← Chapters

ရှုရို့ရန်၏ သဝန်တိုမှု

Vol. 2 Ch. 22

ရှုရို့ရန်၏ သဝန်တိုမှု

Vol. 2 Ch. 22

“ငါဘယ်သူကိုမြင်နေတာလဲ… စီနီယာဝိညာဥ်သခင်လား…”

ချန်းစီလင်၏ စိတ်အာရုံက ဟာလာဟင်းလင်းဖြစ်သွားခဲ့သည်။

သူမက အတော်လေး စိတ်ရှုပ်ထွေးနေခဲ့သည်။

အထီးကျန်လှေမြို့၌ အမှိုက်ကောင်ဟု နာမည်ကြီးသည့် အအကောင် ဂျန်ဖန်းက အဆင့် ၂ ဝိညာဥ်သခင်နဲ့ ရုပ်ခြင်းချွတ်ဆွတ်တူနေတာလား?....

‘မဟုတ်ဘူး၊ သူတို့က တစ်ယောက်တည်းပဲဟ…’

တစ်ယောက်တည်း….

သူမ အချစ်ဆုံးသူငယ်ချင်း၏ သတို့သားလောင်းက အမှန်တကယ်ပဲ သူမကိုယ်သူမ ပေးအပ်ဖို့ပြင်နေသည့် အံ့ဖွယ်စီနီယာ ဝိညာဥ်သခင် ဖြစ်နေခဲ့၏။

အချိန်အတော်ကြာသည်အထိ သူမကြောင်အနေခဲ့ပြီး ရှုရို့ရန်၏အသံကြားမှသာ သတိဝင်လာခဲ့သည်။

“စီလင်, စိတ်မဆိုးပါနဲ့…”

“ဖန်း, ကြည့်စမ်း၊ နင်က စီလင်ကို ဒေါသထွက်အောင်လုပ်တာပဲ။ သူမကို တောင်းပန်လိုက်။”

ချန်းစီလင် ရုတ်တရက် အသိပြန်ဝင်လာခဲ့သည်။

သူမက တုန်လှုပ်နေပြီး အတော်လေး ကို့ရို့ကားယားနိုင်လှ၏။

အဆင့်၂ ဝိညာဥ်သခင်၏ တောင်းပန်မှုကို သူမမည်သို့လက်ခံရဲမည်နည်း။

ချက်ချင်းပဲ, သူမလက်ထဲကဓားကိုချကာ လက်ခါပြလိုက်၏။

“မဟုတ်တာ, မဟုတ်တာ… ငါ စိတ်လိုက်မာန်ပါလုပ်မိသွားတာပါ။ ငါ ဝိ…. သခင်လေးဂျန်ကို အပြစ်လုပ်မိပြီ။”

ရှုရို့ရန်က ဂျန်ဖန်း၏ အစစ်အမှန်အထောက်အထားကို မသိဘူးဆိုတာ သူမနားလည်လိုက်၏။

ဂျန်ဖန်းက ထိုအရာကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာ သိသာ၏။ ထို့ကြောင့် သူမကိုယ်သူမ အလျှင်အမြန်ပြန်ပြင်လိုက်၏။

“သခင်လေးဂျန်, ကျေးဇူးပြု၍ ထိုင်ပါအုန်း”

သူမက အနည်းငယ်စိတ်လှုပ်ရှားနေပြီး ဂျန်ဖန်းကို ထိုင်ဖို့ ယဥ်ကျေးစွာဖိတ်ခေါ်လိုက်၏။

ထို့နောက် လက်ဖက်ရည်အိုးကို ကိုယ်တိုင်ကောက်ပြီး လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ ဂျန်ဖန်းကို လက်နှစ်ဖက်နှင့် ကမ်းပေးလိုက်၏။

“သခင်လေးဂျန်, လက်ဖက်ရည်သောက်ပါအုန်း”

ဂျန်ဖန်းက ထူးဆန်းတယ်လို့ ခံစားနေရ၏။

သူမက ခုလေးတင် ဒေါသအတော်လေး ထွက်နေခဲ့တာဖြစ်သည်။ သို့ပေမယ့် သူ့ကို

မြင်သည်နှင့် ပြောင်းလဲသွားခဲ့သည်။

ရှုရို့ရန်လည်း ပဟေဠိဖြစ်သွားခဲ့သည်။

သူမ ဂျန်ဖန်းကို သင်ခန်းစာပေးမယ်လို့ ကြွေးကြော်နေတာမဟုတ်ဘူးလား?...

သူမကို ဘယ်အရာက ရုတ်တရက် အရမ်းယဥ်ကျေးသွားစေတာလဲ?...

သူမကို မျက်နှာသာပေးသည့်အနေဖြင့် ဂျန်ဖန်းနှင့်ပြဿနာမဖြစ်လိုတော့သည်လား။

ထိုအရာကိုတွေးမိပြီး ရှုရို့ရန်က စိတ်သက်သာယာရစွာနှင့်ပြုံးလိုက်သည်။

“ဖန်း,ဒါက ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်းလေ။ ခုနက သူနင့်ကို စနေတာပါ။ စိတ်ထဲမထားနဲ့နော်။”

ဂျန်းဖန်း ခေါင်းညိတ်လိုက်ပြီး စာရေးလိုက်သည်။

“နားလည်ပါတယ်…”

သို့ပေမယ့် ချန်းစီလင်ကတော့ တစ်ကိုယ်လုံး ချွေးတွေစိုဆွဲနေခဲ့၏။

သူမ၏ အစောပိုင်းက လုပ်ဆောင်ချက်တွေကို ပြန်တွေးပြီး အတော်လေး ကြောက်ရွံ့နေခဲ့သည်။

သူမက ချန်မိသားစု၏ စွမ်းအားကြီး ထောက်တိုင်ကြီးကို စိန်ခေါ်ခဲ့ပြီး သူနှင့်တိုက်ခိုက်ဖို့ ဓားတောင်ဆွဲထုတ်လိုက်သေး၏။

ထိုအကြောင်းအရာကို သူမတွေးလေလေ, မလွယ်ကူဘူးလို့ ခံစားရလေလေဖြစ်ပြီး စိုးရိမ်သည့်အမူအရာနှင့် ညင်သာစွာပြောလိုက်သည်။

“သခင်လေးဂျန်, ငါ ရို့ရန်ဆီကနေကြားခဲ့တယ်။ ရှုမိသာစုခေါင်းဆောင်က ခန်းဝင်ပစ္စည်းအတွက် နင့်ကို ခက်ခဲအောင်လုပ်နေတယ်ဆို…”

“ရို့ရန်နဲ့ ငါက နှစ်ပေါင်းများစွာခင်လာခဲ့ကြတာ။ ငါဘာမှလုပ်ပေးပဲ မနေနိုင်ဘူး။”

“ငါ တစ်ယောက်ယောက်ကို ငွေပြားသုံသိန်း ချက်ချင်းယူခိုင်းလိုက်မယ်။ ဒါက သခင်လေးဂျန်ကို ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

သူမက အမှားပြင်ချင်နေခဲ့သည်။

သို့ပေမယ့် ရှုရို့ရန်က ပဟေဠိဖြစ်နေခဲ့ သည်။

ယခုလေးတင် ထိုကိစ္စကို လုံးဝမကူညီနိုင်ဘူးလို့ ချန်းစီလင် မပြောခဲ့ဘူးလား။

သူမက သူတို့ကိုခွဲဖို့တောင် ကျိန်ဆိုထားခဲ့၏။

ထိုသို့ဆိုလျှင်မည်သို့ဖြစ်သွားသနည်း။

ဂျန်ဖန်းအကူအညီမတောင်းတာတောင်မှ သူမက ဦးစွာကမ်းလှမ်းနေခဲ့၏။

ထိုအရာက လက်ခံနိုင်စရာကိုမရှိပေ။

နောက်ပိုင်းသူတို့၏ စကားဝိုင်း၌ ချန်းစီလင်က ရှုရို့ရန်ကို ဘေးဘယ်ထားပြီး ဂျန်ဖန်းကိုသာအာရုံစိုက်ထားခဲ့သည်။

အစာပြေမှုန့်တွေကိုလည်း ဂျန်ဖန်းအား ပထမဦးစွာ ကျွေးနေခဲ့၏။

ချန်းမိသားစုကို ဥယျာဥ်ကို သွားလည်သည့်အခါမှာလည်း သူမက ဂျန်ဖန်းကိုသာ ပထမဦးဆုံး မိတ်ဆက်ပေးနေခဲ့သည်။

ချန်းမိသားစု သမိုင်းကြောင်းကို ရှင်းပြရာ၌လည်း ရှုရို့ရန်တောင်မသိသည့် လျို့ဝှက်ချက်တွေကို ဂျန်ဖန်းအားရှင်းပြနေခဲ့သည်။

သူမနှင့် သိလာသည့် သုံးနှစ်အတွင်း ချန်းစီလင်တစ်ခါမှ ဤမျှလောက် စိတ်အားမထက်သန်ဘူးပေ။

ထို့ကြောင့် အိမ်ပြန်လမ်း လှည်းထဲ၌ ရှုရို့ရန်က မပျော်ရွင်တော့ပေ။

“ဘာဖြစ်လို့လဲ…”

ဂျန်ဖန်းက ချန်းစီလင်ပေးလိုက်သည့် အမျိုးမျိုးသော လက်ဆောင် အကြီးအသေးတွေကို ရွေးနေခဲ့သည်။

ရှုရို့ရန်၏ မကြည်မသာမျက်နှာကို သတိထားမိသည့်အခါ သူက စိတ်ရှုပ်ထွေးစွာနှင့်မေးလိုက်သည်။

ရှုရို့ရန်က ဂျန်ဖန်းကို ကြည့်ပြီး ပြောဖို့တွေဝေနေခဲ့သည်။

သို့ပေမယ့် အဆုံးမှာတော့ သူမက ထိန်းမထားနိုင်တော့ပဲ မကြည်မသာနှင့် ပြောလိုက်သည်။

“ချန်းစီလင်ကို ကြည့်ရတာ နင့်ကို ကြိုက်နေပုံပဲ။”

ဘာ?...

ဂျန်ဖန်း၏ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။

“အဓိပ္ပာယ်မရှိတာတွေမပြောပါနဲ့”

ရှုရို့ရန်က ပိုလို့တောင် ခါးသီးစွာခံစားလိုက်ရပြီး ပြောလိုက်သည်။

“သူမ ယောက်ျားတွေကို စိတ်ဝင်စားတာ ငါတစ်ခါမှမမြင်ဖူးဘူး။”

“ပထမတော့ သူမက နင့်ကို ရန်မူနေခဲ့တာ။ ဒါပေမယ့် နင့်ကို မြင်တဲ့အခါမှာ သူမပြောင်းလဲသွားတယ်။”

“ဒါက မြင်မြင်ချင်းချစ်မိသွားပဲ မဟုတ်ဘူးလား။”

ပြောနေစဥ်၌ သူမမျက်လုံးတွေက နီရဲနေခဲ့သည်။

သူငယ်ချင်းက ချစ်သူကိုခိုးယူသည့် ဇတ်လမ်းက သူမဆီမှာ လာဖြစ်နေမယ်လို့ သူမ တစ်ခါမှစိတ်မကူးထားပေ။

ကြင်နာသည့်နှလုံးသားရှိတာကြောင့် သူမက ချန်းစီလင်ကို အပြစ်မမြင်ပေ။ သို့ပေမယ့် ခါးသီးစွာပြောလိုက်သည်။

“ဖန်း, ချန်းစီလင်က ကောင်းတယ်ထင်ရင် နင်သူ့ကို ရွေးလိုက်ပါ။ ငါနင့်ကို အပြစ်မတင်ပါဘူး။”

သူမမျက်လုံးတွေက မဝံ့ရဲသည့်အမူအရာ တွေ ပြသနေခဲ့သည်။

မိသားစုနောက်ခံ၊ အနေအထား၊ ခွန်အား၊ အရာအားလုံး၌ ချန်းစီလင်က သူမထက် ပိုသာ၏။

ဂျန်ဖန်း သူမကို လက်ထပ်လျှင် အဆုံးမရှိသည့် အကျိုးကျေးဇူးတွေရရှိမည်ဖြစ်၏။

သူမ ငိုတော့မည်ကိုမြင်သည့်အခါ သူမအတော်လေးအားငယ်နေတယ် ဆိုတာ ဂျန်ဖန်းနားလည်လိုက်၏။ သူက သူမကို ရင်ခွင်ထဲသို့ အလျှင်အမြန်ဆွဲသွင်းလိုက်၏။

“အလိုက်တဲ့ကောင်မလေး….”

“ချန်းစီလင် ငါ့အပေါ် ဘယ်လိုခံစားချက်ပဲ ရှိရှိ ဒါတွေမပြောပဲနေရအောင်”

“ဒါပေမယ့် နင့်အပေါ်မှာရှိတဲ့ ငါ့ရဲ့ခံစားချက်ကို မေးခွန်းထုတ်စရာလား”

“ငါရဲ့ ခက်ခဲတဲ့အချိန်တွေမှာ နင်ပဲ ငါ့ကို ကယ်တင်ခဲ့တာ။ အဲ့ဒီကြင်နာမှု တစ်ဘဝလုံးစာ ပြန်ပေးဆပ်ဖို့ ထိုက်တန်ပါတယ်။”

ဂျန်ဖန်း၏ ရိုးသားသည့်စကားတွေကို ကြားသည့်အခါ ရှုရို့ရန်၏ စိတ်ခံစားချက်က ပိုကောင်းလာခဲ့သည်။

“ငါ စောနက နင့်ကို ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ပေးခဲ့တယ်လေ။ အဲ့ဒါကို သိုသိုသိပ်သိပ် အသုံးပြုလိုက်၊ သိမ်းမထားနဲ့။ ငါမှာ အများကြီးရှိသေးတယ်။”

“ပြီးတော့ အဝါရောင်အဆင့်မြင့် ကျင့်စဥ်ကိုလည်း ကြိုးစားပြီး လေ့ကျင့်…”

ဂျန်ဖန်းက သူမကို နောက်တစ်ကြိမ်သတိပေးလိုက်သည်။

သူက သူမကို အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည်ပေးဖို့ တွေးလိုက်မိ၏။

သို့ပေမယ့် သူမအများကြီးမေးပြီး သူ၏ ဝိညာဥ်သခင်အထောက်အထား ပေါ်သွားမှာကို စိုးရိမ်၏။

ထို့ကြောင့် ယခုချိန်မှာတော့ သူက သူမကို ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်ကိုသာ အသုံးပြုခိုင်းထား၏။

ရှုရို့ရန်၏ မျက်နှာက နောက်ဆုံးမှာတော့ ပြုံးလာခဲ့သည်။

“အင်း, ငါကြိုးစားမှာပါ…”

ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်၊ အဝါရောင်အဆင့်မြင့် ကျင့်စဥ်နှင့်ဆိုလျှင် သူမ၏ ကျင့်ကြံရေးအဆင့် အလျှင်အမြန်တိုးတက်လာမည်ဆိုတာ သူမက ယုံကြည်မှုရှိတာပဲဖြစ်သည်။

သူမက ချန်းစီလင်နှင့် မယှဥ်နိုင်သော်လည်း ကွားဟချက် နည်းသွားမည်ပဲဖြစ်သည်။

ဂျန်ဖန်း၏ ရင်ဘတ်ကိုမှီထားပြီး သူမက ပြန်လည်စိတ်အေးသွားကာ ပြောလိုက်သည်။

“စီလင်က ငါတို့ကို ခန်းဝင်ပစ္စည်း ကူညီဖို့ ကတိပေးပြီးပြီ။ ဒီတော့ ငါတို့ အခု စိုးရိမ်ဖို့မလိုတော့ဘူး။”

သို့ပေမယ့် ရှုမိသားစုသို့ပြန် ရောက်သည့်အခါ သူတို့က ရှုမိသားစုဝင်ပေါက်၌ တန်ဖိုးကြီး လှည်းများစွာ ရပ်ထားတာကို မြင်လိုက်ရ၏။

အထဲကိုဝင်လိုက်သည့်အခါ တံခါးကနေ ဧည့်ခန်းအထိ အစီအစဥ်တကျ ချထားပြီး အနီရောင်ပိတ်စတွေဖုံးအုပ်ထားသည့် သေတ္တာများစွာကိုတွေ့လိုက်ရသည်။

ရှုရို့ရန်ပြန်ရောက်လာသည်ကိုမြင်သည့် အခါ ဝမ်ယင်ဖုန်း၏ မျက်နှာက ပျော်ရွင်မှုတွေနှင့် တောက်ပသွားခဲ့သည်။

“ရို့ရန်, မြန်မြန်လာ… သခင်လေးကျူးကို နှုတ်ဆက်လိုက်အုန်း။”

“နင် သူ့ကိုမှတ်မိတယ်မလား”

ရှုရို့ရန် ပဟေဠိဖြစ်စွာနှင့် ခန်းမထဲကို လျှောက်ဝင်လာခဲ့သည်။ အထဲ၌ သူမအဖေ ရှုကျန်းယန်နှင့် တန်းတူထိုင်နေသည့် လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရ၏။

ထူးခြားစူးရှသည့် အကြည့်နှင့်အတူ အရပ်ရှည်ချောမောခန့်ညားလှ၏။

သူ၏ ကျင့်ကြံရေးနယ်ပယ်ကလည်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်၏။

သူက ရှုရို့ရန်ထက်အသက်ကြီးပြီး ၃၀ ဝန်းကျင်ရှိတာပဲဖြစ်သည်။

“ကျူးဂျန်ရှန်း…”

ရှုရို့ရန်က မှတ်မိသွားပြီး သူ့နာမည်ကို

စိတ်မသက်သာစွာနှင့် ရေရွတ်လိုက်၏။

ဂျန်ဖန်းလည်း မျက်မှောက်ကြုတ်သွားခဲ့သည်။

‘ဒီကောင်လား?...’

လွန်ခဲ့သည့် ငါးနှစ်က ကျူးဂျန်ရှန်၌ အဆင့် ၅ စိတ်ဝိညာဥ်အမြစ် ရှိတာကို ရှာတွေ့ခဲ့ပြီး အဆက်အသွယ်နှင့် သူက တိမ်စိမ်းဂိုဏ်းကို ဝင်ရောက်ခဲ့၏။

ထိုအချိန်က သူဟာ ချီကျင့်ကြံခြင်း အဆင့် ၃ သာရှိသေး၏။ ယခု တိမ်စိမ်းဂိုဏ်း၌ နှစ်များစွာ ကျင့်ကြံပြီးနောက် သူက အခြေခံတည်ဆောက်ခြင်း အဆင့် ကျွမ်းကျင်သူဖြစ်နေပြီပဲဖြစ်သည်။

ဂျန်ဖန်းအဓိကမှတ်မိနေသည့်အရာက ကျူးဂျန်ရှန် ရှုရို့ရန်ကို ဘုရားကျောက်ပျက်ထဲသို့ သွေးဆောင်ခေါ်သွားပြီး သူမကို ညစ်ညမ်းအောင်ပြုလုပ်ဖို့ ကြိုးစားတာပဲ ဖြစ်သည်။

ဂျန်ဖန်းအဖေက ကြားဝင်ပြီး ကျူးဂျန်ရှန်အား မောင်းထုတ်ပေးခဲ့သည်။ သူ့အဖေဆုံးသွားပြီးနောက် ဂျန်ဖန်းကို ရှုရို့ရန်စောင့်ရှောက်ပေးတာကလည်း ထိုအရာကြောင့်ဖြစ်၏။

ရှုရို့ရန်က မြေပြင်အပြည့် အနီရောင်သေတ္တာတွေကိုကြည့်ပြီး မကောင်းသည့်အရာတစ်ခုဖြစ်လာတော့ မည်ဟု ခံစားလိုက်ရ၏။

“အဖေ, ဒါတွေကဘာတွေလည်း…”

ရှုကျန်းယန်က သက်ပြင်ချလိုက်ပြီး ပြောလိုက်သည်။

“သခင်လေးကျူးက တိမ်စိမ်းဂိုဏ်းကနေ အနားယူဖို့ပြန်လာတာလေ။ သူက သမီးလက်မထပ်ရသေးဘူးဆိုတာ သိတော့ လာပြီးတောင်းလှည့်တာ…”

လာတောင်းတာလား?...

ရှုရို့ရန် ချက်ချင်းပဲ အပြင်းအထန် ကန့်ကွက်လိုက်၏။

“ကျွန်မမှာ လက်ထပ်ရမယ့် သတို့သားလောင်း ရှိနေပြီ။ ကျေးဇူးပြုပြီး သခင်လေးကျူး ဒီပစ္စည်းတွေကို ပြန်ယူသွားပါ။”

ဝမ်ယင်ဖုန်းက ပြန်လည်ချေပလိုက်၏။

“သတို့သားလောင်း? နင်က ဂျန်ဖန်းကို ပြောတာလား…. သူက ခန်းဝင်ပစ္စည်း တစ်ခုခုများ ယူလာနိုင်လို့လား”

“ယူလာနိုင်ရင်တောင် သူက သခင်လေးကျူးလောက် ပေးနိုင်မှာတဲ့လာား”

“ဒီလက်ဆောင်တွေက ဘယ်လောက်တန်လဲ နင်သိလား… ငွေးပြား ငါးသိန်းတန်တယ်ဟဲ့….”

“ဂျန်ဖန်း ဒါကို တတ်နိုင်လို့လား…”

လူတိုင်းက ဂျန်ဖန်းကို ကြည့်လိုက်ကြသည်။

ကလန်အဖွဲ့ဝင်အများစုက စာနာသနားသည့်အမူအရာတွေ ထုတ်ပြလာခဲ့ကြသည်။

‘သနားစရာကောင်းလိုက်တဲ့ ဂျန်ဖန်း, စိန်ခေါ်မှုတစ်ခုပြီးတော့ နောက်တစ်ခုထပ်ရောက်လာပြီ။’

ကျူးဂျန်ရှန်လည်း ဂျန်ဖန်းကို တမင်ရန်စသည့် အမူအရာဖြင့် ကြည့်လိုက်၏။ ဂျန်ဖန်းနှင့် သူ့အဖေကြောင့်သာမဟုတ်လျှင် သူက ရှုရို့ရန်ကို ပိုင်ဆိုင်နေလောက်ပြီပဲဖြစ်သည်။

သို့ပေမယ့် ယနေ့အချိန်ကလည်း အရမ်းကြီး နောက်မကျသေးပေ။

ခန်းဝင်ပစ္စည်း ငါးသိန်းက သူ့မိန်းမကိုအဝေးခေါ်သွားတာအား ဂျန်ဖန်း အကူညီမဲ့စွာ ကြည့်နေဖို့ လုံလောက်၏။

ရှုရို့ရန်လည်း အတော်လေးစိုးရိမ်သွားခဲ့သည်။ ချန်းစီလင်က ခန်းဝင်ပစ္စည်းအတွက် ငွေးသုံးသိန်းသာ ကတိပေးထားခဲ့၏။

ငွေးပြား ငါးသိန်း…. ဤပမာဏကို ချန်းစီလင် တစ်ခါတည်းထုတ်မပေးနိုင်ပေ။

ထိုအခိုက်အတန့်၌…

ဂျန်ဖန်းက ဘာမပြောညာမပြောနှင့် စာတစ်ကြောင်းထရေးလိုက်၏။

“တိမ်စိမ်းဂိုဏ်းမှာ ငါးနှစ်နေပြီးတာတောင် မင်းက ခန်းဝင်ပစ္စည်းအတွက် ငွေပြား ငါးသိန်းလေးနဲ့ပဲ ရောက်လာတာလား…”

All Chapters