Mirror Novel MyanmarMIRRORNOVEL← All Novels
နတ်ဆိုးဧကရာဇ်၏ ဆရာသခင်

နတ်ဆိုးဧကရာဇ်၏ ဆရာသခင်

Master of the Demon Emperor

42 chapters· Ongoing· ★ 7.2
ActionAdventureFantasyXuanhuan

စုယီ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုများက ချက်ချင်းကြီးစိုးသွားခဲ့သည်။ ဤနာမည်များကို ဒဏ္ဌာရီလာပုံပြင်များထဲမှသာ သူကြားသိခဲ့ရပေသည်။ ရှေးဟောင်းတောနက်ဟူသည် ၎င်း၏ အမည်ကဲ့သို့ပင် သာယာပျော်ရွှင်ဖွယ်ကောင်းသော နေရာတစ်ခုမဟုတ်ပေ။ သူသည် ရှေးဟောင်းတောနက်သို့ ပို့ဆောင်ခံရတော့မည်ဖြစ်၍ အင်ပါယာစု၏ဂိုဏ်းကို လက်ခဲရရှိခဲ့ခြင်းဖြစ်နိုင်မလား... အရှေ့အင်ပါယာ ထိုက်ယီနှင့် တိကျွင်းအား လုပ်ကြံရန်... ကောင်းကင်ဘုံနှင့်ညီမျှသော မဟာပညာရှိနှင့်ဗုဒ္ဓသည်ပင် ဤကိစ္စကိုမစွမ်းဆောင်နိုင်ခဲ့ပါက သာမန်လူသားများက ဤကိစ္စကိုအောင်မြင်စေရန် စွမ်းဆောင်နိုင်မည်လား... စုယီသည် သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားပြီးနောက် နောက်သို့ပြန်လှည့်၍ စာသင်ခန်းထဲပြန်၀င်လာခဲ့သည်။ ထို့နောက် လီဖေးအနားသို့ချည်းကပ်သွားကာ ၇ချက်ဆက်တိုက်ကန်ချလိုက်ပြီး သူ၏အတွင်းခံဘောင်းဘီကိုဆွဲချွတ်၍ အခန်းထဲမှထွက်ခွာလာခဲ့သည်။ လီဖေး နိုးထလာသောအခါတွင် အိပ်မက်ဆိုးတစ်ခုလို ခံစားရမည်သာဖြစ်သည်။ စုယီသည် လမ်းလျှောက်လာရင်း ဖုန်းကိုထုတ်ယူစစ်ဆေးလိုက်သည်။ ယခုအခါတွင် သူသည် အမည်မသိရှေးဟောင်းသားရဲများအား ရင်ဆိုင်ရန်အတွက် မိမိကိုယ်ကိုကာကွယ်ရန် နည်းလမ်းများကို စတင် တွေးတောကြံဆရတော့မည်ဖြစ်သည်။ ထိုအချိန်တွင် အင်ပါယာစုဂိုဏ်း၏ စကားပြောခန်းအတွင်း၌ ကျားနက်အင်ပါယာသည် နတ်ဆိုးသခင်ချင်းယန်အား အဆက်မပြတ်‌ မြှောက်ပင့်ပေးနေခဲ့သည်။ ထို့ပြင် အင်ပါယာစု၏ဂိုဏ်းသည် နောက်ပိုင်း၌ မည်ကဲ့သို့ဖြစ်လာမည်ကို သူသိချင်နေမိသည်။ ရံဖန်ရံခါတွင် ဝူချင်းယောင်သည် နတ်ဆိုးများ၏သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ ဆန့်ကျင်သောစကားများကို ထုတ်ဖော်ငြင်းဆိုနေခဲ့သည်။ စုရီ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာကာ ဖုန်းကိုကြည့်၍ စာရိုက်လိုက်သည်။ သူသည် အထက်တန်းကျောင်းပြီးပြီးချင်း လူ့အဖွဲ့အစည်းထဲသို့ စတင်တိုး၀င်လာချိန်တွင် ထက်မြက်သောဟန်ပန်ရှိသည့် အေးဂျင့်များစွာနှင့်ကြုံတွေ့‌ခဲ့ရသည်။ ထိုအေးဂျင့်များက သူ့အား ဤနိုင်ငံ၌ အချမ်းသာဆုံးပုဂ္လိုလ်ဖြစ်လာမည်ဟု ယုံကြည်လာစေရန် ဝိုင်း၀န်းလှုံဆော်‌ပေးခဲ့ကြသည်။ သို့သော်လည်း ထိုသို့ လောကဓံ၏ ရိုက်ခတ်မှုများကို ကြုံတွေ့ခဲ့ရပြီးနောက်တွင် အ‌တွေ့အကြုံများစွာ ရရှိလာခဲ့သည်။ အင်ပါယာစု - ငါကအင်ပါယာစုဖြစ်တယ်...ဒါက မင်းတို့ကိုအခွင့်အရေးပေးနေတာပဲ...မင်းတို့တွေ အင်ပါယာစုရဲ့ဂိုဏ်းမှာပါ၀င်ပြီးတော့ ပိတ်ဆို့မှုတွေအားလုံးကို ဖြတ်ကျော်ဖို့ အခွင့်အရေးကို ရကြလိမ့်မယ်...။ ကျားနက်အင်ပါယာ - အင်ပါယာစု...ငါဘာလို့မင်းအကြောင်းကို တစ်ခါမှမကြားဖူးရတာလဲ...။ နတ်ဆိုးဘုရင်ချင်းယန် - အင်ပါယာဘွဲ့ကို ပိုင်ဆိုင်ထားသူတွေက သာမန်လူတွေမဟုတ်ဘူး...မဟုတ်ရင် ငါတို့ကိုဘာလို့ ခုလိုစုစည်းနိုင်ရမှာလဲ...။ ဝူချင်းယောင် - အရှင်...မင်းကဖြောင့်မတ်မှန်ကန်တဲ့လမ်းစဉ်ကလား ဒါမှမဟုတ် ကောက်ကျစ်တဲ့နတ်ဆိုးလမ်းစဉ်ကလား...။ အင်ပါယာစု - တာအိုကိုရယူနိုင်ဖို့ ထောင်ပေါင်းများစွာသောလမ်းစဉ်‌တွေရှိတယ်...ဘာကြောင့် ဖြောင့်မတ်ခြင်းနဲ့နတ်ဆိုးလမ်းစဉ်အကြားမှာ ငါတို့ကိုယ်ငါတို့ ချုပ်နှောင်ထားရမှာလဲ...ငါရှာဖွေနေတာက လွတ်လပ်မှုနဲ့ပြိုင်ဘက်ကင်းမှုပဲ...။ ကျားနက်အင်ပါယာ - ‌ပြောတာကောင်းတယ်...အင်ပါယာစုက ငါတို့ရဲ့ရှေးဆောင်လမ်းပြဖြစ်ထိုက်ပါပေတယ်...။ နတ်ဆိုးဘုရင်ချင်းယန် - ဘာလို့ငါတို့ကိုဦးတည်ပြီးတော့ ပစ်မှတ်ထားရတာလဲ...ငါတို့ဘိုးဘေးတွေက မင်းရဲ့ဘိုးဘေးတွေကို သတ်ဖြတ်ခဲ့လို့လား...။

Chapters (42)

Vol. 1 Ch. 1ဧကရာဇ်စုဂိုဏ်းကို တည်ထောင်ခြင်းVol. 1 Ch. 2ကျိုးဝူဓားဖြင့် နတ်ဆိုးကိုသတ်ဖြတ်ခြင်းVol. 1 Ch. 3နတ်ဆိုးဧကရာဇ်၏ နတ်ဘုရားစွမ်းအားVol. 1 Ch. 4နဂါး၁၁ကောင်၏စွမ်းအားVol. 1 Ch. 5ကြက်သွေးရောင်မြွေဘုရင်Vol. 1 Ch. 6နဂါးလက်သီးဖြင့် မြွေဘုရင်အား သတ်ခြင်းVol. 1 Ch. 7သခင်ကြီး ချီယန်Vol. 1 Ch. 8လောရွှေဂိုဏ်း၏ဝိဉာဉ်မြစ် အကဲဖြတ်ခြင်းVol. 1 Ch. 9နှစ်တစ်ထောင် နတ်ဆိုးဘုရင်Vol. 1 Ch. 10နတ်ဆိုးဘုရင်နှင့် တိုက်ခိုက်ခြင်းVol. 1 Ch. 11သာလွန်သော နတ်စွမ်းအားVol. 1 Ch. 12လူတစ်ပိုင်း နတ်ဆိုးတစ်ပိုင်းVol. 1 Ch. 13ဓားဝိဇ္ဇာ ရှားထန်ယိVol. 1 Ch. 14လူသားဧကရာဇ်အား ကူညီခြင်းVol. 2 Ch. 15ဉာဏ်ကြီးရှင် ဓားနတ်ဆိုးVol. 2 Ch. 16အနက်ရောင် အကြေးခွံဘုရင်၏ အကြပ်ကိုင်မှုVol. 2 Ch. 17နတ်ဆိုးများကို သတ်ရန် ထွက်ပေါ်လာခြင်းVol. 2 Ch. 18အံ့ဩဖွယ်ကောင်းသော ဒိုမီနီယမ် စွမ်းအားVol. 2 Ch. 19ရန်သူ ဆယ်သန်းရှိလျှင်တောင် ငါ ရှေ့ဆက်တိုက်မည်။Vol. 2 Ch. 20သဘာဝစွမ်းရည်ဆိုတာ ဘာလဲVol. 2 Ch. 21ဆဲလ်ဖုန်း၏ ထိတ်လန့်ဖွယ် အသွင်ကူးပြောင်းမှုVol. 2 Ch. 22တိရစ္ဆာန်များနှင့် မပူးပေါင်းခြင်းVol. 2 Ch. 23မြို့အနှံ့ စိတ်လှုပ်ရှားဖွယ် ဖြစ်ရပ်Vol. 2 Ch. 24နတ်ဆိုးမြေခွေး ကြယ်ပွင့်Vol. 2 Ch. 25ဓားဝိဉာဉ် ဖုန်းလုံVol. 2 Ch. 26ကောင်းကင်နှင့်မြေကြီးကြား အကန့်အသက်မဲ့ ပူပင်မှုကင်းသည့် ခြေလှမ်းများVol. 2 Ch. 27နတ်ဆိုးဧကရာဇ် ဖြစ်ရန် ဆန္ဒပြုခြင်း!Vol. 2 Ch. 28ချီလင်နယ်မြေကို ဖြတ်ကျော်၍Vol. 3 Ch. 29ချီလင်၏ မြင့်မြတ်သော ကြာပွင့်Vol. 3 Ch. 30ကြီးမြတ်သော ဗုဒ္ဓ ရောက်ရှိလာခြင်းVol. 3 Ch. 31တထာဂတဗုဒ္ဓလက်ဖဝါးVol. 3 Ch. 32ဖုန်းလုံ အမြတ်ထွက်ခြင်းVol. 3 Ch. 33ဓားဝိဉာဉ်စွမ်းအားVol. 3 Ch. 34မြေခွေးနတ်ဆိုး ချဉ်းကပ်လာခြင်းVol. 3 Ch. 35ကြန်အင်လက္ခဏာအသစ်များVol. 3 Ch. 36နတ်ဆိုး အရိပ်စစ်တပ်Vol. 3 Ch. 37အပေါင်းအသင်းမရှိတာ ရူးချင်စရာဘဲVol. 3 Ch. 38သူရဲကောင်းများVol. 3 Ch. 39ဓားဖြင့် ကောင်းကင်ကို ပိုင်းဖြတ်ခြင်းVol. 3 Ch. 40ပြိုင်ဘက်ကင်း နတ်ဆိုးစစ်တပ်Vol. 3 Ch. 41အရှေ့ဘက် စိမ့်တော၏ မြွေဘုရင်Vol. 3 Ch. 42ဘုရင် အိုက်ရှာ