← Chapters

လုန်ရဲ့ပြောသည့်လျှို့ဝှက်ချက်

Vol. 17 Ch. 228

လုန်ရဲ့ပြောသည့်လျှို့ဝှက်ချက်

Vol. 17 Ch. 228

အခန်း (၂၂၈) လုန်ရဲ့ပြောသည့်လျှို့ဝှက်ချက်

ယနေ့ သူနားလည်ခဲ့သည့် နာမ်ဝိညာဉ်ရောင်ပြန်ပညာနှင့်ပတ်သက်ပြီး သေရည်ဆိုင်သို့ သွားရောက်လေ့လာရန် ကျန်းလန်က စီစဉ်ထားခဲ့သည်။

နာမ်ဝိညာဉ်သေရည်ဆိုင်ကို လေ့လာခြင်းအားဖြင့် သူ့စိတ်ထဲတွင် ထိုးထွင်းသိမြင်မှုများကို ဖြစ်ပေါ်စေသည်။ သို့သော် သူကိုယ်တိုင် လက်တွေ့ကြိုးစားကြည့်ပါက တစ်ခုခုလိုနေသလို ခံစားရပြန်သည်။

ကံကောင်းသည်မှာ သူ့တွင် လေ့လာနိုင်ရန် အသင့်ဆောက်လုပ်ထားသည့် နာမ်ဝိညာဉ်သေရည်ဆိုင် ရှိနေခြင်းပင် ဖြစ်၏။

သို့သော် သူတောင်ပေါ်မှ ဆင်းလာချိန်တွင် အဋ္ဌမင်းသားကို တွေ့မြင်လိုက်ရသည်။ သူ့ကိုကြည့်ရသည်မှာ နဝမတောင်ထွတ်သို့ ဦးတည်နေဟန် ရှိသည်။

လုန်မန်၏ အပြုအမူက ထူးဆန်းသည့်အတွက် ကျန်းလန် သံသယဝင်သွား၏။

ထို့ကြောင့် သူ လုန်မန်၏ အနောက်ဘက်သို့ ချက်ချင်းရောက်သွားသည်။

သို့သော် သူ အနောက်တွင် ရောက်နေသည့်တိုင် လုန်မန်က သူ့ကို သတိမပြုမိခဲ့ပေ။ အတော်နီးနီးကပ်ကပ်သို့ ရောက်လာမှ လုန်မန်က သတိထားမိသွားပြီး သူ့ကို လှည့်ကြည့်လိုက်သည်။

ကျန်းလန်အနေဖြင့် ဤနဂါးမျိုးနွယ်လူငယ်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်နိုင်မည်လားဟု တွေးနေမိသည်။ အမှန်တကယ်ပင် တိတ်ဆိတ်စွာပင် သတ်ဖြတ်ပစ်နိုင်စွမ်း သူ့တွင် ရှိသည်။

ကျန်းလန်ကိုတွေ့သည်နှင့် အဋ္ဌမမင်းသားက အလွန်ပင် ကြောက်ရွံ့ထိတ်လန့်သွားကြောင်း သူ သိရှိလိုက်သည်။

ထို့ကြောင့် သူက "မင်း ကျုပ်ကို ကြောက်နေတာလား" ဟု မေးမြန်းလိုက်ခြင်း ဖြစ်၏။

ဟုတ်ပေ၏။

လုန်မန် သူ့ကို ကြောက်ရွံ့နေခြင်းက ပုံမှန်မဟုတ်သည့်ကိစ္စတစ်ခု ဖြစ်သည်။

လုန်မန်ကတော့ ကျန်းလန်ကို ရုတ်တရက်တွေ့လိုက်ရသဖြင့် ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားသည်။ ယောက်ဖက သူ့ကို နှုတ်ပိတ်သတ်ဖြတ်ချင်နေသည်ဆိုသည့် ထူးဆန်းသည့် ခံစားချက်ကိုလည်း ခံစားလိုက်ရ၏။

ဤတောအုပ်ထဲတွင် လူများစွာမရှိပေ။ သစ်ပင်များသာ ရှိလေသည်။

ကျန်းလန်က သူ့ကို သတ်ဖြတ်မည်ဆိုလျှင် အကောင်းဆုံး အနေအထား ဖြစ်သည်။

ချက်ချင်းပင် သူ နောင်တရသွားမိသည်။ သူ အကြောင်းမရှိဘဲ ဘာကြောင့် လမ်းလျှောက်လာရပါသနည်း။

ဓားကိုစီးနှင်ပျံသန်းလာလျှင်လည်း ရသည်ပဲလေ။

"ယောက်… ယောက်ဖ… ကျုပ်က အစ်မနဲ့ ဆက်ဆံရေး အတော်လေး အဆင်ပြေပါတယ်"

သတိလက်လွတ်ဖြင့်ပင် လုန်မန် အစ်မအကြောင်း ကောက်ခါငင်ကာ ပြောလိုက်မိ၏။

လုန်မန်ပြောနေသည့်စကားများ အနည်းငယ်တော့မှန်နိုင်သည်ဟု ကျန်းလန် တွေးလိုက်သည်။ လုန်ယွိက အဋ္ဌမမင်းသားနှင့် သွားရောက်တွေ့ဆုံကာ လက်ဆောင်ပင်ပေးခဲ့သေးသည် မဟုတ်ပါလား။

ထို့ပြင် သူက ရှောင်ယွိနှင့် သွေးသာတော်စပ်သည့် မောင်ငယ်တစ်ယောက် ဖြစ်လေရာ သူတို့ဆက်ဆံရေး မဆိုးရွားသည်မှာ ဖြစ်သင့်သည့်အချက်ပင်။

သို့သော် ဤနဂါးလုလင်ငယ်က သူနှင့် သူ့အစ်မ အဆင်ပြေကြောင်း ကျန်းလန်ကို တကူးတက လာရှင်းပြနေစရာ မလိုပေ။

ကျန်းလန်က…

"မင်း နဝမတောင်ထွတ်ကို သွားမလို့လား"

ဤတောအုပ်သို့ ဖြတ်ကျော်သွားသူများက များသောအားဖြင့် နဝမတောင်ထွတ်သို့ သွားရောက်ကြသူများသာ ဖြစ်ကြသည်။

ဒုတိယတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုပေဖန်း၏ သတ်ဖြတ်ခြင်းကို မခံရဘူးဆိုလျှင်ပေါ့လေ။

ထို့ပြင် ဤတောအုပ်ကို ဖြတ်သန်းလာကြသူအများစုက သူလျှိုများ ဖြစ်ကြသည်။ သို့သော် ထိုသူများ ဤတောအုပ်အတွင်း ဝင်ရောက်မိသည်နှင့် ဘယ်သောအခါမှ အပြင်ပြန်ထွက်နိုင်မည် မဟုတ်တော့ပေ။

ဒုတိယတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုပေဖန်းဦးဆောင်သောအဖွဲ့က ထိုသူများအားလုံးကို ရှင်းလင်းပစ်ခဲ့သည်။

ပေဖန်း၏ အဖွဲ့က တူညီဝတ်စုံများ ဝတ်ဆင်ထားကြပြီး လက်ထဲတွင် ဓားရှည်များကိုင်ဆောင်ထားကြသည်ကို ကျန်းလန် အမှတ်ရမိသေးသည်။ ပြီးတော့ သူတို့၏ တိုက်ခိုက်မှုက ပြတ်သားရှင်းလင်းပြီး တိကျသည်။

ထိုအချိန်က ဂိုဏ်းတူအစ်ကိုပေဖန်းမှာ မရှိမှုအာကာအဆင့် အောင်မြင်ထားသူ ဖြစ်သည်။ ယခုဆိုလျှင်တော့ လူသားအင်မော်တယ်အဆင့်သို့ ရောက်ရှိနေလောက်ပေပြီ။

သူတို့က ကျင့်ကြံခြင်းအဆင့်တက်သည်မှာ အလွန်လျှင်မြန်ကြ၏။

လုန်မန်က တိုးလျသည့်လေသံဖြင့်…

"ကျုပ်က ယောက်ဖကို လာရှာတာပါ…"

သူက ကျန်းလန်ကို ရန်စသလို ဖြစ်သွားမည်ကို ကြောက်ရွံ့နေမိသည်။

ကျန်းလန်ကိုတွေ့တိုင်း ကြောက်ရွံ့နေမိသည်က အတော်လေးအဓိပ္ပါယ်မဲ့သည့်ကိစ္စပင်။

ကျန်းလန်က…

"ကျုပ်ဆီက ဘာများလိုချင်တာရှိလို့လဲ"

လုန်မန် သူ့ထံမှ တစ်စုံတစ်ခုတောင်းလျှင်လည်း သူတတ်နိုင်ပါက စီစဉ်ပေးမည် ဖြစ်သည်။ ပြီးလျှင်တော့ သူ သေရည်ဆိုင်သို့ သွားရမည် ဖြစ်၏။

အချိန်ကြာနေပြီး နေ့လည်ခင်းမှ သေရည်ဆိုင်သို့ ရောက်သွားပါက ဆိုင်ရှင်အဘိုး ပြန်ရောက်လာလျှင် နာမ်ဝိညာဉ် သေရည်ဆိုင်ကို အေးအေးဆေးဆေး လေ့လာခွင့်ရတော့မည် မဟုတ်ပေ။

ဆိုင်ရှင်အဘိုး မရှိမှသာ ဆိုင်ရှင်အဘိုးကို စောင့်ဆိုင်းရင်း နာမ်ဝိညာဉ်သေရည်ဆိုင်ကို အေးအေးဆေးဆေး လေ့လာနိုင်မည် ဖြစ်သည်။

လုန်မန်က ကျန်းလန်ကို ကြည့်လိုက်ပြီး…

"ဘာမှ မရှိပါဘူးဗျာ… ဒါနဲ့ ယောက်ဖက အပြင်သွားမလို့လား"

ကျန်းလန်က…

"ဟုတ်တယ် ၊ တောင်ခြေသေရည်ဆိုင်ကို သွားမလို့…"

လုန်မန်က ရယ်မောလိုက်ရင်း…

"အတော်ပဲ ၊ ကျုပ်လည်း တောင်ခြေသေရည်ဆိုင်ကို သွားမလို့ဗျ… အတူတူ သွားကြမယ်လေ"

ကျန်းလန်က လုန်မန်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ကြည့်ရသည်မှာ သူ့လျှို့ဝှက်ချက်များကို လုန်မန် မသိသေးသည်မှာ သေချာသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် လုန်မန်က သူ့ကို ကြောက်ရွံ့နေဟန် ရှိ၏။

မွေးရာပါအင်မော်တယ်များက ထူးခြားသည်ကတော့ အမှန်ပင် ဖြစ်၏။

ထို့နောက် သူနှင့်လုန်မန် ဘေးချင်းယှဉ်လမ်းလျှောက်ရင်း တောင်အောက်ဆင်းလာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင်တော့ လုန်မန်က ကျန်းလန်နှင့် ရင်းနှီးမှုရရန် အစွမ်းကုန် ကြိုးစား၏။

"အခုပဲ အစ်မဆီက ပြန်လာတာ ၊ ယောက်ဖအကြောင်းပြောဖြစ်ကြတော့ သူ့ပုံစံလေးက အရမ်းကို နူးညံ့သွားတာပဲ…"

အစ်မနှင့်ပတ်သက်သည့်အကြောင်း ပြောဆိုလိုက်ချိန် ယောက်ဖက အရင်ကလောက် ကြောက်စရာမကောင်းတော့ဟု ခံစားလိုက်ရသည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမက သူ့အစ်မ ဖြစ်ရသည်မှာ ကောင်းလေစွ ၊ ကောင်းလေစွ။

ခဏအကြာတွင်တော့ သူတို့ တောင်ခြေသေရည်ဆိုင်သို့ ရောက်ရှိလာကြသည်။

လမ်းတစ်လျှောက် လုန်မန်ကလည်း အတော်စကားများလေသည်။

ကျန်းလန်သည်လည်း တစ်လမ်းလုံး စိတ်ရှည်လက်ရှည် နားထောင်လာခဲ့သည်။

ပြောသည့်စကားအများစုကတော့ လုန်ယွိနှင့် နဂါးမျိုးနွယ်များအကြောင်း ဖြစ်လေသည်။ လုန်မန်ပြောပြသဖြင့် လုန်ယွိက တောက်ပသည့်အရာများကို သဘောကျကြောင်း ကျန်းလန် သိရှိလိုက်သည်။

လေပြေအေးက တိုက်ခတ်နေလေသည်။

"လူသားတွေရဲ့ လောကမှာတော့ ရာသီလေးခု ရှိတယ်နော် ၊ ဒါပေမဲ့ ကျုပ်တို့ နဂါးတိုင်းပြည်မှာတော့ အဲဒီလို မရှိဘူး ၊ ပင်လယ် (၄)ခုက သိပ်ပြီး အပြောင်းအလဲ မရှိဘူးလေ"

လုန်မန်က လေပြေအေးကို ခံစားရင်း ပြောလိုက်သည်။

ကျန်းလန်ကတော့ ပင်လယ်ပြင်သို့ တစ်ခါမှ မရောက်ဖူးသောကြောင့် ပင်လယ်ပြင်နှင့်ပတ်သက်ပြီး ခံစားချက် သိပ်မရှိပေ။

ထို့နောက် သူတို့ သေရည်ဆိုင်ထဲသို့ လှမ်းဝင်လိုက်ကြသည်။

ယနေ့တော့ သေရည်ဆိုင်ထဲတွင် အရင်ကလို လူရှင်းမနေပေ။ ဧည့်သည်တစ်ယောက် ရှိနေသည်ကို တွေ့လိုက်ကြရ၏။

ထိုဧည့်သည်က လုန်ရဲ့ဖြစ်ကြောင်း ကျန်းလန် ချက်ချင်း မှတ်မိလိုက်သည်။

ယခုတော့ လုန်ရဲ့က ပြဿနာမရှာဘဲ ငြိမ်သက်နေသည်မှာ အံ့သြစရာကောင်းလှသည်။

သူ ယခင် သေရည်ဆိုင်တွင် အလုပ်ကူလုပ်ပေးစဉ်က လုန်ရဲ့က အမြဲတမ်း ပြဿနာရှာခဲ့သည်။ ယခု ပြဿနာမရှာသည်မှာ အနည်းငယ် ပုံမှန်မဟုတ်သလို ခံစားရ၏။

ကျန်းလန်က အများကြီးတွေးမနေဘဲ ကောင်တာသို့ သွားလိုက်၏။

ကောင်တာမှ ကလေးငယ်က ကျန်းလန်ကို တွေ့သည်နှင့် ချက်ချင်းပင် အူမြူးသွား၏။

"အစ်ကိုကြီး... အကောင်းစားသေရည် ဝယ်မလို့လား"

ကောင်တာတွင် ကလေးငယ် (၂) ယောက် ရှိနေလေသည်။

သေရည်ဆိုင်မှ ကလေးငယ်နှင့် ဇာမဏီမျိုးနွယ် ကလေးမလေးတို့ ဖြစ်သည်။

ကျန်းလန်က...

"ဆိုင်ရှင်အဘိုး နေ့ခင်းမှ ပြန်ရောက်မှာလား"

ကလေးငယ်က ခေါင်းညိတ်ရင်း...

"အင်း... အစ်ကိုကြီး ၊ စားပွဲမှာထိုင်ရင်း အဘိုးပြန်လာတဲ့အချိန် စောင့်နေလိုက်လေ"

သူ့ကိုကြည့်ရသည်မှာ ကျန်းလန်ကိုတွေ့သည်နှင့် တစ်စုံတစ်ခုကို စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေဟန် ရှိသည်။ ကလေးငယ် ဘာလုပ်ချင်နေသည်ကို ကျန်းလန် သိရှိသော်လည်း သူက အရေးမစိုက်ပေ။

ထို့နောက် သူက ဆိုင်ထောင့်တစ်ထောင့်တွင်ထိုင်ရင်း စိတ်ရှည်စွာဖြင့် ဆိုင်ရှင်အဘိုးပြန်အလာကို စောင့်နေရင်း သူ အသစ်နားလည်ထားသည့် နာမ်ဝိညာဉ်ရောင်ပြန်ပညာအကြောင်းကို အတည်ပြုရန် ကြိုးစားနေခဲ့သည်။

လုန်မန်ကလည်း ကျန်းလန်ဘေးနားတွင်ဝင်ထိုင်လိုက်ပြီး လုန်ရဲ့ကို တုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်သည်။

လုန်ရဲ့က ခပ်တည်တည်ဖြင့် သေရည်သောက်နေ၏။ ကြည့်ရသည်မှာ သေရည်ဒဏ်ကို ခံနိုင်ရည် ရှိလာပြီလား မပြောတတ်ပေ။

မနေ့က လုန်ရဲ့ တောင်ပေါ်ပြန်မလာသောကြောင့် ဖီရှိုးသတ္တဝါနှင့် ထပ်မံတိုက်ခိုက်နေသည်လားဟု လုန်မန် တွေးထင်ခဲ့သည်။

သို့သော် တကယ်တမ်း တစ်ညလုံး ဆိုင်တွင် သေရည်ထိုင်သောက်နေခြင်းလည်း ဖြစ်နိုင်သည်။ မည်သူ သိနိုင်ပါမည်နည်း။

လုန်ရဲ့ကိုကြည့်ရသည်မှာ အတော်လေး ရေချိန်ကိုက်နေပြီ ဖြစ်၏။ ထို့ကြောင့် မသိချင်ယောင်ဆောင်နေမှ တော်ကာကျမည်ဟု လုန်မန် တွေးလိုက်သည်။

မဟုတ်ပါက နောက်ပိုင်း ဘာပြဿနာရှာမည်ကို မည်သူမှ မသိနိုင်ပေ။

ကျန်းလန်က တစ်ယောက်တည်းထိုင်ရန် စဉ်းစားထားသော်လည်း လုန်မန်က သူနှင့်အတူ လာထိုင်သည်ကို တွေ့လိုက်ရသည်။ သို့သော် လုန်မန်က သူ့အလုပ်ကို နှောက်ယှက်နိုင်မည် မဟုတ်လေရာ ပြသနာတော့ မရှိလှပေ။

သို့သော် ကျန်းလန်က မျက်လုံးမှိတ်ကာ နာမ်ဝိညာဉ်သေရည်ဆိုင်ကို အာရုံခံရန် ဟန်ပြင်လိုက်စဉ်မျာပင် သူ့ထံသို့ တစ်စုံတစ်ယောက် လှမ်းကြည့်လာသည်ကို သတိပြုလိုက်မိသည်။

သေရည်မူးနေသည့် လုန်ရဲ့က သူတို့ရှိကြာသို့ လှမ်းကြည့်နေခြင်း ဖြစ်၏။

လုန်ရဲ့၏အကြည့်ထဲတွင် "ကျန်းလန်ကို မြင်ဖူးသလိုလိုပဲ" ဟု ပဟေဠိ ဖြစ်နေဟန် ရှိသည်။

ထို့နောက် သူ့အကြည့်က လုန်မန်ထံသို့ ရောက်ရှိသွား၏။

လုန်မန်ကိုတွေ့သည်နှင့် သူက သောက်လက်စသေရည်အိုးကို ဆွဲယူကာ ကျန်းလန်တို့စားပွဲသို့ ရွှေ့လာပြီး လုန်မန်နှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

သူက ကျန်းလန်ကို တစ်ချက်ပင် လှည့်မကြည့်တော့ပေ။

"မိုးကောင်းကင်အင်မော်တယ် အောင်မြင်ထားသည့်အဆင့်"

လုန်ရဲ့ကို တစ်ချက်ကြည့်လိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကျန်းလန် ချက်ချင်း သိရှိလိုက်သည်။

သူ့အနေဖြင့် လုန်ရဲ့၏ ကျင့်ကြံခြင်းအဆင့်ကို ပထမဆုံးအကြိမ် ခန့်မှန်းနိုင်ခြင်း ဖြစ်သည်။ အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားလှ၏။

သို့သော် မိုးကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ယစ်မူးစေနိုင်သောသေရည်က အတော်လေး ထူးခြားသည်ဟု ဆိုနိုင်သည်။

ကျန်းလန်က ဘေးတစ်နေရာတွင် ထိုင်နေပြီး စကားတစ်လုံးမှဝင် မပြောပေ။ သို့သော် သူက လုန်ရဲ့နှင့်လုန်မန်ကို သတိထားနေဆဲ ဖြစ်သည်။

အကယ်၍သာ မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ထားသူတစ်ယောက်က သူ့ကို တိုက်ခိုက်လာမည်ဆိုလျှင် မည်သည့်နည်းနှင့်မှ ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။

သို့သော် မိုးနဲ့မြေတာအိုတရားကို အနည်းငယ် နားလည်ခဲ့ပြီးနောက် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းကလည်း သူမတူသည့်မြန်နှုန်းကို ရရှိထားလေရာ မိုကောင်းကင်အင်မော်တယ်တစ်ပါး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည်လားဟု ကျန်းလန် သိချင်နေမိသည်။

လုန်မန် အနည်းငယ် စိတ်ညစ်သွား၏။ ဦးလေးလုန်ရဲ့ကတော့ ပြဿနာရှာတော့မည်ဟု သိရှိလိက်သည်။

ထို့ကြောင့် ဦးလေးလုန်ရဲ့ကို သူတို့အနားမှ ထွက်သွားအောင် မောင်းထုတ်ရန် အကြံထုတ်နေတော့၏။

သို့သော် သူ စကားမပြောနိုင်သေးခင်မှာပင် လုန်ရဲ့က သေရည်ခွက်အတွင်းသို့ သေရည်များလောင်းထည့်လိုက်ပြီး…

"သောက်ကွ… မင်း စိန်ခေါ်ပွဲအနိုင်ရတာအတွက် ဂုဏ်ပြုရအောင်"

"ဦးလေးကလည်းဗျာ… ကျွန်တော် ရှုံးသွားတာပါဆို"

ထိုစကားကြားသည်နှင့် လုန်ရဲ့က ချက်ချင်း အမူးပြေသွားသည့်ပမာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။

"ရှုံးတယ်… ဟုတ်လား ၊ မင်းအစ်မက မင်းကို တမင်အရှုံးပေးဖို့ တောင်းဆိုထားတာလား"

"……………"

လုန်မန် စိတ်ညစ်သွားသည်။

လူတိုင်းက အဘယ့်ကြောင့် ထိုသို့ တွေးရပါသနည်း။ သူလည်း အတတ်နိုင်ဆုံး ကြိုးစားတိုက်ခိုက်ခဲ့သည်ပဲလေ။

သူက ကျန်းလန်ကိုတစ်ချက်ခိုးကြည့်လိုက်ရာ ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် မျက်လုံးများကိုပင် မှိတ်ထားလေသည့် ယောက်ဖဖြစ်သူကို တွေ့မြင်လိုက်ရသည်။

ကျန်းလန်က မျက်လုံးများမှိတ်ကာ နာမ်ဝိညာဉ်သေရည်ဆိုင်ကို အာရုံခံနေသော်လည်း ပတ်ဝန်းကျင်ကိုလည်း မလွတ်တမ်း သတိထားနေ၏။

လုန်ရဲ့နှင့် လုန်မန်ရှိနေလေရာ အချိန်မရွေး မတော်တဆမှုများ ဖြစ်လာနိုင်သည်။

"ရှုံးလည်း ဘာမှမဖြစ်ဘူး ၊ ထားလိုက်ကွာ… အကြီးအကဲတွေကလည်း မင်းရှုံးသွားလို့ ဘယ်သူမှ အပြစ်တင်မှာ မဟုတ်ဘူး"

ထို့နောက် လုန်ရဲ့က သေရည်ခွက်ကို မော့သောက်လိုက်ရင်း…

"လုန်လီနဲ့ လုန်စီးစီးကတော့ မင်းနိုင်မလား ၊ ရှုံးမလား စိတ်ဝင်စားပေမယ့် ဒါတွေလည်း အချိန်တန်ရင် ပြီးသွားမှာပါကွာ ၊ စိတ်ထဲထားမနေနဲ့ ၊ တကယ်တော့ ကျုပ်တို့ ခွန်လွန်တောင်ကိုလာတာက တခြားလျှို့ဝှက်ကိစ္စရှိလို့ကွ… အေ့…"

ထိုစကားကြားသည်နှင့် လုန်မန် လန့်သွားသည်။

"ဦးလေးလုန်ရဲ့ ၊ ဦးလေး အရမ်းမူးနေပြီ ၊ ကျွန်တော် ဦးလေးကို တောင်ပေါ်ပြန်ပို့ပေးမယ်လေ…"

အရက်မူးလို့ ကျွဲခိုးပေါ်သလို သူ့ဦးလေးက လျှို့ဝှက်ကိစ္စများ ကျန်းလန်ရှေ့တွင်ပြောမိမည်ကို လုန်မန် မလိုလားပေ။ ထို့ပြင် သူပြောမည့်လျှို့ဝှက်ကိစ္စဆိုသည်ကလည်း မည်သည့်ကိစ္စမှန်းမသိလေရာ အန္တရယ်များသည်ကတော့ အမှန်ပင်။

အရက်သမားပြောသည့် အဓိပ္ပါယ်မဲ့ စကားများက မထင်မှတ်သည့် အန္တရယ်များကို ဖြစ်ပေါ်စေနိုင်သည် မဟုတ်ပါလား။

လုန်မန်က ချက်ချင်းပင် လုန်ရဲ့နံဘေးသို့သွားကာ တွဲထူရန် ဟန်ပြင်လိုက်သည်။ လုန်ရဲ့က တန်ခိုးစွမ်းအားမြင့်မားသူဖြစ်သဖြင့် ပေါ့ပေါ့ဆဆလည်း အနားမကပ်ဝံ့ပေ။

သူ့ဦးလေးက သေရည်မူးလျှင် သွေးဆိုးလွန်းပြီး သွားလေရာရာတွင် ပြဿနာရှာသည် မဟုတ်ပါလား။

"ဖောင်း…"

လုန်ရဲ့က လုန်မန်၏လက်ကို ရိုက်ထုတ်လိုက်သည်။

"စိတ်မပူစမ်းပါနဲ့… ဒါက အရေးကြီးတဲ့ လျှို့ဝှက်ချက်ကြီးလည်း မဟုတ်ပါဘူး… ၊ ပြီးတော့ ကျုပ်ကလည်း မမူးသေးပါဘူး…"

All Chapters