အမျိုးသမီးတွေရူးသွပ်သွားခြင်း
Vol. 2 Ch. 27
ထိုအရာက အဆင့် ၃ စိတ်ဝိညာဥ်ဆေးလုံး သန့်စင်နိုင်သည့် ဝိညာဥ်သခင်တစ်ယောက် ဖြစ်ပြီး သူ့အဆင့်က အဆင့် ၃ လို့ ဆိုလိုတာပဲဖြစ်သည်။
အတော်လေးရှားပါးသည့် အဆင့် ၃ ဝိညာဥ်သခင် တစ်ယောက်….
သူ့ရှေ့၌ တိမ်စိမ်းဂိုဏ်းမှ အဆင့် ၂ ဝိညာဥ်သခင်တောင် အရိုအသေပေးရမည် ဖြစ်ပြီး သူတို့ကိုယ်သူတို့ တပည့်အဖြစ် ပြုမူရမည်ပဲဖြစ်သည်။
ထိုအရာက ကြောက်စရာကောင်းသည့် ပြိုင်ဘက်ကင်းစွမ်းအားကြီးသူ တစ်ယောက်ဖြစ်၏။
သူသာ ဤအခွင့်အရေးကို မဆုပ်ကိုင်လျှင် သိုင်းပညာကမ္ဘာကြီး၏ အနိမ့်ပိုင်းမှာ ထားဝရနေသွားရဖို့ ထိုက်တန်၏။
ဂျန်ဖန်းက သူ့ကို ငုံ့ကြည့်လိုက်ပြီး ထူမခြားနားစွာပြောလိုက်သည်။
“ဘာလဲ…”
ကျူးဂျန်ရှန်၏ နှလုံးသားကအပြင်းအထန် ခုန်ပေါက်သွားပြီး အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်သည်။
“စီနီယာ, ငါက ဝိညာဥ်သခင် လမ်းစဥ်ကို သဘောကျနေခဲ့တာပါ။ စီနီယာသာ ငါ့ကိုတပည့်အဖြစ်လက်ခံရင် ကျူးမိသာစု ပိုင်ဆိုင်မှုအားလုံးကို ပေးဖို့ ဆန္ဒရှိပါတယ်။”
ထိုအရာက ရုတ်တရက်ဆန်သော်လည်း အဆင့် ၃ ဝိညာဥ်သခင်နှင့်တွေ့ရတာဟာ ငွေပုံကြီးကိုဝင်တိုက်မိသလိုပဲဆိုတာ ကျူးဂျန်ရှန်း နားလည်၏။
သူနှင့် စကားတစ်လုံးပြောရဖို့က ဘဝမှာ တစ်ခါသာရသည့်အခွင့်အရေးဖြစ်၏။
သူသာ အလျှင်အမြန်စကားမပြောဘူး ဆိုလျှင် အခွင့်အရေးကို ထာဝရ ဆုံးရှုံးသွားမှာပဲဖြစ်သည်။
ဂျန်ဖန်းက ရယ်လိုက်၏။
ပထမဦးစွာ ထိုကောင်က သူ့မိန်းမကို လုယူဖို့ကြိုးစားခဲ့၏။ ယခုတော့ သူ့တပည့်ဖြစ်ဖို့ ဒူးထောက်နေခဲ့သည်။
သူက တိုက်ရိုက်ပဲပြောလိုက်သည်။
“မင်းက အရည်အချင်းမပြည့်မှီဘူး”
ပြောပြီးနောက် သူက ထွက်ခွာဖို့ပြင်လိုက်၏။
ကျန်းယုရို ပျာယာခတ်သွားကာ ကျူးဂျန်ရှန်ကို ရိုက်ပြီး ကြိမ်းမောင်းလိုက်၏။
“မင်း ရူးနေလား… ကိုယ့်အဆင့်တန်းကို မသိဘူးလား။ ဘယ်လိုတောင် စီနီယာကို တွယ်ကပ်ရဲရတာလဲ။”
အဆင့် ၃ ဝိညာဥ်သခင်က သူတို့၏ ကျူးမိသားစု ချည်းကပ်နိုင်သည့် အရာမဟုတ်ပေ။
တိမ်စိမ်းဂိုဏ်းခေါင်းဆောင်တောင် ဤကဲ့သို့ စွမ်းအားကြီးပုံရိပ်ရှေ့၌ ဒူးထောက်ရမည်ဖြစ်သည်။
တိမ်စိမ်းဂိုဏ်း၏ သာမန်တပည့်တစ်ယောက်က သူ့တပည့် ဖြစ်ချင်နေသည်တဲ့လား။
သူက လူပြက်တစ်ယောက်လို ဖြစ်နေခဲ့၏။
ထို့ပြင် သူက စီနီယာကို ဒေါသထွက်စေပြီး သူတို့၏ အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ရမည့်အခွင့်အရေးကို ထိခိုက်စေတာပဲဖြစ်သည်။
သူမက ကျူးဂျန်ရှန်ကို အလျှင်အမြန် ဆွဲခေါ်လိုက်ပြီး ထပ်ခါထပ်ခါ အရိုအသေပေးပြီး တောင်းပန်လိုက်၏။
“စီနီယာ, တောင်းပန်ပါတယ်။ ကျွန်မသားက ကမ္ဘာကြီးကို တစ်ခါမှ မမြင်ဖူးပါဘူး။ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွတ်ပေးပါ။”
“အလှအပပြန်လည်ထိန်းသိမ်းခြင်း ဆေးလုံးအတွက်တော့ စီနီယာ စဥ်းစားပေးပါအုန်း…”
ချန်းစီလင်လည်း ကျူးဂျန်ရှန်ကို အထင်သေးစွာကြည့်လိုက်သည်။
‘သူက ကိုယ်အခြေအနေကိုယ် မသိဘူးလား။’
‘ပထမဆုံးအကြိမ်တွေ့ဆုံတာကို တပည့်ဖြစ်ချင်နေတယ်’
ထိုအရာက သက်သက်ကြီးအရူးထတာ ဖြစ်၏။
ထို့နောက်သူမက ဂျန်ဖန်းကို ရိုသေလေးစားစွာကြည့်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။
“စီနီယာ, ကျွန်မတို့ ချန်မိသားစုကို မျက်နှာသာအချို့ပေးတဲ့အနေနဲ့ နောက်ထပ် အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး တစ်လုံးလောက် ရောင်းပေးလို့ရမလား….”
“သခင်မကျူးက စီနီယာကျေနပ်လောက်မယ့် ဈေးပေးမယ်လို့ ကျွန်မအာမခံပါတယ်။”
ထိုအရာကိုကြားသည့်အခါ ကျန်းယုရို အလွန်ကျေးဇူးတင်သွားခဲ့သည်။
ထိုစကားလုံးတွေနှင့်တင် သူမ၏ ကျောက်စိမ်းလက်ကောက်က အလကား မဖြစ်တော့ပေ။
အို?....
ဂျန်ဖန်း စဥ်းစားလိုက်၏။
အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး က သူထင်ထားသည့်ထက်တောင် ပို နာမည်ကြီးနေခဲ့သည်။
အထီးကျန်လှေမြို့၏ ထိပ်တန်း အမျိုးသမီးနှစ်ယောက်ဖြစ်သည့် လျိုချင်းမင် နှင့် ကျန်းယုရိုတို့က အတော်လေး စိတ်အားထက်သန်နေခဲ့သည်။
အနည်းငယ်စဥ်းစားပြီးနောက် ဂျန်ဖန်းက အဆင့်နိမ့် အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ကိုထုတ်ယူလိုက်ပြီးပြောလိုက်သည်။
“တကယ်ပဲ တစ်ပုလင်းတော့ရှိပါသေးတယ်….”
“ဒါပေမယ့် ဒါက ဘယ်လောက်တန်လဲ ငါသေချာမသိဘူး။ အရမ်းဈေးများသွားရင် သခင်မကျူး နစ်နာသွားလိမ့်မယ်။ အရမ်းနည်းလွန်းရင်လည်း ငါနစ်နာသွားမှာ။”
“ဒီလိုလုပ်ရအောင်, လေလံပွဲကျင်းပလိုက်မယ်, အမြင့်ဆုံး ဈေးပေးတဲ့သူက ရမှာပဲလေ….”
ပြောပြီးနောက် သူက အလှအပပြန်လည် ထိန်းသိမ်းခြင်းဆေးလုံးကို ချန်းစီလင်ဆီသို့ ပစ်ပေးလိုက်၏။
“ဒီကိစ္စကို မင်းတို့ရဲ့ ချန်းမိသားစုက စီစဥ်ပေးပါအုန်း”
ထိုလုပ်ရပ်က ချန်းစီလင်ကို ထအော်လုနီးပါဖြစ်သွားစေခဲ့သည်။
သူမက ကျောက်စိမ်းပုလင်းကို အလျှင်အမြန် လက်နှစ်ဖက်နှင့် ဖမ်းလိုက်၏။
ဤအရာက အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ဖြစ်၏။
သာမာန်ပစ္စည်းတစ်ခုကဲ့သို့ ပစ်ပေးလိုက်ခြင်းဖြင့် မတော်လို့ ကျကွဲသွားလျှင် ဘယ်လောက်တောင် ဆုံးရှုံးလိုက်မည်နည်း။
သို့ပေမယ့် သူမက အလွန်ကျေးဇူးတင်စွာဖြင့် ချက်ချင်း ပြောလိုက်သည်။
“စိတ်ချပါ စီနီယာ, ကျွန်မ လေလံပွဲကြီးတစ်ခုကို သေချာပေါက် လုပ်လိုက်ပါ့မယ်။”
အဆင့် ၃ စိတ်ဝိညာဥ်ဆေးလုံး…. ထို့ပြင် အလွန်မတန်ရှားပါးသည့် အလှအပပြန်လည်ထိန်းသိမ်းခြင်း ဆေးလုံးလည်းဖြစ်နေသေး၏။
လေလံပွဲစသည်နှင့် အုတ်အော်သောင်းနင်း ဖြစ်သွားမှာပဲဖြစ်သည်။
ဘယ်နည်းနှင့်မဆို အထီးကျန်လှေမြို့၏ ဂုဏ်သရေရှိ အမျိုးသမီးတွေ ဂနာမငြိမ်ဖြစ်လာမည်ဖြစ်၏။
ချန်းစီလင် အလွန်မတန်စိတ်လှုပ်ရှားနေခဲ့သည်။ ထိုအရာက ချန်မိသာစုဂုဏ်သတင်းကို မြှင့်တင်ဖို့ အံ့ဖွယ်အခွင့်အရေးကြီးဖြစ်သည်။
ဂျန်ဖန်းထွက်ခွာသွားပြီးနောက်….
ကျန်းယုရို ညည်းညူလိုက်၏။
“အား…, လေးလံပွဲသာဆိုရင် ဆေးလုံးကို ငါရဖို့ မသေချာတော့ဘူး”
“အဲ့ဒီ မိန်းမအိုကြီးတွေက အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး အတွက် သူတို့ ယောက်ျားတွေနဲ့ သားတွေကိုတောင် ပေးပစ်ကြမယ့်ဟာတွေ။”
ချန်းစီလင် သူမပါးစပ်ကိုကာပြီး တစ်ခစ်ခစ်ရယ်လိုက်သည်။
တစ်ချိန်တည်းမှာပဲ, လျိုချင်းမင်က ကျေနပ်သည့်အမူအရာဖြင့် အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံးကို သောက်လိုက်၏။
လူတိုင်းမျက်စိရှေ့မှာပဲ, သူမ၏ မီးခိုရောင်ဆံပင်တွေက အနက်ရောင်ပြောင်းသွားခဲ့သည်။ မျက်နှာပေါ်က အရေပြားကလည်း မျက်စိနှင့်မြင်နိုင်သည့်အရှိန်ဖြင့် ပြန်လည်ချောမွတ်လာပြီး အသားအရည်လည်း ဖြူစင်နူးညံ့လာခဲ့သည်။
အသက် ၄၀ အရွယ်သူမက အသက် ၃၀ အစောပိုင်း မိန်းမငယ်လေးတစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။
ဘေးနားမှာရပ်နေသည့် ချန်းစီလင်နှင့်ဆိုလျှင် အမေနှင့်သမီးဆိုတာထက် ညီအမတွေနှင့် ပိုတူလာခဲ့သည်။
အသက်ရှူချိုန်အနည်းငယ်အတွင်းမှာပဲ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က မိန်းမပျိုလေးတစ်ယောက်ဖြစ်လာခဲ့သည်။
ဤကဲ့သို့ အံ့ဖွယ်ပြောင်းလဲမှုက ကျန်းယုရိုကို တုန်လှုပ်သွားစေခဲ့သည်။
“ဒါ…ဒါက အလှအပပြန်လည်ထိန်းသိမ်း ခြင်းဆေးလုံးရဲ့ အာနိသင်လား”
သူမ၏အသက်ရှူသံတွေက မြန်ဆန်လာပြီး ကျူးဂျန်ရှန်ကို ဆွဲခေါ်သွားခဲ့သည်။
“သွားရအောင်, ချက်ချင်း အိမ်ပြန်ပြီး ပိုက်ဆံပြင်ထားရမယ်…”
“ဘယ်လောက်ပဲကုန်ကုန်, အဲ့ဒီ ဆေးလုံးကို ငါရအောင်ယူမယ်။”
“ငါရကိုရရမယ်…”
အဓိကအကြောင်းအရာဖြစ်သည့် သူမသားနှင့် ရှုရို့ရန်တို့၏ လက်ထပ်ပွဲကိစ္စအတွက်တော့….
သူမက ထိုကိစ္စကို ကိုးကောင်းကင်အပြင်ဘက်ကို လွင့်ပစ်ထားလိုက်ပြီပဲဖြစ်သည်။
ဂျန်ဖန်း အိမ်ပြန်ရောက်သည့်အချိန်၌…
ရှုရို့ရန်က ရေးကြီးသုတ်ပြာနှင့် သူကို လိုက်ရှာနေခဲ့သည်။
“ဖန်း, ဖန်း, နင်ကြားပြီးပြီလား…., ချန်းမိသားစုက အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး လေးလံပွဲအတွက် ပြင်ဆင်နေတယ်တဲ့။”
သူမ၏မျက်နှာက အံ့အားသင့်မှုတွေနှင့် ပြည့်နှက်သွားခဲ့သည်။
“အထီးကျန်းလှေမြို့ရဲ့ ဂုဏ်သရေရှိအသိုင်းအဝိုင်းတွေ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပြီ။ မြို့သခင်ဇနီးတောင်မှ ဆေးလုံးကို သူရရမယ်ဆိုပြီး ကြွေးကြော်ထားသေးတယ်။”
“အဲ့ကိစ္စကြောင့် သူမနဲ့ မြို့သခင်တို့ အကြီးအကျယ်ငြင်းခုန်ကြသေးတယ်တဲ့”
‘တကယ်လား…’
ဂျန်ဖန်း နှာခေါင်းကို ထိလိုက်သည်။
သူ အိမ်တောင်မရောက်သေးဘူး သတင်းက မြို့တစ်ခုလုံးကို ပျံ့နှံ့နေပြီ ဖြစ်၏။
ထို့ပြင်, အလှအပပြန်လည်ထိန်းသိမ်းခြင်း ဆေးလုံး၏ ပေါ်ထွက်လာမှုကလည်း အမှန်တကယ် ကြီးမားလှ၏။
ရှုရို့ရန်၏ အံ့အားသင့်သည့်အမူအရာကို မြင်သည့်အခါ ဂျန်ဖန်းက အံ့သြစွာနှင့် မေးလိုက်သည်။
“မင်းလည်းလိုချင်လို့လား…”
ရှုရို့ရန်က နဂိုတည်းက ငယ်ရွယ်ပြီး လှပြီးသားဖြစ်၏။ ထိုအရာက သူမသုံးဖို့ မဖြစ်နိုင်ပေ။
“ဘယ်လိုလုပ်ပြီး ငါက ဒါကို မျှော်လင့်ရဲမှာလဲ”
ရှုရို့ရန် ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့သည်။
“ဂုဏ်သရေရှိအသိုင်းအဝိုင်းက လူတွေနဲ့ ငါက ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ။”
“ငါက အဖေ့အတွက် စဥ်းစားပေးရုံပါ။ ဒီနှစ်တွေထဲမှာ သူက သူ့ကိုယ်သူ ရှုမိသားစုအတွက် မြုပ်နှံထားတော့ မြန်မြန်အိုစာလာပြီ။”
ဂျန်ဖန်း အနည်းငယ် ခေါင်းညိတ်လိုက်၏။
လွန်ခဲ့သည့် ၁၀နှစ် သူရှုမိသားစုကို ရောက်သည့်အချိန်ကို ပြန်စဥ်းစားလိုက်သည်။ ထိုအချိန်က ရှုကျန်းယန်ဟာ တောက်ပသည့်မျက်လုံးတွေနှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်၏။
ယခု ၁၀ ကြာပြီးနောက်, မျက်တွင်းခွက်ကာ ပင်ပန်းနွမ်းနယ်နေခဲ့ပြီး ဖြစ်သည်။
ဝမ်ယင်ဖုန်းနှင့် ယှဥ်ရပ်လျှင် သူတို့က အသက်အရွယ်မတူသည့် လူနှစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
“ဒါ ဖြစ်လာမှာပါ….”
ဂျန်ဖန်းက သိလေဟန်ဖြင့် ပြုံးလိုက်သည်။
ရှုရို့ရန် သက်ပြင်းချလိုက်သည်။
“စကားကို လွယ်လွယ်မပြောစမ်းပါနဲ့။ အဲ့ဒီပစ္စည်းက ငါတို့ ထိလို့တောင်ရတဲ့ အရာမဟုတ်ဘူး။”
သူတို့စကားပြောနေစဥ်မှာပဲ…
ရှုကျန်းယန် ထောင့်တစ်ထောင့်မှာ ပေါ်လာပြီး သူတို့ကို လမ်းခေါ်လိုက်၏။
နှစ်ယောက်သားက အံ့သြစွာနှင့် လျှောက်လာကြသည်။
ရှုကျန်းယန်က ဘေးနားမှာ မည်သူမှမရှိတာ အတည်ပြုပြီးနောက် ငွေမှတ်စုထုပ်တစ်ခုကို ဂရုတစိုက်ထုတ်ယူလိုက်၏။”
အကြီးဆုံးတစ်ခုက ငွေပြားတစ်သောင်းရှိပြီး အသေးတစ်ခုက ငွေပြားတစ်ရာရှိတာပဲဖြစ်သည်။
စုစုပေါင်း ငွေပြား တစ်သိန်းရှိတာပဲ ဖြစ်သည်။
သူက ထိုအရာတွေကို ရှုရို့ရန်လက်ထဲသို့ ထည့်ပေးလိုက်သည်။
“အဖေ, ဒါက ဘာလဲ…”
ရှုရို့ရန် အံ့အားသင့်စွာနှင့်မေးလိုက်သည်။
ရှုကျန်းယန်၏မျက်လုံးထဲ၌ အပြစ်ရှိသည့် အရိပ်အယောင်တွေပေါ်လာခဲ့သည်။
“ဒါက ဒီနှစ်တွေအတွင်းမှာ အဖေ ကိုယ်ပိုင်စုထားတာ”
“သမီးလက်ထပ်ပြီးရင် ပေးမလို့ရည်ရွယ်ထားတာ။ ဒါမှ သမီးနဲ့ သမီးယောက်ျားတို့ ကောင်းကောင်းနေလို့ရမှာ”
“အဖေမမျှော်လင့်တာက သမီးအန်တီဝမ် ဒီလောက်များတဲ့ ခန်းဝင်ပစ္စည်းတွေ တောင်းတာပဲ”
“ဒီပိုက်ဆံတွေယူလိုက်၊ မနက်ဖြန်ကျရင် ချန်မိသားစုလေလံပွဲကိုသွားပြီး အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ကိုလေလံဆွဲရီ။”
ရှုကျန်းယန်က သက်ပြင်းချလိုက်၏။
“အခု သမီးဒေါ်လေးဝမ်က ရှုးသွပ်နေပြီ။ သူက အလှအပပြန်လည်ထိန်းသိမ်းခြင်း ဆေးလုံးကို အရယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်။”
“မင်းသာ အဲ့ဒါကို ခန်းဝင်ပစ္စည်းအဖြစ်သုံးရင် သူမသဘောမတူချင်ရင်တောင် ဆေးလုံးအတွက် သဘောတူလိမ့်မယ်။”
ရှုရို့ရန်က ဆွံ့အသွားခဲ့သည်။ အိုဇာနေသည့် ရှုကျန်းယန်ကို ကြည့်ပြီး မျက်ရည်တွေကျလာခဲ့သည်။
ရှုကျန်းယန် သူမကို ဂရုစိုက်မည်ဟု တစ်ခါမှ တွေးမထားခဲ့ဘူးပေ။
သူ့ ညီမ ရှုယင်းရင်းကိုသာ ဂရှုစိုက်တယ်လို့ ထင်ထားခဲ့၏။
“မနက်ဖြန်ကျရင် ရို့ရန်အတူ အဲ့ဒါကို ရအောင်ကြိုးစားပါ။”
“အဆုံးမှာ မင်းရို့ရန်ကို လက်ထပ်နိုင်ဖို့ ငါမျှော်လင့်တယ်။”
ရှုကျန်းယန် ဂျန်းဖန်းပုခုံးကို ပုတ်လိုက်ပြီး သဘောကျသည့်အမူအရာ ပြသလာခဲ့သည်။
စကေားပြောပြီးနောက်, သူက ဘေးပတ်လည်ကိုကြည့်ကာ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
ဂျန်ဖန်း စိတ်ချမ်းသာသွားခဲ့သည်။
“ဒီတော့, သူ့ရင်ထဲမှာ သူ့သမီးအကြီးဆုံး ရှိသေးသားပဲ”
“မိသားစုအကျိုးအတွက် သမီးအငယ်ကို ပိုဂရုစိုက်တာက ဖြစ်သင့်ပါတယ်။”
ဤအနာဂတ်ယောက္ခထီးက လုံးလုံး အသုံးမကျတာတော့မဟုတ်ပေ။
သို့ပေမယ့်….
ရှုရို့ရန်လက်ထဲက ငွေမှတ်စုတွေကိုကြည့်ပြီး ဂျန်ဖန်းနဖူးက အနက်ရောင်မျဥ်းကြောင်းတွေနှင့် ပြည့်နှက်သွားခဲ့သည်။
လေလံဆွဲဖို့ သူ့ကိုယ်ပိုင်ပိုက်ဆံကို သုံးသည်လား?...
ပြောပြလျှင် မည်သူက ယုံမည်နည်း။