မိစ္ဆာနှင့် အင်မော်တယ်တို့ အားပြိုင်နေသည့် လောကသို့ ကူးပြောင်းရောက်ရှိသွားသော ဆုန်ယန်မှာ ရုပ်သေးမိစ္ဆာဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အရေခွံချုပ်ရသည့် အစေခံတစ်ဦးအဖြစ် အသုံးချခံခဲ့ရသည်။ ထိုသို့ အစေခံအလုပ်ကို လုပ်ကိုင်နေစဉ်အတွင်း စနစ်တစ်ခု မမျှော်လင့်ဘဲ ရုတ်တရက် နိုးထလာခဲ့သည်။ အရေခွံချုပ်သည့်အလုပ်ကို လုပ်ကိုင်နေသရွေ့ သူ၏ သက်တမ်းနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းတို့ တိုးမြင့်လာမည်ဖြစ်၏။ [ခေါင်းမာသော မြည်းတစ်ကောင်ထံမှ ကျန်ရှိနေသေးသော သက်တမ်း (၁၀) နှစ်ကို သင် စုပ်ယူလိုက်ပါသည်] [ရင်းနှီးမြှုပ်နှံလိုသော သက်တမ်းပမာဏကို ကျေးဇူးပြု၍ ရွေးချယ်ပါ] [ဆန်းကြယ်ရင်းမြစ်ကို ထိုးထွင်းသိမြင်နိုင်ရန် သင်၏သက်တမ်း ၁၀ နှစ်ကို ရင်းနှီးမြှုပ်နှံလိုက်သည်။ သင်သည် ထိုနေရာ၌ ဆက်လက်လှဲလျောင်းနေခဲ့ပြီး တစ္ဆေသရဲများ၏ တိုက်ခိုက်မှုကို ခံနေရသည်]

