ရှမြန်သည် အသက်၁၆နှစ်အရွယ် ပြဿနာရှာတတ်သည့် ကလေးမတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာခဲ့သော်လည်း သူမဘေးတွင် ကလေးတစ်ယောက်လည်း ပါနေသည်။ ကလေးလေးက နူးညံ့သိမ်မွေ့ပြီး လိမ္မာရေးခြား ရှိသော်ငြား ကံမကောင်းရှာပေ။ သူ့အမေဖြစ်သူက ဒေါသဖြင့် ဆုံးပါးခဲ့ရသည်။ သူကတော့ မယားငယ်ဖြစ်သည့် မိထွေး၏ နှိပ်စက်ခြင်းခံခဲ့ရသည်။ သူလေးသည် ငယ်ငယ်လေးနှင့် အပူလောင်ပြီး ရုပ်ပျက်ဆင်းပျက်ဆင်းပျက် ဖြစ်ခဲ့ရသည်။ မုန်းစရာကောင်းလွန်းသည့် အဖေအရင်းနှင့် မိထွေးဖြစ်သူတို့က သူ၏ဖအေတူမအေကွဲ ညီလေးအတွက် ထိုကလေးလေးကို အမြတ်ထုတ်ပြီး ဖိနှိပ်ထားကာ သူ့တစ်ဘဝလုံးကို အမှောင်ထဲတွင် နေခိုင်းထားခဲ့မှန်းကိုလည်း ရှမြန် သိထားသည်။ သူ၏ သွေးတစ်ဝက်တော်စပ်သူ ညီက ကလေးလေး ပိုင်ဆိုင်ရမည့် အရောင်အဝါစည်းစိမ်ကို ခံစားခဲ့သည်။ အိုး ဟဲ့။ သူမ၏ဒေါသ: ဒီနေ့ကစပြီး ငါ ဒီကလေးကို ကာကွယ်ပေးရလိမ့်မယ်။ တခြားသူတွေမှာ ရှိတဲ့ဟာတိုင်းကို ပေါင်ပေါင်းလေးလည်း ပိုင်ဆိုင်ရမယ်။ သူလေးကို အနိုင်ကျင့်ရဲတဲ့သူတိုင်း သေအောင် အရိုက်ခံရမယ်။ ပေါင်ပေါင်း: သားမေမေ သားအတွက် ချန်ထားပေးတဲ့ ဒီတံဆိပ်ခေါင်းတွေကို လိုချင်တယ်။ ရှန်မြန်: ဒေါ်လေး ပြန်ယူလာပေးမယ်။ ပေါင်ပေါင်း: သား အဲဒီပုလင်းလေး လိုချင်တယ်။ ရှန်မြန်: ဝယ်လိုက်။ ပေါင်ပေါင်း: အဲဒီစတော့ကို ဝယ်ချင်တယ်။ ရှမြန်: ဟင်... ဝယ်လေ။ ပေါင်ပေါင်း: အဲဒီအိမ်ကြီးကို ဝယ်ချင်တယ်။ ရှန်မြန်: !!! ဝယ်လိုက်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ တံဆိပ်ခေါင်းတန်ဖိုးက ထိုးတက်သွားခဲ့သည်။ အသုံးအဆောင်တွေကလဲ ငွေအမြောက်အမြား တန်ဖိုးရှိလာခဲ့သည်။ စတော့စျေးကလည်း ထိုးတက်သွားသည်။ အိမ်ကလည်း လောဘတက်စရာ ဖြစ်လာသည်... ရှမြန်: .... ငါ့မှာ ပေါင်ပေါင်းလေးကို အလိုလိုက်ပေးရုံနဲ့ ဘီလျံနာတစ်ယောက် ဖြစ်လာတယ်။ ပေါင်ပေါင်း: သား အဲဒီလူကို လိုချင်တယ်။ ရှမြန်: ဟင်... ပေါင်ပေါင်း: သူက ပေါင်ပေါင်းရဲ့ ဦးလေးဖြစ်လာနိုင်တယ်လေ။ ရှမြန်: ဘာလို့လဲ။ ပေါင်ပေါင်းက ခဏလောက် စဉ်းစားလိုက်ပြီး : သူက ငွေရှာတဲ့နေရာမှာ နတ်ဘုရားလေ။ ဒေါသကြီးတဲ့ကလေးမက ဒေါသငယ်ထိပ်တက်သွားတော့သည်။ နေရာမှာတင် လက်စားချေပစ်ချင်တဲ့ ဒေါသမျိုးပင်။ ...။

