ဖုန့်ချန်း အသက်သုံးဆယ် ဖုန့်မိသားစုခေါင်းဆောင်ဖြစ်သူ ဖုန့်ချန်းသည် ကမ္ဘာကူးပြောင်းလာပြီးနောက် ကောင်းကင်နယ်မြေတွင် ပြန်မွေးဖွားခဲ့သည်။ မွေးကတည်းမှ အသက်သုံးဆယ်အထိ ဘဝကို အေးအေးဆေးဆေးနှင့်သာ ဖြတ်သန်းခဲ့သည်။ တခြား ဖတ်ဖူးသော ဝတ္ထုများထဲမှ မင်းသားများလို ဘာရွှေလက်ချောင်းတို့၊ စနစ်တို့၊ ကောင်းကင်နန်းတော်တို့ မပါလာသောကြောင့် သူ့ဘဝက သာမန်ဟု ထင်ပြီး အေးဆေးအသက်ရှင်သန်ရန်သာ ကြိုးပမ်းခဲ့သည်။ သို့သော် ကံတရားက သူ့အား အသက်သုံးဆယ်ပြည့်မွေးနေ့တွင် ပါးဖြတ်ရိုက်ကာ စနစ်ဟူသော ရွှေလက်ချောင်းက ကောက်ကာငင်ကာ နိုးထလာခဲ့တော့သည်။ တချိန်တည်းမှာပင် ဖန်တရာတေဇာတ်ကွက်ကိုပါ မျက်ဝါးထင်ထင် သူတွေ့ခဲ့ရပါတော့သည်။ လင်းမေယု : "တောင်းပန်ပါတယ်၊ ကျွန်မ ဖုန့်ယွင်နဲ့ လက်မထပ်နိုင်ဘူး။ ကျွန်မရဲ့ အနာဂတ်ကို ကိုယ်တိုင်ရွေးချင်တယ်။ ဖုန့်ယွင်က အသက်ကြီးတာတောင် ကျင့်ကြံဆင့်က အားနည်းလွန်းတယ်။ သူက လင်းမိသားစုရဲ့ သားမက်မဖြစ်ထိုက်ဘူး" ဖုန့်ယွင်: "ဒီနေ့ ငါ့အကိုရဲ့ မွေးနေ့မှာ စေ့စပ်ပွဲကို လာဖျက်တာပေါ့လေ။ ဒီမှာ ကလေးမ၊ မင်းဆိုတဲ့ မိန်းမမျိုးကို ငါဆိုတဲ့ ဖုန့်သခင်လေး ဖုန့်ယွင်ကလည်း မယူနိုင်ဘူး။ ဒီစေ့စပ်ပွဲကို ငါ့ဘက်ကနေစပြီး ဖျက်သိမ်းတယ်" ဖုန့်ချန်း: ( အာ... သောက်ပြသနာပဲ၊ ငါ့ညီက ဇာတ်လိုက်ဖြစ်မယ်။ ဒါဆို ငါက ဘာလို့ သောက်ကျိုးနည်း စနစ်ကြီး ရှိနေတာလဲဟ၊ တစ်ယောက်လောက်ရှင်းပြကြပါဦး)

