သစ်ပင်အနှစ်သာရ
Vol. 2 Ch. 30
ဟမ်….
ဂုဏ်သရေရှိအမျိုးသမီးတွေ ကြောင်အသွားကြသည်။
“ဒါကို ဝယ်ချင်တဲ့ စောက်ရူးကလည်း ရှိသေး။ ပြီးတော့ ငွေတစ်သိန်းနဲ့တောင် ဈေးခေါ်လိုက်သေးတယ်။”
“ဒါက သာမာန်မိုးကြိုးသစ်သား တစ်ခုပါပဲ”
“ငယ်ရွယ်လွန်းတယ်…. ချန်းစီလင်က လုပ်ငန်းရှင်တစ်ယောက်လေ၊ သူမ သက်သေမရှိတဲ့ ပုံပြင်တွေ ပြောတာကို ယုံနေတယ်။”
ဂျန်ဖန်းဆိုသည့်အသံကြားသည့်အခါ ကျူးဂျန်ရှန် ချက်ချင်း ဒေါသထွက်လာခဲ့သည်။ သူက လေလံဆွဲဖို့ ပြင်လိုက်၏။
ဂျန်ဖန်းကြောင့် ကျူးမိသားစု ငွေ ၄ သိန်း အပိုပေးလိုက်ရ၏။ သူက ဂျန်ဖန်းကို လက်စားပြန်ချေလို၏။
သို့ပေမယ့် ဂျန်ဖန်းက သူ့ကို အနည်းငယ် ပြုံးပြီးကြည့်နေတာကို သတိထားမိလိုက်ပြီး ကျူးဂျန်ရှန် ရုတ်တရက်နားလည်သွားခဲ့သည်။
“ဒီလူယုတ်မာကောင်ကတော့, ကျူးမိသားစုငွေတွေကို နောက်တစ်ကြိမ် လှည့်ဖြားချင်နေပြန်ပြီ။ သူ့အကွက်ထဲကို ကျသွားတော့မလို့…”
သူက အလျှင်အမြန်ပဲ ပါးစပ်ကိုပိတ်လိုက် ပြီး လက်ပိုက်ကာ ဂျန်ဖန်းလုပ်ဆောင်မှုကို လှောင်ပြုံးပြုံးနေခဲ့သည်။
ချန်းစီလင်လည်း အံ့သြသွားခဲ့သည်။ ဂျန်ဖန်း လေလံဆွဲလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
သုံးကြိမ်တိုင်တိုင် မေးပြီးနောက် ထိုအရာက ငွေတစ်သိန်းနှင့် ရောင်းထွက်သွားခဲ့သည်။ တန်ဖိုးမရှိသည့် မိုးကြိုးသစ်သားကို မည်သူမှ ယှဥ်ပြိုင်ဖို့ ဆန္ဒမရှိကြပေ။
“သခင်လေးဂျန်, ရှင်က မိုးကြိုးသစ်သားထဲက ထူးခြားမှုအချို့ကို မြင်ခဲ့တယ်နဲ့တူတယ်။”
ချန်းစီလင် မနေနိုင်ပဲ သိလိုစွာနှင့် မေးလိုက်သည်။
ကျူးဂျန်ရှန်က အဝေးမှ လှောင်ပြောင်လိုက်၏။
“ထူးခြားမှု?... ဒီတစ်ချိန် ဘယ်သူမှ အရူးလုပ်မခံရတော့ ဒီကောင် စောက်ရူးဖြစ်သွားတာပေါ့, ဟ..ဟ…ဟ…”
ဝမ်ယင်ဖုန်းလည်း မကျေနပ်စွာနှင့် လှောင်ပြောင်လိုက်၏။
“ရှက်စရာပဲ… သစ်သားအပိုင်းအစတစ်ခု အတွက် ငွေပြားတစ်သိန်း သုံးတယ်။ မတန်လိုက်တာ။”
ရှုယင်းရင် ဂျန်ဖန်းကို ထူးမခြားနားစွာ ပြောလိုက်သည်။
“မကြာသေးခင်ကမှ ချမ်းသာလာတာကို သုံးဖြုန်းပစ်နေတယ်။”
ရှုရို့ရန်လည်း တိတ်တိတ်လေး အပြစ်တင်လိုက်၏။
‘သစ်သားအပိုင်းအစတစ်ခုအတွက် ငွေပြားတစ်သိန်းတဲ့လား….’
ဂျန်ဖန်း ဘာကြောင့်ဈေးအများကြီး ပေးပြီးဝယ်လဲဆိုတာ သူမနားမလည်နိုင်ပေ။
တစ်ဖက်၌ ဂျန်ဖန်းက မိုးကြိုးသစ်သားကို လက်ခံလိုက်ပြီး အနည်းငယ်ခေါင်းညိတ် ကာစာရေးလိုက်၏။
“တကယ်ပဲ သာမန်သစ်သားမဟုတ်ဘူးပဲ”
“ဒါက သာမန်ပုံပေါ်ပေမယ့် အဖိုးတန်တဲ့ တစ်စုံတစ်ခုဖုံးကွယ်နေတယ်။”
ပြောပြီးနောက် မိုးကြိုးသစ်သားအတွင်းပိုင်းကို စစ်ဆေးဖို့ အတွက် မသိမသာ စိတ်ဝိညာဥ်စွမ်းအား အသုံးပြုလိုက်၏။
ထိုအခါ မိုးကြိုးသစ်သားကနေ မျက်စိနှင့်မမြင်နိုင်လောက်အောင် သေးငယ်သည့် မြစိမ်းရောင်အရည်စက်တွေ ထွက်လာခဲ့သည်။
သူက ထိုအရာတွေကို ကျောက်စိမ်းပုလင်းတစ်ခုနဲ့ စုဆောင်းလိုက်၏။
မြစိမ်းရောင်အရည်တွေကုန်သွားသည့်အခါ ကျောက်စိမ်းပုလင်းက အပြည့်ဖြစ်နေပြီး သင်းပျံ့တဲ့မွေးရနံ့တွေ ထုတ်လွတ်နေခဲ့၏။
ရှုယင်းရင်း နာခေါင်းရှုပ်အနံခံလိုက်ပြီး ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။
“သစ်ပင်အနှစ်သာရ, ဒါက သစ်ပင် အနှစ်သာရပဲ”
ကျူးဂျန်ရှန်လည်း ထိုအရာကို မှတ်မိသွားပြီး တုန်လှုပ်သွားခဲ့သည်။
“တကယ် သစ်ပင်အနှစ်သာရပဲ….”
အတွေ့အကြုံရှိသည့် ဂုဏ်သရေရှိအမျိုးသမီးအချို့လည်း တုန်လှုပ်မှုတွေနှင့်ပြည့်နှက်နေကြ၏။
“သစ်ပင်အနှစ်သာရ….., ပြောကြတာတော့ ဒါက စိတ်ဝိညာဥ်ရှိတဲ့ သစ်ပင်ရဲ့ အနှစ်သာရတွေကို နှစ်ပေါင်းများစွာ စုဆောင်းထားတာတဲ့။”
“ချီကျင့်ကြံခြင်းနယ်ပယ် တစ်ယောက် သောက်လိုက်ရင် အဆင့်တစ်ခု ချက်ချင်း ချိုးဖြတ်သွားမှာ။ အခြေခံတည်ဆောက်ခြင်းနယ်ပယ် တောင် သိသိသာသာ တိုးတက်လာနိုင်တယ်တဲ့။”
“ဒါက ငွေးပြား ၁၀ သိန်းနဲ့တောင် ရဖို့ အတော်လေးခက်ခဲတယ်။”
“သူကတော့ ဒါကို ငွေတစ်သိန်းလေးနဲ့ ရသွားတယ်ပေါ့။”
“ပုလင်းတစ်ပုလင်းက လူလေးယောက် လောက် အဆင့်ချိုးဖြတ်ဖို့ လုံလောက်တယ်။”
ဤစကားလုံးတွေက ဂုဏ်သရေရှိအမျိုးသမီးတွေ၏ မျက်လုံးတွေကို တောက်ပသွားစေခဲ့သည်။
“ဒီကသခင်လေး, ငါ့ကျန်းမိသားစုက သစ်ပင်အနှစ်သာရ သုံးပုံတစ်ပုံကို ငွေပြား ၄သိန်းနဲ့ ပေးဝယ်ဖို့ ဆန္ဒရှိပါတယ်။”
ချီကျင့်ကြံခြင်းအဆင့် ၆ ရောက်သည့်အခါ ထိပ်တန်းအဆင့် စိတ်ဝိညာဥ်အမြစ်မရှိလျှင် အဆင့် တစ်ခုချင်းစီက ချိုးဖြတ်ဖို့ အရင်းအမြစ်များစွာ လိုအပ်တာပဲ ဖြစ်သည်။
ငွေပြား ၄သိန်းနှင့် အဆင့်တစ်ဆင့် ချိုးဖြတ်နိုင်မယ်ဆိုလျှင် အတော်လေးတန်နေပြီဖြစ်၏။
ကျူးဂျန်ရှန်း အကြီးအကျယ်နှောင်တရနေ ပြီး ကိုယ့်ကိုယ်ကို ဖြတ်ရိုက်မိသလို ခံစားလိုက်ရ၏။
ဤကဲ့သို့ အတော်လေးရှားပါးသည့် သစ်ပင်အနှစ်သာရ သူ့ရှေ့မှာရှိလျက်နှင့် လွဲချော်သွားခဲ့သည်။
သူက အံ့ကြိတ်လိုက်ပြီး ပြောလိုက်သည်။
“ဂျန်ဖန်း, ငါ့ကို အဲ့ပုလင်းပေးလိုက်၊ မင်းနဲ့ ငါ့ကြားက မကျေနပ်ချက်တွေကို ကြေးအေးပေးမယ်။”
ဂျန်ဖန်း လှောင်ပြုံးပြုံးလိုက်ပြီး စာရေးလိုက်သည်။
“ငါနဲ့ မင်းကြားမှာ မကျေနပ်ချက်ရှိတာကို ငါ တကယ်သဘောကျတာ”
“မင်း…”
ကျူးဂျန်ရှန် ဒေါသထွက်သွားပြီး ခြေဆောင့်လိုက်၏။
“ကောင်းတယ်, ကောင်းတယ်….”
“မင်း စောင့်နေလိုက်….”
“မနက်ဖြန် ခန်းဝင်ပစ္စည်းပေးတဲ့အခါ ဘယ်သူအောင်ပွဲခံမလဲဆိုတာ မြင်ရမှာပါ။”
ပြောပြီးနောက် သူက ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။
ဂုဏ်သရေရှိအမျိုးသမီး၏ တောင်းဆိုမှုကို ဂျန်ဖန်း ယဥ်ကျေးစွာပဲ ငြင်းဆန်လိုက်၏။ သူတို့က စိတ်ပျက်စွာနှင့် ထွက်ခွာသွားကြသည်။
“ဂျန်ဖန်း, နင်က ပစ္စည်းကောင်းရသွားတာပဲ။ ငါတို့ ရှုမိသားစုကို တစ်ချို့တစ်ဝက်ပေးသင့်တယ် မထင်ဘူးလား။”
ဝမ်ယင်ဖုန်းက ရှုယင်းရင်းကို ဆွဲခေါ်လိုက်ပြီး တရားသဖြင့်ပြောလိုက်သည်။
“နင်က ဒီနှစ်တွေအတွင်း ရှုမိသားစုမှာ စားလာ၊သောက်လာတာလေ။”
“နင် အသိတရားလေးတော့ရှိသင့်တယ်။ နားလည်းလား….”
“ငါက အများကြီးတောင်းဆိုနေတာမဟုတ်ပါဘူး။ လေးပုံတစ်ပုံလောက်ဆို လုံလောက်ပြီ။”
ထိုအရာကို ကြားသည့်အခါ, ချန်းစီလင် မျက်လုံးတွေလှုပ်ရှားသွားခဲ့သည်။
သူမက အပြင်လူတစ်ယောက် ဖြစ်တာတောင် ဤနှစ်တွေအတွင်း ရှုမိသားစု ဂျန်ဖန်းအား ဆိုးဆိုးဝါးဝါးဆက်ဆံတာကို သိ၏။
သူတို့က သူ့ကို ကျေးဇူးရှင်တစ်ယောက် အဖြစ် တစ်ခါမှ အဆက်ဆံခဲ့ပေ။
ယခုချိန်မှ သူတို့က အသိတရားအကြောင်း လာပြောနေသည်လား။
ရှုရို့ရန်လည်း သည်းမခံနိုင်ဖြစ်သွားခဲ့သည်။
ဝမ်ယင်ဖုန်းက အနိုင်ကျင့်လွန်းလှ၏။
သူမက မျက်ကြောင်ကြုတ်ပြီး ပြောလိုက်သည်။
“ဒါက ဖန်း သူ့ငွေနဲ့ သူဝယ်ထားတာ။ ဘာလို့ ရှုမိသားစုကို ပေးရမှာလဲ။”
“ဖန်း, သူပြောတာ နားထောင်မနေနဲ့။”
ရှုယင်းရင်းလည်း ဝမ်ယင်ဖုန်းကြောင့် ရှက်သွားပြီး တီးတိုးပြောလိုက်သည်။
“အမေ, ငါတို့ သူ့ပစ္စည်းကို မလိုအပ်ဘူး။”
“ကျင့်ကြံရေးတိုးမြင့်ဖို့ ငါ့ဘာသာ နည်းလမ်းရှာမယ်။”
သူမ ဂျန်ဖန်းကို မကြိုက်သော်လည်း အထင်တော့မသေးပေ။ ထို့ပြင် သူဆီက ဘာကိုမှလည်းမလိုချင်ပေ။
ထိုအရာက အတော်လေး ရှက်စရာ ကောင်းလှ၏။
သို့ပေမယ့် လူတိုင်းကိုအံ့သြသင့်စွာနှင့်ပဲ ဂျန်ဖန်းက သစ်ပင်အနှစ်သာရ လေးပုံတစ်ပုံကို ထုတ်ယူလိုက်၏။
သူက အဓိပ္ပာယ်ပါပါဖြင့် စာတစ်ကြောင်းရေးလိုက်၏။
“ဒေါ်လေးဝမ်ပြောတာမှန်တယ်။ ရှုမိသားစုက ငါ့ကို ၁၀နှစ်ကျော်စောင့်ရှောက်ခဲ့တာ။ သစ်ပင် အနှစ်သာရ နည်းနည်းလေးက မပြောပလောက်ပါဘူး။”
ချန်းစီလင်နှင့် ရှုရို့ရန်တို့ ခံပြင်းစွာဖြင့် ခြေဆောင့်လိုက်ကြသည်။
ဂျန်ဖန်းက ဘာလို့အရမ်းနုံအရသနည်း။
တန်ဖိုးကြီး သစ်ပင်အနှစ်သာရကို အလွယ်တကူပေးပစ်နေ၏။
သိသာစွာနှင့် ဝမ်ယင်ဖုန်းက ရှုယင်းရင်းအတွက် ထိုအရာကို လိုချင်နေတာဖြစ်၏။
ရှုယင်းရင်လည်း ဂျန်ဖန်း ပေးလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူမက ဂျန်ဖန်းကိုကြည့်ပြီး လေးလေးနက်နက် စဥ်းစားနေခဲ့သည်။ ပင်ကိုယ်ပါရမီ နိမ့်ကျတာကလွဲပြီး သူက အမှန်တကယ်လက်ခံပေးလို့ရ၏။
သူမက သူ့ကို ဘယ်အချိန်မှာစပြီး မကြိုက်ခဲ့သနည်း။
ဝမ်ယင်ဖုန်း တိတ်တဆိတ် လှောင်ပြောင်လိုက်၏။
“သူ့မှာ ငွေပြား ငါးသိန်း တစ်သောင်းရှိတော့ရော ဘာဖြစ်လဲ”
“သူက ငါပြုသမျှနုရတာပဲ မဟုတ်လား”
“ငါက သူ့ကို သစ်ပင်အနှစ်သာရ တစ်စိတ်တစ်ပိုင်းတောင်းလိုက်တယ်။ သူနာခံစွာနဲ့ ခွဲပေးရတာပဲ။ လူတော်လေးပဲ… ဟ..ဟ…”
သို့ပေမယ့်….
မကြာမီ ဝမ်ယင်ဖုန်း အမူအယာ တောင့်တင်းသွားခဲ့သည်။
ဂျန်ဖန်း သစ်ပင်အနှစ်သာရ လေးပုံတစ်ပုံကို သူမအား လွဲပြောင်းမပေးခဲ့ပေ။
ထိုအစား ရှုရို့ရန်ကို ပေးလိုက်၏။ သူမ၏ ချယ်ရီရောင် ပါးစပ်လေးကို လက်တစ်ဖက်ဖြင့် ဖွင့်ဟလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သစ်ပင်အနှစ်သာရ ကို လောင်းထည့်လိုက်၏။
“အဟွတ်… အဟွတ်…. အဟွတ်…. ဖန်း, နင် ဘာလုပ်နေတာလဲ”
ရုတ်တရက်အခြေအနေကြောင့် ရှုရို့ရန် ချောင်းဆိုးသွားခဲ့သည်။
ဂျန်ဖန်း ပခုံးတွန့်ကာ စာရေးလိုက်၏။
“မင်းရဲ့ အန်တီဝမ်ပြောတယ်လေ။ ငါက ရှုမိသားစုကို ပြန်ပေးရမယ်တဲ့။”
“သစ်ပင်အနှစ်သာရ လေးပုံတစ်ပုံကို ရှုမိသားစုအကြီးဆုံးသမီးကို ပေးလိုက်တာ ကွက်တိပဲမလား….”
“ကောင်းပြီး, စကားမပြောနဲ့တော့၊ ထိုင်ပြီး ကျင့်ကြံလိုက်။ သတင်းတွေအတိုင်း အလုပ်ဖြစ်လားဆိုတာ ကြည့်ရအောင်။”
ရှုရို့ရန် ပြောစရာများစွာရှိသေးပေမယ့် သူမကိုယ်ထဲက သစ်ပင်အနှစ်သာရက စိတ်ဝိညာဥ်စွမ်းအင်တွေ တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည်။ ထို့ကြောင့် သူမက အလျှင်အမြန် ခြေချိတ်ထိုင်ကာ ကျင့်ကြံလိုက်၏။
ဂျန်ဖန်းပေးထားသည့် အဝါရောင်အဆင့်မြင့် ကျင့်စဥ်နှင့်အတူ မျက်စိတစ်မိတ်အတွင်းမှာပဲ သူမက ချီကျင့်ကြံခြင်းအဆင့် ၄ ကိုထိုးဖောက်သွားခဲ့သည်။
သို့ပေမယ့် ထိုမျှတင်မပြီးသေးပေ။ သူမ ကျင့်ကြံရေးနယ်ပယ်က နိမ့်ကျတာကြောင့် ဆေးအာနိသင်က ကျန်ရှိနေသေး၏။
အချိန်ခဏကြာပြီးနောက် သူမက နောက်ထပ်အဆင့်တစ်ခု ချိုးဖြတ်သွားခဲ့ သည်။
ချီကျင့်ကြံခြင်းအဆင့် ၅ကို ရောက်ရှိခြင်း…
နောက်ဆုံးမှာတော့, သစ်ပင်အနှစ်သာရ၏ နောက်ဆုံးလက်ကျန် အာနိသင်နှင့်အတူ သူမက ချီကျင့်ကြံခြင်းအဆင့် ၅ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့သည်။
ရက်အနည်းငယ်ကျင့်ကြံရုံဖြင့် သူမက ချီကျင့်ကြံခြင်း အဆင့် ၆ ကို ချိုးဖြတ်နိုင်မည်ဖြစ်၏။
ထိုမြင်ကွင်းက ရှုယင်းရင်ကို အံ့သြသင့်ပြီး မနာလိုဖြစ်သွားစေခဲ့သည်။
ချီကျင့်ကြံခြင်းအဆင့် ၆ကို ချိုးဖြတ်ဖို့ သူမ နှစ်ဝက်အချိန်ယူခဲ့ရ၏။
သူ့အမကတော့ ဂျန်ဖန်းပေးသည့် သစ်ပင်အနှစ်သာရ အနည်းငယ်လေးကြောင့် အောင်မြင်သွားခဲ့သည်။
ထိုနှိုင်းယှဥ်ကြည့်မှုက သူမခံစားချက်တွေကို ရှုပ်ထွေးသွားစေခဲ့သည်။
သူမက နှုတ်ခမ်းကိုက်ကာ ဂျန်ဖန်းကို ကြည့်လိုက်ပြီး တစ်ဖက်လှည့်ကာ ထွက်ခွာသွားခဲ့သည်။
ဝမ်ယင်ဖုန်း အလွန်ဒေါသထွက်သွားပြီး အော်ပြောလိုက်၏။
“ဂျန်ဖန်း…., နင်ဘယ်လိုတောင် ငါ့သမီးကို ခုလို စော်ကားရဲရတာလဲ။ မနက်ဖြန်ကျရင် ငါ့နင့်ကို ပြန်ပေးဆပ်အောင်လုပ်မယ်။”
ဂျန်ဖန်း ပခုံးတွန့်လိုက်၏။ သူမထွက်မသွားခင် နောက်ထပ် သစ်ပင်အနှစ်သာရ လေးပုံတစ်ပုံကို ထုတ်ယူကာ ချန်းစီလင်အား ပေးလိုက်သည်။
“ဒါက မင်းအတွက်ပဲ….”
ဝမ်ယင်ဖုန်း တစ်ခဏမျှကြောင်အသွားခဲ့ သည်။ သူမသမီးကိုပေးရမည့်အစား အပြင်လူတစ်ယောက်ကို ပေးပစ်လိုက်၏။
သူမ ဒါကိုမှတ်ထားမည်ဖြစ်၏။
ချန်းစီလင် ရုတ်တရက် တုန်လှုပ်သွားပြီး ပြောလိုက်သည်။
“ဒါက တန်ဖိုးကြီးလွန်းတယ်။ ကျွန်မလက်မခံနိုင်ဘူး။”
ဂျန်ဖန်း တိတ်တဆိတ်ပြုံးလိုက်ပြီး သူမလက်ထဲသို့ ထည့်ပေးလိုက်၏။
မိုးကြိုးစိတ်ဝိညာဥ်သစ်သား၏ တန်ဖိုးအကြီးဆုံးအရာက သစ်ပင်အနှစ်သာပါလို့ ဘယ်သူက ပြောလဲ။
၎င်း၏ တန်ဖိုးအကြီးဆုံးအပိုင်းက ပစ္စည်းကိုယ်ထည် ကိုယ်တိုင်ဖြစ်၏။