Mirror Novel MyanmarMIRRORNOVEL← All Novels
ငါကဂိမ်းထဲကNPC

ငါကဂိမ်းထဲကNPC

I Am an NPC in a Strange Game World, 我在诡异游戏世界里当NPC

17 chapters· Ongoing· ★ 3.6
ActionAdventureFantasyMystery

ဘာ!! ကမ္ဘာတစ်ဝှမ်းလုံးက စောင့်မျှော်နေကြတဲ့ ဂိမ်းအသစ် [ထာဝရကမ္ဘာကြီး] ကို ဒီနေ့ စတင်ဖွင့်လှစ်တော့မယ်တဲ့လား။ “ကျောင်းပျက်ပြီးတော့တောင် ဒီဂိမ်းကို ဆော့ရမယ်” တက္ကသိုလ်ကျောင်းသား ကျန်းယွီတစ်ယောက် သူ၏အဆောင်ရှိ ကွန်ပျူတာရှေ့မှာ အသင့်စောင့်နေပြီး လက်ပတ်နာရီကို ကြည့်ကာ ဂိမ်းထဲဝင်ဖို့ အသင့်ပြင်ထားလိုက်သည်။ "ဒင် သခင် သင်သည် သမိုင်းတစ်လျှောက်တွင် အစွမ်းထက်ဆုံးသော NPC စနစ်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါပြီ။ သင်၏အလုပ်အကိုင်သည် ရွာသားဖြစ်သည်" ခဏလေး! NPC တဲ့လား။ ငါ့လို ဂုဏ်သိက္ခာရှိတဲ့ ကစားသမားတစ်ယောက်က ဘယ်လိုလုပ် ရွာသား ဖြစ်သွားတာလဲ။ ငါ... ကမ္ဘာကူးပြောင်းသွားတာလား။ သာမန်နေ့‌ေလး တစ်နေ့မှာ သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ ဂိမ်းဆော့ဖို့အတွက် ကျောင်းလစ်ခဲ့ရာမှ ဂိမ်းစနစ်၏အမှားတစ်ခုကို ကြုံတွေ့ခဲ့ရပြီး သာမန်ကစားသမားတစ်ယောက်ဟာ ဂိမ်းကမ္ဘာမှာ ပိုလို့တောင် သာမန်ဆန်တဲ့ NPC တစ်ယောက် ဖြစ်သွားခဲ့သည်။ ထို့ထက်ပိုရယ်စရာကောင်းတာက စနစ်က ကစားသမားတွေကို ဂိမ်းအောင်နိုင်ဖို့ ကူညီပေးဖို့ ငါ့ကို လိုအပ်နေတယ်တဲ့။ ဘယ်လိုကောင်းတဲ့ဂိမ်းမျိုးက လူသစ်ရွာမှာ သုံးကြိမ် သေဆုံးပြီးတောင်မှ ထွက်လို့မရတာမျိုး ရှိမှာလဲ။ ဘယ်လိုကောင်းတဲ့ဂိမ်းမျိုးက ဂိမ်းထဲမှာ သေတာနဲ့ အပြင်မှာတကယ်... သေဆုံးမှာလဲ။ ဂိမ်းဆက်လက်ဆော့လာတာနှင့်အမျှ ထူးဆန်းသည့်အရာများဟာ ပိုလို့တောင် ဖြစ်လာခဲ့သည်။ ဘာတွေဆက်ဖြစ်မှာလဲ။ ကမ္ဘာနှစ်ခုလုံး ပျက်စီးလုနီးနီးဖြစ်နေချိန်မှာ NPC တစ်ယောက်က အရာအားလုံးကို ပြောင်းလဲပေးတော့မှာလား...။

Chapters (17)