ချင်းရို့ဟာ နူးညံ့သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေးရှိသည့် မူကြိုဆရာမတစ်ယောက် ဖြစ်သည်။ မူကြိုတွင် ကလေးတစ်ယောက်ကို ကာကွယ်ဖို့အတွက် သူမရဲ့နောက်ကျောအား လူဆိုးတစ်ယောက်ထံမှ ဓားထိုးခြင်း ခံလိုက်ရသည်။ သို့သော်လည်း သူမ၏ ပင်ကိုစရိုက်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အထက်စီးဆန်ပြီး ညုတုတုလုပ်တတ်သည့် အမျိုးသမီးဇာတ်ပို့ဇာတ်ကောင်အဖြစ် မတော်တဆ ကူးပြောင်းသွားခဲ့လေသည်။ အမြောက်စာအမျိုးသမီးဇာတ်ပို့ဇာတ်ကောင် ချင်းရို့မှာ '၇၀ခုနှစ်ရဲ့ အနုပညာအဖွဲ့'ဆိုသည့်ဝတ္ထုထဲရှိ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့တစ်ယောက်ပင်။ ခေါင်းဆောင်ဆီက အငြင်းပယ်ခံရပြီး နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သည့် ဇာတ်လိုက်မ ရွှယ်ထင်ထင်ကို နှိုင်းယှဥ်ပြသည့်ဇာတ်ရံအဖြစ်သာသာ။ ကူးပြောင်းပြီးနောက်ပိုင်း လူလတ်ပိုင်းယောကျ်ားဆီက အသတ်ခံလိုက်ရသည့် စိတ်ဒဏ်ရာရှိနေဆဲ ချင်းရို့မှာ ကြမ်းတမ်းခက်ထန်သော အရပ်ရှည်ရှည်စစ်တပ်အမျိုးသားများကို ဖျော်ဖြေပေးရသည့်အခါ ကြောက်လန့်နေလျက်။ သူမ ဘယ်လိုလုပ်နေနိုင်မှာလဲ? စစ်တပ်မှ ထွက်ခွင့်ရဖို့ အမြန်ဆုံးလျှောက်ထားဖို့လိုနေပါပြီ။ ချင်းရို့က ကောင်းချီးပေးခံရမယ်လို့ ဘယ်သူသိပါ့မလဲ။ ခေါင်းဆောင်က သူမကို ဒေါသကြီးတဲ့ အမျိုးသားတစ်ဦးနှင့် ဘလိုင်းဒိတ်တွေ့ရန် တောင်းဆိုခဲ့လေသည်။ "သူမမှာလည်း ဒေါသကြီးတဲ့စရိုက်ရှိတာမို့ သူနဲ့ လိုက်ဖက်မှာပဲ" မိသားစုနောက်ခံကောင်းကောင်းရှိပြီး စိတ်တိုတတ်တဲ့လုယန်သည် ကြီးကြီးမားမား ပံ့ပိုးကူညီထောက်ပံ့ပေးရင်း သက်ဆိုင်ရာကျွန်းတစ်ကျွန်းသို့ ပို့ဆောင်တော့မည်ဖြစ်သည်။ သူ့၏ကိုယ်ပိုင်အိမ်ထောင်ရေးပြဿနာတွေကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။ လုယန်က ဘလိုင်းဒိတ်များစွာကို သွားခဲ့ဖူးပြီး သူ၏ စိတ်တိုလွယ်သော၊ နားမလည်တတ်သောစရိုက်မှာ မရေမတွက်နိုင်သော အလှလေးများကြောင့် ကျော်ကြားခဲ့လေသည်။ သူနဲ့ ဘလိုင်းဒိတ်တွေ့တဲ့ မိန်းကလေးတိုင်းက ငိုကြွေးပြီးပြန်လာခဲ့ရတာပါပဲ။ သူ့ကို သင်ခန်းစာတစ်ခုပေးရန်အတွက် သူ့အဖေက ပြတ်ပြတ်သားသား ပြောလာခဲ့သည်။ “သူ့အတွက် အကြမ်းတမ်းဆုံးစရိုက်လက္ခဏာရှိတဲ့ မိန်းကလေးတစ်ယောက်ကို ရွေးလိုက်” ဘလိုင်းဒိတ်တွင် ဒေါသကြီးတဲ့အမျိုးသားမှာ အပူလောင်ဆုံးငရုတ်သီးနဲ့အတူ ထိုင်နေလေရဲ့။ မိန်းကလေးချင်းရို့သည်လည်း နီရဲရောင်ရမ်းနေသော မျက်လုံးများဖြင့် ဘလိုင်းဒိတ်မှ ပြန်လာခဲ့သည်။ သို့ရာတွင် တွေ့ဆုံမှုတစ်ခုအပြီးမှာပဲ သူတို့တစ်ယောက်နဲ့တစ်ယောက် လက်ထပ်ဖို့ သဘောတူကြောင်း ရက်ပိုင်းအတွင်း သတင်းထွက်လာခဲ့ပေသည်။ အဖိုး: (ノ=Д=)ノ┻━┻ အဖွဲ့ခေါင်းဆောင်က ကြက်သေသေသွားပြီး: … တကယ်ကြီးလား? ချင်းရို့ရဲ့ညီမအတု: ...တကယ်ကြီး သစ်ကိုင်းမြင့်မြင့်ကို တက်ခဲ့တာလား? လုယန်နှင့် ချင်းရို့တို့ လက်ထပ်ခဲ့ကြသည်။ "ကြည့်လိုက် သူတို့ မကြာခင်ကွာရှင်းကြမှာ!" "ချင်းရို့က ခက်ခက်ခဲခဲဘဝကို ဖြတ်သန်းဖို့ သူနဲ့အတူ ကျွန်းကို သွားနိုင်မှာတဲ့လား" အဖွဲ့ထဲက ညီအစ်မတွေနှင့် လုယန်၏ ရဲဘော်တွေ အားလုံးက သူတို့နှစ်ယောက် လက်ထပ်ပြီးနောက် နှစ်နှစ်အတွင်း ကွာရှင်းမှာပဲဟု တွေးခဲ့ကြပေသည်။ နှစ်နှစ်အကြာတွင် အမျိုးသမီးမှာ ကလေးငယ်လေးကို ပွေ့ဖက်ထားရင်း စိတ်တိုလွယ်သောအမျိုးသားက အနှီးတွေလဲနေသည်ကို ဘယ်သူကမှန်းဆနိုင်ပါ့မလဲလေ။

