← Chapters

ဘိုးဘေးနဂါးမင်း၏ကောင်းချီးလက်ဆောင်

Vol. 26 Ch. 363

ဘိုးဘေးနဂါးမင်း၏ကောင်းချီးလက်ဆောင်

Vol. 26 Ch. 363

အခန်း (၃၆၃) ဘိုးဘေးနဂါးမင်း၏ကောင်းချီးလက်ဆောင်

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မ အိပ်တော့မယ် ၊ ရှင် ကျွန်မနဖူးကို တိတ်တိတ်လေး လာမထုရဘူးနော် ၊ လက်စားပြန်မချေနဲ့နော်"

ရှောင်ယွိက ဆိုသည်။

ညဉ့်နက်နေပြီ ဖြစ်သည်။

ကျန်းလန်နှင့်အတူ ကောင်းကင်ထက်မှ ကြယ်စင်များကို ကြည့်နေပြီးနောက် ရှောင်ယွိက စားပွဲပေါ်မှောက်ရင်း အိပ်စက်ရန် ဟန်ပြင်လိုက်သည်။

ကျန်းလန်က မည်သည့်စကားမှ ပြန်မပြောပေ။

နဂါးများအားလုံက ဒီလိုပဲ စားပွဲပေါ်မှောက်ပြီးအိပ်စက်တတ်ကြသည်လား။ လူတွေကတော့ လဲလျောင်းအိပ်စက်ရသည်ကို သဘောကျသည်။

သူနှင့် ရှောင်ယွိတွင် မတူညီသည့်အရာ များစွာ ရှိသည်။ လက်ထပ်ပြီးလျှင် ဘယ်သူက ဘယ်သူ့အကြိုက်လိုက်လျောမည်လဲ မသေချာပေ။

သူ့အတွက် အမြဲတမ်းစဉ်းစားပေးတတ်သည့် ရှောင်ယွိကပဲ အလျှော့ပေးမည် ထင်သည်။

သူကတော့ စားပွဲပေါ်မှောက်လျှက်သား လိုက်မအိပ်နိုင်ပေ။

ကလေးများကိစ္စကလည်း ရှိသေးသည်။ သူတို့ကို လူသားပမာပဲ မွေးဖွားမည်လား ၊ သို့မဟုတ် နဂါးများလို ဥခွံကပဲ မွေးဖွားမည်လား မပြောတတ်ပေ။

သို့သော် ဥခွံများက ကလေးအတွက် စွမ်းအားပြည့်ဝစေသည်ဟု လုန်မန်က ပြောပြဖူးသည်။

ကျန်းလန်က ရှောင်ယွိကို ငုံ့ကြည့်လိုက်ရင်း…

"အင်း… အနားယူတော့လေ ဂိုဏ်းတူအစ်မ"

ရှောင်ယွိက နှစ်နေရာအိပ်တတ်သည်။

သူနှင့် မျက်နှာချင်းဆိုင်တွင်လည်းအိပ်တတ်သလို ၊ သူ့ဘေးနားတွင်လည်း အိပ်တတ်သည်။

သူနှင့်မျက်နှာချင်းဆိုင်တွင် အိပ်လျှင်တော့ကျန်းလန်က သူမမျက်နှာလေးကို ငေးကြည့်လေ့ ရှိသည်။ သူ့ဘေးတွင် အိပ်လျှင်တော့ သူမခန္ဓာကိုယ်မှ မွှေးရနံ့သင်းသင်းလေးကို ရှူရှိုက်ခွင့်ရသည်။

မည်သည့်နေရာတွင် အိပ်မည်ကတော့ သူမစိတ်သဘောအတိုင်းပင် ဖြစ်သည်။

သူက ရှောင်ယွိဆုံးဖြတ်ချက်များကို ဘယ်တော့မှ ဝင်ရောက်မစွက်ဖက်တတ်ပေ။

ရှောင်ယွိက နဝမတောင်ထွတ်တွင် အမြဲတမ်း ညအိပ်နေထိုင်လေ့ ရှိရာ ဆရာဒေါ်လေးကျူးချင်နှင့် အခြားသူများက သူမကို မည်သို့ထင်မြင်မည်ကို အရေးမစိုက်ပေဘူးလား။

သို့သော် တကယ်တမ်းတွင် သူတို့ (၂)ယောက် ဘာမှ မဖြစ်ခဲ့ကြဘဲ ဖြူစင်ရိုးသားခဲ့ကြသည်ပင်။

***

ကျန်းလန်က သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ဆက်လက်ထည့်သွင်းပေးနေသည်။

သူက ရှောင်ယွိနဖူးကို တိုက်ခိုက်ထုနှက်ရန်လည်း ရည်ရွယ်ချက် မရှိပေ။

နောက်တစ်ခါ စိန်ခေါ်ပွဲရောက်မှ သူမကို ကောင်းကောင်း ရိုက်ပစ်မည်ဟု စိတ်ထဲတွေးလိုက်သည်။

လေပြေလေးတိုက်ခတ်လာသည့်အခါ ရှောင်ယွိ၏ ဆံနွယ်လေးများ လွင့်ပျံသွားသည်။

ကျန်းလန်က အိပ်ပျော်နေသည့် သူမမျက်နှာလေးကို ကြည့်နေသည်။

သူမက ရှောင်ယွိပုံစံဖြင့်ဆိုလျှင် ဆံပင်များလည်း တိုသွားတတ်သည်ကို ယခုမှ သတိထားမိသည်။

ထို့နောက် ရှောင်ယွိထံမှ အကြည့်လွှဲလိုက်ပြီး သစ်သားဓားလေးထဲသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကိုသာ ထည့်သွင်းနေတော့သည်။ ယခုတစ်ခေါက်တော့ (၃)လတာမျှခံမည့် ဓားဝိညာဉ် ထည့်သွင်းပေးထားသည်။

လောလောဆယ်တွင် သူက မရဏဂူတွင် ကျင့်ကြံရန် မလိုအပ်သေးပေ။ ထို့ကြောင့် ရှောင်ယွိ၏ သစ်သားဓားလေးအတွင်းသို့ ဓားဝိညာဉ်ကို အချိန်မရွေး ထည့်သွင်းပေးနိုင်မည် ဖြစ်သည်။

(၃)လတစ်ကြိမ်။

(၁)နှစ် လေးကြိမ်။

သို့ဆိုလျှင် သူ၏ ကျင့်ကြံခြင်းကိုလည်း ထိခိုက်မည် မဟုတ်ပေ။

ရှောင်ယွိနှင့်လည်း မကြာခဏ တွေ့ဆုံနိုင်မည် ဖြစ်သည်။

လောလောဆယ်တွင် လူအများက သူ၏ကျင့်ကြံခြင်းကို အာရုံစိုက်နေကြပြီး အင်မော်တယ်တစ်ယောက်ဖြစ်လာရန် မျှော်လင့်နေကြသည်။

ရှောင်ယွိသည်လည်း စောင့်မျှော်ကောင်း စောင့်မျှော်နေပေလိမ့်မည်။

နောက်တစ်နေ့နံနက်။

နံနက်ခင်းနှင်းရည်လေးများ ကျဆင်းလျှက် ရှိလေသည်။

ရှောင်ယွိ အိပ်ယာမှ နိုးထနေပြီ ဖြစ်ပြီး သစ်ရွက်လေးများထက်မှ နှင်းရည်လေးများကို စုဆောင်းနေ၏။

အချိန်အတန်ကြာပြီးနောက် သူမက ပြုံးရယ်ရင်းဖြင့် ကျန်းလန်ရှိရာသို့ ပြေးလွှားရောက်ရှိလာသည်။

“ဂိုဏ်းတူမောင်လေး ၊ ခေါင်းမော့ပြီး ပါးစပ်ဟ”

ကျန်းလန်က ချက်ချင်းပင် ခေါင်းကိုမော့ကာ ပါးစပ်ဟပေးသည်။

ချက်ချင်းပင် သူ့ပါးစပ်ထဲသို့ အေးစိမ့်သည့်ရေများစီးကျလာသည်ကို ခံစားလိုက်ရသည်။

အလွန်ပင် အေးစိမ့်လွန်းသည်။

ရှောင်ယွိက...

"ကျန်တဲ့တစ်ဝက်က ကျွန်မအတွက်"

ပြောပြီးသည်နှင့် ရှောင်ယွိက နှင်းရည်လေးများကို မော့သောက်လိုက်သည်။

အရင်က ပဉ္စမတောင်ထတ်မှော်ရုံနယ်မြေထဲတွင် ရှောင်ယွိ ထိုသို့ပင် လုပ်ဖူးသည်ကို ကျန်းလန် သတိရလိုက်သည်။

နှင်းရည်လေးများက သာမန်ရေအတိုင်ပင်ဖြစ်သော်လည်း ရှောင်ယွိစုဆောင်းထားခြင်း ဖြစ်လေရာ အရသာက ချိုမြသည်ဟု သူ ခံစားရသည်။

သူ့အတွက်တော့ အလွန် အရသာရှိလှသည်။

"ကျွန်မ ပြန်တော့မယ်"

ရှောင်ယွိက သစ်သားဓားလေးကို ယူလိုက်ပြီး ကျောက်စိမ်းရကန်သို့ပြန်ရန် ဟန်ပြင်သည်။

ကျန်းလန်ကလည်း ရှောင်ယွိကို လိုက်ပို့ရန် မတ်တတ်ရပ်လိုက်၏။

တောင်ပေါ်လမ်းတစ်လျှာက် မြက်ပင်များ ၊ ခြုံနွယ်ပိတ်ပေါင်းများ များစွာ ပေါက်ရောက်လျှက် ရှိသည်။

“ကျွတ်ထွက်စေ”

ကျန်းလန် အမိန့်ပေးလိုက်သည်နှင့် မြက်ပင်များနှင့် သစ်ပင်ခြုံနွယ်များအားလုံး အမြစ်မှကျွတ်ထွက်ကုန်ကြသည်။

ရှောင်ယွိက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်...

"ဝိညာဉ်ဘာသာစကားလား ၊ ဂိုဏ်းတူမောင်လေးက မြက်ပင်တွေရှင်းဖို့ ဒီမန္တန်ကိုသုံးတာလား"

ကျန်းလန်က ခေါင်းညတ်ရင်း...

“အင်း...”

မြက်ပင်များနှင့် ခြုံနွယ်များကို ရှင်းလင်းရန်အတွက် သူက မကြာခဏ ဝိညာဉ်ဘာသာစကားကို အသုံးပြုလေ့ရှိသည်။

သန့်ရှင်းရေးလုပ်ရသည်မှာ ပိုမိုအဆင်ပြေလေသည်။

ကျန်းလန်က...

"အဲဒါက ကိုယ်တို့ ပထမဆုံးစတွေ့တဲ့အချိန်ကို မှတ်မိစေတယ်လေ"

ရှောင်ယွိက ရယ်မောလိုက်သည်။

ကျန်းလန်က ဆက်ပြောသည်။

“အဲဒီအချိန်တုန်းက ဂိုဏ်းတူအစ်မက အရမ်းရင့်ကျက်တာပဲ”

ထိုစကားနောက်ကွယ်မှအဓိပ္ပါယ်မှာ ယခုတော့ ကြီးလာလေ ကလေးဆန်လာလေဖြစ်ပြီး ရင့်ကျက်ခြင်းမရှိတော့ဟု ဆိုလိုသည်။

ရှောင်ယွိက...

“ရှင်ကတော့ အဲဒီတုန်းကလည်း အဘိုးကြီးလိုပဲ”

သူမက ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...

"အဲဒီတုန်းက ဂိုဏ်းတူမောင်လေးက ကျွန်မကိုတွေ့တာတောင် တစ်ချက်မကြည့်ဘူးနော်"

ထိုအချိန်တုန်းက သူမသည် မည်သည့်ယောကျ်ားလေးကိုမှ ဂရုမစိုက်ပေ။

ယခုတော့ သူမ ကျန်းလန်ကို အရေးမစိုက်မိသည်မှာ နှမျောစရာဟု တွေးမိသည်။

ထိုစဉ်က သူမ၏ဂိုဏ်းတူမောင်လေးကို သူမ ပိုပြီးဂရုစိုက်ခဲ့သင့်သည် မဟုတ်လား။

"ဂိုဏ်းတူအစ်မ ဒဏ်ရာတွေနဲ့ ပြန်ရောက်လာတော့ ရေကန်နားမှာ ကိုယ့်ကို လာရှာတယ်လေ ၊ အဲဒီတုန်းကတော့ ဂိုဏ်းတူအစ်မ အရမ်းလှလွန်းလို့ ခဏလောက် သတိလက်လွတ်ဖြစ်သွားဖူးတယ်"

ကျန်းလန်က ရိုးရိုးသားသားပြောသည်။

ထိုအချိန်က တစ်ခဏမျှ စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ရှက်စရာကိစ္စတစ်ခုတော့ မဟုတ်ပေ။

လုန်ယွိက တကယ်လည်း အရမ်းလှသည်ပဲလေ။

နောက်တော့လည်း သူက တစ်ယောက်တည်းပင် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

အချို့သောခံစားချက်များက တစ်ဖက်သားကို အနှောက်အယှက်ဖြစ်စေမည်ဆိုလျှင် သူက ပြန်ပြီးတမ်းတနေမည့်သူမျိုး မဟုတ်ပေ။

ရှောင်ယွိက ပြုံးလိုက်ရင်း...

"အဲဒီတုန်းက ဂိုဏ်းတူမောင်လေးက ချီစွမ်းအားသန့်စင်ခြင်းအဆင့်လေ ၊ ကျွန်မက ရွှေပြဒါးအမြုတေအဆင့်ဆိုတော့ ကျွန်မတို့အဆင့်က ကမ္ဘာခြားနေတယ်လို့ ထင်ခဲ့တာ"

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

ထိုအရာက အမှန်တကယ် အံ့အားသင့်စရာပင်။

သူတို့ (၂)ယောက်သည် လုံးဝပတ်သက်စရာအကြောင်းမရှိဟု သူ တွေးထင်ခဲ့သည်။

ယခုတော့ သူတို့ (၂)ယောက် လက်ထပ်ကြရတော့မည်။

“မယုံနိုင်လောက်အောင် ခံစားရတယ်”

ရှောင်ယွိက ဆိုသည်။

ကျန်းလန်က…

"အင်း… နည်းနည်းတော့ စိတ်ကူးယဉ်ဆန်တယ်နော်"

ဘာပဲဖြစ်ဖြစ် သူတို့ ဤအခြေအနေထိရောက်ခဲ့ခြင်းအတွက် ရှောင်ယွိကိုသာ ကျေးဇူးတင်ရပေမည်။

သူ့ကို စတင်ချဉ်းကပ်ခဲ့သူမှာ ရှောင်ယွိဖြစ်သည်ကို ကျန်းလန် မှတ်မိသတိရနေဆဲပင်။

သူမက သူ့အပေါ်စေတနာထားခဲ့ပြီး အရာအားလုံးအဆင်ပြေသွားမည်ဟု ယုံကြည်ခဲ့သည်။ သူမက ပြောမပြခဲ့သည့်တိုင် ကျန်းလန် ခံစားသိရှိနိုင်ပါသည်။

ထို့ကြောင့် သူကလည်း သူမကို တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ဤသည်က လက်ရှိအခြေအနေသို့ ရောက်လာရခြင်း၏ အကြောင်းပြချက်ပင်။

"ဒါပေမဲ့ မယုံကြည်နိုင်စရာအကောင်းဆုံးသူကတော့ ဂိုဏ်းတူအစ်မပါပဲ"

ကျန်းလန်က ရိုးရိုးသားသားပင် ပြောလိုက်သည်။

ခဏအကြာတွင်တော့ သူတို့ နဝမတောင်ထွတ်၏တောင်ခြေသို့ ရောက်ရှိလာကြသည်။

ကျန်းလန်က ရှောင်ယွိကို ဤနေရာအထိ လိုက်ပို့ပြီးလျှင် သူမက ဓားကိုစီးနှင်ပြီး ကျောက်စိမ်းရေကန်သို့ပြန်မည် ဖြစ်သည်။

ရှောင်ယွိက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

သူမက လက်ကိုနောက်ပစ်ရင်း ခြေဖျားလေးများထောက်ကာ ကျန်းလန်ကို ကြည့်လိုက်သည်။

ခဏမျှတုံ့ဆိုင်းနေပြီးမှ...

"ဂိုဏ်းတူမောင်လေး ၊ ရှင် ကျွန်မကို တုတ်ထိုးသကြားလုံးတွေ ဝယ်ပေးမယ်ပြောတာ မှတ်မိသေးတယ်မလားဟင်"

ကျန်းလန်က ခေါင်းညိတ်ရင်း...

"မှတ်မိပါတယ်ဗျာ"

“ဒါဖြင့်…”

ရှောင်ယွိက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ကျန်းလန်ရင်ခွင်ကို ခေါင်းဖြင့်ဝှေ့ရင်း သူ့ကို ပွေ့ဖက်လိုက်သည်။

"အခု နှစ်ခါရှိပြီနော်"

ကျန်းလန်က မျက်ခုံးများကို တွန့်ချိုးထားရင်း ရှောင်ယွိကို ပြန်ဖက်ရန်အတွက် လက်ကိုပင့်မြှောက်လိုက်သည်။

ထိုစဉ်မှာပင် ရှောင်ယွိက သူ့ရင်ခွင်ထဲမှထွက်ပြီး နောက်သို့ဆုတ်လိုက်လေရာ သူ့လက်မှာ လမ်းတစ်ဝက်တွင် ရပ်တန့်သွားရ၏။

"ကျွန်မ ပြန်ပြီနော်"

ရှောင်ယွိက ဓားကိုစီးနှင်ပျံသန်းရင်း ကျန်းလန်ကို အော်ဟစ်နှုတ်ဆက်လိုက်သည်။

ထို့နောက် သူမက ကျောက်စိမ်းရေကန်ဆီသို့ လျှင်မြန်စွာ ပျံသန်းပျောက်ကွယ်သွားလေသည်။

ကျန်းလန်က သူ့လက်ကို အသာအောက်ပြန်ချလိုက်ရင်း

“ဒီတော့ တုတ်ထိုးသကြးလုံးသွားဝယ်ရတော့မှာပေါ့လေ”

ထို့နောက် သူ နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။

သူ့ရင်ထဲတွင် ပျော်ရွှင်နေလေသည်။ သူတစ်ယောက်တည်း နေစဉ်ကဆိုလျှင် ထိုသို့သော ပျော်ရွှင်ခြင်းမျိုး မခံစားခဲ့ရပေ။

***

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်။

လျိုကျင်းက...

"နဂါးမျိုးနွယ်တွေဘက်က သတင်းအသစ်တစ်ခု ရလာတယ်"

သူက ဆက်ပြောသည်။

"သူတို့က အပေးအယူလုပ်ဖို့ တစ်ခုခုရှာနေပုံရတယ်"

ထိုင်ခုံတစ်ခုထက်တွင်ထိုင်နေသည့် မြောင်ယွဲ့က ရယ်မောလိုက်သည်။

သူမက အလွန်ပင် ကျက်သရေရှိစွာ လှပလွန်း၏။

မျက်နှာကိုပုဝါဖြင့်ဖုံးကွယ်ထားသည့်တိုင် သူမထံတွင် လျှို့ဝှက်ဆန်းကျယ်သည့်အလှတရားတစ်ခုကို တွေ့ရှိရလေသည်။

ကျူးချင်က...

“အဋ္ဌမမင်းသားက ခွန်လွန်မှာနေတာ ကြာပြီ။ ဒီအတိုင်းဆက်သွားနေပုံထောက်ရင် နဂါးမျိုးနွယ်တွေက သူ့ကို ပြန်မတောင်းတော့ဘူးလား”

အဋ္ဌမမင်းသား ပိုမိုတန်ဖိုးကြီးလာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ နဂါးမျိုးနွယ်များဘက်မှ လုန်မန်ကို ပြန်လည်ရွေးယူရန် အခွင့်အလမ်းနည်းပါးလာမည် ဖြစ်သည်။

နဂါးမျိုးနွယ်များပေးနိုင်သည့် တန်ဖိုးက အကန့်အသတ်ရှိသည်။

ထိုအကန့်အသတ်ကို ကျော်လွန်သွားပါက အဋ္ဌမမင်းသား မည်မျှတန်ဖိုးကြီးပါစေ သူတို့က ပြန်ရွေးနိုင်မည် မဟုတ်တော့ပေ။

သို့ပေသိ နဂါးမျိုးနွယ်များဘက်မှ မည်သို့သောတန်ဖိုးပင် ပေးအပ်ပါစေ ခွန်လွန်တောင်ဘက်ကတော့ အရှုံးမရှိပေ။

“ဟုတ်တယ် ၊ နဂါးမျိုးနွယ်တွေ လေသံပြောင်းသွားတယ်”

လျိုကျင်းက တခြားသူတွေကို ကြည့်ပြီး ပြောလိုက်တယ်။

“သူတို့တွေးနေတာက ကျောက်စိမ်းရေကန် နတ်ဘုရားမနဲ့ ကျန်းလန် လက်ထပ်ပြီးတဲ့အထိ စောင့်ဖို့ပဲ ၊ လက်ထပ်ပြီးရင် သူတို့တွေ နဂါးနန်းတော်ကိုပြန်ပြီး ဘိုးဘေးနဂါးမင်းရဲ့ ကောင်းချီးလက်ဆောင်ကို ခံယူကြရမယ်လေ”

“အဲဒီ ကောင်းချီးလက်ဆောင်က (၁၀)ခု ရှိတယ် ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမ ၊ ကျန်းလန်နဲ့ ခွန်လွန်တောင်က အခြားသူတွေလည်း ရရှိမှာ ဖြစ်တယ် ၊ ပြီးတော့ အဲဒီအချိန်ကျ ကျုပ်တို့က အဋ္ဌမမင်းသားကို ကာကွယ်ပေးထားတဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ဆောင်ပစ္စည်းတွေလည်း အလုံအလောက် ပြင်ဆင်ပေးထားလိမ့်မယ်”

ကျိုးကျုန်းထျန်းက...

"ဒါဖြင့် သူတို့က အဋ္ဌမမင်းသားကို မင်္ဂလာပွဲနဲ့ရောပြီး ဒီအတိုင်း ပြန်ခေါ်သွားချင်တာလား"

အဋ္ဌမမင်းသား၏တန်ဖိုးက ထိုမျှမနည်းပါးပေ။

ဖုန်းယီရှောက်က...

“ဆွေးနွေးမှုတွေတော့ လုပ်ရမှာပေါ့ ၊ နဂါးမျိုးနွယ်တွေဘက်က နောက်ဆက်တွဲတွေ ရှိလာဦးမှာပါ”

အခြားသူများက မည်သည့်စကားမှ မဆိုဘဲ လျိုကျင်းကို လှမ်းကြည့်လိုက်ကြသည်။

လျိုကျင်းက ခေါင်းညိတ်လိုက်ရင်း...

“ဟုတ်တယ်”

သူက အားလုံးကို တစ်ချက်ဝေ့ကြည့်ရင်း...

“ဘိုးဘေးနဂါးရဲ့ ကောင်းချီးလက်ဆောင်ကရရှိမယ့် အကျိုးအမြတ်တွေနဲ့ အဋ္ဌမမင်းသားကို ကာကွယ်ပေးလို့ရရှိမယ့် လက်ဆောင်တွေအကြောင်း မပြောကြနဲ့တော့ ၊ အဋ္ဌမမင်းသားအကြောင်းပဲ ပြောကြရအောင်”

“အဋ္ဌမမင်းသားက နဂါးနန်းတော်ပြန်ရောက်တာနဲ့ နဂါးမျိုးနွယ်တွေလက်ထဲရောက်သွားမှာ မဟုတ်ပါဘူး ၊ သူတို့ပြောသလို အဋ္ဌမမင်းသားကို ဘိုးဘေးနဂါးမင်းရဲ့ ကောင်းချီးလက်ဆောင် ခံယူခိုင်းပြီးရင် ခွန်လွန်အဖွဲ့နဲ့အတူ ခွန်လွန်တောင်ကို ပြန်ခေါ်လာလို့ ရတာပဲ မဟုတ်လား”

All Chapters