မွေးကင်းစကလေးတစ်ယောက်အနေနှင့် ဝိဥာဥ်ကူးပြောင်းရခြင်း၏ နောက်ဆက်တွဲအကျိုးရလဒ်မှာ ဤမျှလောက်အထိကြီးမားလိမ့်မည်ဟု ရှဲ့ချောင်အား မည်သူကမှ မပြောပြခဲ့ကြပေ။ သူမကူးပြောင်းလာသောအချိန်မှာတင် သူမဟာ ဖျားနာနေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမတွင် သက်ရှိသတ္တဝါများနှင့် အလွန်မြင့်မားသော ရင်းနှီးဆက်နွယ်မှုရှိနေခဲ့သည်။ သူမမွေးမြူစောင့်ရှောက်ထားသော တိရစ္ဆာန်များမှာ တိုက်ခိုက်နိုင်ပြီး သူမစိုက်ပျိုးထားသည့် ဆေးဖက်ဝင်အပင်များက ရှင်သန်နိုင်သည်။ သူမသည် အဆောင်များကိုရေးဆွဲနိုင်ကာ ကံကြမ္မာကိုလဲဖတ်နိုင်ပြီး သူမကို ချစ်ကြိုက်နေသူများဆီမှလည်း ထွက်ပြေးလွတ်မြောက်နိုင်သည်။ သူမသည် ရှေ့ဖြစ်ဟောနိုင်ကာ အရှိန်အဝါ အငွေ့အသက်တို့ကိုလည်း ထောက်လှမ်းနိုင်ပြီး ဖုန်းရွှေကိုလဲ ဖတ်နိုင်သည်။ သူမဟာ စစ်တုရင်၊ ဂီတ၊ စာပေ ၊ အနုပညာ၊ ပန်းချီ၊ ပန်းပုနှင့် ဟင်းချက်ခြင်းတို့၌လည်း ကျွမ်းကျင်သောကြောင့် ဝင်ငွေများစွာလည်း ဝင်သည်။ ပြီးနောက် ယခုတွင်တော့ သူမဟာ အိမ်ရှေ့စံမင်းသား၏ တော်ကောက်ခြင်းကို ခံလိုက်ရလေပြီ။ "ငါကြားမိတာတော့ ကြင်ယာတော်မင်းသမီးမှာ သေစေလောက်အောင် အန္တရာယ်ကြီးမားတဲ့ ကံကြမ္မာရှိပြီး အဲ့ဒီကံကြမ္မာကြောင့်ပဲ ငယ်ငယ်ကတည်းက သူမရဲ့မိဘတွေကိုပါ သေစေခဲ့တယ်တဲ့။ သူမလည်း အသက်မရှည်နိုင်လောက်ဘူး။ သူမသာ အိမ်ရှေ့စံမင်းသားကို လက်ထပ်လိုက်ရင် သူမရဲ့အသက်ကိုတောင် သူမ ကာကွယ်နိုင်မှာမဟုတ်ဘူး။ မကြာခင်မှာပဲ သူမ သေရမှာ သေချာတယ်!" ဤသည်မှာ နန်းမြို့တော်၏ လျို့ဝှက်သတင်းများပင်ဖြစ်သည်။ နှစ်ပေါင်းများစွာကြာသောအခါ... "အဘိုး၊အဘွား ဒီနေ့ရော ရှင်တို့ဘယ်အချိန် သေမလဲဆိုတာ တစ်ယောက်ယောက်ကများ လောင်းကြေးထပ်ထားသေးလား?"

