သူကဝိညာဥ်သခင်အတုပဲ
Vol. 2 Ch. 25
ချန်းစီလင်ရှေ့မှာ ရှိုးပြချင်သည့် ရည်ရွယ်ချက်ဖြင့် ကျူးဂျန်ရှန်က သူ့အိတ်ကပ်ထဲကနေ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းကို ဂရုတစိုက်ထုတ်ယူလိုက်၏။
သူက ကြွားပြောလိုက်၏။
“ဒါက စစ်မှန်တဲ့ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်ပဲ။ ငါ့ကို တိမ်စိမ်းဂိုဏ်းက အဆင့် ၂ ဝိညာဥ်သခင်က ဆုချလိုက်တာ။”
“ဒါက ဒါကိုသောက်ဖို့ နှမျှောနေခဲ့တာ။ ဒါပေမယ့် ဒီနေ့တော့ သခင်မလေးချန်း အလိမ်မခံရဖို့ ငါ ဒါကို သုံးပေးလိုက်မယ်။”
အလိမ်ခံရသည်လား?...
ချန်းစီလင်က အံ့အားသင့်သွားခဲ့သည်။
သူမအမေ လျိုချင်းမင်က စိုးရိမ်စွာနှင့် ရှင်းပြလိုက်သည်။
“စီလင်, သခင်လေးကျူးက အခုလေးတင်ပြောအမေ့ကိုပြောတယ်။ ငါတို့ချန်းမိသားစုနှင့် အလုပ်တွဲလုပ်နေတဲ့ ဝိညာဥ်သခင်က အတုတဲ့။”
“ငါလည်းတွေနေတာ။ အဆင့် ၂ ဝိညာဥ်သခင်က အထီးကျန်လှေမြို့လို နေရာသေးသေးလေးမှာ ဘာလို့နေတာလဲပေါ့…”
“သမီး ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းထုတ်လိုက်ပါ။ အစစ်နဲ့ နှိုင်ယှဥ်ကြည့်လိုက်ရင် အတုလား အစစ်လားဆိုတာ သိရမှာပါ။”
ဂျန်ဖန်းကို သင်္ကာမကင်းဖြစ်နေသည်လား။
ချန်းစီလင် အနည်းငယ် ဒေါသထွက်သွားပြီး ပြောလိုက်သည်။
“သခင်လေးကျူးရဲ့ စေတနာကိုငါနားလည်ပါတယ်။ ဒါပေမယ့် ထိပ်တန်းအတန်းအဆင့် ချီကျင့်ကြံခြင်းအရည်က အတုလားအစစ်လားဆိုတာတော့ ငါခွဲခြားတတ်တယ်။”
သူမက ငယ်ရွယ်ပြီး အတွေ့အကြုံမရှိရင် တောင် ဆိုင်ရှင်က အမှားမပြုလုပ်နိုင်ပေ။
ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ယူလာသည့် စီနီယာကလည်း အမှားပြုလုပ်မည်မဟုတ်ပေ။
ကျူးဂျန်ရှန်၏အသံက ပိုမိုလေးနက်သွားခဲ့သည်။
“သခင်မလေးချန်း, မင်းကမသိသေးလို့… မကြာသေးခင်မှက တိမ်စိမ်းဂိုဏ်းနယ်မြေထဲမှာ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် အတုလုပ်ရောင်းတဲ့ အဖွဲ့တွေပေါ်လာတယ်။”
“ယုံကြည်ရတဲ့ သတင်းတွေအရ, ဒါက သွေးလင်းနို့နန်းတော်ရဲ့ လုပ်ငန်းစုတွေတဲ့။ သူတို့က ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအဆင့် အရည်တွေအများအပြားထုတ်လုပ်ပြီး သိုင်းပညာရှင်တွေဆီက ပိုက်ဆံတွေလိမ်လည်နေကြတယ်။”
“အဲ့ဒီ ချီကျင့်ကြံခြင်းအရည်တွေက အာနိသင်မရှိရုံတင်မဟုတ်ဘူး, အဆိပ်အတောက်တွေတောင်ပါပြီး အများစုဆိုသေကုန်ကြပြီ။”
“မင်းတို့ ချန်မိသားစု အလိမ်ခံရပြီး ချီကျင့်ကြံခြင်းအရည်အတုတွေရောင်းမယ်ဆိုရင် လူများစွာကို ထိခိုက်စေလိမ့်မယ်။ ဒါဆိုမင်းတို့တွေ အကျိုးဆက်ကို တာဝန်ယူနိုင်မှာမဟုတ်ဘူး။”
ထိုအရာကို ကြားသည့်အခါ ချန်းစီလင်၏ နှလုံးသားက အပြင်းအထန်ခုန်ပေါက်သွားခဲ့သည်။
သူမက မထိန်းနိုင်ပဲ အနည်းငယ် ယိုင်ထိုးသွားခဲ့သည်။
ကျူးဂျန်ရှန် ဆက်ပြောလိုက်သည်။
“သခင်မလေးချန်း, အဲ့ဒီ ဝိညာဥ်သခင်အတု လုပ်ထားတဲ့ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းထုတ်လိုက်ပါ။ ပြီးကျရင် ငါ့ဟာနဲ့ ယှဥ်ကြည့်လိုက်ရင် အတုလား အစစ်လား မင်းသိလာမှာပါ။”
ဒါက….
ချန်းစီလင်က သူမ၏ အနီရောင်နှုတ်ခမ်းလေးကို အနည်းငယ်ကိုက်လိုက်သည်။ ထိုအရာက ဂျန်ဖန်းကို သင်္ကာမကင်းဖြစ်နေခြင်း ဖြစ်သည်။
ထိုအရာကို လျိုချင်းမင်ကြားသည့်အခါ သူမမျက်နှာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။ သူမက ဤကိစ္စ၏လေးနက်မှုကိုခံစားမိပြီး ပြောလိုက်သည်။
“စီလင်, သမီးဘာတွေတွေဝေနေတာလဲ”
“သမီးအဖေက အိပ်ယာထဲမှာ အတော်လေးနေမကောင်းဖြစ်နေတာ။ သမီးဘာအမှားမှ လုပ်လို့မရဘူး။”
ချန်းစီလင် အချိန်အနည်းငယ်တွေဝေနေပြီးနောက် အံကြိတ်လိုက်ကာ ခုလေးတင်ရရှိထားသည့် ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းကို ထုတ်ယူလိုက်၏။ ထို့နောက် သူမက ရှေ့သို့လျှေက်လာကာ ပြောလိုက်သည်။
“ငါတို့ ဒါကို ဘယ်လိုနှိုင်းယှဥ်မှာလဲ”
ချန်းစီလင်ဆီမှ ယစ်မူးစေသည့်ရနံ့လေးကို ရှူပြီး ကျူးဂျန်ရှန် မထိန်းနိုင်ပဲ ဂနာမငြိမ်ဖြစ်လာခဲ့သည်။
သူသာ ဝိညာဥ်သခင်အတု၏ မျက်နှာဖုံးကို ခွာချနိုင်ခဲ့လျှင် ထိုအရာက ချန်းမိသားစုတစ်ခုလုံးကို ကယ်တင်လိုက်တာနှင့် အတူတူပဲဖြစ်သည်။
ထို့နောက်, ချန်းစီလင်က သူမကိုယ်သူမ သူ့ဆီသို့ပုံ့အပ်မည်ဆိုလျှင်တောင် ချန်းမိသားစု ဘာမှကန့်ကွက်တော့မည် မဟုတ်ပေ။
သူ့ရင်ထဲက ဂနာမငြိမ်ဖြစ်နေသည့် နတ်ဆိုးမီးတောက်ကို ဖိနှိပ်လိုက်ပြီး ကျူးဂျန်ရှန်က မီးခိုးညိုရောင် အစေ့နှစ်ခုကို ထုတ်ယူလိုက်၏။
“ဒါတွေက စိတ်ဝိညာဥ်ရှာဖွေရေးပန်းမျိုးစေ့တွေပဲ။ သူတို့က စိတ်ဝိညာဥ်စွမ်းအင်နဲ့ပတ်သက်ရင် အရမ်းခံစားလွယ်တယ်။ ထုံးစံအတိုင်း သူတို့ကို ချီကျင့်ကြံခြင်းအရည်တွေကို အဆင့်ခွဲခြားဖို့ အသုံးပြုတယ်။”
“သူတို့ကို ချီကျင့်ကြံခြင်းအရည်ပုလင်းထဲ ထည့်လိုက်ရုံပဲ။ စုပ်ယူတဲ့ စိတ်ဝိညာဥ်စွမ်းအင်အပေါ်အခြေခံပြီး အမြင့်မတူညီတဲ့ အညှောင့်တွေကို ပေါက်လာလိမ့်မယ်။”
“ဒီနည်းနဲ့ ချီကျင့်ကြံခြင်းအရည်ရဲ့ အရည်အသွေးကို ဆုံးဖြတ်နိုင်တယ်။”
ခဏရပ်လိုက်ပီး ကျူးဂျန်ရှန်က ချန်းစီလင်လက်ထဲက ချီကျင့်ကြံခြင်းအရည်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“ဒါပေါ့, ချီကျင့်ကြံခြင်းအရည် အတုဆိုရင်တော့ မျိုးစေ့ လုံးဝတုံ့ပြန်မှာ မဟုတ်ဘူး။”
“သခင်မလေးချန်း နောက်ထပ်မေးစရာ မရှိတော့ဘူးဆိုရင် စလိုက်ကြရအောင်”
ကျူးဂျန်ရှန်က သူ၏ချီကျင့်ကြံခြင်းအရည်ပုလင်းကို ဦးစွာဖွင့်လိုက်၏။ သူက အတော်လေး တွန့်ဆုတ်နေခဲ့သည်။
သူက ထိုအရာကို ကိုယ်တိုင်တောင် မသောက်ရက်ပေ။
သို့ပေမယ့် သူသာ ချန်းမိသားစုကို ကယ်ဆယ်နိုင်ပြီး အလွန်မတန်လှသည့် ချန်းစီလင်ကို ရလျှင် ဤပုလင်းက ထိုက်တန်တာပဲဖြစ်သည်။
သူက အံ့ကြိတ်လိုက်ပြီး ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းလုံးကို မျိုးစေ့ပေါ်သို့ လောင်းချလိုက်၏။
အသက်ရူသုံးရှိုက်စာလောက်ရှိသည့် အချိန်၌….
ထူးဆန်းသည့်မြင်ကွင်းတစ်ခုဖြစ်လာခဲ့သည်။ မျိုးစေ့က ပွဖောင်းလာပြီး အက်ကွဲကာ အညှောင့်ပေါက်လာခဲ့သည်။ ထို့နောက် မျက်စိနှင့်မြင်နိုင်သည့် အရှိန်ဖြင့် ကြီးထွားလာခဲ့သည်။
အသက်ရှုချိန် ၁၀ ရှိုက်စာလောက်ရှိသည့် အခါ ၎င်းက သုံးလက်မလောက်ရှိသည့် စိမ်းစိုတဲ့ အစိမ်းရောင် အညှောင့်လေးတစ်ခုဖြစ်လာခဲ့သည်။
ကျူးဂျန်ရှန်က ပြောလိုက်သည်။
“တစ်လက်မက အဆင့်နိမ့်ချီကျင့်ကြံခြင်း အရည်ကို ကိုယ်စားပြုတယ်။ နှစ်လက်မက အလယ်အလတ်အဆင့်ကို ကိုယ်စားပြုတယ်။ သုံးလက်မကတော့ စစ်မှန်တဲ့ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်ကို ကိုယ်စားပြုတာပေါ့။”
“သခင်မလေးချန်း, မင်းအလှည့်ရောက်ပြီ”
ချန်းစီလင်အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
ထိုအရာသာ အတုဖြစ်နေခဲ့လျှင် သူမ ဘယ်လိုလုပ်ရမည်နည်း။
သူမ ရှုရို့ရန်အတွက် တရားမျှတမှုကို ထိန်းသိမ်းပေးပြီး ဂျန်ဖန်းကို ဖြုတ်ချသင့်လား?....
လျိုချင်းမင် သံသယရှိစွာနှင့် တိုက်တွန်းလိုက်၏။
“စီလင်, သမီးဘာတွေတွေဝေနေတာလဲ”
အကူအညီမဲ့စွာနှင့် ချန်းစီလင် သူမ၏အနီရောင်နှုတ်ခမ်းလေးကို ကိုက်လိုက်၏။ ထို့နောက် တွေဝေစွာနှင့် ချီကျင့်ကြံခြင်းအရည်တွေကို မျိုးစေ့ပေါ်သို့လောင်းချလိုက်၏။
သူမ၏ သလင်းကျောက်ကဲ့သို့ ကြည်လင်သည့် မျက်လုံးတွေက မျိုးစေ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။
စိတ်ထဲ၌ သူမက ထိုအရာအစစ်ဖြစ်ဖို့ တိတ်ဆိတ်စွာ ဆုတောင်းနေခဲ့၏။
ထိုသို့မှမဟုတ်လျှင် ချန်းမိသားစု ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရတော့မည်ပဲ ဖြစ်သည်။
သူတို့က ချင်မိသားစုကို မကျော်တက်နိုင်ရုံသာမက အစောပိုင်းရောင်းခဲ့သည့် ချီကျင့်ကြံခြင်းအရည်အတုတွေအတွက် တန်းဖိုးကြီးကြီး ပြန်ပေးရမည်ဖြစ်၏။
အခြားတစ်ဖက်မှာတော့ ကျူးဂျန်ရှန်က အေးဆေးပေါ့ပါးနေပြီး သူ့နှုတ်ခမ်းပေါ်မှာ အောင်နိုင်သည့်အပြုံးတစ်ခုကို ချိတ်ဆွဲထားခဲ့သည်။
ရိုးရိုးလေးတွေရင်တောင်မှ ထိုပုလင်းက အတုဆိုတာ သိသာလှ၏။
အဆုံးမှာတော့, တိမ်စိမ်းဂိုဏ်းနယ်မြေထဲ၌ အဆင့် ၂ ဝိညာဥ်သခင် တစ်ယောက်သာ ရှိတာပဲဖြစ်သည်။
အသက်ရူချိန် သုံးရှိုက် ကုန်ဆုံးသွားခဲ့သည်။
မျိုးစေ့က လှုပ်ရှားမှုကင်းမဲ့နေဆဲဖြစ်၏။
ချန်းစီလင်၏ နှလုံးသာက အပြင်းအထန် ခုန်ပေါက်နေပြီး အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။ သူမ၏ လှပသည့်မျက်နှာလေးက မြင်နိုင်လောက်အောင်ကို ပြာယာခတ်နေခဲ့သည်။
သူမ အကြောက်ဆုံးအရာက ဖြစ်လာခဲ့ပြီပဲဖြစ်သည်။
ထိုအရာက အတုဖြစ်နေခဲ့၏။
ကျူးဂျန်ရှန်က အနည်းငယ်ပြုံးလိုက်ပြီး ကျေးဇူးရှင်တစ်ယောက်၏ ပုံဖမ်းကာ ပြောလိုက်သည်။
“သခင်မလေးချန်း, ငါအချိန်မီရောက်လာလို့ပေါ့…”
“ချန်းမိသားစုက ဆိုးဆိုးဝါးဝါး နစ်နာသွားတာမရှိဘူးဆိုပေမယ့် ကိုင်တွယ်ရမယ့်အရာလေးတွေတော့ ရှိနေသေးတယ်။”
လျိုချင်းမင်ရဲ့ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး လဲကျလုနီးပါးဖြစ်သွား ခဲ့သည်။ သူမမျက်နှာက ဖြူဖျော့သွားကာ ကျူးဂျန်ရှန်ကို အလျှင်အမြန်ပြောလိုက်သည်။
“သခင်လေးကျူးကို ကျေးဇူးတင်ပါတယ်။ သခင်လေးကျူကြောင့်သာမဟုတ်ရင် ငါတို့ ချန်မိသားစု ကံကြမ္မာဆိုးနဲ့ ကြုံရတော့မှာ။”
“သား အန်တီတို့ချန်းမိသားစုကို အများကြီးကူညီပေးလိုက်တာပဲ။ အန်တီရဲ့ အရိုအသေပေးမှုကို လက်ခံပေးပါ။”
သူမက ဒူးထောက်ဖို့ ပြင်လိုက်၏။
ကျူးဂျန်ရှန်က ယဥ်ကျေးစွာနှင့် သူမကို ကူညီလိုက်ပြီး ပြောလိုက်သည်။
“အန်တီ, မင်းက ယဥ်ကျေးလွန်းနေပါပြီ”
“စီလင်နဲ့ ငါနဲ့က မိတ်ဆွေကောင်းတွေပါ။ သူမ မိသားစုရဲ့ အပြစ်သားတစ်ယောက်ဖြစ်လာမှာကို ငါကြည့်မနေနိုင်ဘူး။ ဒါကြောင့် ငါကူညီရတာပါ။”
လူတိုင်း သူ့စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားလည်တာပဲဖြစ်သည်။
လျိုချင်းမင်လည်း ပျော်ရွင်သွားခဲ့သည်။
သူမသမီးသာ တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်၏ နှစ်သက်မှုကိုရပြီး လက်ထပ်နိုင်ခဲ့လျှင် ထိုအရာက ဖြစ်နိုင်ချေရှိသည့် အကောင်းဆုံးရလဒ်ပဲဖြစ်သည်။
သူမက အလျှင်အမြန်ပြောလိုက်သည်။
“စီလင်, သခင်လေးကျူးကို မြန်မြန်ကျေးဇူးမတင်သေးဘူးလား”
ချန်းစီလင်က ရုတ်တရက်ပြောင်းလဲသွားသည့် အခြေအနေကြောင့် တုန်လှုပ်နေဆဲဖြစ်သည်။ သူမက မှိန်မောတွေဝေစွာနှင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်, သခင်လေးကျူး”
လျိုချင်းမင်က သူတို့ကို တမင်တကာ အောင်သွယ်ပေးပြီး ဆူပူကြိမ်းမောင်းလိုက်၏။
“ဒါက တစ်စုံတစ်ယောက်ကို ကျေးဇူးတင်တဲ့နည်းလမ်းလား…”
သူမက ချန်းစီလင်၏လက်ကို ကိုင်ကာ ကျူးဂျန်ရှန်လက်ထဲသို့ထည့်ပေးလိုက်ပြီး ပြုံးလိုက်သည်။
“ဥယျာဥ်ထဲမှာ သခင်လေးကျူးနဲ့ လမ်းအတူတူလျှောက်လိုက်အုန်း”
ထိုအချိန်မှသာ ချန်းစီလင်က အသိပြန်ဝင်လာပြီး သူမလက်ကို အလျှင်အမြန်ပြန်ဆွဲယူလိုက်ကာ ပြောလိုက်သည်။
“အမေ, နင်ဘာတွေလုပ်နေတာလဲ…”
လျိုချင်းမင်က သာမန်အတိုင်ပဲ တိုက်ရိုက်ပြောလိုက်သည်။
“စီလင်, သခင်လေးကျူးက သမီးအတွက် စစ်မှန်တဲ့ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းကို အဆုံးရှုံးခံခဲ့တာ။ သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေက ရှင်းမနေဘူးလား။”
သူမက ချန်းစီလင်၏လက်ကို နောက်တစ်ကြိမ်ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။
“ဒါ့အပြင်, သခင်လေးကျူးက အမေတို့ ချန်မိသားစု တစ်ခုလုံးကို ကယ်တင်ထားတာ။ အသက်ပေါင်း ဒါဇင်နဲ့ချီတယ်နော်…”
“သမီးလည်း သမီးရဲ့သဘောထားကို ကောင်းကောင်းမွန်မွန် ဖော်ပြသင့်တယ်။”
ချန်းစီလင်က ဆက်လက်ရုန်းကန်နေပေမယ့် ထိုအရာက အလွန်အားနည်းလှ၏။
သူမ ကျူးဂျန်ရှန်ကို လက်ပေးတော့မည့် အချိန်မှာပဲ ရုတ်တရက် သူမမျက်လုံးထောင့်ကနေ တစ်စုံတစ်ခုကို မြင်လိုက်၏။ သူမက လျိုချင်းမင်၏လက်ကို အလျှင်အမြန် လှုပ်ခါကာ အော်ပြောလိုက်၏။
“လှုပ်ရှားပြီ… မျိုးစေ့က လှုပ်ရှားနေပြီ။”