မျက်နှာကို ဖြတ်ရိုက်ခြင်း
Vol. 2 Ch. 23
အမ်?...
ရှုမိသားစုအဖွဲ့ဝင်တွေက စိတ်ရှုပ်ထွေးစွာနှင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။
လုကျန်း မနေနိုင်ပဲ ထေ့ငေါ့စွာ ပြောလိုက်သည်။
“ဒါလေးပဲ, ဟုတ်လား… ဂျန်းဖန်း, မင်းက သူများအရိပ်အောက်မှာ နေနေတယ်ဆိုတာ မေ့နေတာလား။”
ဝမ်ယင်ဖုန်းကလည်း ပိုပြီးတိုက်ရိုက်ဆန်စွာ လှောင်ပြောင်လိုက်၏။
“နင့်နားတွေမကောင်းတော့ဘူးဆိုရင် ငါထပ်ပြောပေးမယ်။”
“ဒီပစ္စည်းတွေက ငွေပြားငါးသိန်းတန်တယ်။ ငွေးပြားငါးသိန်းနော်…ငါပြားမဟုတ်ဘူး။”
“ကြေးငါးပြားတောင်မရှိတဲ့လူက ဒီနေရာမှာ ကြီးကြီးကျယ်ကျယ်တွေ လာပြောရဲသေးတယ်။”
ကျူးကျန်းရှန်က သူ့ယက်တောင်ကို ဖွင့်ပြီး ညင်သာစွာခပ်ကာ ပြုံးလိုက်၏။
“ဒေါ်လေးဝမ်, ညီအကိုလု, ကျေးဇူးပြုပြီး ဂျန်ဖန်းကို နားလည်ပေးလိုက်ကြပါ။”
“အဆုံးမှာတော့, လူတစ်ယောက် သူ့သတို့သမီးလောင်းလုခံရင် ကြီးကြီးကျယ်ကျယ်တွေပြောတာပုံမှန်ပါပဲ။ သူလည်း အတော်ဝမ်းနည်းနေမှာပေါ့…”
ထို့နောက် သူ့အသံက လှောင်ပြောင်သည့် အသံပြောင်းသွားခဲ့သည်။
“ဒါပေမယ့် ဂျန်ဖန်း, ငါမင်းကို ပြောလိုက်မယ်။”
“လူတစ်ယောက်က ကိုယ့်အခြေအနေကို နားလည်သင့်တယ်။ မင်းကိုယ်မင်းလည်း မှန်ထဲမှာ ပြန်ကြည့်ပြီး မေးလိုက်အုန်း။ မင်းက ရှုရို့ရန်နဲ့ ထိုက်တန်လားဆိုတာပေါ့….”
“ခန်းဝင်ပစ္စည်းတောင်မတတ်နိုင်တဲ့မင်းက သူမကို လက်ထပ်ဖို့ စိတ်ကူးယဥ်နေသေးတယ်။”
ခန်းမက လှောင်ရယ်သံတွေနှင့် ဆူညံသွားခဲ့သည်။
ရှုရို့ရန်က လက်သီးဆုပ်လိုက်ပြီး တစ်စုံတစ်ခုပြောချင်နေ၏။ သို့ပေမယ့် သူမဘေးက ရှုယင်းရင်းက ညင်သာစွာသက်ပြင်းချလိုက်၏။
“အမ, နင်နုံအမနေနဲ့တော့။”
“မိန်းမတစ်ယောက်ဆီက ခုခံတဲ့စကားလုံး တစ်ထောင်က ယောက်ျားတစ်ယောက်ရဲ့ ကျောရိုးကို မယဥ်နိုင်ဘူး”
“ဂျန်ဖန်းက တကယ်နင်နဲ့ မထိုက်တန်ဘူး”
ကျူးဂျန်ရှန်က သူ့ယက်တောင်ကို ဂုဏ်ယူဝင့်ကြွားစွာနှင့် ပိုမြန်မြန်ခပ်လိုက်ပြီး အထင်မြင်သေးစွာ ရယ်လိုက်၏။ ထို့နောက် သူက ဝမ်ယင်ဖုန်းနှင့် ရှုကျန်းယန်ဘက်ကို လှည့်လိုက်၏။
“ဦးလေး, ဒေါလေး, မင်းတို့ကော ဘယ်လိုထင်လဲ…”
“မင်းတို့သာ သဘောတူရင် ဒီလက်ဖွဲ့ပစ္စည်းတွေကို လက်ခံပြီး မင်္ဂလာရက်သတ်မှတ်ပေးပါ။”
ဝမ်ယင်ဖုန်းက အလျှင်အမြန်ပဲလက်ခံ လိုက်၏။
သို့ပေမယ့် ရှုကျန်းယန်က မျက်မှောင်ကြုတ်နေခဲ့သည်။
အဆုံးမှာတော့, ထိုနေ့က ကျူးဂျန်ရှန်ဟာ ရှုရို့ရန်ကို ဖျက်ဆီလုနီးပါးဖြစ်ခဲ့၏။
သူ့အကျင့်စရိုက်က အတော်လေးညံ့ဖျင်းလှ၏။
သူကို လက်ထပ်လို့ သူ့သမီးပျော်ရွင်ပါ့မလား?
သူမဂျန်ဖန်းကို လက်ထပ်တာကလည်း မကောင်းတာတော့မဟုတ်ပေ။ အနည်းဆုံးတော့ ဂျန်ဖန်း၏ အမူအကျင့်ကို ၁၀နှစ်ကျော်မြင်တွေ့ရ၏။ သူက ဖြောင့်မတ်မှန်ကန်ကာ လူကြီးလူကောင်းပီသတာပဲဖြစ်သည်။
“တစ်ခုခုပြောအုန်းလေ…”
ဝမ်ယင်ဖုန်းက စိတ်မရှည်စွာနှင့်ပြောလိုက်သည်။
ရှုကျန်းယန် တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။ ထိုအရာက သူတွေဝေနေရသည့်အကြောင်းအရင်း ဖြစ်၏။
ရှုမိသားစုက ဝမ်ယင်ဖုန်း၏မိသားစုကို မှီခိုနေရဆဲဖြစ်၏။ အချို့ကိစ္စတွေ၌ သူမထင်မြင်ချက်ကို အလေးထားရမည်ပဲဖြစ်သည်။
ထို့ကြောင့် သူက အချိန်တော်ကြာ စဥ်းစားနေပေမယ့် မဆုံးဖြတ်နိုင်ဖြစ်နေခဲ့သည်။
သို့ပေမယ့် ဂျန်ဖန်းက ငွေမှတ်စုစာရွက်တစ်ထပ်ကို ဖြည်းဖြည်းချင်းထုတ်ယူလိုက်ပြီး ကျူးဂျန်ရှန်ရှေ့စာပွဲပေါ်ကို ပစ်ချလိုက်၏။
ရှုရို့ရန်အပါအဝင် လူတိုင်း တုန်လှုပ်သွားကြသည်။
“ငွေမှတ်စုတွေလား…”
ရှုကျန်းယန် အံ့သြသင့်စွာနှင့် ရှေ့တက်လာခဲ့၏။ သူက ကျူးဂျန်ရှန်ရှေ့မှာပဲ ငွေမှတ်စုတွေကိုရေတွက်လိုက်ကာ အော်ပြောလိုက်၏။
“ငွေပြား ငါးသိန်းတစ်သောင်း….”
ဘာ?...
ဝမ်ယင်ဖုန်းက ထိုအရာတွေကို မယုံကြည်နိုင်စွာနှင့် ကြည့်နေခဲ့သည်။
“အဲ့ဒါအတုတွေလား…”
ငွေ ငါးသိန်းတစ်သောင်း… ရှုမိသားစု သုံးနှစ်ဝင်ငွေတောင် ထိုမျှလောက်မများပေ။
သူများအရိပ်အောက်မှာနေသည့် ဂျန်ဖန်းလိုလူက ဤမျှများသည့်ငွေတွေ ဘယ်နေရာကနေရလာခဲ့သနည်း။
သို့ပေမယ့် ဂရုတစိုက်စစ်ဆေးပြီးနောက် ထိုငွေတွေက အထီကျန်းလှေမြို့၏ အကြီးဆုံးဘဏ်မှ ငွေမှတ်စုအစစ်တွေဆိုတာ သူမသိလိုက်၏။
သူမဘေးက ရှုယင်းရင်လည်း ငွေမှတ်စု ငါးသိန်းတစ်သောင်းကို မယုံကြည်နိုင်စွာနှင့်ကြည့်နေပြီး ရေရွတ်လိုက်၏။
“သူတကယ်ပဲ ဒီလောက်များတဲ့ ငွေမှတ်စုတွေရလာခဲ့တာပဲ…”
အံ့အားသင့်နေသည့်အကြည့်တွေအောက် မှာပဲ ဂျန်ဖန်းက တည်ငြိမ်စွာနှင့် စာတစ်ကြောင်းရေးလိုက်ပြီး ကျူးဂျန်ရှန်ရှေ့ကို ပစ်ချလိုက်၏။
“တိမ်စိမ်းဂိုဏ်းမှာ ငါးနှစ်တောင် နေခဲ့ပေမယ့် မင်းငါ့ကိုမယှဥ်နိုင်သေးဘူးပဲ”
တစ်ယောက်က ငွေပြား ငါးသိန်းတစ်သောင်းရှိပြီး အခြားတစ်ယောက်က ငွေပြားငါးသိန်းသာ ရှိ၏။
ခြားနားချက်က သိသာလှ၏။
ထိုကဲ့သို့မျက်နှာဖြတ်ရိုက်မှုမျိုးက ကျူးဂျန်ရှန်၏ မျက်နှာကို အစိမ်းရောင်ပြောင်းသွားစေခဲ့သည်။ သူက စာပွဲကို ရိုက်လိုက်ပြီး ဟိန်းဟောက်လိုက်၏။
“ဂျန်ဖန်း, မင်းဘာဆိုလိုတာလဲ…”
ဂျန်ဖန်းက ဟန်လုပ်ပြုံးလိုက်ပြီး အလျှင်အမြန်စာတစ်ကြောင်းရေးလိုက်၏။
“ငါ ပြောတာမရှင်းဘူးလား…”
“ရို့ရန်အတွက် မင်းမှာ ငါနဲ့ယှဥ်ပြိုင်ဖို့ အရည်အချင်းမရှိဘူး။”
ဤစကားလုံးတွေကြောင့် စိတ်ဓာတ်ကျနေသည့် ရှုရို့ရန် အနည်းငယ် ရှက်သွေးဖြာသွားပြီး ဂျန်ဖန်းကို တောက်ပသည့်မျက်လုံးတွေနှင့် ကြည့်လိုက်သည်။
ရှုယင်းရင် ရုတ်တရက် အနည်းငယ် မနာလိုဖြစ်သွားခဲ့သည်။
ငွေးပြား ငါးသိန်းတစ်သောင်းရှိခြင်းနှင့် ထိုငွေကို ခန်းဝင်ပစ္စည်းအဖြစ်အသုံးပြုဖို့ ဆန္ဒရှိတာက မတူညီသည့်အရာနှစ်ခုဖြစ်၏။
ရှုရို့ရန်အတွက် သူ့ပိုင်ဆိုင်မှုအားလုံးသုံးဖို့ ဆန္ဒရှိတာဟာ ဂျန်ဖန်းအတွက် သူမ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြသနေ၏။
ကြည့်ရတာတော့ ရှုရို့ရန် သူမကို အမှန်တကယ်ဂရုစိုက်သည့် ယောက်ျားတစ်ယောက်ကို ရှာတွေ့သွားပြီဖြစ်၏။
ရှုကျန်းယန် အမူအရာကလည်း ပျော်ရွင်လာခဲ့သည်။ ဂျန်ဖန်း ဤပိုက်ဆံတွေ ဘယ်က ရလာတာလဲ သူမသိပေမယ့် သူ့သမီးကို တရားသဖြင့် လက်ထပ်ပေးနိုင်ပြီဖြစ်၏။
ဝမ်ယင်ဖုန်း ငွေမှတ်စုတစ်ခုချင်းဆီကို စစ်ဆေးခဲ့ပြီး ထိုအရာတွေက အတုမဟုတ်ဘူးဆိုတာ အတည်ပြုနိုင်ခဲ့၏။
သူမမျက်နှာက သိသာစွာပဲ မဲမှောင်သွားခဲ့သည်။ နောက်ဆုံးမှာတော့ သူမက ငွေမှတ်စုတွေကို ဒေါ်သတကြီး ဆုတ်ဖြဲလိုက်ပြီး ဂျန်ဖန်းကို ကြည့်လိုက်သည်။
“ငွေပြား ငါးသိန်းတစ်သောင်းက မလုံလောက်သေးဘူး။”
“ခန်းဝင်ပစ္စည်းက ငါ့ကို စိတ်ကျေနပ်စေရမယ်လို့ ငါပြောခဲ့တယ်”
“အခု, ငါ စိတ်မကျေနပ်ဘူး၊ နားလည်လား…”
ရှုမိသားစု အဖွဲ့ဝင်တွေက အမှန်တရားကို ရှင်းလင်းစွာမြင်ကြတာပဲဖြစ်သည်။
သူမက ခန်းဝင်ပစ္စည်းကို မကျေနပ်တာမဟုတ်ပဲ ဂျန်ဖန်းကို မကျေနပ်တာပဲဖြစ်သည်။
ဂျန်ဖန်းတုန်လှုပ်မသွားပဲ နောက်ထပ်စာ တစ်ကြောင်းထပ်ရေးလိုက်၏။
“ဒါအဆင်ပြေပါတယ်… ငါလည်း မကျေနပ်ပါဘူး”
“ငွေပြား ငါးသိန်းက ကမ္ဘာပေါ်က အကောင်းဆုံးမိန်းခလေးကို လက်ထပ်ဖို့ မထိုက်တန်ဘူးဆိုတာ မင်းကို ပြောပြရုံပဲ”
“မင်း နည်းနည်းလောက်အမြင်ကျယ်ဖို့ ငါမျှော်လင့်တယ် ကလန်ခေါင်းဆောင်ကတော်….။ ငွေသိန်းဂဏန်းလောက်ကို အဟုတ်ကြီးထင်မနေနဲ့…”
ဟိုး….
သူက အမှန်တကယ်ပဲ ဝမ်ယင်ဖုန်းကို မျက်နှာချင်းဆိုင် စော်ကားရဲ၏။
ထိုအရာက မျက်နှာြဖတ်ရိုက်တာထက်တောင် ပိုးဆိုးတာပဲဖြစ်သည်။
“ဂျန်ဖန်း….”
ဝမ်ယင်ဖုန်း၏ မျက်လုံးတွေက ဒေါသကြောင့် ပြူးကျယ်နေပြီး အော်ဟစ်လိုက်၏။
“နင် ဘယ်သူ့ကို ပိုက်ဆံမမြင်ဖူးဘူးလို့ ပြောတာလဲ”
ဂျန်ဖန်း ဟန်လုပ်ပြုံးလိုက်ပြီး စာရေးလိုက်၏။
“ဒါပေါ့… ငွေအရမ်းမက်တဲ့ မင်းကိုပြောတာပေါ့။ ငွေ ငါးသိန်းတစ်သောင်းပိုင်တဲ့ တစ်ယောက်တော့ မဟုတ်နိုင်ဘူးလေ…”
ဝမ်ယင်ဖုန်း အလွန်ဒေါသထွက်သွားပြီး ဂျန်ဖန်းကို ရိုက်ဖို့ လက်မြောက်လိုက်၏။
သို့ပေမယ့် ရှုကျန်းယန်က သူမကို ဝင်တားလိုက်ပြီး မျက်နှာထားတင်းတင်းဖြင့် အော်ပြောလိုက်၏။
“မင်းမှာ အရှက်တရား နည်းနည်းလေးတောင် မရှိတော့ဘူးလား”
ဂုဏ်သရေရှိမိသားစုတစ်ခု၏ ကလန်ခေါင်းဆောင်ကတော် တစ်ယောက်အနေဖြင့် ဘယ်လိုတောင် တစ်စုံတစ်ယောက်ကို လူမြင်ကွင်းမှာ ရိုက်နိုင်ရသည်နည်း။
ဝမ်ယင်ဖုန်း အလျော့ပေးဖို့ ဆန္ဒမရှိသေးပဲ ဒေါသတကြီး အော်ပြောလိုက်သည်။
“ဂျန်ဖန်း, နင့်မှာ နောက်ထပ်နှစ်ရက်ကျန်သေးတယ်။ နင် ငါကျေနပ်လောက်မဲ့ ခန်းဝင်ပစ္စည်းယူမလာနိုင်ရင် ရှုရို့ရန်နဲ့ လက်ထပ်မဲ့ကိစ္စကို မေ့လိုက်တော့။”
ဂျန်ဖန်း တည်ငြိမ်စွာရေးလိုက်၏။
“မစိုးရိမ်ပါနဲ့, ငါ့ရဲ့ ခန်းဝင်ပစ္စည်းက မင်းကို မကျေနပ်စေဘူးဆိုရင် အထီးကျန်လှေမြို့မှာ တစ်ယောက်မှ ရို့ရန်ကို လက်ထပ်နိုင်မှာမဟုတ်ဘူး။”
ဤစကားလုံးတွေကြောင့် ဘေးမှာရပ်နေသည့် ကျူးဂျန်ရှန် ထိုအရာကို လျစ်လျူမရှုနိုင်တော့ပေ။
“မင်းက တော်တော်လေကြီးတာပဲ…”
ကျူးဂျန်ရှန်က အေးစက်စွာလှောင်ပြောင်လိုက်၏။
“အထီးကျန်လှေမြို့ နံပါတ်သုံး မိသားစုရဲ့ သခင်လေး၊ ပြီးတော့ တိမ်စိမ်းဂိုဏ်း တပည့်တစ်ယောက် ဖြစ်တဲ့ငါကလည်း မင်းထက်နိမ့်ကျတာပဲလား အမှိုက်ကောင်…”
“နှစ်ရက်နေရင် ငါနောက်တစ်ကြိမ် ပြန်လာခဲ့မယ်။ ရှုရို့ရန် ငါ့မိန်းမဖြစ်လာမှာကို စောင့်ကြည့်နေလိုက်။”
“သွားမယ်…”
ကျူးမိသားစုအစေခံတွေက ကို့ရို့ကားယားနှင့် ငွေသေတ္တာကို ပြန်သယ်သွားခဲ့ကြသည်။
ကျူးမိသားစုနေအိမ် ပြန်ရောက်သည့်အခါ…
“ရှန်အာ, သားဘာလို့ လက်ဖွဲ့ပစ္စည်းတွေပြန် ယူလာတာလဲ။”
ကျူးဂျန်ရှန်အမေ ကျန်းယုရိုက အံ့သြစွာနှင့်မေးလိုက်သည်။
ကျူးဂျန်ရှန်က တင်းမာသည့်မျက်နှာထားနှင့် ဖြစ်ပျက်ခဲ့တာ အားလုံးကို ရှင်းပြလိုက်၏။
ကျန်းယုရို သူမသားအတွက် ချက်ချင်းပဲ မခံမရပ်နိုင်ဖြစ်သွားခဲ့သည်။
“မဖြစ်နိုင်တာ…. အခြားသူအရိပ်အောက်မှာ နေရတဲ့ လူတစ်ယောက်က ငါ့သားနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်တာလဲ”
“ရှန်အာ, မစိုးရိမ်ပါနဲ့၊ ဒါက လက်ဖွဲ့ပစ္စည်းလေးပဲမဟုတ်လား…။ အမေ မင်းအတွက် အရာရာကို ကိုယ်တိုင်ပြင်ဆင်ပေးမယ်။”
“ကျူးမိသားစုရဲ့ ကြွယ်ဝမှုနဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် မိဘမဲ့တစ်ယောက်က ငါတို့ကို ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ။”
ချက်ချင်းပဲ သူမက အမိန့်ပေးလိုက်၏။
“ဘဏ္ဍာစိုး ငါ့အတွက် လက်ဆောင်ပစ္စည်း အချို့ပြင်ပေး။ မနက်ဖြန် ငါ ချန်းမိသာစုဆီသွားမယ်။”
“သူတို့ရဲ့ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်က ရဖို့ခက်ခဲတယ်။ ကံကောင်းစွာနဲ့ ငါနဲ့ ချန်းသခင်မတို့က သူငယ်ချင်းဟောင်းကြီးတွေ။ ပုလင်းအနည်းငယ်ဝယ်တာက မခက်ပါဘူး။”
“ရှန်အာ, မနက်ဖြန် အမေနဲ့ ချန်မိသားစုဆီ လိုက်ခဲ့”
ကျူးဂျန်ရှန် ရုတ်ရက် အံ့အားသင့်စွာနှင့် မော့ကြည့်လိုက်သည်။
“ဘာ… ငါတို့အထီးကျန်းလှေမြို့မှာ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ရှိတယ်လား…”
တိမ်စိမ်းဂိုဏ်း၌ ထူးချွန်သည့်တပည့်တွေသာ ထိုအရာကို ရရှိကြ၏။
ကျန်းယုရိုက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်၊ လွန်ခဲ့တဲ့တစ်နေ့ကမှ စရောင်းတာလေ။ ဒါပေမယ့် တစ်နေ့ကို ပုလင်းငါးဆယ်ပဲ ရောင်းတာ။ အဆက်အသွယ်ခိုင်ခိုင်မာမာ မရှိရင်တော့ ဝယ်လို့ရမှာမဟုတ်ဘူး။”
“ဒါကိုသာ ခန်းဝင်ပစ္စည်းအဖြစ်ယူသွားရင် အဲ့ဒီဂျန်ဖန်းဆိုတဲ့ကလေး စကားတောင်ပြောနိုင်တော့မှာ မဟုတ်ဘူး။”
ကျူးဂျန်ရှန် မျက်မှောင်ကြုတ်လိုက်၏။
“ဒါပေမယ့်အမေ, ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်က အဆင့် ၂ ဝိညာဥ်သခင်မှ သန့်စင်နိုင်တာနော်…”
“ငါတို့ အထီးကျန်လှေမြို့ငယ်လေးမှာ အဆင့် ၂ ဝိညာဥ်သခင် ပေါ်ထွက်လာနိုင်လို့လား…”
“ဒါ နောက်ရမဲ့ကိစ္စမဟုတ်ဘူးနော်…”
“ငါ့အထင်အရ မင်းတို့အားလုံး အလိမ်ခံနေပြီ”
အဆင့် ၂ ဝိညာဥ်သခင်တစ်ယောက်၏ ဖြစ်တည်မှု အဘယ်နည်း?....
တိမ်စိမ်းဂိုဏ်းခေါင်းဆောင်တောင် မိုင်နဲ့ချီ ခရီးနှင်ပြီး ဤကဲ့သို့ပုဂ္ဂိုလ်ဆီကို အလည်လာမည်ဖြစ်၏။
အထီးကျန်လှေမြို့လို မြို့ငယ်လေးမှာ မည်သို့ ရှိနိုင်ပါ့မည်နည်း။
သူ့စကားတွေက ကျူးယုရိုကို သံသယဝင်သွားစေခဲ့သည်။
တိမ်စိမ်းဂိုဏ်း၌ အဆင့် ၂ ဝိညာဥ်သခင် ရှိတာကြောင့် သူမသားက ထိုကိစ္စနဲ့ပတ်သက်ပြီး ပိုသိ၏။
ကျူးဂျန်ရှန်က လှောင်ပြောင်လိုက်၏။
“ငါတို့ မနက်ဖြန်မှာ အမှန်တရားကို မြင်တွေ့ရမှာပါ။”