← Chapters

ခွန်လွန်တောင်ကိုလာဖို့လွယ်ပေမယ့်ပြန်ဖို့ခက်လိမ့်မယ်

Vol. 35 Ch. 486

ခွန်လွန်တောင်ကိုလာဖို့လွယ်ပေမယ့်ပြန်ဖို့ခက်လိမ့်မယ်

Vol. 35 Ch. 486

ကျန်းလန် တည်းခိုခန်းသို့ ရောက်သည်နှင့် အသစ်စက်စက် လှေကားတစ်ခုကို တွေ့မြင်လိုက်ရသည်။

သူ့ခြေလှမ်းများက အရင်ကနှင့်မတူသလို ရောက်ရှိနေသည့်နေရာကလည်း မတူညီပေ။ သေရည်ဆိုင်တွင် အထပ်တစ်ထပ်ရှိနေပြီး ပေါ်သို့တက်နိုင်ဟန် ရှိသည်။

ထို့ပြင် ကျန်းလန်၏မျက်လုံးထဲတွင် ထူထပ်သောမျဉ်းကြောင်းများဖြင့် ပြည့်နေသည်။ ထိုမျဉ်းကြောင်းများက တာအိုသင်္ကေတများပင်ဖြစ်သည်။ ထိုမျဉ်းကြောင်းများကြားထဲတွင် တံခါးတစ်ခုရှိနေသည်ကို တွေ့မြင်ရသည်။

ထိုတံခါးက အလွန်မှ လျှို့ဝှက်ဆန်းကျယ်လွန်းသည်။ လှေကားထစ်များကတော့ ထိုတံခါးဆီသို့ ဦးတည်နေသည်။

ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသည်နှင့် ကျန်းလန်၏ရင်ထဲတွင် ဖော်မပြတတ်အောင် ဝမ်းသာပျော်ရွှင်သွားသည်။ တန်ဖိုးရှိသည့် အသစ်သောအရာတစ်ခုကို နားလည်ရန်အတွက် အခွင့်အရေးတစ်ခု ရရှိခဲ့ပြန်လေပြီ။

ကျန်းလန် ချက်ချင်းပင် လှေကားပေါ်သို့ တက်လိုက်သည်။ သူ၏ ခြေလှမ်းများက အလွန်လေးလံနေပြီး လှေကားထစ်တစ်ထစ်ကို တက်လိုက်တိုင်း ထိုးထွင်းသိမြင်မှု တစ်စုံတစ်ရာကို ရရှိသည်။

ကျန်းလန်နားလည်ထားသည့် တာအိုတရားသည် ပိုမိုသိပ်သည်းလာပြီး ပိုမိုကြွယ်ဝလာဟန်လည်း ရှိသည်။

ကျန်းလန်နားလည်ထားသည့် မူလတာအိုနယ်မြေတွင် ပုံရိပ်များ ၊ မြစ်များနှင့် ရာသီလေးခု ပါဝင်သည်။ ယခု သေရည်ဆိုင်မှ ကြေးမုံမှန်တာအိုကို တွေ့မြင်လိုက်ရသည့်အခါ တာအိုပုံရိပ်များမှာ အစစ်နှင့်အတုဟု ထင်မှတ်ရသည်။

သို့ဖြစ်ရာ တာအိုအသစ်တစ်ခုဟု ထင်မှတ်ရသော်လည်း တကယ်တမ်း အနှစ်သာရအားဖြင့် အတူတူသာဖြစ်ပြီး ပြောင်းလဲခြင်း မရှိပေ။

လှေကားထစ်ပေါ်တက်လာရင်း ကျန်းလန် ဉာဏ်အလင်းပွင့်လာပြီး အောင်မြင်မှုတစ်ခုခု ရရှိတော့မည်ဟု သူ ခံစားရသည်။ သူ သေရည်ဆိုင်အတွင်းမှ တာအိုတရားကို သာမန်အားဖြင့် နားလည်နိုင်လေသည်။

သေရည်ဆိုင်အတွင်းမှ တာအိုတရားကို အဘယ့်ကြောင့် ရုတ်တရက်ကြီး နားလည်သွားရသနည်းဆိုသည်ကတော့ ဆရာဖြစ်သူက နောက်ပိုင်းတွင် ရှင်းပြပေလိမ့်မည်။

***

သေရည်ဆိုင်အပြင်ဘက်…

မော့ကျန်းသုန့် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး မြောင်ယွဲ့က သူ့နောက်မှ လိုက်လာသည်။ သေရည်ဆိုင်ပိုင်ရှင်က မော့ကျန်းသုန့်ကို ခေါ်ရလောက်အောင် ကျန်းလန် ဘာတွေများ လုပ်လိုက်ပြီလဲ သူမ သိချင်နေမိသည်။

သို့သော် သေရည်ဆိုင်ရှေ့သို့ ရောက်သည်နှင့် သေရည်ဆိုင် မူမမှန်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူမ အံ့အားသင့်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

နာမ်ဝိညာဉ်ရောင်ပြန်ပညာ၏ အဓိကတာအို။

ထိုတာအိုကို နားလည်ရန် မလွယ်ကူပေ။ တာအိုတရားကို နားလည်ထားသူပင်လျှင် နာမ်ဝိညာဉ်ရောင်ပြန်ပညာ၏ ဗဟိုမဏ္ဍိုင်ကို ထိနိုင်မည် မဟုတ်ပေ။

မော့ကျန်းသုန့်ကတော့ သေရည်ဆိုင်ကို စူးစိုက်ကြည့်နေ၏။

သူက အံ့သြခြင်းလည်းမရှိသလို စိတ်လှုပ်ရှားခြင်းလည်း မရှိပေ။ သို့ပေသိ သူ ဝမ်းသာပျော်ရွှင်သွားမိသည်။ သူ့တပည့်ကတော့ တစ်စုံတစ်ခုကို ရယူလိုက်နိုင်ပြီ ဖြစ်သည်။

သူ ချက်ချင်းပင် သေရည်ဆိုင်ပိုင်ရှင်အနားသို့ ရောက်သွားသည်။ မြောင်ယွဲ့ကလည်း မော့ကျန်းသုန့်နောက်မှ လိုက်ပါသွား၏။

သူတို့ (၃)ယောက်လုံး သေရည်ဆိုင်ကို အပြင်ဘက်မှ အကဲခတ် ကြည့်ရှုနေကြလေသည်။ ကောင်ငယ်လေးနှင့် အခြားလူငယ်များကတော့ အသက်ပင်မရှူဝံ့ဘဲ ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေကြ၏။

နဝမတောင်ထွတ်၏တောင်သခင်နှင့် ပဉ္စမတောင်ထွတ်၏ တောင်သခင်။

ထိုသူများအကြောင်းကို အဋ္ဌမမင်းသား အသိဆုံး ဖြစ်သည်။

သူ့အစ်မက ကျောက်စိမ်းရေကန်နတ်ဘုရားမ ၊ ယောက်ဖက နဝမတောင်ထွတ်၏ ဆက်ခံသူတပည့်သာ မဟုတ်လျှင် ဤတောင်သခင် (၂) ယောက်က သူ့ကို ကောင်းကောင်း ဒုက္ခပေးမည့်သူများပင်။

မော့ကျန်းသုန့်၏ စူးရှထက်မြက်သည့်အကြည့်များနှင့် ရင်ဆိုင်လိုက်ရသည့်အခါ လုန်မန်မှာ အလိုလိုနေရင်း ဒူးထောက်ဂါရ၀ ပြုချင်စိတ်ပေါက်လာမိသည်။

ယောက်ဖ၏ဆရာ ဖြစ်သောကြောင့် သူ ဒူးထောက်ဂါရဝပြုလျှင်လည်း သင့်တော်သည်ပဲမဟုတ်လား။

ရဲရင့်သည့်ဟုန်ယာသည်ပင် ကြောက်ရွံ့လျှက် ရှိသည်။

ဤသူများက သူမ၏သေခြင်းရှင်ခြင်းကို အဆုံးမဲ့အာဏာဖြင့် ထိန်းချုပ်နိုင်သူများ ဖြစ်ကြသည်။

ယန်ရှီးယွင်ကတော့ စိတ်ရှုတ်ထွေးနေလေသည်။ ထိုသူများနှင့် ဝေးဝေးနေရန် ကမ္ဘာမြေကြီးက သူမကို သတိပေးလျှက်ရှိ၏။

ထိုသူများ တစ်ချက်ကြည့်လိုက်သည်နှင့်အသက်ပျောက်သွားတော့မတတ် ခံစားရသည်ကတော့ အမှန်ပင်။

ဖီရှိုးပင်လျှင် သာမန်ဝိညာဉ်သားရဲလေးတစ်ကောင်ပမာ မြက်ကို ကုပ်ကုပ်လေး စားနေလေသည်။

ထိုအချိန် လုန်ရဲ့တစ်ယောက် သေရည်သောက်ရန် ရောက်ရှိလာလေ၏။

သို့သော် သေရည်ဆိုင်ပိုင်ရှင် ၊ မြောင်ယွဲ့နှင့် မော့ကျန်းသုန့်တို့ကို တွေ့လိုက်သည်နှင့် သူက ချက်ချင်းပင် ဖီရှိုးဘေးနားတွင် ငုတ်တုတ်ထိုင်လိုက်ကာ ဖီရှိုးစားရန် မြက်များကို ကူပြီး နှုတ်ပေးနေလေတော့သည်။

ဖီးရှိုး၏ ကိုယ်လုံးနှင့်ကွယ်နေသဖြင့် တောင်သခင်များ သူ့ကို တွေ့မြင်နိုင်ကြတော့မည် မဟုတ်ပေ။

မြောင်ယွဲ့က သေရည်ဆိုင်ရှင်ကို လှမ်းကြည့်လိုက်ရင်း...

"ဆိုင်ရှင်... နာမ်ဝိညာဉ်ရောင်ပြန်ပညာစာအုပ်မိတ္တူတစ်အုပ်လောက် ကျွန်မကို ရောင်းပါလား"

ဆိုင်ရှင်က...

"ကျုပ်မှာမိတ္တူတစ်အုပ်ပဲရှိတာ... ၊ မော့ကျန်းသုန့် ဝယ်သွားပြီ"

စာအုပ်အပိုရှိလျှင်လည်း သူက မြောင်ယွဲ့ကို ရောင်းမည် မဟုတ်ပေ။

သူမက မော့ကျန်းသုန့်လောက် တန်ခိုးစွမ်းအား မြင့်မားသူမဟုတ်သော်လည်း အလွန်အန္တရယ်များသူ ဖြစ်သည်။

သူမက သာမန်လူတစ်ယောက်မဟုတ်သလို သူမ၏အတွေးများကို ခန့်မှန်းရန်မှာလည်း ခက်ခဲသည်။

ခွန်လွန်တောင်တွင် မြောင်ယွဲ့ ကြောက်ရွံ့သူဆို၍ (၂) ယောက်ခန့်သာ ရှိသည်။

ခွန်လွန်ဂိုဏ်းချုပ်နှင့် မော့ကျန်းသုန့်ပင် ဖြစ်၏။

ဆိုင်ရှင်က မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ရင်း...

"ဒီတစ်ခေါက် ခရီးစဉ်က ဘာတွေအကျိုးအမြတ်ရခဲ့သေးလဲ"

မော့ကျန်းသုန့်က သေရည်ဆိုင်ပိုင်ရှင်ကို လှမ်းကြည့်လိုက်ပြီး တိုးလျသည့်လေသံဖြင့်...

"ဖန်ဆင်းခြင်းသစ်ပင်"

မော့ကျန်းသုန့်၏စကားကြောင့် မြောင်ယွဲ့ အနည်းငယ် အံ့အားသင့်သွားသော်လည်း ဤသည်က ပုံမှန်ပင်ဖြစ်ကြောင်း သူမ နညးလည်လိုက်သည်။

သို့ပေသိ...

ထိုအရာက ရိုးရှင်းပုံမပေါ်ပေ။

သူမက မေးခွန်းထုတ်ခြင်းတော့ မပြုမိပေ။

ဖန်ဆင်းခြင်းသစ်ပင်၏ အစွမ်းဖြင့်ဆိုလျှင် သေရည်ဆိုင်၏အဓိကတာအိာတရားကိူ ကျန်းလန် နားလည်သွားငည်မှာ ပုံမှန်ပင် ဖြစ်သည်။

အလွန်ပင် ကျိုးကြောင်းဆီလျော်လေ၏။

သေရည်ဆိုင်ရှင်က သက်ပြင်းတစ်ချက်ချရင်း...

"မင်း ကံကောင်းတာကွာ..."

အတန်ကြာမှ သေရည်ဆိုင်ရှင်က စကားဆက်ပြေသည်။

"ဒါနဲ့... မင်းရဲ့တပည့် လှေကားအဆုံးထိတက်ပြီး အထဲက တာအိုသစ်သီးကို ယူနိုင်ပါ့မလား တွေးမိတယ်"

မော့ကျန်းသုန့်က...

"ဆိုင်ရှင်... ဒီလိုဖြစိလာပြီဆိုမှတော့ ကျုပ် ပြန်ပေးဆပ်ရမယ့် တန်ဖိုးကိုသာပြောပါ"

ကျန်းလန်က တာအိုသစ်သီးကို ယူသည်ဖြစ် မယူသည်ဖြစ်စေ မော့ကျန်းသုန့်အတွက် ကိစ္စမရှိပေ။

ထိုအရာကို သူ့တပည့်ရယူနိုင်လျှင်တော့ အကောင်းဆုံး ဖြစ်ပေမည်။

"ဆိုင်ရှင်"

စကားပြောရန်ဟန်ပြင်နေသည့် သေရည်ဆိုင်ပိုင်ရှင်ကို မြောင်ယွဲ့က လှမ်းခေါ်လိုက်သည်။

ထို့နောက် သူမက ရယ်မောလိုက်ရင်း...

"ဈေးတော့ နည်းနည်းလျှော့နော် ၊ကျန်းလန်က အဲဒီတာအိုသစ်သီးကို ယူနိုင်ပါ့မလားဆိုတာ မသေချာဘူး"

သေရည်ဆိုင်ရှင်က...

"မင်း ဘာလို့ ဒီလိုပြောရတာလဲ"

"ဂိုဏ်းတူအစ်ကိုက သူ့တပည့်ကို အရမ်းဂရုစိုက်တယ်လေ ၊ ဒီတော့ တပည့်လုပ်တဲ့သူကလည်း ဆရာလုပ်တဲ့သူကို စိတ်ပျက်အောင်လုပ်မှာ မဟုတ်ဘူး ၊ နာမ်ဝိညာဉ်ရောင်ပြန်ပညာစာအုပ် ယူလာတုန်းကတောင် ဘယ်လောက်တန်ဖိုးကြီးလဲဆိုတာ သူ နားလည်တယ် ၊ အခု သေရည်ဆိုင်ရဲ့ နာမ်ဝိညာဉ်ရောင်ပြန်ဗဟိုမဏ္ဍိုင်နကို တွေ့တဲ့အခါ သူ ဘယ်လောက်တန်ဖိုးကြီးလဲဆိုတာ နားလည်မှာပဲ ၊ ဒီတော့ အဲဒီနေရာက တာအိုသစ်သီးကို သူ ယူရဲပါ့မလား ၊ ဒါကြောင့် တန်ဖိုးအရမ်းမတောင်းဖို့ ပြောရတာပါ ၊ ဈေးမတောင်းဘဲ ကျန်းလန် ဘာလုပ်မလဲဆိုတာကို စောင့်ရတဲ့အချိန်အထိကျတော့လည်း အရမ်းအချိန်ကြာသွားမယ်လေ ၊ ကျန်းလန် တာအိုသစ်သီးကို မယူဘူးဆိုရင် ဈေးတွေအရမ်းတင်လို့ မဖြစ်ဘူးပဲ ၊ ဒီတော့ သင့်တင့်တဲ့ ဈေးနှုန်းလောက်ပဲ ကမ်းလှမ်းစေချင်တာပါ"

သေရည်ဆိုင်ပိုင်ရှင် : "..."

သူ ခဏလောက်တော့ တိတ်ဆိတ်သွားသည်။

ဆိုင်ရှင် စကားမပြောနိုင်သည်ကို တွေ့သည်နှင့် မြောင်ယွဲ့က စကားဆက်ပြေသည်။

"ကျွန်မမှာ အကြံတစ်ခုရှိတယ်"

"ဈေးနှုန်းနှစ်ခု သတ်မှတ်ရင်လည်း ရတယ်လေ ၊ ကျန်းလန်က တာအိုသစ်သီးကိုယူရန် ဈေးနှုန်းတစ်မျိုး ၊ မယူရင်ဈေးနှုန်းတစ်မျိုး ၊ မကောင်းဘူးလား"

"ရှင့်ရဲ့ တာအိုသစ်သီးက ကျန်းလန်အတွက် ပြင်ဆင်ထားတာ မဟုတ်ဘူးဆိုတာ သိပါတယ် ၊ ဒါက အနာဂတ်မှာ ရှင့်ရဲ့ မြေးလေးအတွက် ပြင်ဆင်ထားခဲ့တာ ၊ ဒါပေမဲ့ အဲဒီအချိန်ကျ သူ တကယ်ပဲ အဲဒါကို လိုအပ်မလား မလိုအပ်ဘူးလားဆိုတာရော စဉ်းစားပြီးပြီလား"

"အသုံးချလို့မရတဲ့ ရတနာတွေဆိုတာက တန်ဖိုးမရှိပါဘူးလေ"

ထို့နောက် မြောင်ယွဲ့က မော့ကျန်းသုန့်ကို ကြည့်လိုက်သည်။

"ဂိုဏ်းတူအစ်ကို ၊ ရှင်ရော ဘယ်လိုထင်လဲ"

မော့ကျန်းသုန့်က ခပ်အေးအေးဖြင့်ပင်...

"ကျုပ်က ဘာမဆို အဆင်ပြေပါတယ်"

အဆုံးမှာတော့ သေရည်ဆိုင်ရှင်အပေါ်တွင်သာ မူတည်သွားသည်။

ဆိုင်ရှင်က ခဏမျှစဉ်းစားနေ၏။

အချိန်ကာလက တကယ့်ပြဿနာ ဖြစ်သည်။

ဤလောကကကြီးတွင်...

ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခု ကျေရာက်လာဦးမည် ဖြစ်သည်။ သူ့တွင် အချိန်များစွာ မရှိနိုင်ပေ။

ဆိုင်ရှင်က ခေါင်းညိတ်လိုက်ရင်း...

"ကောင်းပြီ ၊ ကျုပ်သဘောတူတယ်"

ထို့နောက် ကျန်းလန် လှေကားထစ်အဆုံးထိတက်ပြီးနောက် မည်သို့ ဆုံးဖြတ်မည်ကို စောင့်နေကြသည်။

မြောင်ယွဲ့ကတော့ တစ်ချက်မျှသာ ကြည့်လိုက်ပြီး အာရုမစိုက်တော့ပေ။

သူမစိတ်ထဲတွင် အနည်းငယ် ကလိန်ကကျစ် အတွေးလေးများ ရှိနေသည်။

သူမက ယန်ရှီးယွင်ကို လှမ်းကြည့်လိုက်ပြီး လက်ယပ်ခေါ်လိုက်သည်။

"ချီလင်ကောင်မလေး ၊ ငါ့ဆီကို လာပါဦး"

ယန်ရှီးယွင်က သူမကိုယ်သူမ လက်ညှိုးညွှန်ပြလိုက်ရင်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။

ချီလင်မျိုးနွယ်ဆို၍ သူတစ်ယောက်မှလွဲပြီး အခြားသူ မရှိပေ။

သူမ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မြောင်ယွဲ့အနားသို့ လျှောက်လာသည်။

သို့သော် မည်သူမှ စကားမပြောရဲကြသလို ဘာမှလည်း မလုပ်ရဲကြပေ။

အဋ္ဌမမင်းသားနှင့်ကောင်ငယ်လေးတို့မှာ ခေါင်းများတွင်တွင်ငုံ့ထားပြီး မသိချင်ယောင်ဆောင်ကာ ငြိမ်သက်နေကြသည်။

မြောင်ယွဲ့က ချီလင်ကောင်မလေးကို အန္တရယ်ပေးမည် မဟုတ်ပေ။ အန္တရယ်ပေးလျှင်လည်း သူတို့ဘာမှ ကူညီနိုင်မည် မဟုတ်ပေ။

ယန်ရှီးယွင်အနားရောက်လာသည့်အခါ မြောင်ယွဲ့က သူမ၏ခေါင်းလေးကို အသာပုတ်လိုက်သည်။

"မင်း ခွန်လွန်တောင်ရောက်နေတာ ဘယ်လောက်ကြာပြီလဲ"

ယန်ရှီးယွင်က...

"နှစ်ပေါင်း (၃၀၀) ရှိပါပြီ"

မြောင်ယွဲ့က သူမလက်ကို ဆန့်ထုတ်လိုက်ရာ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။ သူမက ကျောက်စိမ်းပြားကို ယန်ရှီးယွင်အား ပေးလိုက်သည်။

"ဒါကို ယူထားပါ ၊ခွန်လွန်တောင် ဘယ်နေရာမဆို မင်း သွားလာဝင်ထွက်လို့ ရတယ် ၊ ပြဿနာရှိရင်လည်း ခွန်လွန်တောင်ကို အကူအညီတောင်းနိုင်တယ် ၊ ဒီမှာ အေးအေးချမ်းချမ်း နေလို့ရတယ် ၊ ရှင်းမရတဲ့ ပြဿနာတွေ ရှိလာရင်လည်း ငါ့ကိုလာရှာလို့ရတယ်"

ယန်ရှီးယွင်က စိတ်လှုပ်ရှားသွားဟန်ဖြင့်...

"တကယ်လား"

ခွန်လွန်တောာင်မှ လူသားမျိုးနွယ်များက တကယ့်ကို သဘောကောင်းလွန်းသည်ပဲ။

မြောင်ယွဲ့က ခေါင်းညိတ်ပြလိုက်သည်။

ဟုန်ယာကတော့ သက်ပြင်းတစ်ချက်ချလိုက်သည်။

ယန်ရှီးယွင်သည်လည်း သူမကဲ့သို့ပင် ခွန်လွန်တောင်တွင် အကျယ်ချုပ်မိပြီ ဖြစ်သည်။

သူမသည်လည်း ယခုအချိန်ထိ လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။

ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခု ယန်ရှီးယွင် ရရှိထားပြီဆိုကတည်းက ယခုလိုနေ့ရက်မျိုး ရောက်လာမည်ကို ဟုန်ယာ သိနှင့်ပြီးသား ဖြစ်သည်။

သို့သော် ဤသည်က မကောင်းဘူးဟုလည်း မပြောနိုင်သလို ကောင်းသည်ဟုလည်း မဆိုသာပြန်ပေ။

***

All Chapters