လူတစ်ယောက်ကို ကယ်တင်ရင်း ကုန်တင်ကားတိုက်ခံရပြီးနောက်၊ ဝူဟောင်တစ်ယောက် မည်သည့် ရွှေလက်ချောင်းစွမ်းအားမျှမပါ၊ သာမန်ပါရမီပင်မရှိသော ကျင့်ကြံခြင်းကမ္ဘာသို့ ရောက်ရှိသွားခဲ့၏။ အစပိုင်းတွင်တော့ နှစ်တစ်ရာကြာလျှင် မြေမှုန့်အဖြစ်သို့သာ ပြောင်းလဲသွားရမည့် ကံကြမ္မာကို သူ လက်ခံလိုက်တော့သည်။ သို့သော်လည်း တစ်နေ့တွင် သူသည် တောင်ပေါ်၌ သတိလစ်နေသော မိန်းကလေးတစ်ဦးကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့၏။ သူ၏ နေ့စဉ် ဂရုတစိုက် ပြုစုစောင့်ရှောက်မှုများကြောင့် နောက်ဆုံး၌ သူမ၏နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့ရာတွင် သူ၏ဇနီးသည် ၎င်းတို့၏ ပထမဆုံးရင်သွေးလေးကို မွေးဖွားပြီးချိန်၌ ပျောက်ဆုံးနေသော မှတ်ဉာဏ်များ ရုတ်တရက် ပြန်လည်ရရှိလာကာ ကလေးကို ဝူဟောင်ထံ ထားရစ်ပြီး ထွက်ခွာသွားခဲ့လေသည်။ သို့သော်လည်း ဝူဟောင်ကတော့ လုံးဝ တုန်လှုပ်ခြင်း မရှိခဲ့ပေ။ အကြောင်းမှာ သူ၏ ရွှေလက်ချောင်းစွမ်းအားသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့သောကြောင့်ပင် ဖြစ်သည်။ [ဒင်... သွေးဆက် မျိုးဆက်ရင်းနှီးမြှုပ်နှံမှုစနစ်သည် ကိုယ်ပိုင်ရှင် နှင့် ချိတ်ဆက်ပြီးပါပြီ။] ရင်ခွင်ထဲက ကလေးလေးကို ငုံ့ကြည့်ရင်း ဝူဟောက်တစ်ယောက် ဆွံ့အကာ တိတ်ဆိတ်သွားခဲ့၏။ [ဒင်... အကောင်းဆုံး ဝိညာဉ်အမြစ်ရှိသော မျိုးဆက်အပေါ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါသည်။ အကျိုးအမြတ် အဆပေါင်း ၁၀,၀၀၀ ရရှိပါမည်။] နှစ်ပေါင်း ထောင်နှင့်ချီ ကြာမြင့်ပြီးနောက်၊ ဝူဟောက်၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုများနှင့်အတူ ဝူမိသားစုသည် တစ်ခုလုံးသော ကျင့်ကြံသူကမ္ဘာတွင် အင်အားအကြီးဆုံး မိသားစုကြီးအဖြစ်သို့ ခုန်တက်သွားခဲ့တော့သည်။

