စုရှီသည် ငယ်စဥ်ကတည်းက ကောင်းစွာသင်ကြားခြင်း ခံခဲ့ရသော မိန်းကလေးတစ်ယောက် ဖြစ်ပြီး အရွယ်ရောက်လာသည့် အခါတွင်လည်း ကောင်းမွန်သော အကျင့်စရိုက်လေးကြောင့် လူအများ၏ နှစ်သက်ခြင်းကို ခံရသည်။ စုရှီနှင့် မတူညီစွာပင် လုဝမ်သည် အရွယ်မရောက်ခင်ကပင် ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရပြီး သူကိုယ်တိုင် ဧကရာဇ် မဖြစ်လာခင် အချိန်အထိ နှိပ်စက်အရှက်ခွဲမှု အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။ တစ်နေ့တွင် စုရှီသည် ချစ်စရာကောင်းသည့် ကျင့်ကြံရေးဂိမ်း အပ်ပလီကေးရှင်းတစ်ခု ဒေါင်းလုပ်ဆွဲ ဆော့မိခဲ့သည်။ ထိုဂိမ်းမှ အဓိကဇာတ်လိုက်၏ မျက်လုံးများက နက်ရှိုင်းပြီး ဆွဲဆောင်မှု ရှိလေသည်။ ဇာတ်လိုက်မင်းသား၏ အသွင်အပြင်ကို ဖန်တီးထားမှုကလည်း သူမ၏ အကြိုက်နှင့် ကွက်တိကျနေသေးတော့သည်။ ထို့ကြောင့် ချက်ချင်းပင် ဂိမ်းကို အလွယ်ဆုံးအဆင့်မှ စတင် ဆော့လိုက်သည်။ "ဒီတဲအိမ်လေးထဲမှာ ဘာလို့ မီးမမွှေးထားတာလဲ? သူ့အတွက် မီး ဝယ်ပေးဖို့အတွက် သင့်အနေနဲ့ ရွှေစကို အသုံးပြုလိုပါသလား? " "သူအပြင်ထွက်သွားတုန်း ဘာလို့ ခြေရာလက်ရာတွေ ရှိနေတာလဲ? အနိုင်ကျင့်တာကို ဖြေရှင်းဖို့ နောက်ထပ် မစ်ရှင်တစ်ခုလား?" စုရှီသည် ဒီကျင့်ကြံရေးဂိမ်းကို စိတ်ဝင်တစားဖြင့် ဆက်လက် ဆော့ကစားနေမိသည်။ လုဟွမ်မှာ ငယ်ငယ်ကတည်းက နိမ့်ကျသည့် ရွှံ့ဗွက်များနှင့် လုံးထွေးနေခဲ့ရပြီး နေ့တိုင်းအနိုင်ကျင့်ခံရသဖြင့် သွေးထွက်သည် ဆိုခြင်းမှာလည်း သူအကျင့်လိုပင် ဖြစ်နေပေပြီ။ သူသည် တစ်နေ့တာ ရှင်သန်ရေးအတွက်သာ စိတ်ထဲထားနိုင်ပြီး သူ့တွင် အနာဂတ်မရှိခဲ့ပေ။ ထိုသို့ဖြစ်ခြင်းက ဒီရှုပ်ထွေးသော ရှာဖွေတွေ့ရှိမှုများ မတိုင်ခင်အထိသာ ဖြစ်သည်။ "ဒီနွေးထွေးတဲ့ မီးသွေးမီးဖိုတစ်ခုက သူ့အခန်းထဲကို ခိုးသွင်းခံထားရတယ်" "သူ့ရဲ့ စုတ်ပြဲနေတဲ့ အဝတ်အစားတွေကလဲ အသစ်တွေနဲ့ တိတ်တဆိတ်လဲ ခံထားရတယ်" "သူ့ကို အနိုင်ကျင့် နှိပ်စက်ပြီး သင်ခန်းစာပေးဖို့သာ ကြံစည်နေတဲ့ သူတွေရဲ့ မျက်နှာတွေကလည်း ရောင်ရမ်းနေပြီး အပြင်တောင် မထွက်ဝံ့ကြဘူး" သူ့ရဲ့ ရှည်လျားတဲ့ခရီးကြမ်းကို နတ်သမီးလို စိတ်ထားဖြူစင်သူလေးက အတူတူ လိုက်ပါလျှောက်လှမ်းပေးခဲ့လေတော့သည်။

