← Chapters

နောက်တစ်ဆင့်တက်ခြင်း

Vol. 25 Ch. 347

နောက်တစ်ဆင့်တက်ခြင်း

Vol. 25 Ch. 347

အခန်း (၃၄၇) နောက်တစ်ဆင့်တက်ခြင်း

ထိုစကားကို ကျန်းလန်က ငြိမ်သက်စွာပင် နားထောင်နေသည်။

ဤသည်က ပုံမှန်ပဲ ဖြစ်သည်။

တကယ်တော့ ခွန်လွန်တောင်က အြခားသူများထက် များစွာရှေ့ရောက်နေသည်မှာ ပုံမှန်ပင် ဖြစ်သည်။

ထိုအချက်ကို လူပေါင်းများစွာက မှန်းဆမှုများ ပြုလုပ်ခဲ့ကြပြီးနောက် မှော်ဝင်တိမ်တိက်တောင်စုဝေးပွဲတွင် အဖြေကို ခန့်မှန်းနိုင်ခဲ့ကြသည်။

မရောရာည့် ခန့်မှန်းချက်များ ဖြစ်သည့်တိုင် ခွန်လွန်တောင်က အခြားသူများထက် သာလွန်သည်ဟု သူတို့အားလုံး ရိပ်မိခဲ့ကြသည်။

ထို့ကြောင့်ပင် အခြားသောအင်အားစုများအားလုံးသည် ခွန်လွန်တောင်အကြောင်းစုံစမ်းရန် ခွန်လွန်တောင်ပတ်ဝန်းကျင်မှ မခွာနိုင် ရှိခဲ့ကြသည်။

သို့သော် ခွန်လွန်တောင်ကို မည်သူမှ မတိုက်ခိုက်ရဲကြပေ။

ခွန်လွန်တောင်နှင့်ယှဉ်လျှင် သူတို့က နောက်ကျကျန်ရစ်ခဲ့ကြပြီ ဖြစ်သည်။ သို့ဖြစ်ရာ ခွန်လွန်တောင်ကို တိုက်ခိုက်မည်ဆိုပါက နောက်ကျကျန်ရစ်ရုံဖြင့် မလုံလောက်ဘဲ အပြတ်ပါ အရှင်းခံရပေလိမ့်မည်။

နတ်ဘုရားရာထူးသာမရှိလျှင် ပို၍ပင် ဒုက္ခရောက်ကြမည် ဖြစ်သည်။

နဂါးမျိုးနွယ်များသည်လည်း ထိုအကြောင်းများကို စုံစမ်းချင်လွန်းသဖြင့် နည်းလမ်းမျိုးစုံအသုံးပြုခဲ့သော်လည်း ခွန်လွန်တောင်ကတော့ ထုံးစံအတိုင်း ခပ်အေးအေးပင် ဖြစ်သည်။

လုန်ရဲ့ သေရည်မူးစဉ်က ကျန်းလန်ရှေ့တွင် ထိုစကားများကို ပြောခဲ့သည် မဟုတ်လား။

ထိုအချိန်က ကျန်းလန်က ဧကရာဇ်ရှီးဟယ်အကြောင်းမသိရှိသေးပေ။ ထို့ပြင် ပျက်သုဉ်းတစ်စပြင်လောကရှိ အင်အားစုများ အဘယ့်ကြောင့် တိုက်ခိုက်နေကြသည်ကိုလည်း နားမလည်သေးပေ။

ဧကရာဇ်ရှီးဟယ်နှင့် အခြားသောနတ်ဘုရားရာထူးများအကြောင်းကို သိခွင့်ရသည့်အခါ သူ ထိုအကြောင်းများကို နားလည်လာခဲ့သည်။

ခွန်လွန်တောင်က အခြားသူများထက် ခြေလှမ်းသွက်သည်။ ကျန်းလန်ကိုယ်တိုင်ပင်လျှင် ခွန်လွန်တောင်ဘာတွေလုပ်နေသည်ကို လိုက်မမီခဲ့ပေ။

ဟုတ်ပေ၏။

ခွန်လွန်တောင်က ရှေ့မှဦးဆောင်နေခြင်းက မည်သည့်အမှားအယွင်းမှ မရှိပေ။

သို့သော် ခွန်လွန်တောင်က ရှေ့ဆက်မသွားတော့ဘဲ ရပ်တန့်လိုက်ချိန်တွင် အခြားသူများက လိုက်မီလာမည် ဖြစ်သည်။ခွန်လွန်တောင်ကိုပင် ကျော်တက်ကောင်း ကျော်တက်သွားကြပေလိမ့်မည်။

သို့သော် ယခုနှစ်များတွင် ဧကရာဇ်ရှီးဟယ်ကို မည်သူမှလိုက်မမီနိုင်ခဲ့ကြပေ။ ဧကရာဇ်ရှီးဟယ်တွင် မည်သည့်အကြံအစည်များရှိသည်ကို ကျန်းလန် မသိရှိသလို မှန်းဆနိုင်ခြင်းလည်း မရှိပေ။

သူနှင့် ဧကရာဇ်ရှီးဟယ်ကြားမှ တန်ခိုးစွမ်းအားကွာဟမှုက အလွန်တရာ ကြီးမားသည် မဟုတ်ပါလား။

ထို့ကြောင့်ပင် ပျက်သုဉ်းတစ်စပြင်လောကကြီးအကြောင်း ဆွေးနွေးကြသည့်အခါ ခွန်လွန်တောင်က အဘယ့်ကြောင့် ငြိမ်သက်နေသည်ကို မခန့်မှန်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် တပည့်များ၏ ဆွေးနွေးမှုက လမ်းကြောင်းပြောင်းသွား၏။

"ဒါနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမက အင်မော်တယ်ဖြစ်သွားပြီဆိုတာ မင်းသိလား"

"သူ အင်မော်တယ်ဖြစ်သွားတော့ ဘာတွေဖြစ်လာမှာလဲ ၊ ဘာပြဿနာရှိလို့လဲ ၊ ပြီးတော့ ကျုပ်တစ်ခါမှ ကျောက်စိမ်းရေကန်နတ်ဘုရားမကို တွေ့ဖူးတာမဟုတ်ဘူး ၊ သူ့အကြောင်းတွေကို မင်းဆီကနေပဲ ကြားရတာလေ"

"နတ်ဘုရားမကို မင်း မမြင်ဖူးတာက အရေးမကြီးဘူး ၊ အရေးကြီးတာက နတ်ဘုရားမ အင်မော်တယ်ဖြစ်လာပြီဆိုတော့ သူ လက်ထပ်ရတော့မယ်လေ"

"လက်ထပ်ရမယ် ဟုတ်လား ၊ အဲဒါ ဘာအဓိပ္ပါယ်လဲ"

"မင်း မသိသေးဘူးလား ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမက နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးနဲ့ စေ့စပ်ထားတာ ကြာလှပြီလေကွာ"

ထိုစကားများကိုကြားသည့်အခါမှာတော့ ကျန်းလန် နားမထောင်တော့ဘဲ လှည့်ထွက်လာခဲ့သည်။

ရှောင်ယွိ အင်မော်တယ်ဖြစ်လာပြီးနောက် လူအများ၏ပါးစပ်ဖျားတွင် စေ့စပ်ပွဲသတင်းက ရေပန်းစားလာပြန်သည်။လူအတော်များများက သူ့အကြောင်း ဝေဖန်ပြောဆိုလာကြသည်။

ကျန်းလန်ကို ရှုံ့ချရန်အတွက် တစ်စုံတစ်ယောက်က အခွင့်အရေးကို အသုံးချကာ သတင်းဖြန့်နေခြင်း ဖြစ်နိုင်သည်။ သူတို့၏ရည်ရွယ်ချက်က ကျန်းလန်ကို ဖိအားပေးလိုခြင်း ဖြစ်ပေလိမ့်မည်။

အကျိုးဆက်ကတော့ ကျန်းလန် ဖိအားများကို ခံနိုင်ရည်မရှိဘဲ မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရင်ဆိုင်ရသည့်အခါ ကျရှုံးသွားစေရန် ဖြစ်သည်။

ကျန်းလန်သာ ကျရှုံးသွားပါက ကျန်းလန်နှင့် လုန်ယွိ၏ မင်္ဂလာပွဲအလိုလို ပျက်စီးသွားမည်ဖြစ်ပြီး ခွန်လွန်တောင်၏ အစီအစဉ်သည်လည်း အောင်မြင်နိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် ကျန်းလန်ကို ဖျက်စီးပစ်လိုခြင်း ဖြစ်သည်။ စိတ်ကိုသတ်ဖြတ်ပစ်ခြင်းသည် လူကို သတ်ဖြတ်ပစ်ခြင်းပင် ဖြစ်၏။

သို့သော် စိတ်မကောင်းစရာမှာ ပြောသူသာ မောသွားမည် ၊ ကျန်းလန်ကိုတော့ ထိခိုက်မည် မဟုတ်ပေ။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ကျန်းလန် အင်မော်တယ်တစ်ယောက်ဖြစ်ခဲ့ပြီးပြီကို အသာထား ၊ သူက အင်မော်တယ်မဖြစ်သေးလျှင်တောင်မှ ထိုသို့သောစကားများကို စိတ်ထဲထည့်ကာ ခံစားမည့်သူ မဟုတ်ပေ။

ထိုသူများက ကျန်းလန်ကို ထိခိုက်စေမည့်သတင်းများ အတင်းအကျပ် ပျံ့နှံ့အောင်လုပ်မည်ဆိုပါက မကြာမီ ဒုတိယတောင်ထွတ်က ရှင်းပစ်ရမည့်သူလျှိုစာရင်းပေးပို့လာတော့မည် ဖြစ်သည်။

ကျန်းလန်သာ ကျရှုံးသွားလျှင် အဓိကထိခိုက်မည့်အရာမှာ ကျောက်စိမ်းရေကန် ဖြစ်သည်။ ထိုကြောင့် ကျန်းလန်ကို ထိခိုက်မည့်ကိစ္စမျိုးကို ခွန်လွန်တောင်က ထိုင်ကြည့်နေမည် မဟုတ်ပေ။

သတင်းကိုလွှင့်သည့်သူမှာ သူလျှိုများမဟုတ်ဘဲ ခွန်လွန်တပည့်များဖြစ်နေလျှင်ပင် ခွန်လွန်တောင်က လက်ခံမည် မဟုတ်ပေ။

သို့ဆိုလျှင် ခွန်လွန်တောင်တပည့်များထဲတွင် ထိုသတင်းကို လျှောက်ဖြန့်သူများ ရှိပါမညလား။ သေချာပေါက် ရှိကြမည်ပင်။

သို့သော် ခွန်လွန်တပည့်အများစုသည် ဆင်ခြင်တုံတရားရှိသူများ ဖြစ်ကြလေသည်။

***

ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်ရောက်သည့်အခါ မိုးချုပ်နေပြီ ဖြစ်သည်။

သူက ခွန်လွန်တောင်တစ်ခွင် လျှောက်သွားခဲ့ပြီး တပည့်များစွာ၏ ပြောဆိုမှုများကို နားထောင်နေခဲ့သည်။

နဂါးမျိုးနွယ်မှလူများသည် ပင်လယ် (၄)ခုမှ လွဲပြီး အခြားနေရာများမှ ကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုကြတော့ပေ။

နတ်မိစ္ဆာများသည်လည်း တစ္ဆေတိုင်းပြည်နှင့် ဆက်လက်တိုက်ခိုက်နေကြပြီး တစ္ဆေတိုင်းပြည်က အသာစီးရလျှက် ရှိသည်။

“ကြည့်ရတာ နတ်ဘုရားရာထူးကို အသုံးပြုပြီး အားလုံးက စွမ်းအားတွေစုစည်းနေကြတယ်ထင်တယ်”

“ခွန်လွန်တောင်လည်း အတူတူပဲ ဖြစ်ရမယ်”

ကျန်းလန် တွေးလိုက်သည်။

သို့သော် အကြောင်းရင်းအတိအကျကိုတော့ ကျန်းလန် အဖြေမထုတ်နိုင်ပေ။

သူ့အတွက် မြန်နိုင်သမျှ မြန်မြန် ကျင့်ကြံခြင်းအဆင့်တက်နိုင်အောင် ကြိုးစားခြင်းက အကောင်းဆုံးဖြစ်သည်။

ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်မည့်အချိန်တွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာနိုင်သည်။

ထိုအချိန်မတိုင်ခင် မိုးကောင်းကင်အင်မော်တယ် ၊အလယ်ဆင့်သို့ တက်ရောက်ရန် ကျန်းလန် စဉ်းစားထားသည်။

သို့မှသာ အန္တရယ်နှင့် ကြုံလျှင် အေးအေးဆေးဆေး ရင်ဆိုင်နိုင်မည် ဖြစ်၏။

မရဏဂူထဲတွင်...

ကျန်းလန် တင်ပျဉ်ခွေထိုင်ရင်း ရွှေခန္ဓာရရှိရန် ဆက်လက်ကျင့်ကြံနေသည်။

တာအိုတန်ခိုးစွမ်းအားများက သူ့ခန္ဓာကိုယ်ထဲသို့ စတင်ပျံ့နှံ့သွားပြီး သူ၏ စိတ်အာရုံက  မိုးနှင့်မြေကြားတွင် ရပ်တည်လျှက် ရှိသည်။

သူက လောကကြီးတစ်ခုလုံး၏ တစ်စိတ်စ်ပိုင်းအလား ဖြစ်သည်။

ဤလောကကြီးက သူနားလည်သည့် တာအိုတရား ဖြစ်သည်။

သို့သော် သူသည် ၎င်းနှင့် လုံး၀ မပေါင်းစပ်နိုင်သေးပေ။

ပေါင်းစပ်လိုက်လျှင်လည်း ဖြစ်စဉ်တစ်ခု လွယ်ကူစွာ ပေါ်ပေါက်လာမည်ဖြစ်လေရာ တောင်သခင်များနှင့် အကြီးအကဲများ ရိပ်မိသွားကြမည် ဖြစ်သည်။

ထိုသို့ဖြင့်...

အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားပြီးနောက် နှစ်ပေါင်း (၁၀၀၀)ခန့် ကုန်ဆုံးသွားသည့်အလား ထင်မှတ်ရသည်။

တာအိုလောကကြီးအလယ်တွင် ကျန်းလန် မတ်တတ်ရပ်နေပြီး သူ့ခန္ဓာကိုယ်က အရာအားလုံးကို သိမြင်ခံစားနေရသည်။

သူ့ အသွေးအသားများ တဖြည်းဖြည်း ကျစ်လျစ်သိပ်သည်းသွားသည်ကို သူ တွေ့မြင်နေရသည်။

နောက်ဆုံးကျန်ရှိသည့် သူ၏ အသွေးအသားတစ်စ ကျစ်လျစ်သိပ်သည်းသွားသည့်အခါ နာကျင်မှုတစ်ခုကို ကျန်းလန် ခံစားလိုက်ရသည်။

သူ၏ အင်မော်တယ်စွမ်းအားများက မဟာတာအိုတန်ခိုးစွမ်းအားများကို လမ်းပြခဲ့ပြီး သူ၏ အသွေးအသားများမှတစ်ဆင့် သွေးကြောဆုံချက်များသို့ စီးဆင်းဝင်ရောက်သွားစေသည်။

ဤသည်က တိုးတက်လာသည့် ဆင့်ကဲဖြစ်စဉ်တစ်ခု ဖြစ်သည်။

အသွေးအသားများမှ သွေးကြောဆုံချက်များဆီသို့ မဟာတာအိုတန်ခိုးစွမ်းအား လွှဲပြောင်းခြင်း အောင်မြင်ပါက သူ ကျင့်ကြံခြင်းအဆင့်တက်သွားမည် ဖြစ်သည်။ လွှဲပြောင်းခြင်း ကျရှုံးခဲ့လျှင်တော့ အဆင့်တက်ရန် မဖြစ်နိုင်တော့ပေ။

အဆင့်တက်ရန် ကျရှုံးခဲ့ပါက နောက်ပိုင်းဖြစ်လာမည့် အကျိုးဆက်များက မှန်းဆမရနိုင်ပေ။

သူ ဒဏ်ရာရရှိသွားနိုင်ပြီး ပြန်လည်ကောင်းမွန်လာရန် အချိန်အတိုင်းအတာတစ်ခုထိ လိုအပ်ပေမည်။

ထို့ပြင် တန်ဖိုးကြီးကြီးပေးဆပ်ရမည့် နောက်ဆက်တွဲ ဆိုးကျိုးများလည်း ရှိလာနိုင်သေးသည်။

ထို့ကြောင့် ကျန်းလန် အာရုံတစ်ချက် မလွှဲဝံ့ပေ။

ကျန်းလန်သည် မဟာတာအိုတန်ခိုးစွမ်းအားများကို ထိန်းချုပ်နိုင်ရန်နှင့် အင်မော်တယ်စွမ်းအားများ လမ်းလွဲမသွားစေရန် သေသေချာချာ စိတ်အာရုံစူးစိုက်ထားသည်။

အချိန်အတော်ကြာပြီးနောက် သူ၏ အသွေးအသားမှ တန်ခိုးစွမ်းအားများက သွေးကြောဆုံချက်များအတွင်းသို့ တဟုန်ထိုးစီးဆင်းလာကြသည်။

တန်ခိုးစွမ်းအားလွှဲပြောင်းမှု အောင်မြင်ခဲ့ပြီ ဖြစ်သည်။

"ဘုန်း…"

ထို့နောက် သူ၏ သွေးကြောဆုံချက်များမှ တန်ခိုးစွမ်းအားအသစ်များ ထွက်ပေါ်လာပြီး ရွှေခန္ဓာစွမ်းအား က ပိုမိုပေါ်လွင်လာသည်။

ယခု...

မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်သို့ ကျန်းလန် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ကျန်းလန် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။

မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်သို့ တက်ရောက်နိုင်ရန်အတွက် သူ အချိန် (၉)နှစ်တိတိ ကျင့်ကြံခဲ့ရသည်။

လွန်ခဲ့သည့် (၉)နှစ်လုံးလုံး ရှောင်ယွိကိုထွက်တွေ့ရုံမှတစ်ပါး နဝမတောင်ထွတ်မှ တစ်ဖဝါးမှ မခွာဘဲ ကျင့်ကြံခဲ့လေသည်။

ယခု သူ ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၄၇၀) ရှိပြီ ဖြစ်ပြီး မိုးကောင်းကင်အင်မော်တယ် အလယ်ဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ကျန်းလန် သက်ပြင်းတစ်ချက် ချလိုက်သည်။

"ငရဲတံခါးက မရဏအငွေ့အသက်တွေ ပေါက်ကွဲမထွက်ခင် ငါတော့ အဆင့်တက်နိုင်ခဲ့ပြီ ၊ ဒါဆို နောက်ပိုင်းမှာ ငါ ပိုပြီး လွယ်ကူလာလိမ့်မယ်"

မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်နှင့် မိုးကောင်းင်အင်မော်တယ် ၊ အလယ်ဆင့်က အတော်လေး ကွာဟချက် ရှိသည်။

မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်သို့ ရောက်ရှိပြီးနောက် ရွှေခန္ဓာတန်ခိုးစွမ်းအားကို စတင်ပိုင်ဆိုင်လာပြီ ဖြစ်သည်။ ရွှေခန္ဓာပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိလာပါက ပိုမိုအစွမ်းထက်လာမည် ဖြစ်၏။

သူ ကိုင်တွယ်ဖြေရှင်းမရနိုင်သည့် ကိစ္စရပ်အတော်များများ ရှိနေသေးသည့်တိုင် လက်ရှိတွင်တော့ အရာအတော်များများကို ကိုင်တွယ်ဖြေရှင်းရ ပိုမိုလွယ်ကူလာပြီ ဖြစ်သည်။

လောလောဆယ်တွင် သူ့ကို ပစ်မှတ်ထားသူများထဲတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးသူမှာ မိုးကောင်းကင်အင်မော်တယ်အဆင့်ထက် ပိုနိုင်မည် မဟုတ်ပေ။ အမှန်တော့ အစစ်အမှန်အင်မော်တယ် အဆင့်လောက်သာ ရှိနိုင်လေသည်။

ထို့ကြောင့် သူ့အတွက ်ပိုမိုအန္တရယ်ကင်းလာခဲ့သည်။

သို့သော် တိုက်ပွဲများ ရင်ဆိုင်ရသည့်အခါ သူ့အနေဖြင့် မာန်မာန မထားမိရန် လိုအပ်သည်။

မာနထားမိပြီး မလိုအပ်သည့် အမှားမျိုး ကျူးလွန်မိပါက နောက်ပြန်မဆုတ်နိုင်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေမည်ပင်။

သူက အရင်အတိုင်းပင် သတိထားနေထိုင်မည် ဖြစ်ပြီး မည်သည့်ရန်သူကိုမဆို သေသေချာချာ အာရုံစိုက်မည် ဖြစ်သည်။

ချီစွမ်းအားသန့်စင်ခြင်းအဆင့်မျှသာ ရှိသည့် ရန်သူဆိုလျှင်တောင်မှ ကျန်းလန်က လျှော့တွက်မည် မဟုတ်ပေ။

***

"ဘုန်း"

"ဘုန်း"

ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲတွင် လူ (၂)ယောက်သည် တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် ကြိုးစားလိုက်ကြသည်။ သို့သော် သူတို့၏ခန္ဓာကိုယ်များတွင် သွေးများ ရွှဲနစ်လျှက် ရှိ၏။

"မင်းတို့ နတ်လူသားမျိုးနွယ်ကလူတွေ ခွန်လွန်တောင်အနားမှာနေပြီး ဘာမှ မလှုပ်ရှားကြဘူးလား ၊ ဘာဖြစ်လို့ ကျုပ်တို့နဲ့ မပူးပေါင်းနိုင်ရတာလဲ"

နတ်မိစ္ဆာ (၂)ယောက်က တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း သူတို့ကို တိုက်ခိုက်လာသူအား မေးမြန်းလိုက်သည်။

သို့သော် သူတို့ထပ်မံရင်ဆိုင်လိုက်ရသည်က ပြင်းထန်သောတိုက်ခိုက်မှုသာ ဖြစ်သည်။

"ဘုန်း"

တန်ခိုးစွမ်းအားများ ပျံ့နှံ့သွားပြီး အစစ်အမှန်အင်မော်တယ် နတ်မိစ္ဆာ (၂)ယောက်မှ အစွမ်းကုန် ရှောင်တိမ်းလိုက်ကြရသည်။ မရှောင်တိမ်းနိုင်ပါက သူတို့ ဤနေရာတွင် ထာဝရအသက်ပျောက်သွားကြရပေမည်။

သိမ်းငှက်မျက်လုံးများကို ပိုင်ဆိုင်ထားသည့် နတ်မိစ္ဆာ ဖေးယွမ်က…

"ကျုပ်တို့ ဒီနေရာမှာ တိုက်ခိုက်တာကို အခြားသူတွေသိသွားမှာ မင်းတို့ နတ်လူသားမျိုးနွယ်တွေက မစိုးရိမ်ဘူးလား ၊ ဒီတောအုပ်ထဲမှာ ဖြတ်သွားဖြတ်လာတွေက အမြဲတမ်း ရှိနေတာလေ ၊ ကျုပ်တို့ တိုက်ခိုက်ကြမယ်ဆိုရင် အာရုံစိုက်မိကြမှာပဲ"

သူက ဆက်ပြောသည်။

"ခွန်လွန်တောင်က ပတ်ဝန်းကျင်ကို အရေးမစိုက်ဘူးဆိုရင်တောင်မှ ရန်သူတွေရှိနေတာသိသွားရင်တော့ သေချာပေါက် လှုပ်ရှားမှာပဲလေ ၊ ဒီတော့ ခင်ဗျားဘက်က ကျုပ်တို့ကို ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် နှစ်ဦးနှစ်ဖက် ဘာအကျိုးမှ မရှိနိုင်ဘူး"

နတ်မိစ္ဆာ (၂)ယောက်မှာ ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲ ရောက်လာရင်း အမှတ်မထင် နတ်လူသားမျိုးနွယ်တစ်ယောက်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တွေ့တွေ့ချင်းမှာပင် ထိုသူက သူတို့ (၂)ယောက်ကို စတင်တိုက်ခိုက်လေသည်။

ကြည့်ရသည်မှာ သူပုန်းအောင်းနေသည်ကို မသိရှိစေရန် နှုတ်ပိတ်လိုခြင်းလား မပြောတတ်ပေ။ တစ်ဖက်လူစိတ်ထဲ တွေးနေသည့်အတွေးများကို သူတို့ နားလည်ရန် မဖြစ်နိုင်ပေ။

ထို့ပြင် ထိုသူ၏ မျက်ဝန်းများထဲတွင် မည်သည့်ခံစာချက်မှ ရှိမနေဘဲ အရုပ်တစ်ရုပ်ပမာ ဖြစ်သည်။

"ဘုန်း"

ထွက်ပေါ်လာသည့် ပေါက်ကွဲသံကြီးက အချိန်အတော်လေး ကြာမြင့်သည်။

နတ်မိစ္ဆာ (၂)ယောက်က ရှေ့ဆင့်နောက်ဆင့် ရှောင်တိမ်းလိုက်ကြသော်လည်း အပြည့်အ၀ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။

ရုတ်တရက်ပင် ထိုနတ်လူသားမျိုးနွယ်က သူတို့ရှေ့သို့ ရောက်လာလေရာ (၂)ယောက်လုံး အံ့သြတုန်လှုပ်သွာကြရသည်။

"မင်းတို့လိုလူမျိုးတွေကလည်း တန်ဖိုးတော့ ရှိသေးသားပဲ"

All Chapters