လင်းပိုင်ဖန် သည် မရေမတွက်နိုင်သော နိုင်ငံများနှင့် ဘုရင်များ ပြည့်နှက်နေသော ကမ္ဘာတစ်ခုသို့ ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ ထို့နောက်တွင် အင်ပါယာ မြေပုံ ဟုခေါ်သော ရွှေလက်ချောင်းနဲ့အတူ နိုင်ငံတစ်ခု၏ ဧကရာဇ် ဖြစ်လာခဲ့သည်။ ဤရွှေလက်ချောင်းဖြစ်သော အင်ပါယာ မြေပုံက နိုင်ငံအတွင်းရှိ အရင်းအမြစ် အားလုံးကို လိုသလို ရွေ့ပြောင်းပေးနိုင်စေသည်။ ထိုအတူ နောက်ထပ်စွမ်းရည်တစ်ခုအဖြစ် နိုင်ငံတော်က သန်မာလေ လင်းပိုင်ဖန်လည်း ပို၍သန်မာလာလေဖြစ်၏။ လင်းပိုင်ဖန်သည် ပိုမိုသန်မာလာစေရန်အတွက် အခြားသူများအတွက် ရူးနေသည်ဟု ထင်ရစေသည့် အရာများစွာကို ပြုလုပ်ခဲ့လေသည်။ အရှင်မင်းကြီး၊ မိုနိုင်ငံတော်က ၎င်းတို့နိုင်ငံတော်ရဲ့ အလှပဆုံးအမျိုးသမီးကို သံသတ္တုတွင်းတစ်ခုနဲ့ အလဲအလှယ်လုပ်ဖို့ ဆန္ဒရှိပါတယ်။ လင်းပိုင်ဖန်: မိုနိုင်ငံရဲ့ ဘုရင်က တကယ့်ကို ရိုးသားတာပဲ။ အရောင်းအဝယ် လုပ်ရအောင်! ရလဒ်အနေဖြင့် မိုနိုင်ငံတော်သည် သံမိုင်းကိုရယူပြီးနောက်တွင် မိုင်း ပြိုကျကာ တပ်ဖွဲ့ဝင် ၂၀၀,၀၀၀ ကျော်ပါ ပြိုကျတဲ့အထဲ ပါသွားခဲ့သည်။ အရှင်မင်းကြီး၊ စစ်ဗိုလ်ချုပ်ကြီးက ပုန်ကန်ဖို့ ကြံရွယ်တော်မူနေပါတယ်။ လင်းပိုင်ဖန်: ရည်မှန်းကြီးမားတဲ့သူတွေကို ငါကိုယ်တော် လေးစားတယ်။ သူပုန်ကုန်ပါလေ့စေ! ရလဒ်အနေဖြင့် ဗိုလ်ချုပ်ကြီး၏ စစ်ရိက္ခာတွေသည် လေထုထဲတွင်ပဲ ပျောက်ကွယ်သွားခဲ့သည်။ သူ့စစ်တပ်သည် မြို့တော်သို့လာရာလမ်းတွင် ငတ်သေခဲ့ပြီး စစ်တောင်မတိုက်လိုက်ရပေ။ နောက်ဆုံးမှာတော့ လင်းပိုင်ဖန် ဟာ အရူးဧကရာဇ်မင်း တစ်ယောက်ရဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ပေမဲ့ နယ်မြေတွေ တိုးလာသလို တိုင်းပြည်လည်း ပို၍အားကောင်းလာခဲ့သည်။ ထို့အပြင် သူ၏ ဟာရမ်ဟာလည်း ပိုတိုးလာခဲ့သည်။ လူအများ - ဒီလောက်ထိ အရည်အချင်းမရှိတဲ့ ဘုရင်က ဘယ်လိုလုပ် သမိုင်းတစ်လျောက်ရဲ့ ဒဏ္ဍာရီလာ ဧကရာဇ် ဖြစ်လာခဲ့ရတာလဲ?

