ထွက်သွားသင့်တဲ့တစ်ယောက်မင်းပဲ
Vol. 2 Ch. 28
နောက်တစ်နေ့၌….
ဂျန်ဖန်း ရှုရို့ရန်နှင့်အတူ အိမ်မှထွက်လာခဲ့သည်။ သူက အကူအညီမဲ့မှုနှင့် သဘောကျမှု နှစ်မျိုးလုံးကို ခံစားနေရပြီး ရတနာအဆောက်အဦးသို့ရောက်လာခဲ့၏။
ယနေ့၏လေလံပွဲက ရတနာအဆောက်အဦးမှာ ကျင်းပမည် ဖြစ်၏။
သူတို့ရောက်သည်နှင့် လူနှစ်ယောက်က နောက်ကနေ အလျှင်အမြန် လျှောက်လာခဲ့သည်။
ထိုလူနှစ်ယောက်က ဝမ်ယင်ဖုန်းနှင့် ရှုယင်းရင်းတို့ဖြစ်၏။
ဂျန်ဖန်းနှင့် ရှုရို့ရန်ကို မြင်သည့်အခါ ဝမ်ယင်ဖုန်း အတော်လေး အံ့သြသွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“နင်တို့လည်း အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး လေလံလာဆွဲတာလား”
ရှုရို့ရန် အနည်းငယ် အရိုအသေပေးလိုက်ပြီး ခေါင်းညိတ်လိုက်၏။
ဂျန်ဖန်း သူမကို အရှက်ကွဲထားသည့်အတွက် ဝမ်ယင်ဖုန်းက အစာမကြေသေးပဲ လှောင်ပြောင်လိုက်၏။
“နင်က ချန်းစီလင်နဲ့သိတာကြောင့် လေလံဆွဲနိုင်မယ်လို့ထင်နေတာလား”
“မကြာခင် ရှုမိသားစုရဲ့ အစစ်အမှန်ခွန်အားကို နင် မြင်ရမှာပါ။”
ပြောပြီးသည်နှင့် သူမနှင့် ရှုယင်းရင်က ရတနာအဆောက်အဦးထဲသို့ လျှင်မြန်စွာလျှောက်ဝင်သွားခဲ့သည်။
ဂျန်ဖန်း ပေါ့ပေါ့ပါးပါး သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ရို့ရန်, ရှုမိသားစုမှာ သူမလိုလူတစ်ယောက် ရှိတာ ပျက်ဆီးကိန်းပဲ….”
“ရှုမိသားစုက ချင်းမိသားစု အကြွေးပြန်တောင်းတဲ့အခါမှာ မိသားစုအရင်းအမြစ်သုံးဖို့ တွေးတောင်မတွေးခဲ့ကြဘူး။”
“ဒါပေမယ့် သူမအလှအပအတွက်ကျ မိသားစုအရင်းအမြစ်ကို သုံးဖို့ ဆန္ဒရှိတယ်။”
ရှုရို့ရန် နှုတ်ခမ်းစူလိုက်၏။
ဤနှစ်တွေ၌ ရှုကျန်းယန်က လျို့ဝှက်စွာ ငွေစုထားခဲ့ပြီး အရမ်းကာရော သုံးပစ်ဖို့ တွန့်ဆုတ်နေခဲ့သည်။
ဝမ်ယင်ဖုန်းကတော့ သူမအသွင်အပြင်အတွက် မိသားစုငွေတွေကို ကျိုးကြောင်းမစဥ်းစာပဲ သုံးဖြုန်းနေ၏။
သို့ပေမယ့်, ထိုအရာနှင့်ပတ်သက်ပြီး သူမ ဘာတတ်နိုင်မည်နည်း။
“သွားရအောင်, လေလံဆွဲဖို့ ငါတို့ အကောင်းဆုံးလုပ်ကြတာပေါ့”
နှစ်ယောက်သားက ဘေးချင်းယှဥ်ပြီး လျှောက်ဝင်သွားကြသည်။
သူမ၏ ရင်သက်ရှုမောဖွယ်အလှအပက ကြက်တွေကြားမှာ ကြိုးကြာတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ချက်ချင်းပဲ လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
“အမ်… ရို့ရန် မင်းလည်းလာတာလား…”
ထိပ်ဆုံးတန်းမှာထိုင်နေသည့် ကျူးဂျန်ရှန်က ပြုံးလိုက်ပြီး အလျှင်အမြန် ချည်းကပ်လာခဲ့၏။
သူမဘေးက ဂျန်ဖန်းကို မြင်သည့်အခါ, သူ့အမူအရာက ချက်ချင်းပဲ မကြည်မသာဖြစ်သွားခဲ့သည်။
“ဒီလိုနေရာမျိုးက မင်းနဲ့ဆိုင်လို့လား”
“ဒီနေရာမှာ ဘာလုပ်မှာလဲကောသိရဲ့လား။ ဒါက အလှအပပြန်လည်ထိန်းသိမ်းခြင်း ဆေးလုံး လေလံပွဲကွ…”
ဂျန်ဖန်း ခေါင်းခါလိုက်ပြီး စာရေးလိုက်သည်။
“သခင်လေးကျူး သတိမပေးရင် ငါ တကယ်ကို သိမှာမဟုတ်ဘူး”
ပေါ်တင်လှောင်ပြောင်သည့် စာလုံးတွေကို ဖတ်ပြီး ကျူးဂျန်ရှန် ပိုလို့တောင် ဒေါသထွက်သွားခဲ့သည်။
“လေကြီးတဲ့ စောက်ရူးကောင်, မင်းမှာ ငွေလေး ငါးသိန်းတစ်သောင်းရှိပြီး လေလံခန်းမထဲကို ဝင်နိုင်ရုံနဲ့ ငါနဲ့ ရင်ဘောင်တန်းနိုင်ပြီလို့ ထင်နေတာလား”
“ဒီနေရာမှာ စီထားတဲ့ ခုံတွေကို မြင်လား…”
“ဒီနေရာမှာစီထားတဲ့ခုံတွေက အထောက်အထား၊ ဂုဏ်သတင်း၊ နောက်ခံတွေကို ကိုယ်စားပြုတယ်ကွ…”
သူက ယုံကြည်မှုရှိစွာ အော်ပြောလိုက်သည်။
“မင်းကိုယ်မင်းအရှက်ရအောင်လုပ်တာက မင်းအကြောင်းပဲ, ဒါပေမယ့် ရို့ရန်ကို မင်းနဲ့အတူ ဆွဲမချနဲ့”
ပြောပြီးနောက် သူက ရှုရို့ရန်ဘက်လှည့်ကြည့်လိုက်၏။ သူမ၏ အေးစက်စက်အမူအရာတွေကို လျစ်လျူရှုကာ ပြုံးလိုက်၏။
“ရို့ရန်, ကျူးမိသားစုနဲ့ လာထိုင်ပါ”
“ကိုယ့်အမေက မင်းကို တွေ့ချင်နေတာ…”
သူကလက်ကိုဆန့်ထုတ်ပြီး ရှုရို့ရန်ကို လှမ်းဆွဲဖို့တောင် ကြိုးစားလိုက်၏။
ဂျန်ဖန်းက မသိမသာနှင့်သူ့ရှေ့ကိုဝင်ရပ်လိုက်ပြီး သူ၏ညစ်ပတ်သည့်လက်တွေကို တားဆီးလိုက်၏။ ထို့နောက် သူက စာရေးလိုက်၏။
“မလိုပါဘူး, ငါ့ရို့ရန်က မတ်တပ်ရပ်ရတာ ကိုပဲ သဘောကျတာ”
“ဟုတ်တယ်မလား, ရို့ရန်”
ရှုရို့ရန်က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်၏။ သူမက ချစ်ခြင်းမေတ္တာအပြည့်နှင့် ဂျန်ဖန်း၏လက်မောင်းကို ကိုင်လိုက်၏။
ထိုအရာကြောင့် ကျူးဂျန်ရှန် မျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့သည်။
သူက ရှုရို့ရန်ကို သူ့အမျိုးသမီးဟု ယူဆထားခဲ့၏။ အခြားတစ်ယောက် သူမကို ထိတာ သူက မည်သို့ သည်းခံနိုင်မည်နည်း။
ထိုအခိုက်အတန့်၌….
ရတနာအဆောက်အဦး တာဝန်ခံက ဖြတ်လျှောက်လာခဲ့သည်။
(ဆိုင်ရှင် ကို တာဝန်ခံဟု ပြောင်းသုံးပါမည်)
သူက ချက်ချင်းလှမ်းခေါ်လိုက်၏။
“တာဝန်ခံချင်…”
ကျူးမိသားစု၏ သခင်လေးကို မြင်သည့်အခါ တာဝန်ခံချင်က လေးစားစွာ ရိုအသေပေးလိုက်သည်။ ထို့ပြင် သူက တိမ်စိမ်းဂိုဏ်း၏ တပည့်တစ်ယောက်လည်း ဖြစ်သေး၏။
“သခင်လေးကျူး, မင်းရဲ့ကြီးမြတ်မှုက ငါတို့ရဲ့သေးနုတ်တဲ့ ရတနာအဆောက်အဦးကို တောက်ပစေတာပဲ။”
ကျူးဂျန်ရှန်က ခါးမတ်မတ်ဆန့်လိုက်ပြီး ပြောလိုက်သည်။
“ဒီနေ့ ငါ ရတနာအဆောက်အဦးကို ထောက်ပံ့ဖို့လာတာ။ ဒါပေမယ့် ဒီကောင့်ကို ငါကြည့်မရဘူး။ ကျေးဇူးပြုပြီး သူ့ကို မောင်းထုတ်လိုက်ပါ။”
တာဝန်ခံချင် သူညွှန်ပြသည့်လူကိုကြည့် လိုက်ပြီး ကြောင်အသွားခဲ့သည်။
ထိုအရာ ရှုရို့ရန်၏ သတို့သားလောင်း ဂျန်ဖန်းဖြစ်၏။
အခက်တွေ့သွားပြီး သူက ပြောလိုက်သည်။
“သခင်လေးကျူး, မမလေးရှုက အကြီးဆုံးသခင်မလေးရဲ့ သူငယ်ချင်းလေ။ ငါ ဘယ်လိုလုပ် သူ့သတို့သားလောင်းကို မောင်းထုတ်နိုင်မှာလဲ။”
ဘာ?...
သူက အသုံးမကျတဲ့ကောင်ကိုတောင် မောင်းမထုတ်နိုင်ပေ။
ထိုအရာက ကျူးဂျန်ရှန်ကို မျက်နှာပျက်သွားစေခဲ့သည်။ သူက ဒေါသတကြီးပြောလိုက်သည်။
“သူထွက်မသွားရင် ငါထွက်သွားမယ်။”
‘ဒါက…’
ကျူးဂျန်ရှန်ကို မစော်ကားလို၍ တာဝန်ခံချင်က ကပျာကယာ အရိုအသေပေးလိုက်သည်။
“သခင်လေးကျူး, ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။ ငါ အကြီးဆုံးသခင်မလေးကို ချက်ချင်း အကြောင်းကြားပေးပါ့မယ်။”
တာဝန်ခံချင်အလျှင်အမြန်ထွက်ခွာသွားသည့်အခါ ကျူးဂျန်ရှန်က ဂျန်ဖန်းကို စူးစူးဝါးဝါးကြည့်လိုက်သည်။
“ခွေးကောင်, ကျူးမိသားစုအာဏာ ဘာလဲဆိုတာ မင်းကို ပြပေးမယ်။”
“ငါ့ကျူးမိသားစုစွမ်းအားကို စိန်ခေါ်ဖို့ မင်းက ဘာကောင်မှမဟုတ်ဘူးဆိုတာ မကြာခင် မင်းနားလည်လာမှာပါ။”
ရှုရို့ရန် မနေနိုင်ပဲ စိုးရိမ်သည့်အရိပ်အယောင်တွေ ပြသလာခဲ့သည်။
ချန်းစီလင်က သူမအရင်းနှီးဆုံးသူငယ်ချင်း ဖြစ်ပေမယ့် ချန်းမိသားစု၏လုပ်ငန်းကြီးတွေကိုလည်း ကိုင်တွယ်နေရ၏။
ကျူးမိသားစုကဲ့သို့ အင်အားကြီးမိသားစုကို ချန်းစီလင် အလွယ်တကူမစော်ကားနိုင်ပေ။
ခဏကြာပြီးနောက် တာဝန်ခံချင် ပြန်ရောက်လာခဲ့သည်။
သို့ပေမယ့် သူက ဂျန်ဖန်းကို ထူးဆန်းစွာကြည့်လိုက်ပြီး ကျူးဂျန်ရှန်ကို အရိုအသေပေးကာ တွေဝေစွာဖြင့် ပြောလိုက်သည်။
“အကြီးဆုံးသခင်မလေးက သူမသဘောထားကို ပြောလိုက်ပါတယ်။”
ကျူးဂျန်ရှန် လက်နောက်ပစ်ထားပြီး အေးစက်စက်လှောင်ပြောင်လိုက်၏။
“မင်းကြားတယ်မလား ဂျန်ဖန်း, ထွက်သွားလိုက်ပါတော့…”
သို့ပေမယ့် သူကိုအံ့အားသင့်သွားစေပြီး တာဝန်ခံချင်က ပြောလိုက်သည်။
“အကြီးဆုံးသခင်မလေးက သခင်လေးကျူးကို ထွက်သွားခိုင်းလိုက် တဲ့။”
အာ…
ကျူးဂျန်ရှန် ကြောင်အသွားပြီး မယုံကြည်နိုင်စွာနှင့် သူ့ကိုယ်သူညွှန်ပြလိုက်၏။
“ငါကိုလား… မင်းမှားများနေတာလား”
ချန်းစီလင် သူ့ကိုဘယ်လောက်ပဲ မကြိုက်သည်ဖြစ်စေ, သူက ကျူးမိသားစု၏ သခင်လေးဖြစ်နေဆဲ ဖြစ်၏။
သူနှင့် အမှိုက်ကောင်ကြား၌ ချန်းစီလင်က အမှိုက်ကောင်ဘက်က ရပ်တည်လိုက်၏။
သို့ပေမယ့် ကျူးဂျန်ရှန် ပိုလို့တောင် လက်မခံနိုင်ဖြစ်သွားတာက တာဝန်ခံချင်ပြောလိုက်သည့်အရာ ဖြစ်သည်။
“ဒါအပြင်, သခင်မလေးက ပြောလိုက်သေးတယ်, ကျူးမိသားစုထိုင်ခုံ တွေကို သခင်လေးဂျန်ဖန်းနဲ့ မမလေးရှုကို ပေးလိုက်ပါတဲ့။”
ဘာ?...
ကျူးဂျန်ရှန် တုန်လှုပ်သွားခဲ့သည်။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
တာဝန်ခံချင်က အကူအညီမဲ့စွာ ပြောလိုက်သည်။
“အကြီးဆုံးသခင်မလေးက လူကိုယ်တိုင် ညွှန်ကြားလိုက်တာပါ။ ငါ မညာရဲပါဘူး…”
“တစ်ယောက်လာစမ်း, ကျူးမိသားစု ထိုင်ခုံတွေကို ရှင်းလိုက်…”
ရတနာအဆောက်အဦး အလုပ်သမားများစွာက ကျူးမိသားစုအဖွဲ့ဝင်တွေကို ရှေ့ဆုံးတန်းမှ ဖယ်ရှားလိုက်ကြ၏။
ကျန်းယုရို စိတ်ရှုပ်သွားခဲ့သည်။
“တာဝန်ခံချင်, ဒါဘာလုပ်တာလဲ…”
တာဝန်ခံချင်က စိတ်အနှောက်အယှက် ဖြစ်စွာနှင့် အခြေအနေကို ရှင်းပြလိုက်သည်။
ထိုအရာကိုကြားသည့်အခါ ကျန်းယုရို ဂျန်ဖန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ဒီတော့ နင်က ဂျန်ဖန်းပေါ့…., မိန်းမတစ်ယောက်အတွက်နဲ့ ငါ့သားနဲ့ ယှဥ်ပြိုင်ရဲတယ်။”
“အခြားလူကို ဖိနှိပ်ဖို့ ချန်းစီလင်နဲ့ ခင်မင်တာကို အသုံးချတယ်ပေါ့…”
“ကောင်းတယ်, ငါ့စကားတွေကို မှတ်ထား။ မနက်ဖြန်က ခန်းဝင်ပစ္စည်းပေးရမယ့်နေ့ပဲ။ ကျူးမိသားစုထက်သာတဲ့ ခန်းဝင်ပစ္စည်း နင်ဘယ်လိုပေးမလဲဆိုတာ ငါမြင်ချင်သေးတယ်။”
ပြောပြီးနောက်, သူမက ကျူးမိသားစု အဖွဲ့ဝင်တွေကို ဦးဆောင်ကာ နောက်ဆုံးအတန်းသို့ သွားလိုက်၏။ ထိုအရာက အစော်ကားခံရတာပဲဖြစ်သည်။
ဂျန်ဖန်းက ပုခုံးတွန့်လိုက်ပြီး မနာလိုသည့် အကြည့်တွေအောက်မှာပဲ ထိပ်ဆုံးတန်း vip ထိုင်ခုံမှာ ထိုင်လိုက်၏။
ဖြစ်စဥ်တစ်ခုလုံးကို စောင့်ကြည့်နေသည့် ချန်းစီလင်က ခေါင်းခါယမ်းလိုက်သည်။
“ကျူးမိသားစုအတွက် ငါတကယ် စိတ်မကောင်းဘူး”
“နင်းတို့က ဂျန်ဖန်းကိုမှ ပစ်မှတ်ထားတာကို….”
“သူက နင်တို့သားအမိ နတ်ဘုရားတစ်ပါးလို လေးစားနေတဲ့ ပုဂ္ဂိုလ်ပဲ”
ချန်းစီလင် ညင်သာစွာ သက်ပြင်းချလိုက်သည်။
ဧည့်သည်အားလုံးစုံတာကိုမြင်တဲ့အခါ, သူမက အနီရောင်ဝတ်ဆင်ထားသည့် အမျိုးသမီးငယ် ၁၀ ဦးကို စင်မြင့်ပေါ်သို့ ဦးဆောင်ခေါ်လာခဲ့သည်။ တစ်ယောက်ချင်းဆီက အနီရောင်ပိတ်စနှင့် ကာထားသည့် လင်ဗန်းတွေကို သယ်ဆောင်လာကြ၏။
သူမက တောက်ပသည့်အဝတ်အစားကို ဝတ်ဆင်ထားပြီး လှပသည့်မျက်နှာလေးနှင့် ကျက်သရေရှိသည့် အသွင်အပြင်က လူအုပ်ကို ချက်ချင်း ငြိမ်သက်သွားစေခဲ့သည်။
“ဒီနေ့လေလံပွဲကို တက်ရောက်လာတဲ့ ဧည့်သည်တော်အပေါင်းကို ကျေးဇူးတင်ပါတယ်။ အားလုံး အားရုံစိုက်ပေးဖို့နဲ့ ဘာပြဿနာမှ မဖြစ်ဖို့ မေတ္တာရပ်ခံပါတယ်။”
“တောင်းပန်တဲ့အနေနဲ့ ချန်မိသားစုရဲ့ တန်ဖိုးကြီးပစ္စည်း ၉ မျိုးကို ဈေးသက်သက်သာသာနဲ့ လေလံတင် ရောင်းချပေးမှာပါ။”
ဂျန်ဖန်း မနေနိုင်ပဲ ပြုံးလိုက်မိသည်။
အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး အားအမှီပြုပြီး တန်ဖိုးကြီးပစ္စည်းတွေကို ရောင်းချတာပဲဖြစ်သည်။ ထိုအရာကို တောင်းပန်မှုအတွက်လို့တောင် ခေါင်းစဥ်တပ်လိုက်သေး၏။ ချန်းစီလင်က လုပ်ငန်းတွေအတွက် သင့်တော်တယ်ဆိုတာတော့ ဝန်ခံရမည်ပဲ ဖြစ်သည်။
ထို့ကြောင့် ဧည့်သည်တွေက အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံးကို လေလံဆွဲဖို့ စိတ်အားထက်သန်နေပြီး စိတ်ရှည်စွာနှင့် စောင့်ဆိုင်းနေကြပေမယ့် သူမ၏ အပြောတွေအောက်မှာ ဆွဲဆောင်ခံလိုက်ရ၏။
သူက ချန်းစီလင်ကို မလေးစားပဲ မနေနိုင်ပေ။
ချန်းစီလင် ဂျန်ဖန်း၏အကြည့်ကို သတိထားမိပြီး စိတ်ထဲမှာ ပျော်ရွင်သွားခဲ့သည်။
ဂျန်ဖန်း စိတ်ဝင်တစား ကြည့်ရှုနေစဥ်မှာပဲ အသံတစ်ခုက သူ့နားထဲမှာ ပဲ့တင်ထပ်လာခဲ့သည်။
“နင်တို့ နှစ်ယောက် ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာလား….”