“စီလင်, ထားလိုက်ပါတော့…”

သူတို့က စကားပြောဖို့လာခဲ့ကြတာဖြစ် ၏။ မည်သို့ ဤအခြေအနေကို ပြောင်းသွားရသနည်း။

သူမက ဒီနေရာမှာပဲရပ်လို့မရဘူးလား…

ချန်းစီလင်က ဒေါသတကြီးပြောလိုက်သည်။

“ငါ့ကိုမတားနဲ့။ ဒီနေ့ ငါသူ့ကို သင်ခန်းစာပေးရမယ်။”

သူမ၏ စူးစူးဝါးဝါးအကြည့်တွေအောက် မှာပဲ အစိမ်းရောင်ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်ပုံရိပ်တစ်ခု တံခါးကို ဖြတ်ပြီး နှေးကွေးစွာ လျှောက်ဝင်လာခဲ့သည်။

ဂျန်းဖန်း၏ အသွင်အပြင်က သူမ၏မျက်လုံးထဲမှာ ချက်ချင်းပဲ ပေါ်လာသည့်အခါ ချန်းစီလင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ခံစားလိုက်ရပြီး နေရာမှာပဲ အေးခဲ့သွားခဲ့သည်။

All Chapters