Mirror Novel MyanmarMIRRORNOVEL← All Novels
ဗီလိန် မဟုတ်သော ဗီလိန်

ဗီလိန် မဟုတ်သော ဗီလိန်

After Defying the Villain's Fate for Nine Lifetimes, the Heroines Turn Mad!

15 chapters· Ongoing· ★ 7.6
ActionDramaFantasyHaremSystemTragedyXianxia

ဇာတ်လမ်းအကျဉ်း ကျန်းချန်သည် စိတ်ကူးယဉ် ဝတ္တုကမ္ဘာထဲသို့ ကူးပြောင်းလာခဲ့ပြီး ကောက်ကျစ်သော စီနီယာ အစ်ကို ဖြစ်လာသည်။ သူ့တွင် မည်သည့် ရွှေလက်ချောင်းမှ မပါရှိဘဲ ဗီလိန် အမြောက်စာအဖြစ် အဆုံးမသတ်ချင်ခဲ့ပေ။ ထို့ကြောင့် သူသည် ပြန်လည်ဝင်စားခြင်းအား ကိုးဘဝတိုင်တိုင် ကျင်လည်ခဲ့ပြီး ဖြောင့်မတ် တည်ကြည်သော စီနီယာ အစ်ကို တစ်ယောက် ဖြစ်ရန်သာ ရည်ရွယ်ခဲ့သည်။ သို့သော် ကံတရားက မမျှတပေ။ သူ့အား ဗီလိန်တစ်ယောက်၏ အရှိန်အဝါ ပေးသနားခဲ့ပြီး မရေတွက်နိုင်သော နားလည်မှုလွဲမှားခြင်းနှင့် အထင်သေးခြင်းတို့အား ခံစားစေခဲ့သည်။ ဆယ်ကြိမ်မြောက်ဘဝမတိုင်ခင်အထိပင်။ ဤဘဝတွင်မူ ကျန်းချန် လက်လျော့လိုက်သည်။ သူ၏ နှလုံးသားက အေးစက်သွားပြီး နောက်ဆုံး၌ သူသည်လည်း ကိုယ်ကိုယ့်ကိုယ် လွှတ်ချလိုက်တော့သည်။ ကျန်းချန်: “ကောင်းကင်ဘုံက ငါ့ကို ဗီလိန် ဖြစ်စေချင်မှ‌တော့ ဘာလို့ ငါက ဆန့်ကျင်ရမှာလဲ” … ကျွန်မနာမည်က ကျန်းလျန်ယွဲ့ပါ၊ ကျွန်မမှာ စက်ဆုပ်ဖို့ကောင်းတဲ့ ဗီလိန် စီနီယာ အစ်ကို တစ်ယောက် ရှိတယ်။ ကျွန်မ သူ့ကို ရွံတယ်၊ စက်ဆုပ်တယ်၊ ပြီးတော့ သူ မြန်မြန် သေသွားပါစေလို့တောင် ဆုတောင်းမိတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ကျွန်မ ဘဝပေါင်း ကိုးဘဝရဲ့ နောက်ကြောင်းပြန် ပြကွက်ကို ကြုံတွေ့လိုက်ရတယ် … ပထမဘဝမှာ ကျွန်မရဲ့ စီနီယာ အစ်ကိုက ဒုတိယ စီနီယာ အစ်ကို အမြုတေ ပြန်တည်ဆောက်နိုင်အောင် သူ့ရဲ့ အမြုတေကို စတေးခဲ့တာကြောင့် အဲ့ဖြစ်စဉ်မှာ သူ့ရဲ့ အခြေခံ ပျက်စီးခဲ့တယ်။ ဒုတိယ ဘဝမှာ ကျွန်မက အေးခဲ အဆိပ်ကို ခံစားခဲ့ရလို့ ကျွန်မရဲ့ စီနီယာ အစ်ကိုက သူ့ရဲ့ နိမ့်ကျတဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ကျွန်မကို ကုသဖို့ ရက်တစ်ရာတိုင်တိုင် ဆေးလုံး ဖော်စပ်ခဲ့လို့ သူ့ရဲ့ အမြုတေ ပျက်စီးတဲ့အထိ ပေးဆပ်ခဲ့ရတယ်။ တတိယ ဘဝမှာတော့ ကျွန်မ အားလုံးကို နားလည်သွားပြီ …

Chapters (15)

Vol. 1 Ch. 1ကောင်းကင်ဘုံက ငါ့ကို ဗီလိန် ဖြစ်စေချင်နေမှတော့ ဘာလို့ ငါက ဆန့်ကျင်ရမှာလဲVol. 1 Ch. 2ဒီအကြီးဆုံး စီနီယာ အစ်ကိုကတော့ ပြုပြင်ပေးလို့ မရတော့ဘူးVol. 1 Ch. 3သူက သေချာပေါက် ငါ့မှတ်ဉာဏ်ထဲက အကြီးဆုံး စီနီယာ အစ်ကို မဟုတ်ဘူးVol. 1 Ch. 4အကြီးဆုံး စီနီယာ အစ်ကို ကျွန်မကို ပြောပြပါ …Vol. 1 Ch. 5သူတို့အားလုံးကို သေခွင့် ပေးလိုက်တော့မယ်Vol. 1 Ch. 6ကျွန်မတင် သေသင့်တာ မဟုတ်ဘူး၊ ရှင်လဲ သေသင့်တယ်Vol. 1 Ch. 7အဆင့် ချိုးဖျက်ခြင်း ဆေးလုံး၊ ပြီးပြည့်စုံသော အရည်အသွေးအဆင့် ဆေးလုံးVol. 1 Ch. 8ရက်စက်သော အကြီးဆုံး စီနီယာ အစ်ကို ပြန်လာပြီVol. 1 Ch. 9ဒီနေ့က ရှင် သေနေ့စေ့တဲ့နေ့ပဲVol. 1 Ch. 10ရူးနေတာ ကျွန်မ မဟုတ်ဘူး၊ ဒီလောကကြီးVol. 1 Ch. 11အခွင့်အရေး တစ်ခုကို လက်လွှတ်လိုက်လို့ မရဘူးVol. 1 Ch. 12ညတွင်းချင်း ကြက်တစ်ကောင်၊ ခွေးတစ်ကောင်တောင် မကျန်ဘူးVol. 1 Ch. 13အကြီးဆုံး စီနီယာအစ်ကိုက တကယ်တော့ ငါ့ကို ဂရုစိုက်တာပဲVol. 1 Ch. 14ဒါဆို စီနီယာအစ်ကို စိတ်ပျော်လာအောင် လျန့်ယွဲ့ သူ့ကို သတ်လိုက်ရမလားVol. 1 Ch. 15ဂိုဏ်း၏ မျှော်လင့်ချက်၊ ကိုးဘုံချောက်နက် ဝိညာဉ် သန္ဓေသား