ပျက်သုန်းနေသည့် တစပြင်လောကကြီးတွင် နတ်ဘုရားများနှင့် နတ်မိစ္ဆာများက နေရာတိုင်းတွင် ရှိနေကြသည်။ ကျန်းလန်တစ်ယောက် နောက်ဆုံးတော့ ခွန်လွန်တောင်မှ တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ အထူးသဖြင့်… နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့် ဖြစ်လာသည်။ ကျန်းလန်က ပြင်ပလောကမှ အန္တရယ်များကို သိရှိသူဖြစ်သောကြောင့် နဝမတောင်ထွတ်ရှိ မရဏဂူထဲတွင် ပုန်းအောင်းနေပြီး တစ်ယောက်တည်းကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ လူတိုင်းမသိရှိနိုင်သော… မှတ်ပုံတင်သည့်စနစ် (sign-in system) ကြောင့် ကျန်းလန်တစ်ယောက် များစွာသော နတ်ဘုရားတန်ခိုးစွမ်းအားများ ၊ မှော်ဝင်ပစ္စည်းများနှင့် သူ၏ ကျင့်စဉ်လမ်းတစ်လျှောက် အထောက်အပံ့ဖြစ်စေမည့် အကူအညီများစွာကို ရရှိသွားတော့သည်။ သို့သော်… သူ့ရည်မှန်းချက်က သူကျင့်ကြံအောင်မြင်ထားသည့် ကျင့်ကြံခြင်းအဆင့်ကို လျှို့ဝှက်ထားရန် ဖြစ်သည်။ မည်သည့်အတားအဆီးကိုမဆို ကျော်ဖြတ်နိုင်သော စွမ်းအားနှင့်ပြည့်စုံသည့်အချိန်ထိ အန္တရယ်များကို ရှောင်တိမ်းပြီး ခွန်လွန်တောင်မှ တပည့်များကြား သိုသိုသိပ်သိပ်နေထိုင်ရန် ကျန်းလန် စဉ်းစားထားသည်။ အချိန်အတန်ကြာပြီးနောက် … ကျန်းလန် ကျင့်ကြံပြီး ပြန်ထွက်လာသည့်အချိန်တွင် သူ့ဆရာက သူ့ကို အရေးကြီးသည့် သတင်းတစ်ခုနှင့်အတူ စောင့်ဆိုင်းနေခဲ့လေသည်။ ထိုသတင်းက… ခွန်လွန်တောင်တွင်… သူ့အတွက် ချစ်သူတစ်ယောက် ရှာတွေ့ထားပြီ… ဟူ၍…။

