သိပ္ပံပညာနှင့် သိုင်းတာအိုတို့ အတူယှဉ်တွဲ ထွန်းကားသောခေတ်…။ ကပ်ဘေးကြီးအပြီး၌ လူသားတို့သည် ရှေးအထွတ်အထိပ်ခေတ်၏ အမွေအနှစ်များကို ရှာဖွေတွေ့ရှိခဲ့၏။ ထိုမှစ၍ ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိသွားပြီး ခွန်လွန်းနယ်မြေကို ကြီးစိုးရန် လမ်းစဖော်ဆောင် လာခဲ့ကြတော့သည်။ ဤကာလများကား လူသားမျိုးနွယ်အတွက် အကျိတ်အနယ် ရုန်းကန်ရသော ကာလဖြစ်ပြီး ရည်မှန်းချက် ကြီးမားသော မိသားစုကြီးများ ပေါ်ထွက်လာခဲ့သည်။ ချူးယွင်ဖန်းမှာ ရှေးခေတ်လူသားမျိုးနွယ်မှ ဆေးဧကရာဇ်တစ်ပါး၏ အမွေအနှစ်ကို ရရှိခဲ့ပြီး သာမန်ကျောင်းသားတစ်ယာက်အဖြစ်မှ သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားတော့၏။ "မင်းက ပါရမီရှင် ဟုတ်လား။ ခဏလေး... ငါက ပါရမီရှင်ပဲကွ" "မင်းမှာ ကျင့်ကြံရေး အထောက်အပံ့ပစ္စည်းတွေ ရှိတယ် ဟုတ်လား။ မင်းကို ငါ့ဆေးလုံးတွေနဲ့တင် ဖို့သတ်ပစ်လို့ရတယ်ကွ" "အမွေအနှစ်ဆက်ခံဖို့ ဟုတ်လား။ ထိပ်တကာ့ထိပ်ခေါင် အမွေအနှစ်တစ်ခုလုံး ငါ့ခေါင်းထဲမှာ ရှိတယ်ကွ"

