ငယ်ရွယ်သည့် တာအိုကိုရင်လေးချင်းယန်ကို ထူးဆန်းသော လူတစ်ယောက်ဖြစ်သည့် စုန့်ဟဲလောင်တောင်က မွေးစားခဲ့သည်။ ထို့နောက် သူသည် ဆရာဖြစ်သူနောက်ကိုလိုက်ပြီး မြစ်ချောင်းတလျှောက် ရေကန်ပြင်ကျယ်များအနှံ့ လျှောက်သွားနေလေသည်။ နောက်ပိုင်းတွင် ဆရာတပည့်နှစ်ယောက်ကို လျှို့ဝှက်နယ်မြေတစ်ခုထဲဝင်ပြီး ရတနာများရှာဖွေရန် အင်မော်တယ်အရှင်သခင်တစ်ယောက်က အတင်းအကျပ်ခိုင်းစေခဲ့သည်။ ခိုင်မိုင်ဆေးလုံးနှင့် အသက်ရှည်နည်းစနစ်တို့ကြောင့် ချင်းယန်သည် အင်မော်တယ်ကျင့်ကြံခြင်းလမ်းကြောင်းသို့ စတင်ဝင်ရောက်လာခဲ့သည်။ ဒီစာစဉ်လေးကတော့ ရောင်းရင်းတို့ ရှက်ကီဘဲကြီးတွေအတွက် ရည်ရွယ်ထားတာပါ။😝 ချင်းယန်ကို ဆရာဖြစ်သူ တာအိုဘုန်းကြီးက မွေးစားခဲ့တာပါ။ ဆရာဖြစ်သူက ချင်းယန်ကို ဘယ်လိုလိမ်ညာလှည့်ဖျားရမလဲဆိုတာပဲ သင်ပေးခဲ့တာပေါ့။ ဒါ့အပြင် ဆရာဖြစ်သူက အရက်အိုးကြီးဖြစ်နေသေးတယ်။ နေရတဲ့နေရာကလည်း ခြံမရှိဝန်းမရှိတဲ့ တာအိုကျောင်းအစုတ်လေးထဲ။ ဆရာတပည့်နှစ်ယောက်ကလည်း အရမ်းချစ်ကြတာပဲ တွေ့တာနဲ့ကိုက်နေရော။ ဆရာဖြစ်သူက သိုင်းလောကမှာ ထိပ်တန်းတစ်ယောက်ပေါ့။ ဒီလိုနဲ့ ဇာတ်လမ်းလေးကိုစရင်း ချင်းယန်တစ်ယောက် အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်ကို ဘယ်လိုဆက်လျှောက်ကြမလဲဆိုတာကို ယမကာလေးသောက်ရင်း ဖတ်ရှုကြပါကုန်🥃 Cheer...

