လော့မျိုးနွယ်စု၏ သခင်လေးတစ်ဦးအဖြစ် နိုးထလာသည့်အချိန်တွင် သူ၏ခေါင်းထဲတွင် ရာပေါင်းများစွာသော ဂိမ်းနှင့်ဝတ္ထုတိုတို့၏ အသိပညာသည် စုပြုံဝင်ရောက်လာ၏။ သို့သော်လည်း သူ၏ တန်ထျန်သည် ပျက်စီးနေသည့်အတွက်ကြောင့် ကျင့်ကြံမှုများကို လုံးဝ မလေ့ကျင့်နိုင်တော့ပေ။ ကံကောင်းထောက်မစွာဖြင့် သူ့တွင် အဆင့် မြှင့်တင်ရေးစနစ် တစ်ခုရှိနေသည်ကိုသိလိုက်ရသည်။ သားရဲတွေကို သတ်တာ၊ မစ်ရှင်တွေကို အောင်မြင်တာ၊ လူတွေကိုသတ်တာလား… ဒါတွေက အရမ်းလွယ်လွန်းတယ်။ ငါ့မှာ သိုင်းပညာတွေ တစ်ခုမှမရှိတော့ဘူးလား။ အေးဆေးပေါ့…။ ငါ့မှာ ရာနဲ့ချီတဲ့ ဝတ္ထုအသိရှိသေးတာပဲ။ အဲကနေတဆင့် အဆင့်မြှင့်တင်လိုက်ရုံနဲ့ ဇာတ်ဆောင်တွေရဲ့ သိုင်းပညာကို ငါရနိုင်တာပဲလေ။ ဒါပေမဲ့ တကယ့်ပြဿနာတစ်ခုကတော့ “ဒီ အစွမ်းထက်တဲ့ ဇာတ်ဆောင်ရဲ့ ကျင့်စဉ်” ကို ကျင့်ကြံရမှာလား၊ ဒါမှမဟုတ် “နောက်ဇာတ်လိုက်တစ်ယောက်ရဲ့ ကျင့်စဉ်” ကို ကျင့်ကြံရမှာလား။ ဒါဟာလုံးဝ ကြေကွဲစရာပဲ။

