← Chapters

ဈေးနည်းသည့်ပစ္စည်းကို လေလံဆွဲခြင်း

Vol. 2 Ch. 29

ဈေးနည်းသည့်ပစ္စည်းကို လေလံဆွဲခြင်း

Vol. 2 Ch. 29

ဂျန်ဖန်း ကို့ရို့ကားယားဖြစ်သွားပြီး သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။

“ငါက သူမရဲ့ လုပ်ငန်းပါရမီကို လေးစားရုံပါပဲ၊ အခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး။”

ရှုရို့ရန် မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

“ငါ နင့်ကို ယုံပါတယ်။”

“ငါမသင်္ကာတာက ချန်းစီလင်ပဲ။ သူမကြည့်ရတာ နင့်ကို အတော်ကြိုက်နေတဲ့ပုံပဲ။”

ဂျန်ဖန်းအတွက်နှင့် သူမက ကျူးမိသားစုကို နှင်ထုတ်ခဲ့၏။

ချန်းစီလင်က အတိအကျဘာဖြစ်ချင်နေသနည်း။ သူမက ဂျန်ဖန်းအတွက် ဤကဲ့သို့ အတိုင်းအတာအထိ သွားဖို့တောင် ဆန္ဒရှိ၏။

ဂျန်ဖန်း အပြစ်ရှိသလို ခံစားလိုက်ရပြီး ပြောလိုက်သည်။

“ငါလည်းနားမလည်တော့ဘူး…”

ရှုရို့ရန် ဂျန်ဖန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“သူက နင့်ကို ဘာကြည့်ကြိုက်တာလဲ မသိဘူး။”

“သူမရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ဆိုရင် ရူးရူးမိုက်မိုက်တော့လုပ်မှာမဟုတ်ဘူး။ အနာဂတ်ယောက်ျားတစ်ယောက် ရွေးတဲ့ သူမစံနှုန်းတွေက အတော်လေးမြင့်တယ်။”

“သူ နင့်ကို ဒီလောက်ကြီးထိ ကြိုက်လိမ့်မယ် မျှော်လင့်မထားဘူး။”

ဂျန်ဖန်း နှုတ်ခမ်းတွေ တွန့်လိမ်သွားခဲ့သည်။

ထို့အရင်က သူမ လူတွေကို ဒေါက်ဖြုတ်တတ်မှန်း သူမသိခဲ့ပေ။ သူမက ဒီတစ်လျှောက်လုံး ကြမ်းတမ်းတဲ့ တစ်လုံးတောင် မပြောဖူးပေ။

ချန်းစီလင်အမှာစကားပြောပြီးနောက် ပထမလင်ဗန်းမှ အနီရောင်ပိတ်စကို ဖယ်ရှားလိုက်၏။ ထို့နောက် လူတစ်ယောက်၏ သက်တန်းကို ဆွဲဆန့်ပေးနိုင်သည့် စိတ်ဝိညာဥ်မြက်တစ်ခု ပေါ်လာခဲ့သည်။

ထိုအရာက ဈေးကွက်ထဲ၌ အတော်လေး ရှားပါးလှ၏။

ဂျန်ဖန်း နောက်ဆုံးမှာတော့ ချမ်းသာသည့် အမျိုးသမီးဆိုတာကို နားလည်သွားခဲ့သည်။

ထိုအရာ၏တန်ဖိုးက ငွေပြားတစ်သောင်း လောက်ပဲတန်သော်လည်း သူတို့အဆင့်အတန်းအတွက် ဈေးနှုန်းကို ဂရုမစိုက်ပဲ အပြင်းအထန်ပြိုင်ဆိုင်နေကြ၏။

နောက်ဆုံးမှာတော့, ထိုအရာက ငွေပြား ငါးသောင်းနှင့် ရောင်းထွက်သွားခဲ့သည်။

ချန်းစီလင် အလွန်ပျော်ရွင်သွားပြီး ဂျန်ဖန်းကို နောက်တစ်ကြိမ်ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ကြောင့်သာမဟုတ်လျှင် လေလံပွဲတစ်ခုမှာ ဤလောက်များသည့်ချမ်းသာသည့်အမျိုးသမီးတွေ စုနေဖို့ မဖြစ်နိုင်ပေ။

သာမာန်စိတ်ဝိညာဥ်မြက်တစ်ပင်ကို ငွေပြားငါးသောင်းနှင့် တစ်ခါမှ ဈေးမရပေ။

ထို့နောက် ချန်းစီလင်က ဆက်တိုက်ဆိုသလိုပဲ အတော်လေးရှားပါးသည့် ပစ္စည်းတွေကို ရောင်းခဲ့၏။

သူမက အလွန်လိမ္မာပါးနပ်တာပဲဖြစ်သည်။ အမျိုးသမီတွေလိုအပ်သည့် မျက်နှာချေ၊ အသားဖြူဆေးလုံး၊ စတာတွေကို ရောင်းချခဲ့သည်။

ထို့ပြင် သက်ကြီးပိုင်း၊ သက်လတ်ပိုင်း၊ ကလေးတွေ လိုအပ်သည့် သက်တန်းဆွဲဆန့်ခြင်းစိတ်ဝိညာဥ်မြက်၊ ကျောက်ကပ်အာကောင်းဆေး၊ စိတ်ဝိညာဥ်အရည် စသည့် ပစ္စည်းများစွာကိုလည်း ပြင်ဆင်ထားခဲ့သည်။

ချမ်းသာသည့်အမျိုးသမီးတွေကလည်း ဝယ်ယူကြတာပဲဖြစ်သည်။

အကြောင်းပြချက်ကတော့ ရိုးရှင်းလှ၏။

သူတို့မိသားစုဝင်တွေကို ငြိမ်ဆေးကျွေးထားမှသာ အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံးကို လွတ်လွတ်လပ်လပ် လေလံဆွဲနိုင်မှာပဲဖြစ်သည်။

ထို့ကြောင့် ၈ခုမြောက်ပစ္စည်းရောင်းချပြီး သည့်နောက်မှာ ချန်းစီလင် အသားတင်အနေနဲ့ ငွေပြားငါးသိန်း ရရှိခဲ့၏။

ထိုအရာက ချန်းမိသားစု ယခင်နှစ်ဝင်ငွေနှင့် ညီမျှပြီး သူမက အတော်လေး အားရကျနပ်နေခဲ့သည်။

ဤလေလံပွဲက ချန်းမိသားစုဂုဏ်သတင်း ကို မြှင့်တက်စေရုံသာမက အကျိုးအမြတ်လည်းများလှ၏။

သို့ပေမယ့် သူမက ဘယ်အချိန်မှာရပ် ရမည်ကိုလည်း ကောင်းကောင်းသိ၏။

နောက်ဆုံးလင်ဗန်းပိတ်စကို ဖယ်ရှားလိုက်သည့်အခါ အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေး ပုလင်းက ပေါ်ထွက်လာခဲ့သည်။ ထိုအရာကြောင့် မြို့ထဲက ဂုဏ်သရေရှိအမျိုးသမီးအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

ချန်းစီလင်မျက်လုံးတွေ အရောင်လက်သွားပြီး ပြောလိုက်သည်။

“ဒီပုလင်းကတော့ အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ပဲ။ ကျွန်မအများကြီး ပြောမနေတော့ဘူး။”

“လူတိုင်းကို ကျွန်မအမေကပဲ ရှင်းပြပေးပါလိမ့်မယ်။”

တောက်ပသည့်အနီရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် လျိုချင်းမင်က မိတ်ကပ်နည်းနည်းလိမ်းထားပြီး ရိုးစင်းသည့် ကျောက်မျက်ရတနာတွေကို ဆင်မြန်းထားခဲ့သည်။ သူမက နောက်တစ်ဖန်ပြန်ငယ်သွားပုံရပြီး အသက် ၂၀ ဝန်းကျင် မိန်းမငယ်လေး တစ်ယောက်ကဲ့သို့ဖြစ်နေခဲ့သည်။

သူမ အသွင်အပြင်က ဂုဏ်သရေရှိအမျိုးသမီးတွေကို တုန်လှုပ်သွားစေခဲ့သည်။

“သူမက ချန်သခင်မလား?... မဖြစ်နိုင်တာ, လွန်ခဲ့တဲ့ရက်ကတောင် သူမကို မြင်လိုက်ပါသေးတယ်။ ဒီလိုပုံမဟုတ်ပါဘူး။”

“သူမက လျိုချင်းမင်…., မင်းအမြင်မှားတာပဲ နေမှာ။”

“ဘုရားရေ, သူက အနှစ် ၂၀ လောက် ငယ်သွားတာပဲ”

ကျန်းယုရို ပြောလိုက်သည်။

လျိုချင်းမင်၏ ပြောင်းလဲမှုကို ပထမဆုံး မြင်ဖူးတာတောင်မှ မမှတ်မိလုနီပါး ဖြစ်သွားခဲ့သည်။

သူမက ပိုလို့တောင် မနာလိုဖြစ်သွားပြီး အော်ပြောလိုက်သည်။

“မိတ်ဆက်နေစရာမလိုတော့ဘူး။ ငွေပြား နှစ်သိန်း…. ငါဝယ်မယ်။”

ဘာ?....

ငွေးပြားနှစ်သိန်းနှင့် စတင်သည်လား….

ဝမ်ယင်ဖုန်း တုန်လှုပ်သွားခဲ့သည်။ သူမက ငွေပြားသုံးသိန်းသာ ပြင်ဆင်လာခဲ့၏။ သူမ ကံကောင်းလျှင် ရနိုင်မယ်လို့ ထင်ထားခဲ့၏။

အံကြိတ်လိုက်ပြီး လေလံဆွဲဖို့ကြိုးစား လိုက်၏။

“သုံး….”

သူမ မပြောရသေးခင်မှာပဲ, အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ငွေပြားလေးသိန်း…”

ထိုအရာက မြို့သခင်ကတော်ဖြစ်၏။

သူမက လျိုချင်းမင်ကို ကြည့်ပြီး အားပါးတရ ဈေးခေါ်လိုက်၏။ ထို့နောက် အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ကိုကြည့်ပြီး မျက်လုံးတွေက တောက်လောင်လာခဲ့သည်။

“ငါးသိန်း…”

အခြားထင်ရှားသည့်မိသားစုမှ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်က တွေဝေမနေပဲ ဈေးပေးလိုက်၏။

“ခြောက်သိန်း…”

“ခုနှစ်သိန်း….”

“ရှစ်သိန်း….”

ချန်းစီလင် ပါးစပ်အဟောင်းသားဖြစ်နေပြီး တီးတိုးရေရွတ်လိုက်၏။

“ဒါက ရူးချင်စရာပဲ…”

သူမက လုံးဝကို နားမလည်နိုင်ဖြစ်နေခဲ့သည်။ အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး က ဘယ်လိုတောင် ထိုမျှလောက် ဆွဲဆောင်မှုကြီးလွန်းရသနည်း။

ဝမ်ယင်ဖုန်း၏ မျက်လုံးတွေက ပြူးကျယ်နေပြီး သူမ၏ ငွေသုံးသိန်းလေးကို ကိုင်ထားပြီး အလွန်ခါးသီးစွာ ခံစားလိုက်ရ၏။

သူမက အလှအပပြန်လည်ထိန်းသိမ်းခြင်း ဆေးလုံး၏ ဆွဲဆောင်နိုင်မှုကို လျှော့တွက်ထားခဲ့သည်။

“ဆယ်သိန်း…”

ကျန်းယုရိုက တုန်လှုပ်ဖွယ်ဈေးကို အော်ပြောလိုက်၏။

သူမဘေးက ကျူးဂျန်ရှန် အံ့သြတုန်လှုပ်သွားပြီး ကပျာကယာ ပြောလိုက်သည်။

“အမေ, နင်ရူးသွားပြီလား….”

ငွေပြား ဆယ်သိန်း, ကျူးမိသားစုတောင် ဤပမာဏကို မတတ်နိုင်ပေ။

အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး အတွက် ထိုအမျှလောက်သုံးပစ်တာက ဆုံးရှုံးမှုကြီးလှ၏။

“ပါးစပ်ပိတ်ထားစမ်း….”

ကျန်းယုရို၏ မျက်လုံးတွေက စိတ်အားထက်သန်မှုတွေနှင့် ပြည့်နှက်နေပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။

“နောက်ထပ်ဈေးပေးမယ့်သူရှိသေးလား…”

ငွေပြားဆယ်သိန်းက အရမ်းများသွားပြီးဖြစ်၏။ မြို့သခင်ဇနီးတောင် ပြန်လည်ချင့်ချိန်နေခဲ့ပြီး တွန့်ဆုတ်စွာနှင့် လက်လျော့လိုက်၏။

အခြား ချမ်းသာသည့်အမျိုးသမီးတွေအားလုံးလည်း အံ့ကြိတ်နေကြပြီး နာကျင်စွာနှင့် လက်လျော့လိုက်ကြ၏။

“၁၁ သိန်း, သခင်လေးဂျန်က ၁၁ သိန်း ပါတဲ့…”

ထိုအခိုက်အတန့်၌ ရှေ့ဆုံးတန်းမှာ ထိုင်နေသည့် ဂျန်ဖန်းက အမူအရာကင်းမဲ့စွာနှင့် လက်မြောက်လိုက်၏။

အဆုံးမှာတော့ အလှအပပြန်လည် ထိန်းသိမ်းခြင်းဆေးလုံးက သူ့ဟာဖြစ်၏။

ဈေးဘယ်လောက်ကြီးကြီး ကိစ္စမရှိပေ။ အဆိုးဆုံးအနေဖြင့် မည်သူမ မယှဥ်ပြိုင်တော့လျှင် ဆေးလုံးက သူ့ဆီကိုပဲ ပြန်ရောက်လာမည်ဖြစ်၏။

ကျူးဂျန်ရှန်က ဂျန်ဖန်းလေလံဆွဲတာကို ကြားသည့်အခါ ဒေါသတကြီး အော်ပြောလိုက်၏။

“ဒီနေရာမှာ လာအော်နေရအောင် မင်းမှာ ပိုက်ဆံရှိလို့လား….”

ချန်းစီလင်မျက်မှောင်ကြုတ်လိုက်ပြီး ဂျန်ဖန်းကိုယ်စားပြောလိုက်၏။

“ဧည့်သည်မှာ ပိုက်ဆံရှိမရှိ ငါတို့ ရတနာ အဆောက်အဦးက နောက်မှ စစ်ဆေးမယ်။”

“လေလံပွဲကို နှောက်ယှက်တဲ့လူတွေအတွက်တော့ ငါတို့ ရတနာအဆောက်အဦးက ခွင့်လွတ်မှာမဟုတ်ဘူး။”

“ဒီနှစ်တွေတစ်လျှောက်မှာ ဘယ်သူမှ ရတနာအဆောက်အဦးမှာ ပြဿနာမရှာရဲဘူး။”

ဂုဏ်သရေရှိအမျိုးသမီးတွေလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြ၏။

ဤအနေအထားရှိသည့် လေလံပွဲကြီး၌ ပြဿနာရှာတာက သေခြင်းတရားကို ရှာဖွေတာနှင့် အတူတူပဲဖြစ်သည်။

ချန်းစီလင် ဆက်လက်ပြောလိုက်သည်။

“၁၁ သိန်း တစ်ကြိမ်….”

“၁၂ သိန်း…”

ကျန်းယုရိုက ဂျန်ဖန်းကိုစိုက်ကြည့်ပြီး အံ့ကြိတ်လိုက်၏။

ငွေ ၁၂ သိန်းက ကျူးမိသားစုအတွက် အတော်လေး ခက်ခဲနေပြီဖြစ်၏။

ထိုငွေပမာဏကိုရဖို့ အချို့ပစ္စည်းတွေကို ရောင်းချရမည်ပဲဖြစ်သည်။

“၁၃ သိန်း…, သခင်လေးဂျန်က ၁၃ သိန်း ပါတဲ့….”

ချန်းစီလင်က ဂျန်ဖန်းလက်မြောက်တာကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။

ကျန်းယုရို ဒေါသထွက်လာခဲ့သည်။ ထိုကောင်က သူမကို လိုက်နှောက်ယှက်နေခြင်းဖြစ်၏။

သူမက လက်လျော့ဖို့ စဥ်စားလိုက်ပေးမယ့် လျိုချင်းမင်၏ ပြောင်းလဲမှုကိုတွေးပြီး သူမဆုံးဖြတ်ချက်က တဖန်ခက်ထန်လာခဲ့သည်။

“၁၄ သိန်း….”

“နင် ဈေးထပ်ပေးအုန်းမှာဆိုရင် ငါနင့်ကို ပေးလိုက်မယ်….”

ဂျန်ဖန်း နှုတ်ခမ်းတွန့်လိုက်ပြီး ဈေးပေးတာကို ရပ်တန့်လိုက်၏။

သူမှာလည်း ငွေ ၁၃ သိန်းပဲ ရှိတာဖြစ်သည်။

ကျူးဂျန်ရှန် မြေပြင်ဖင်ထိုင်ကျသွားပြီး သူ့မျက်နှာက နက်မှောင်နေခဲ့၏။

“ငွေပြား ၁၄ သိန်း…”

ထိုဆေးလုံးက ငွေပြား ၁၄ သိန်း ကုန်ကျမည်ဟု အိမ်မက်တောင် မမက်ဖူးပေ။

ထိုအရာကြောင့် ကျူးမိသားစု ဘဏ္ဍာရေး ထိခိုက်သွားပြီးဖြစ်၏။

ငွေပြား ၁၀ သိန်းကကို အကန့်အသတ်ကို ရောက်ရှိနေပြီဖြစ်သည်။ အပို ငွေ လေးသိန်းက ကျူးမိသားစုကို ပျက်စီးလုနီးပါးပဲ ဖြစ်သည်။

ထို့ပြင် ထိုငွေ လေးသိန်းက ဂျန်ဖန်း၏ ဖျက်လိုဖျက်ဆီးလေလံဆွဲမှုကြောင့် ဖြစ်သည်။

ချန်းစီလင် အလွန်ပျော်ရွင်သွားပြီး ချက်ချင်းပဲ ကျူးမိသားစုနှင့် ပစ္စည်းခြင်း လဲလှယ်လိုက်၏။

သို့ပေမယ့် လေလံပွဲက မပြီးဆုံးသေးပေ။

ချန်းစီလင်က နောက်ဆုံးအနီရောင်ပိတ်စကို ဖယ်ရှားလိုက်သည့်အခါ ၃ ပေရှည်ပြီး လူတစ်ယောက်လက်မောင်းလောက်ရှိသည့် သစ်သားအပိုင်းအစတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအရာက ကိုယ်ထည်တစ်ခုလုံး မဲတူးနေပြီး မိုးကြိုး အမှတ်အသားတွေရှိနေခဲ့၏။

လူအများစုက ထိုအရာကို မှတ်မိလိုက်ကြ၏။

“မိုးကြိုသစ်သား…, ဒါကို လေလံပစ္စည်း အဖြစ်သုံးလို့ရလို့လား။”

ဂုဏ်သရေရှိအမျိုးသမီး တစ်ယောက်က မေးလိုက်သည်။

မိုးကြိုးသစ်သားက မိုးကြိုးပစ်ခံရပြီးနောက် ကျန်ရှိနေသည့် မီးသွေးတုံးတစ်ခုဖြစ်၏။ ထိုအရာက တန်ဖိုးအချို့ရှိပေမယ့် အရမ်းကြီးတော့ မမြင့်ပေ။

ဈေးကွက်ထဲမှာလည်း မရှားပါးပဲ အလွယ်တကူဝယ်ယူလို့ရတာဖြစ်သည်။

ချန်းစီလင် ပြောလိုက်သည်။

“ဂုဏ်သရေရှိ ဧည်သည်တို့, ဒါကို နောက်ဆုံးမှထားရတာ စီလင်မှာ အကြောင်းရှိပါတယ်။”

“ငါ့အဘိုးက အသက်ရှိနေတဲ့ ဧရာမ သစ်ပင်ကြီးကို မြင်တွေ့ခဲ့ဖူးတယ်။ အဲ့သစ်ပင်ကြီးက ဖြတ်သွားဖြတ်လာတွေကို ဖမ်းဆီးပြီး သူတို့ရဲ့ သွေးတွေကို စုပ်ယူတယ်တဲ့။”

“နောက်တော့ အရောင်စုံရှိတဲ့ ကောင်းကင်မိုးကြိုးတစ်စင်း ပစ်ချခံရပြီး ဒီအပိုင်းအစလေးပဲ ကျန်တော့တာ။”

“ဒါက သာမာန်မိုးကြိုးသစ်သားတွေနဲ့ မတူတာကတော့ အတိအကျပဲ။ ငါ့အဘိုးက ဒါကို နှစ်ပေါင်းများစွာလေ့လာခဲ့ပေမယ့် ဘာမှရှာမတွေ့ခဲ့ဘူး။”

“ဧည့်သည်တော်တို့နဲ့ ရေစက်ရှိတယ်လို့ ထင်ရင် ဝယ်ပြီး ဆက်လက်လေ့လာလိုက်ပါ။”

ထိုအရာကို ကြားသည့်အခါ, ဂုဏ်သရေရှိ အမျိုးသမီးအများစု ထရပ်ကာ ထွက်ခွာသွားကြသည်။ သူတို့က ထိုအရာကို စိတ်မဝင်စားပေ။

ချက်ချင်းဆိုသလိုပဲ, လူတစ်ဝက်ကျော် လောက် ထွက်ခွာသွားကြပြီပဲဖြစ်သည်။

ချန်းစီလင် ခါးသီးစွာပြုံးလိုက်၏။ ကြည့်ရတာ ဤမိုးကြိုးအပိုင်းအစကို လိုချင်သည့်လူ မရှိပေ။

“ငါ့ သတို့သားလောင်းက တစ်သိန်းနဲ့ လေလံဆွဲတယ်…”

ထိုအချိန်၌ ရှုရို့ရန်က တွန့်ဆုတ်စွာနှင့် ပြောလိုက်သည်။

သူမဘေး၌ ဂျန်ဖန်းက ငွေပြားတစ်သိန်းတန် ဘုတ်ပြားကို မြောက်ထားခဲ့သည်။ သူမျက်လုံးတွေက မိုးကြိုးသစ်သားကို စိုက်ကြည့်နေပြီး အရောင်တောက်ပနေခဲ့သည်။

သူက ထိုအရာကို ယုံကြည်ဖို့ခက်ခဲနေခဲ့ သည်။

ထိုက်ယင်ဝိညာဥ်ကျမ်းထဲ၌ ဖော်ပြထားသည့် မိုးကြိုးစိတ်ဝိညာဥ်သစ်သားက အမှန်တကယ်တည်ရှိနေ၏။

All Chapters