ယခင်ဘဝ၌ ချမ်းသာသည့်စီးပွားရေးလုပ်ငန်းရှင်ဆီသို့ ရောင်းစားခံခဲ့ရသည့် လင်းမိန့်ဟွေ့တစ်ယောက် သူမ လက်မထပ်ခင်အချိန်ကာလသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူမ၏ အတိတ်ဘဝမှ အတွေ့အကြုံများအား ပြန်လည်တွေးတောပြီးနောက်တွင် လင်းမိန့်ဟွေ့က လူတိုင်းမှ ကံမကောင်းစေသည့် လူအဖြစ်သတ်မှတ်ထားသည့် ရွာဝင်ပေါက်တွင် နေထိုင်သော လူကြမ်းကြီး စုန့်ယီနှင့် ဟန်ဆောင်လက်ထပ်ရန် ပြတ်သားစွာဆုံးဖြတ်ချက် ချလိုက်တော့သည်! သူတို့နှစ်ဦးက သူတို့ နှစ်သက်သဘောသူအား ရှာဖွေရန်အချင်းချင်းခွင့်ပြု လက်ခံထားခဲ့ ကြ၏။ သို့နှင့် နှစ်ဦး သဘောတူညီချက်ရသွားကြပြီးနောက်တွင် လက်ထပ်မှတ်ပုံတင်လက်မှတ်အား ရယူလိုက်ကြလေသည်။ သို့သော် အတူနေလာခြင်းက ကြာမြင့်လာသည်နှင့်အမျှ စုန့်ယီသည်ကား ကောလဟာလများကဲ့သို့ ‘ကံကြမ္မာဆိုးရွားလွန်းသူ’ တစ်ဦး မဟုတ်ကြောင်းကို သူမ သိလာရသည်။ ထိုအချိန်မှ စတင်ကာ သူမတို့နှစ်ဦးက ဘေးချင်းကပ်ရပ်တည်ကာ စီးပွားရေးတစ်ခု စတင်လိုက်ကြပြီး စုန့်ယီသည်လည်း ရေထဲမှငါးကဲ့သို့ အရာအားလုံးအား လွယ်ကူစွာစွမ်းဆောင်နိုင်ခဲ့သဖြင့် ‘ကံကြမ္မာဆိုးရွားသူ’ ဆိုသည့် နာမည်ဆိုးအား လုံးလုံးလျားလျား စွန့်ပစ်လိုက်နိုင်ခဲ့သည်။ ထို့အပြင် သူ၏ဘဝသည်လည်း ပို၍ ပို၍ပင် သာယာအေးချမ်းလာသည်! လင်းမိန့်ဟွေ့အတွက်ကတော့ သူမ၏ ပြန်လည်မွေးဖွားခြင်းဆိုသော ရွှေလက်ချောင်းနှင့်ကျန်းမာသည့် ခန္ဓာကိုယ်ရှိသည့် အခွင့်အရေးကောင်းများအား အသုံးချကာ သူမ၏ ပန်းတိုင်သို့ရောက်ရန်ကြိုးစားခဲ့သည်။ သို့သော်လည်း...

