← Chapters

တိုက်ခိုက်ခံရခြင်း

Vol. 26 Ch. 355

တိုက်ခိုက်ခံရခြင်း

Vol. 26 Ch. 355

အခန်း (၃၅၅) တိုက်ခိုက်ခံရခြင်း

"ခွန်လွန်တောင်နဲ့ ရင်ဆိုင်တဲ့အခါ မင်းတို့ ဘာအခွင့်အရေးမှရဖို့ မစဉ်းစားနဲ့ ၊ မင်းတို့ တစ်ခုခုလိုချင်မိပြီဆိုတာနဲ့ လွတ်လမ်းပျောက်ပြီဆိုတာ နားလည်ရမယ် ၊ အခွင့်အရေးကို မက်မောနေတာက မင်းတို့ ထပ်ခါထပ်ခါ ကျရှုံးနေရတဲ့ အဓိကအကြောင်းရင်းပဲ"

အဖြူရောင်ဝတ်ဆင်ထားသည့် နတ်လူသားမျိုးနွယ်က ပြောလိုက်သည်။ သူက မျက်မှောင်ကြုတ်လျှက် သူ့ရှေ့မှ လူ (၂)ယောက်ကို ကြည့်နေ၏။

ဖေးယွမ်တို့ (၂)ယောက်မှာတော့ ထိုစကားလုံးများကြောင့် မှင်တက်လျှက် ရှိသည်။

အမှန်တော့ သူတို့အားလုံး အသက်သေရန် အဆင်သင့်ပြင်ထားကြပြီး မည်သည့်အလုပ်လုပ်ပါစေ နောက်မဆုတ်တမ်းပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထာကြသည်။

သို့သော် အသက်ရှင်လျှက် လွတ်မြောက်နိုင်မည့်အခွင့်အရေးကိုတော့ အနည်းနှင့်အများ ရှာဖွေလိုကြသည်ပင်။ သက်ရှိသတ္တဝါရယ်ဟု ဖြစ်လာလျှင် အသက်ရှင်ချင်စိတ်ရှိသည်မှာ မှားယွင်းခြင်း မရှိပေ။

အဖြူရောင်ဝတ်ဆင်ထားသည့် နတ်လူသားမျိုနွယ်က ခပ်တိုးတိုးလေသံဖြင့်…

"အစီအစဉ်ကို အောင်မြင်ချင်ရင် အသက်ကို စွန့်လွှတ်ရမှာပဲ ၊ အသက်ရှင်ချင်ရင်တော့ အစီအစဉ်ကို လက်လျှော့ရမှာပဲ ၊ ခွန်လွန်တောင်နဲ့ ရင်ဆိုင်တဲ့အခါ အဲဒီလိုလုပ်မှပဲ အောင်မြင်နိုင်လိမ့်မယ် ၊ မင်းတို့အတွက် အခြားရွေးချယ်စရာ မရှိဘူး"

ဟုတ်ပေ၏။

သူ့တွင် ရွေးချယ်စရာမရှိကြောင်း ဖေးယွမ်လည်း သိထားပါသည်။ အဘယ်ကြောင့်ဆိုသော် ဤနတ်လူသားမျိုးနွယ်က သူ့အစီအစဉ်ကို လက်လျှော့မည် မဟုတ်သောကြောင့် ဖြစ်၏။

ဤနတ်လူသားမျိုးနွယ်ကို မကူညီလျှင် ထိုသူက သူတို့ကို သတ်ဖြတ်ပစ်ပေလိမ့်မည်။

သူတို့ အလကားသက်သက်တော့ အသေမခံနိုင်လေရာ ထိုနတ်လူသားမျိုးနွယ်ခိုင်းသည့်အတိုင်း လိုက်လုပ်ရန်သာ ရှိသည်။

သူ ဤအလုပ်ကို လုပ်ချင်ပါသလား။

သူ့ရင်ထဲတွင် ငြင်းဆန်လိုသည့် ဆန္ဒများနှင့် ပြည့်နက်လျှက် ရှိသည်။

သို့သော် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် အားကြီးသူကို အားနည်းသူက အဘယ်မှာ ငြင်းဆန်ဝံ့ပါမည်နည်း။

ဖေးယွမ်က…

"ဒီအနီးအနားမှာ မြေအောက်နတ်ဆိုးတွေလည်း ရှိနေကြတယ် ၊ သူတို့က မင်းကို ထိခိုက်စေမှာ မစိုးရိမ်ဘူးလား"

အဖြူရောင်ဝတ်လူရွယ်က ကောင်းကင်ထက် ခပ်ဝေးဝေးတစ်နေရာသို့ ပျံသန်းထွက်ခွာသွားရင်း…

"အဲဒါကို စိတ်မပူနဲ့"

သူက ဆက်ပြောသည်။

"ဒီည လထွက်ချိန်ရောက်တာနဲပ ကျုပ်တို့လှုပ်ရှားမယ် ၊ အချိန်မရှိဘူး ၊ ရတဲ့အချိန်မှာ အမြန်ဆုံးနဲ့အကောင်းဆုံး လုပ်ကြရမယ်"

ထို့နောက် အဖြူရောင်ဝတ်နတ်လူသားမျိုးနွယ်မှာ ဘယ်ဆီမှန်းမသိ ပျောက်ကွယ်သွားလေတော့သည်။

ဦးခေါင်းထက်တွင် ဦးချိုများပါရှိသည့်လူငယ်နှင့် ဖေးယွမ်တို့မှာ စတင်လှုပ်ရှားရန် မပြင်ဆင်မီ ခဏမျှ ငြိမ်သက်နေမိကြသည်။ သူတို့ စကားလည်း မပြောဖြစ်ကြပေ။

ယနေ့ညသည် သူတို့အတွက် ဤမြေပေါ်တွင် နောက်ဆုံးရပ်တည်ခွင့်ရသည့် နေ့ရက်လည်း ဖြစ်နိုင်သည်။

သူတို့ကို ခွန်လွန်တောင်မှ သတ်ဖြတ်ပစ်မည်လား ၊ နတ်လူသားမျိုးနွယ်လူရွယ်က သတ်ဖြတ်ပစ်မည်လား မသိနိုင်ပေ။ သို့မဟုတ် ငရဲတံခါးမှ သတ္တဝါတစ်ကောင်ကောင်က သူတို့ကို သတ်ဖြတ်ပစ်မည်လား။

ထိုသို့တွေးမိသည့်အခါ သူတို့ခန္ဓာကိုယ်များ အေးစက်တောင့်တင်းသွားကြသည်။

ဖြစ်နိုင်ခြေများအားလုံးကို သူတို့ တွက်ဆပြီးပြီ ဖြစ်သည်။ အစီအစဉ်အောင်မြင်သည့်တိုင် ရင်ဆိုင်ရမည့် ပြဿနာများလည်း ရှိနေသေးသည်။

ဘာပဲဖြစ်ဖြစ် တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားရန်သာ ဆုံးဖြတ်လိုက်ကြသည်။

***

"ဒုတိယမြောက်အလင်းတန်းပဲ"

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးမှ ထွက်ပေါ်လာသည့် အလင်းတန်းကြီးကို ကျန်းလန် လှမ်းကြည့်လိုက်သည်။ သို့သော် သူ အံ့အားသင့်သွားခြင်း မရှိပေ။

နှစ်ပေါင်း (၂၀) ကြာတိုင်း အလင်းတိုင်တစ်ခု ထွက်ပေါ်လာမည် ဖြစ်သည်။

နဝမတောင်ထွတ်က နောက်ဆုံးသောအလင်းတိုင်ကို ထွန်းညှိရမည်ဖြစ်လေရာ မည်သို့သောပြင်ဆင်မှုများ ပြုလုပ်ထားရပါမည်နည်း။

ထိုအချိန်တွင် သူက နဝမတောင်ထွတ်တွင် ရှိနေသင့်ပြီး ဆရာဖြစ်သူကို ကူညီပေးရမည် ဖြစ်သည်။

ယခု ကျန်းလန် ခွန်လွန်တောင်သို့ ရောက်သည်မှာ (၄၇၅)နှစ်ရှိပြီ ဖြစ်ပြီး ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်နေသည့် အချိန်လည်း ဖြစ်သည်။

ယခုတစ်ကြိမ် ငရဲတံခါးက သေချာပေါက် တစ်ခုခု ထူးခြားနိုင်သည်။

သူက နတ်ဘုရားရာထူးကို အပြည့်အ၀ ထိန်းချုပ်ထားနိုင်ပြီးနောက် ခဏမျှအနားယူရန် မရဏဂူထဲမှ ထွက်လာခဲ့သည်။ နေ့လည်ခင်အချိန်ရောက်မှ ဆက်လက်ကျင့်ကြံရန် ဂူထဲသို့ ပြန်င်လာခဲ့သည်။

"ဝှစ်…"

ကျန်းလန် ထိုင်လိုက်သည်နှင့် ငရဲတံခါးမှ လေပြင်းတစ်ချက်တိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။ ထူထပ်လှသည့် မရဏအငွေ့အသက်များမှာ လေပြင်းကြောင့် လှိုင်းလုံးကြီးများပမာ လှုပ်ရှားသွားသည်။

ကျန်းလန် ငရဲတံခါးရှိရာသို့ လှမ်းကြည့်လိုက်သည်။

ငရဲတံခါးမှ လေပြင်းတိုက်ခတ်လာမှုကို သူ ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ ယခုတစ်ကြိမ် မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ခြင်းက တကယ့်ကို ထူးခြားသည်ပင်။

သို့သော် သူက အစီအရင်များ ပြုလုပ်ထားပြီးဖြစ်ရာ မရဏဂူထဲသို့ တစ်စုံတစ်ယောက် ရောက်ရှိလာသည်နှင့် အစီအရင်က တုံ့ပြန်မှု ပြုလုပ်မည် ဖြစ်သည်။

နတ်မိစ္ဆာများအနေဖြင့် တွင်းတူးပြီး ငရဲတံခါးကို လမ်းလွှဲနိုင်သည့် နည်းလမ်းများရှိသည်။ ထိုကိစ္စနှင့်ပတ်သက်၍လည်း သူ ပြင်ဆင်ထားပြီး ဖြစ်သည်။

ငရဲတံခါးတွင် ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုတစ်ခုခု ရှိလျှင် သူ သိရှိမည်ပဲ ဖြစ်သည်။

သူကိုယ်တိုင်လှုပ်ရှားမည်လား ၊ သို့မဟုတ် ဆရာဖြစ်သူကို ရှာဖွေအကြောင်းကြားရမည်လားဆိုသည်ကတော့ အခြေအနေပေါ်တွင် မူတည်သည်။

ကျန်းလန် ဆက်လက်ကျင့်ကြံနေခဲ့သည်။

သူ ပြုလုပ်ထားသည့် အစီအရင်များက မရဏဂူ၏ နေရာတိုင်းတွင် ရှိနေပြီး မရဏအငွေ့အသက်များကို အစီအရင်၏ ဗဟိုမဏ္ဍိုင်အဖြစ် အသုံးပြုထားသည်။

အစီအရင်များအားလုံးက စွမ်းအားများနှင့် ပြည့်နေကြ၏။

ရန်သူက သူ့အနားသို့ တိုးကပ်လာလိုသည်ဆိုလျှင် သူ့ပတ်ဝန်းကျင်မှ အစီအရင်များကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။ အစီအရင်များက ရန်သူကို မတားဆီးနိုင်လျှင်တောင်မှ သူ့ကို မရဏဂူအပြင်ဘက်သို့ ထွက်နိုင်ရန် ကူညီပေးနိုင်ပေသည်။

ကျန်သည့်ကိစ္စကိုတော့ ဆရာဖြစ်သူ ဖြေရှင်းပေလိမ့်မည်။

သူ ရင်မဆိုင်နိုင်သည့် ရန်သူဆိုလျှင်တော့ ဆရာဖြစ်သူကသာ ရင်ဆိုင်ရမည် မဟုတ်ပါလား။

***

ညအချိန်။

ကျန်းလန် မရဏဂူထဲတွင် ကျင့်ကြံလျှက် ရှိသည်။

ထိုစဉ် ငရဲတံခါးမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

မရဏအငွေ့အသက်များကလည်း ပိုမိုထူထပ်လာပြီး ထိုအနီရောင်အလင်းတန်းက မရဏလောကအနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်ဟန်တူသည်။

ကျန်းလန် ရုတ်တရက် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။

သို့သော်…

ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်လျှက်ရှိပြီး သူ့လက်ချောင်းများကိုပင် သူကိုယ်တိုင် တွေ့မြင်နိုင်ခြင်း မရှိပေ။

သူက ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိဘဲ အခြေအနေမှန်ကို စစ်ဆေးကြည့်လိုက်သည်။

"ဒီနေရာက မရဏဂူမဟုတ်ဘူး ၊ ပြီးတော့ ငါကလည်း ရုပ်ခန္ဓာမရှိဘူး ၊ နာမ်ဝိညာဉ်တစ်ခုပဲ"

ခဏမျှစဉ်းစားပြီးနောက် ကျန်းလန် အဖြေတစ်ခု ရရှိသွားသည်။

"ဒါ လောကတစ်ခုပဲ ၊ တန်ခိုးစွမ်းအားရှင်တစ်ယောက်က ငါ့ရဲ့ဝိညာဉ်ကို ဒီနေရာကို ဆွဲခေါ်သွားတာ"

"ဘယ်သူက ငါ့ဝိညာဉ်ကို ဒီနေရာကို ခေါ်လာတာလဲ ၊ မရဏလောကက ဟိုတန်ခိုးစွမ်းအားရှင်များလား"

ကျန်းလန် ရှေးဟောင်းရေတွင်းပျက်အတွင်းမှ အနီရောင်မျက်လုံးကြီးကို သတိရလိုက်သည်။

ယခုတစ်ကြိမ်တော့ တစ်ဖက်လူက ပြင်ပသို့ထွက်မလာဘဲ သူ၏ဝိညာဉ်ကို မရဏလောသို့ ဆွဲခေါ်လိုက်ခြင်း ဖြစ်နိုင်သည်။

ရန်သူက ငရဲတံခါးမှ ထွက်လာပြီးသူ့ကို သတ်ဖြတ်နိုင်စွမ်း မရှိပေ။ မဟုတ်ပါက တစ်ခါတည်း သတ်ဖြတ်သွားမည် ဖြစ်သည်။

ကျန်းလန် မတ်တတ်ထရပ်လိုက်သည်။

ဤနေရာက အနည်းငယ် ရှင်းလင်းနေကြောင်း သူ ခံစားလိုက်ရသည်။

"အဟက်ဟက် ငရဲတံခါးအနားမှာ နေရဲတယ်ဆိုကတည်း စိတ်စွမ်းအားကောင်းမယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ ၊ ဒီနေရာကိုရောက်လာတာနဲ့ ချက်ချင်းကို နိုးထလာနိုင်တာပဲကိုး ၊ ကောင်းတာပဲလေ ၊ အချိန်တွေအလကားမဖြစ်တော့ဘူးပေါ့"

အမှောင်ထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် အလင်းရောင်ခပ်မှိန်မှိန်တစ်ခု ထွက်ပေါ်လာပြီး ကျန်းလန် သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသလို ပတ်ဝန်းကျင်ကိုလည်း တွေ့မြင်လိုက်ရသည်။

ဤနေရာတွင် ကြီးကျယ်ခမ်းနားသည့် အဆောက်အဦများစွာ ရှိနေသော်လည်း အားလုံးက ပြိုကျပျက်စီးလျှက် ရှိသည်။

အဆောက်အဦအပျက်အစီးများကြားတွင် ထူးဆန်းသောသတ္တဝါများ လှုပ်လှုပ်ရွရွ သွားလာနေကြသည်ကို တွေ့လိုက်ရသည်။

လူလိုလို သတ္တဝါများ ၊ သားရဲနှင့်တူသည့်သတ္တဝါများ ၊ လူတစ်ပိုင်းသားရဲတစ်ပိုင်းသတ္တဝါများ…။

သို့သော် ထိုသတ္တဝါများကို သဲသဲကွဲကွဲတွေ့မြင်ရခြင်းမရှိဘဲ အနက်ရောင်အရိပ်များပမာသာ တွေ့မြင်နေရသည်။

အသံထွက်ပေါ်လာသည်မှာ အနက်ရောင်အရိပ်တစ်ခုထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ထိုသူက ယောကျ်ားတစ်ယောက် ဖြစ်ဟန်တူသည်။

ဤနေရာက မရဏလောက မဟုတ်သေးပေ။

မရဏလောကနှင့် လူ့လောကကြားတွင်တည်ရှိသည့် နယ်ခြားနေရာတစ်ခု ဖြစ်သည်။

ကျန်းလန်ကလည်း ဤနေရာမှသတ္တဝါများကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိသလို ထိုသတ္တဝါများကလည်း ကျန်းလန်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရဟန် မရှိပေ။

ကျန်းလန်က…

"ဘာကိစ္စရှိလို့ ကျုပ်ကို ဒီနေရာခေါ်လာတာလဲ"

သူက မရဏဂူထဲတွင် ရန်သူကို ရင်ဆိုင်ရန် လုံလောက်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

သို့သော် ယခုတော့ ရန်သူက သူ၏ ဝိညာဉ်ကို ဤနေရာသို့ ဆွဲခေါ်လာလေရာ အလွန်အန္တရယ်များသည့် အနေအထားသို့ ရောက်သွားသည်ဟု ဆိုနိုင်သည်။ သို့ဖြစ်ရာ ကျန်းလန်အနေဖြင့် ထိုအနက်ရောင်အရိပ်များအားလုံးကို လျှော့မတွက်ဝံ့ပေ။

မရဏလောကမှ တန်ခိုးစွမ်းအားရှင်က ရယ်မောလိုက်ရင်း…

"မင်းကို ကျုပ်တို့နဲ့ လက်တွဲစေချင်တယ်"

သူက ဆက်ပြောသည်။


"ပြီးတော့ မင်းအနေနဲ့ ကျင့်ကြံခြင်းမှာ အဆင်ပြေစေဖို့ မရဏလောကအထိ လာစရာမလိုသလို မင်း ကျုပ်တို့နဲ့ လက်တွဲတာကိုလည်း ဘယ်သူမှ သိစရာ မလိုပါဘူး ၊ အပြန်အလှန်အနေနဲ့ကတော့ မင်းက ကျုပ်တို့ကို ငရဲတံခါးအပြင်ကို ထုတ်ပေးရမယ် ၊ ဘယ်လိုလဲ ဒီအပေးအယူက တရားမျှတတယ်မဟုတ်လား"

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

"အင်း… တရားမျှတပါတယ်"

တစ်ဖက်လူပြောသည့်စကားများက မှန်ကန်သည်ဆိုလျှင်တော့ တရားမျှတသည်ဟု ပြောနိုင်သည်။

ကျင့်စဉ်လမ်းတွင် အခက်အခဲများမရှိတော့လျှင် သူ့အနေဖြင့် တာ့လော်အင်မော်တယ်အဆင့်သို့ လျှင်မြန်စွာ အဆင့်တက်ရောက်နိုင်မည် ဖြစ်သည်။

မိုးကောင်းကင်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့်တွင် ပိတ်မိနေပြီး တာ့လော်အဆင့်သို့ မတက်လှမ်းနိုင်သူ များစွာရှိကြသည် မဟုတ်ပါလား။

မရဏလောကမှ တန်ခိုးစွမ်းအားရှင်က ရယ်မောလိုက်ရင်း…

"ဒါဆို ကျုပ်တို့ သဘောတူညီမှု ရပြီလား"

***

ည…။

လေပြင်းများ တဟူးဟူးတိုက်ခတ်နေသံကလွဲပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသည်။

ထိုအချိန်…

နဝမတောင်ထွတ်အစွန်းတွင် မော့ကျန်းသုန့် မတ်တတ်ရပ်လျှက် ရှိ၏။

သူ၏ အစိမ်းနုရောင်အဝတ်အစားများက လေထဲတွင်လွင့်ပျံလျှက် သူ၏မျက်ဝန်းများကတော့ မရဏဂူရှိရာနေရာသို့ လှမ်းကြည့်နေသည်။

ထို့နောက် နေရာမှာပင် မော့ကျန်းသုန့် ပျောက်ကွယ်သွားပြီး မရဏဂူရှေ့တွင် ပြန်ပေါ်လာလေသည်။ သူက ချက်ချင်းပင် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ မရဏဂူအတွင်းသို့ ရောက်သွားပြီး ကျန်းလန်အနားတွင် ပေါ်လာသည်။

ကျန်းလန်က မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူ့ရှေ့တွင်တော့ အစွယ်များပါရှိသည့် အနက်ရောင်မရဏသားရဲကြီးတစ်ကောင် ရှိနေလေသည်။

ထိုသားရဲကောင်မှာ ကျန်းလန်၏ အစီအရင်ထဲတွင်ပိတ်မိနေပြီး မလှုပ်နိုင်ဖြစ်နေသည်။

မော့ကျန်းသုန့်က မျက်လုံးများမှေးမှိတ်ထားသည့် ကျန်းလန်ကို မျက်တောင်မခတ်စိုက်ကြည့်လျှက် ရှိသည်။ မော့ကျန်းသုန့်က သားရဲကောင်ကို အရေးစိုက်ဘဲ ကျန်းလန်ကိုသာ ကြည့်နေ၏။

"သူ ထိခိုက်သွားပြီ ၊ သူ့ဝိညာဉ်ကို နယ်ခြားနေရာကို သူတို့ ဆွဲခေါ်သွားကြတယ် ၊ ဒီတစ်ခေါက်ကတော့ အတော်လေး ထူးခြားတာပဲ"

သူက ကျန်းလန်ကို မနှိုးဘဲ ခဏမျှ စောင့်ကြည့်နေ၏။

အတန်ကြာမှ မော့ကျန်းသုန့် မရဏဂူထဲမှ ထွက်ခွာသွားသည်။ တစ်ချိန်တည်းမှာပင် အစီအရင်ထဲတွင် ပိတ်မိနေသည့် မရဏသားရဲသည်လည်း ပြာမှုန့်အဖြစ် ပြောင်းလဲသွားသည်။

မော့ကျန်းသုန့်က မရဏဂူအပြင်ဘက်ရောက်သည်နှင့် ကောင်းကင်ထက်မှ တောက်ပနေသည့်လမင်းကို မော့ကြည့်လိုက်သည်။

သူ နဝမတောင်ထွတ်အစွန်းသို့ ပြန်မသွားခဲ့ပေ။

"ဒီနှစ်တွေအတွင်း မတော်တဆ ဘာမှမဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ် ၊ မဟုတ်လို့ကတော့…"

မော့ကျန်းသုန့်၏တိုးလျသည့်စကားသံအဆုံးသတ်သွားသည်နှင့် နဝမတောင်ထွတ်တစ်ခုလုံးကို ရောင်ဝါတစ်ခုက ဖုံးလွှမ်းသွားသည်။

ထိုရောင်ဝါက ကျန်းလန်ကို ကာကွယ်ပေးထားခြင်း ဖြစ်ပြီး နဝမတောင်ထွတ်သို့ ဘယ်သူပင်ရောက်လာပါစေ မော့ကျန်းသုန့် သိရှိမည် ဖြစ်သည်။

ရောက်လာသူက ခွန်လွန်တေင်မှတပည့်မဟုတ်ပါက ချက်ချင်းသတ်ဖြတ်ပစ်ရန် သူက ဆုံးဖြတ်ထားလေ၏။

All Chapters