နဂါးကြီးများ... တိုက်တန်များ... သားရဲလူသားများနှင့် အဲလ်ဖ်နတ်သူငယ်များ ကြီးစိုးသည့် ကမ္ဘာတစ်ခုဆီသို့ ကူးပြောင်းရောက်ရှိသွားချိန်တွင် မုန်လဲ့ တစ်ယောက် သူ၏ အနာဂတ်ကြီး လုံးဝ မှောင်မိုက်သွားပြီဟု ယူဆလိုက်သည်။ သို့သော် အခြားသူများထံမှ ကျကျန်ရစ်ခဲ့သည့် စွမ်းရည်များကို ကောက်ယူပြီး မိမိကိုယ်ကိုယ် အဆင့်မြှင့်တင်နိုင်ကြောင်း မုန်လဲ့ သိရှိသွားချိန်တွင်တော့ အရာအားလုံးက ပြောင်းလဲသွားခဲ့လေပြီ။ "ဒင်... ကောက်ယူခြင်း အောင်မြင်ပါတယ်... ကိုယ်ခန္ဓာကြံ့ခိုင်မှု +၁၀၀၈၆" "ဒင်... ကောက်ယူခြင်း အောင်မြင်ပါတယ်... မှော်စွမ်းအင် +၁၀၀၈၆" "ဒင်... ကောက်ယူခြင်း အောင်မြင်ပါတယ်...မီး ပေါက်ကွဲမှု ဆိုတဲ့ တားမြစ်မှော်ကျင့်စဥ်ကို ရရှိပါတယ်" "ဒင်... ကောက်ယူခြင်း အောင်မြင်ပါတယ်... မြေကမ္ဘာနိယာမ အပိုင်းအစကို ရရှိပါတယ်" "ဒင်... ကောက်ယူခြင်း အောင်မြင်ပါတယ်... နတ်ဘုရားသတ်ကြွက် သွေးမျိုးဆက်ကို ရရှိပါတယ်" "..."

