← Chapters

ကြောက်စရာကောင်းသည့်အရာကို သန့်စင်ခြင်း

Vol. 2 Ch. 24

ကြောက်စရာကောင်းသည့်အရာကို သန့်စင်ခြင်း

Vol. 2 Ch. 24

ရှုမိသားစု…

ရှုရို့ရန်က သူမမျက်နှာကို လက်နှစ်ဖက်နှင့် ကိုင်ထားပြီး စိတ်ဓာတ်ကျနေခဲ့၏။

“ဖန်း, ဘာလို့ ငါတို့အတွက် အရာရာက ခက်ခဲနေရတာလဲ”

ပထမဦးစွာ လုကျန်း၏ ချစ်သူကို ခိုးယူသည့်ကိစ္စဖြစ်ပြီး ဂျန်းဖန်း သူ့ကို ခက်ခက်ခဲခဲအနိုင်ယူခဲ့ရ၏။ ထို့နောက် အဆမတန်များသည့် ခန်းဝင်ပစ္စည်းကိစ္စ ဖြစ်၏။

ကံကောင်းစွာနှင့်ပဲ ချန်းစီလင်က ကူညီဖို့ ဆန္ဒရှိခဲ့၏။ သို့ပေမယ့် အလွန်အဆင့်အတန်းမြင့်သည့် ကျူးဂျန်ရှန် ရောက်လာခဲ့ပြန်၏။

သူမနောက်က တိတ်ဆိတ်နေခဲ့၏။ လှည့်ကြည့်လိုက်သည့်အခါ ဂျန်ဖန်းက ပုလင်းထဲမှ စိတ်ဝိညာဥ်အရည်တွေကို လက်ဖက်ရည်ပန်းကန်ထဲသို့ လောင်းထည့်နေသည်အားမြင်လိုက်ရ၏။ သူက သူမကို ထိုအရာအား ကမ်းပေးလိုက်၏။

“သောက်လိုက်…”

ရှုရို့ရန် သံသယဖြစ်သွားခဲ့သည်။

“ဒါက ဘာလဲ….”

“မင်း သောက်လိုက်တဲ့အခါ သိပါလိမ့်မယ်”

ဂျန်ဖန်းပြုံးလိုက်၏။ သူက တစ်ဖက်လှည့်ပြီး ခဲတံတစ်ချောင်းကောက်ကာ တစ်စုံတစ်ခုကို ချရေးလိုက်၏။

ရှုရို့ရန် ခဏစဥ်းစားလိုက်ပြီး အလျှင်အမြန်ပဲ သောက်လိုက်သည်။

ဤကမ္ဘာကြီး၌ လူတိုင်း သူမကို ထိခိုက်အောင်ပြုလုပ်နိုင်၏။ သို့ပေမယ့် ထိုထဲ၌ ဂျန်ဖန်းတော့ မပါပေ။

မမျှော်လင့်စွာနှင့် စိတ်ဝိညာဥ်အရည် သူမဗိုက်ထဲဝင်သွားသည်နှင့် တစ်ပြိုင်နက် ကြမ်းတမ်းစွာလည်ပတ်လာပြီး သူမ မရီဒန်သွေးကြောတွေ နာကျင်လာခဲ့သည်။

“ဖန်း, ဒါကဘာလဲ”

ဂျန်ဖန်းက သူမကို စာရွက်များစွာ ပေးနေတာကို အံ့သြသင့်စွာနှင့် ရှုရို့ရန်မြင်လိုက်ရ၏။

“ဒီကျင့်စဥ်ကို လေ့ကျင့်လိုက်….”

ကျင့်စဥ်နည်းလမ်း?....

ကျင့်စဥ်နည်းလမ်းတွေက ဘယ်လောက်တန်ဖိုးကြီးလဲဆိုတာ ရှုရို့ရန် အသေအချာသိ၏။

ရှုမိသားစု၏ဂုဏ်သတင်းနှင့်တောင် အမည်မသိကျင့်စဥ်နည်းလမ်းသာ ကျင့်ကြံနိုင်၏။ ထိုအရာက အဆင့်နိမ့်တောင်မဟုတ်ပေ။

ဗိုက်ထဲကပြင်းထန်သည့်နာကျင်မှုကို ခံစားမိသည့်အခါ သူမက အချိန်မဖြုန်းတော့ပဲ ခြေချိတ်ထိုင်လိုက်ပြီး ကျင့်စဥ်နည်းလမ်းအတိုင်း လေ့ကျင့်လိုက်၏။

နေ့တစ်ဝက်လောက်ကြာပြီးနောက်…

ရှုတ်တရက် ရှုရို့ရန်၏ သေးသွယ်သည့် ခန္ဓာကိုယ်လေးက တုန်လှုပ်သွားပြီး သန်မာသည့် စိတ်ဝိညာဥ်စွမ်းအင်တွေ ထွက်ပေါ်လာခဲ့သည်။

“ချီကျင့်ကြံခြင်းအဆင့် ၃”

ရှုရို့ရန် မယုံကြည်နိုင်စွာနှင့်ရေရွတ်လိုက်၏။

“ဖန်း, နင်ငါ့ကိုကျင့်ကြံခိုင်းတာ ဘာကြီးလဲ”

ဘာဖြစ်ရအုန်းမည်နည်း… သေချာပေါက် အဝါရောင်အဆင့်မြင့်ကျင့်စဥ် “သန့်စင်လေကျမ်း” ပဲဖြစ်သည်။

သို့ပေမယ့် သူမကို အချိန်တိုအတွင်း အဆင့်ချိုးဖြတ်သွားအောင် ပြုလုပ်ပေးသည့်အရာက အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည် ဖြစ်၏။

“ဒါတွေအားလုံးက ငါ့အဖေ ငါ့အတွက်ချန်ထားခဲ့တာ….”

ဂျန်ဖန်း သူမကို နောက်ထပ် လျိုဝှက်ဆန်းကြယ်သည့်အရည် တစ်ပန်းကန် ထပ်ပေးလိုက်၏။

ရှုရို့ရန် ရုတ်တရက် နားလည်သွားခဲ့သည်။

ဂျန်ဖန်း မကြာသေးခင်ကစ၍ အကြီးအကျယ်ပြောင်းလဲသွားတာ အံ့သြစရာမဟုတ်တော့ပေ။

သူ့ကျင့်ကြံခြင်းက အလျှင်အမြန်တိုးတက်လာပြီး ရုတ်တရက် ပိုက်ဆံတွေအများကြီး ပိုင်ဆိုင်လာ၏။ ထို့ပြင် စွမ်းအားကြီးပုံရသည့် ကျင့်စဥ်နည်းလမ်းတစ်ခုလည်း ပိုင်ဆိုင်ထားသေး၏။

သူမက လက်ဖက်ရည်ပန်းကန်ကို နောက်တစ်ကြိမ်ယူလိုက်ပြီး အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းကို တစ်ကြိုက်တည်းမော့သောက်ပစ်လိုက်၏။ ထို့နောက် ခြေချိတ်ထိုင်ပြီး ဆက်လက်ကျင့်ကြံနေလိုက်၏။

ဂျန်ဖန်းလည်း တစ်ပုလင်းသောက်လိုက်ပြီး သူမဘေးမှာပဲ ထိုင်ကာ ကျင့်ကြံနေလိုက်၏။

နောက်တစ်နေ့ မနက်ခင်း၌…

ရှုရို့ရန်ကျင့်ကြံနေဆဲဖြစ်တာကိုမြင်သည့်အခါ ဂျန်ဖန်းက အသစ်သန့်စင်ထားသည့် ချီကျင့်ကြံခြင်းအရည်တွေကို ထုတ်ပိုးကာ ချန်မိသားစုဆီသို့သွားလိုက်၏။

“စီနီယာ, စောသားပဲ…”

ဆိုင်ရှင်က အိမ်တော်ထဲက ထွက်လာသည့်အခါ ဂျန်ဖန်းကို မြင်ပြီးပြောလိုက်သည်။

“သခင်မလေးက ကုန်လှောင်ရုံကို သန့်ရှင်းရေးလုပ်တာနဲ့ အလုပ်ရှုပ်နေတယ်လေ… ငါချက်ချင်းသွားအကြောင်းကြားလိုက်ပါ့မယ်။ ဧည့်ခန်းမမှာ ခဏလောက် အနားယူပါအုန်း…”

“ဒုက္ခများစရာမလိုပါဘူး။ ငါ့ကို သူမဆီပဲ ခေါ်သွားလိုက်ပါ။”

ထို့နောက် ချန်မိသားစုကုန်လှောင်ရုံရှေ့၌ ဂျန်ဖန်း သေးသွယ်သည့်ခါးလေးနှင့် ချန်းစီလင်ကို မြင်လိုက်ရသည်။ သူမက မြေပြင်ပေါ်မှ ဆေးမြစ်အမျိုးမျိုးကို ဂရုတစိုက်ရေတွက်နေခဲ့သည်။

အပြာရောင်ဝတ်ရုံရှည်နှင့် သူမက ရိုးစင်လှပြီး အလွန်လှသည့်ခံစားချက်ကို ပေးစွမ်းနေခဲ့၏။

သူမ၏ လုံးဝန်းပြည့်တင်းသည့် တင်ပါးက စကတ်ရှည်နှင့်တင်းကြပ်နေပြီး မက်မွန်သီးပုံစံတင်ပါးတစ်စုံက အထင်းသားပေါ်လွင်နေခဲ့သည်။

“သခင်မလေး, စီနီယာရောက်ပါပြီ…”

ဆိုင်ရှင်က အဝေးကနေ လှမ်းပြောလိုက်၏။

ချန်းစီလင်က အလျှင်အမြန်မတ်တပ်ရပ် လိုက်ပြီး တစ်ဖက်လှည့်လိုက်သည်။ သူမက ဂျန်ဖန်း၏ နာမည်ကို ခေါ်လုနီးပါးဖြစ်သွားခဲ့သည်။

ကံကောင်းစွာနှင့် သူမကိုယ်သူမထိန်းထား နိုင်လိုက်ပြီး ပြောလိုက်သည်။

“စီနီယာ, နင်ရောက်လာပြီပဲ…”

ဂျန်ဖန်းက မြေပြင်မှာပြန့်ကျဲနေသည့် ပစ္စည်းတွေကို ကြည့်လိုက်သည်။

“ဒါတွေက ဘာတွေလဲ…”

စိတ်လှုပ်ရှားနေသည့် ချန်းစီလင်၏ မျက်နှာက နီရဲသွားပြီး သူမ၏အသားအရေက မက်မွန်ပန်းပွင့်လာသကဲ့သို့ ဖြစ်နေခဲ့သည်။

“စီနီယာကို အကြောင်းပြန်ပါတယ်။ ဒါတွေက ဒိတ်ကုန်တဲ့ ဆေးပင်တွေနဲ့ ရောင်းမထွက်တဲ့ဆေးပင်တွေပါ။ ဒါတွေကို လွင့်ပစ်တာ ဒါမှမဟုတ် အောက်ဈေးနဲ့ ရောင်းချလို့ပဲရပါတော့တယ်။”

တကယ်လား…

ဂျန်ဖန်း တစ်ချက်ဝှေ့ဝိုက်ကြည့်လိုက်၏။ ဤပစ္စည်းတွေက အနည်းဆုံး ပေါင်းရာချီအလေးချိန်ရှိတာပဲဖြစ်သည်။ အားလုံးက စိတ်ဝိညာဥ်စွမ်းအင်တွေနှင့် ပြည့်နှက်နေသည့် ကောင်းကင်နှင့်မြေကြီး ရတနာတွေဖြစ်ကြ၏။

ထိုအရာတွေကို လွင့်ပစ်ရမှာက အတော်လေး နှမျှောစရာကောင်းလှ၏။

ရုတ်တရက် ဂျန်ဖန်းရဲ့အကြည့်က အိုဟောင်းနေသည့် ကျောက်စိမ်းသေတ္တာ တစ်ခုဆီကို ရောက်သွားခဲ့သည်။ အထဲ၌ မီးကဲ့သို့နီရဲ့သည့် သစ်ရွက်များစွာနှင့် ပဲပိစပ်အရွယ်အသီးတွေရှိသည့် သစ်ကိုင်းတစ်ကိုင်း ရှိနေခဲ့သည်။

“အို…”

ဂျန်ဖန်း ကျောက်စိမ်းသေတ္တာကို ကောက်ယူလိုက်ပြီး ခဏလောက် သေချာစစ်ဆေးလိုက်ပြီး ပြောလိုက်သည်။

“ဒါက တကယ်ပဲ မေ့လျော့ခြင်းမြစ်ပဲပင် ပဲ”

“မင်း တကယ်ပဲ ဒီလိုရတနာမျိုးကို လွင့်ပစ်မလို့လား”

ထိုက်ယင်ဝိညာဥ်နည်းလမ်းထဲ၌ အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ဟုခေါ်သည့် အဆင့်သုံး စိတ်ဝိညာဥ်ဆေးလုံး တစ်မျိုးရှိ၏။

၎င်းက ဆံပင်အဖြူတွေကို ပြန်နက်မှောင်စေပြီး အသားအရည်ကို ပြန်လည်နုပျိုစေ၏။ ထိုအရာက အမျိုးသမီးတွေအတွက် ရတနာတစ်ခုပဲ ဖြစ်သည်။

သို့ပေမယ့်, ၎င်း၏ အဓိကပါဝင်ပစ္စည်း ဖြစ်သည့် မေ့လျော့ခြင်းမြစ်ပဲပင်က အတော်လေးရှားပါးတာပဲဖြစ်သည်။

၎င်းက မေ့လျော့မြစ်လို့ခေါ်သည့် သားရဲတစ်ကောင်၏မျက်ရည်မှ ပေါက်ဖွားလာခြင်းဖြစ်သည်။ ထိုသားရဲက အသက်အရွယ်ကြီးရင့်ချိန်၌ သူ၏ အတိတ်ကို ပြန်လည်အောက်မေ့သတိရပြီး မျက်ရည်တွေကျလာတတ်၏။

မမျှော်လင့်စွာနှင့် ချန်မိသားစု၌ အမှန်တကယ်ပဲ တစ်ပင်ရှိနေခဲ့သည်။

“စီနီယာက ဗဟုသုတကြွယ်ဝတာပဲ၊ မေ့လျော့ခြင်းမြစ်ပဲပင် ကိုတောင်သိတယ်….”

ချန်းစီလင်က ရနံ့သင်းသင်းလေးနှင့်အတူ ချည်းကပ်လာပြီး ရုပ်ဖျက်ထားသည့် ဂျန်ဖန်းကို တောက်ပသည့်မျက်လုံးတွေနှင့် ကြည့်လိုက်၏။ သူမက ညင်သာစွာပြော လိုက်သည်။

“ကျွန်မအဖိုးငယ်ငယ်က ဒါကို တောင်စွန်းတစ်ခုမှာတွေ့ခဲ့တာ။ မရေမတွက်နိုင်တဲ့ ရှေးဟောင်းစာအုပ်တွေကို လေ့လာပြီးမှပဲ ဒါက မေ့လျော့ခြင်းမြစ်ပဲပင်ဆိုတာ သူက သိခဲ့တာ။ ဒါက ဒဏ္ဍာရီလာ အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ရဲ့ အဓိကပါဝင်ပစ္စည်းလေ။”

“ကံမကောင်းစွာနဲ့ ဒါက အဆင့်သုံး စိတ်ဝိညာဥ်ဆေးလုံးဖြစ်နေတယ်။ ဘယ်သူမှ ဒါကို မသန့်စင်နိုင်ကြဘူး။”

အဆင့် ၂ ဝိညာဥ်သခင်တောင် အားကောင်းသည့် တည်ရှိမှုတစ်ခု ဖြစ်နေပြီဖြစ်၏။

ဒဏ္ဍာရီလာ အဆင့် ၃ ဝိညာဥ်သခင်ဆိုရင်တော့ ပြောစရာကို မလိုတော့ပေ။

ထိုကဲ့သို့ပုဂ္ဂိုလ်ကို ချန်မိသားစု မည်သည့်နေရာမှ သွားရှာရမည်နည်း။

“ငါတို့မှာ မေ့လျော့ခြင်းမြစ်ပဲပင်ရှိပေမယ့် ဝိညာဥ်သခင်မရှိဘူးလေ။ ဒါက ဆယ်စုနှစ်အကြာ သိမ်းထားရတဲ့ရတနာတစ်ခုပါပဲ။ ငါက ဒါကို ဈေးပေါပေါနဲ့ ရောင်းဖို့ စီစဥ်ထားတာ။”

ရောင်းဖို့?....

ဂျန်ဖန်း၏ ပါးစပ်က တွန့်လိမ်သွားခဲ့သည်။

‘ဘယ်လိုတောင် ဖြုန်းတီးလိုက်သလဲ…’

“မင်းက ဒါကို ရောင်းမှာဆိုတော့ ငါ့ကို ပေးလိုက်ရင်ကော ဘယ်လိုလဲ။ ငါ ဒါကို အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး အဖြစ်သန့်စင်ပြီး တန်းဖိုးအနေနဲ့ မင်းကို တစ်လုံးပေးမယ်လေ။ ဘယ်လိုသဘောရလဲ….”

ဟမ်?....

ချန်းစီလင် သူမ၏ ကြည်လင်သန့်ရှင်းသည့် မျက်လုံးတွေကို တစ်ဖျတ်ဖျန်ခတ်လိုက်ပြီး သူ့ကို သတိပေးလိုက်သည်။

“စီနီယာ, အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံးက အဆင့် ၃ စိတ်ဝိညာဥ်ဆေးလုံးနော်။ အဆင့် ၃ ဝိညာဥ်သခင်မှပဲ ဒါကို သန့်စင်နိုင်မှာ….”

ဂျန်ဖန်း ပြန်ပြောလိုက်၏။

“ပြဿနာတစ်ခုခုများရှိလို့လား…”

အာ….

ချန်းစီလင်၏ မျက်လုံးတွေက ပြူးကျယ်သွားပြီး သူမနှင်းဆီရောင်နှုတ်ခမ်းတွေကို ကာလိုက်ပြီး အော်ပြောလိုက်၏။

“နင်… နင်က အဆင့် ၃ ဝိညာဥ်သခင်လား”

အဆင့် ၂ နှင့် အဆင့် ၃ က အဆင့်တစ်ခုပဲ ခြားသည်ဆိုပေမယ့် ကမ္ဘာတစ်ခုလောက် ခြားနားတာပဲဖြစ်သည်။

သူတို့ငှားရမ်းထားသည့် အဆင့် ၂ ဝိညာဥ်သခင်ကို တိမ်စိမ်းဂိုဏ်းခေါင်းဆောင်က ရိုသေလေးစားခြင်းကြီးစွာနှင့် ဆက်ဆံရမည်ဖြစ်၏။

သိုပေမယ့် အဆင့် ၃ ဝိညာဥ်သခင်ဆိုရင်တော့ တိမ်စိမ်းဂိုဏ်း ခေါင်းဆောင် လေးလေးစားစား ဒူးထောက်ရမည်ဟု ပြောတာက ချဲ့ကားနေတာမဟုတ်ပေ။

ဂျန်ဖန်းက တကယ်ပဲ အဆင့် ၃ ဝိညာဥ်သခင်လား?....

သူမက ထိုအရာကို ယုံကြည်ဖို့ ခက်ခဲနေခဲ့သည်။

ဂျန်ဖန်းက ပြောလိုက်သည်။

“ငါ ဆေးလုံးသန့်စင်တဲ့အခါ မင်းမြင်ပါလိမ့်မယ်။ ငါ့အတွက် လျို့ဝှက်အခန်းတစ်ခန်း ပြင်ဆင်ပေးအုန်း။”

ချန်းစီလင်အသိပြန်ဝင်လာပြီး အလျှင်အမြန်ပဲ လမ်းပြပေးလိုက်၏။

“ကုန်လှောင်ရုံဘေးနားမှာ တစ်ခန်းရှိတယ်”

ဂျန်ဖန်းခေါင်းညိတ်လိုက်ပြီး သူမကို မနေ့က သန့်စင်ထားသည့် ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ပုလင်း ငါးဆယ် ပေးလိုက်၏။ ထို့နောက် လျို့ဝှက်အခန်းထဲကို လျှောက်ဝင်သွားခဲ့သည်။

သူက သူ့၏ ဝိညာဥ်သခင်အဆင့်ကို အတိအကျ မသိပေ။

သို့ပေမယ့် အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည်ကို သန့်စင်နိုင်ကတည်းက အဆင့် ၂ ဝိညာဥ်သခင်ဖြစ်သည့် သူ့အဖေကို ကျော်လွန်နေပြီပဲဖြစ်သည်။ ဤဆေးလုံးကို သန့်စင်တာက ပြဿနာ မရှိနိုင်ပေ။

စူးစမ်းခြင်စိတ်နှင့်အတူ သူက သန့်စင်ခြင်းလုပ်ငန်းစဥ်ကို စတင်လုပ်ဆောင်လိုက်၏။

တစ်ချိန်တည်းမှာပဲ….

ကျန်းယုရိုနှင့် ကျူးဂျန်ရှန်းတို့က ချန်းမိသားစု ကတော် လျိုချင်းမင်နှင့်အတူ ကုန်လှောင်ရုံကို ရောက်လာခဲ့ကြသည်။

“စီလင်, သခင်လေးကျူးကို နှုတ်ဆက်လိုက်အုန်း…”

လျို့ဝှက်အခန်းဘေးမှာရပ်နေသည့် ချန်းစီလင်က မလှုပ်ရှားပေ။ သို့ပေမယ့် သူမက အဝေးကနေ အရိုအသေပေးလိုက်၏။

ဂျန်ဖန်းကိုနှောင့်ယှက်မိမှာစိုး၍ သူမအသံနှိမ့်ကာ ပြောလိုက်သည်။

“သခင်မကျန်းနဲ့ သခင်လေး ကျူး…. ငါလာလို့မရဘူး။ ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ။”

ထိုအရာကိုမြင်သည့်အခါ လျိုချင်းမင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျူးဂျန်ရှန်က တိမ်စိမ်းဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်ပြီး ဂုဏ်သတင်းကြီးသူတစ်ယောက်ဖြစ်၏။

လူကိုယ်တိုင်အလည်လာတာကို ဘယ်လိုလုပ် ပုံမှန်အတိုင်း ဆက်ဆံလို့ ဖြစ်မည်နည်း။

“စီလင်, မရိုင်းနဲ့…. သခင်းလေးကျူးကို နှုတ်ဆက်တာထက် ဘယ်ကိစ္စက ပိုအရေးကြီးနေလို့လဲ”

ကျူးဂျန်ရှန်က ချန်းစီလင်ကို ဂရုတစိုက်ကြည့်လိုက်၏။ သူမ၏ ချိန်မြိန်လမ်းဆန်းသည့် အသွင်အပြင်ကို မြင်သည့်အခါ သူ့မျက်လုံးတွေက အရောင်တောက်သွားခဲ့သည်။

ရှုရို့ရန်ကဲ့သို့ ရင်သက်ရှုမောဖွယ် မဟုတ်ပေမယ့် သူမကလည်း ငြင်းရက်စရာမရှိသည့် အလှလေးတစ်ယောက်ဖြစ်၏။

သူက ယဥ်ကျေးစွာနှင့်ပြောလိုက်သည်။

“သခင်မလေး ချန်း, မင်းဘာတွေလုပ်နေ တာလဲ”

သူမစောင့်ပေးနေသည့် လျို့ဝှက်အခန်းကို တစ်ချက်ကြည့်ပြီး သူက ခေါင်းစဥ်ရှာလိုက်၏။

တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်ရှေ့၌ ချန်းစီလင်မမောက်မာရဲပေ။ သူမက ရှင်းပြလိုက်သည်။

“သခင်းလေးကျူး, ရိုးရိုးသားသားပြောရရင် အထဲမှာ စီနီယာ ဝိညာဥ်သခင် ဆေးလုံးသန့်စင်နေတာပါ။”

“ကျွန်မ ရှင်နဲ့ စကားမပြောပေးနိုင်တာ ခွင့်လွတ်ပါ။ ငါ စီနီယာကို မနှောင့်ယှက်ရဲဘူး။”

စီနီယာဝိညာဥ်သခင်?....

ကျူးဂျန်ရှန်၏ နှုတ်ခမ်းတွေက ကွေးတက်သွားခဲ့သည်။

“အတော်လေး တိုက်ဆိုင်တာပဲ”

“ကောင်းပြီလေ, ဒီကောင်က ဝိညာဥ်သခင် အတုဆိုတာ ငါဘယ်လိုဖော်ထုတ်မလဲ ဆိုတာ ကြည့်နေလိုက်စမ်းပါ”

“ငါ, ကျူးဂျန်ရှန်ရှေ့မှာ လာလိမ်ရဲသေးတယ်…., ငါမင်းရဲ့ မျက်နှာဖုံးကို ခွာချပြမယ်။”

All Chapters