ချမ်းသာသော ချီချန်းရန်နှင့် ရွှေရောင်သမီးပျိုလုလီတို့၏ အိမ်ထောင်သက်သည် သုံးနှစ်ရှိခဲ့ပြီ ဖြစ်သည်။ အများသူငှာ တက်ရောက်ရသည့် အခမ်းအနားပဲဖြစ်စေ၊ သီးသန့်ကိစ္စပဲဖြစ်စေ ထိုစုံတွဲလေးကတော့ အေးစက်ပြီး အထီးကျန်ဆန်ကာ မဲအမြောက်အများဖြင့် နံပါတ်တစ် အတုအယောင်စုံတွဲအဖြစ် အမြဲတမ်း ရွေးချယ်ခံရလေ့ရှိသည်။ သုံးနှစ်အကြာတွင် ချီချန်းရန်သည် ဤအိမ်ထောင်ရေးအား အမှန်တကယ် အဆင်မပြေကြောင်း ခံစားခဲ့ရပြီး လုလီ ရုတ်တရက် ကားမတော်တဆမှုတစ်ခုနှင့် သူမ ဦးခေါင်းထိမှန်သွားချိန်တွင် ကွာရှင်းစာချုပ်တစ်ခု ထွက်ပေါ်လာတော့မည် ဖြစ်သည်။ ဒါ ဆိုးရွားသည့် အခြေအနေ မဟုတ်ပေမဲ့ လုလီ ကားမတော်တဆမှု အပြီးမှာ ရုတ်တရက် ပြောင်းလဲသွားပုံပေါ်သည်။ ဆေးရုံတွင် ချီချန်းရန်သည် ပတ်တီးများ ဖုံးလွှမ်းနေသော လုလီအား နှစ်သိမ့်ရန် ယဉ်ကျေးသော စကားလုံးများ ပြောတော့မည့်အချိန်တွင် လုလီသည် မျက်နှာတစ်ပြင်လုံး နီမြန်းလာကာ သနားစရာ ယုန်လေးတစ်ကောင်ကဲ့သို့ မျက်လုံးရွဲကြီးများဖြင့် မော့ကြည့်၍ သူမ၏ လက်များကို သူ့ထံဆန့်တန်းလာပြီးနောက် ဝမ်းနည်းပက်လက် ငိုကြွေးတော့သည်။ “လောင်ကုန်း ကျွန်မနာနေတယ်....ဖက်ပေးပါ~" ချီချန်းရန် : “…” မတော်တဆမှုအပြီးတွင် လုလီသည် ဦးခေါင်းဒဏ်ရာရခဲ့ပြီးနောက် သူမနှင့် ချီချန်းရန်၏ဆက်ဆံရေးသည် အလွန်ကောင်းမွန်သည့် အချစ်ရေးတစ်ခု ဖြစ်သည်ဟု ထင်မြင်ခဲ့သည်။ အပြင်လူတွေ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအကြောင်း ပြောနေကြတာတွေက အဓိပ္ပါယ်မရှိဘူး။ မကြာမီတွင် နာမည်ကြီး အတုအယောင် ဇနီးမောင်နှံ၏ ဇနီးသည်သည် ပုံမှန်မဟုတ်သော အပြုအမူများ ပြုလုပ်လာခဲ့သည်။ ချီချန်းရန် စီးပွားရေးခရီးစဉ်တစ်ခု သွားတဲ့အခါ လုလီသည် Weibo ပေါ်၌ စိတ်အားထက်သန်စွာ ပို့စ်တစ်ခု တင်လာခဲ့သည် - ကျွန်မလောင်ကုန်းက သူ့မိသားစုကို ထောက်ပံ့ဖို့ငွေရှာနေရတယ် ချီချန်းရန် ကုမ္ပဏီ၏ ထုတ်ကုန်အသစ်မိတ်ဆက် ကွန်ဖရင့်ပွဲတစ်ခုတွင် လုလီသည် စင်မြင့်ပေါ်မှ လူကို စိုက်ကြည့်ကာ လောင်ကုန်း အိမ်ပြန်လာပြီး ကျွန်မနဲ့အတူ တို့ဟူးလာစားဟုပြောခဲ့သည်။ လူတိုင်း : ??? လုမိသားစုကုမ္ပဏီ ဒေဝါလီခံရတော့မည် ဖြစ်၍ လုမိသားစု၏ သမီးက ချမ်းသာသော အိမ်ထောင်ရေးကို ဆက်လက်ထိန်းထားရန် ဤသို့သော နည်းလမ်းကို အားကိုးနေခြင်းလားဟု လူတိုင်းက သံသယဝင်လာကြသည်။ ထို့နောက်တွင် နိုက်ကလပ်တစ်ခု၌ ချီချန်းရန်က အေးစက်သောမျက်နှာဖြင့် သူ့လက်နှစ်ဖက်ထဲတွင် မူးနေသော လုလီကို ဖက်ထားပြီး အိမ်ပြန်ပြီးနောက် တို့ဟူးစားရန်အကြောင်းပြောရင်း သူမအား နမ်းလိုက်သည်ပုံကို သတင်းထောက်တစ်ဦးက ဓာတ်ပုံရိုက်ယူလာခဲ့သည်။

