← Chapters

ဂိုဏ်းတူမောင်လေးက ကျွန်မအတွက် အလင်းရောင်ပဲ

Vol. 33 Ch. 461

ဂိုဏ်းတူမောင်လေးက ကျွန်မအတွက် အလင်းရောင်ပဲ

Vol. 33 Ch. 461

ဆဋ္ဌမတောင်ထွတ် ၊ မြက်ခင်းပြင်ထက်တွင်…

မြောင်ယွဲ့နှင့်ကျူးချင်တို့ လမ်းလျှောက်လာကြလေသည်။

သူတို့က တောင်ထွတ်၏ နက်ရှိုင်းသည့်နေရာတွင် နေထိုင်သော ချန်ရှီဆီသို့ ထွက်ခွာလာကြခြင်း ဖြစ်သည်။ ဤလမ်းကြောင်းကို သူတို့မိန်းကလေး (၂)ယောက်သာလျှင် လာခွင့်ရှိလေသည်။ အခြားသူများ လုံး၀ ချဉ်းကပ်နိုင်မည် မဟုတ်ပေ။

အခြားသောတောင်သခင်များ ဤလမ်းကြောင်းပေါ် ခြေပင်မချဝံ့ကြပေ။ ခြေချမိသည်နှင့် ယောက်ျားလေးနှင့်မိန်းကလေးမတူညီဘူးဟု ချန်ရှီ၏ ပြောဆိုမှုအောက်တွင် အားလုံး ပါးစပ်ပိတ်သွားကြမည် ဖြစ်သည်။

သူမကို ချေပရန် သူတို့တတ်နိုင်သည့်အရာ မရှိပေ။

မြောင်ယွဲ့က…

"ကလေးယူဖို့ကိစ္စနဲ့ပတ်သက်ပြီး ကျောက်စိမ်းရေကန်နတ်ဘုရားမကို ဂိုဏ်းတူညီမလေး ပြောလိုက်သေးလား"

မြောင်ယွဲ့က မြက်ခင်းပြင်ကိုကြည့်ရင်း အလွန်လှပသည်ဟု ခံစားရသည်။ သူမတို့တစ်ကြိမ်လာတိုင်း မြက်ခင်းက တစ်ခါပြောင်းလဲသွားတတ်သည်။

ချန်ရှီသည် ယခုနောက်ပိုင်း ကျင့်ကြံခြင်းအဆင့်လည်း မြင့်တက်လာခဲ့ပြီး တန်ခိုးစွမ်းအားလည်း မြင့်မားလာခဲ့သည်။

ကျူးချင်က…

"ကျွန်မ ဘာမှမပြောရသေးဘူး ၊ ကြည့်ရတာ ဂိုဏ်းတူအစ်ကို မော့ကျန်းသုန့် ပြောလိုက်တာ ဖြစ်ရမယ် ၊ ရှောင်ယွိ တံခါးပိတ်ကျင့်ကြံတာက ထွက်လာပြီးတဲ့နောက် ကျန်းလန်နဲ့အတူ ကျောက်စိမ်းရေကန်ကို ပြန်သွားတယ် ၊ အခုချိန်ထိ ထွက်မလာကြသေးဘူး ၊ အဲဒါ ဂိုဏ်းတူအစ်ကို မော့ကျန်းသုန့် တစ်ခုခု ပြောလိုကလို့ ဖြစ်နိုင်တယ်"

မြောင်ယွဲ့က စိတ်ဝင်တစားဖြင့်…

"သူတို့ အခုထိ ထွက်မလာသေးဘူး… ဟုတ်လား"

ကျူးချင်က ခေါင်းညိတ်လိုက်ရင်း…

"ဟုတ်တယ် ၊ နှစ်နည်းနည်းလောက်တောင် ကြာနေပြီထင်တယ်"

မြောင်ယွဲ့က မျက်လုံးများ မှေးမှိတ်သွားသည်အထိ ရယ်မောလိုက်သည်။

"သူတို့ ဘာတွေလုပ်နေကြမယ်ထင်သလဲ ဂိုဏ်းတူညီမလေး"

ကျူးချင်က အနေအေးသူဖြစ်သော်လည်း မြောင်ယွဲ့၏စကားကိုတော့ လက်မခံနိုင်ခဲ့ပေ။

"ဘာပဲဖြစ်ဖြစ် ဒါက ဂိုဏ်းတူအစ်မထင်သလို မဖြစ်နိုင်ပါဘူး ၊ သူတို့ (၂)ယောက်လုံးက ကလေးတွေပဲ ရှိသေးတယ် ၊ ကလေးယူဖို့ စောလွန်းသေးတယ် ၊ သူတို့ အတူတူရှိနေကြတယ်ဆိုတာက ရှောင်ယွိက သူ နားလည်ထားတဲ့ တန်ခိုးစွမ်းအားအကြောင်း ကျန်းလန်နားလည်အောင် ပြောပြဖို့ ခေါ်သွားတာပဲ ဖြစ်ရမယ်"

မြောင်ယွဲ့က သဲ့သဲ့ရယ်မောလိုက်ရင်း…

"ဂိုဏ်းတူညီမလေး ၊ နင်က ဘာတွေလျှောက်တွေးနေတာလဲ ၊ ငါကလည်း သူတို့ (၂)ယောက် ကျောက်စိမ်းရေကန်မှာ ကျင့်ကြံနေကြတာလားမသိဘူးလို့ ပြောမလို့လေ"

ကျူးချင် : "……"

သူတို့ မည်သည့်စကားမှ မဆိုကြတော့ဘဲ ချန်ရှီနေထိုင်သည့် ဝါးအိမ်လေးရှိရာသို့ ရောက်ရှိလာသည်။

ဂိုဏ်းတူအစ်မ ချန်ရှီနှင့် တွေ့ဆုံရန် အချိန်ကျပြီ ဖြစ်လေ၏။

***

ကျောက်စိမ်းရေကန်။

လုန်ယွိ မျက်လုံးများကို မှေးမှိတ်ထားလေသည်။

စိတ်ကိုလျှော့ချထားပြီး ကျန်းလန်၏ ဦးဆောင်ခြင်းနောက်သို့ အေးအေးဆေးဆေးပင် သူမ လိုက်ပါသွားသည်။

အစပိုင်းတွင် ဉာဏ်အလင်းပွင့်ခြင်းကိုသာ ခံစားခဲ့ရသော်လည်း အချိန်ကြာလာသည့်အခါ သူမရှေ့တွင် လမ်းတစ်ခု ပေါ်လာပြီး ထိုလမ်းက အလွန်တောက်ပနေသည်ကို သိရှိရသည်။

ဉာဏ်အလင်းပွင့်သည့်အဆင့်သို့ ဝင်ရောက်လာသည်နှင့် သူမ ကျန်းလန်ကို မတွေ့မြင်ရတော့ပေ။ သို့သော် ကျန်းလန် ရှိနေကြောင်း သူမ အာရုံခံ၍ ရနေသည်။

ထိုအချိန် အရှေ့ဆီမှ အလင်းရောင်တစ်ခုက သူမအနားသို့ ချဉ်းကပ်လာသည်။ ခဏကြာသည့်အခါ ထိုအလင်းရောင်က သူမအနားသို့ ရောက်ရှိလာသည်။

အလင်းရောင်ထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်က ကျန်းလန်ပင် ဖြစ်သည်။

ထို့နောက် သူ့ရှေ့တွင် ရှိနေသူမှာ လုန်ယွိမှန်း ရိပ်မိသွားပြီး ကျန်းလန်က သူမကို လက်ကမ်းပေးလိုက်သည်။

"ဂိုဏ်းတူအစ်မ ၊ သွားကြရအောင်…  ကိုယ့်ရဲ့ တာအိုလမ်းစဉ်က အဆင်သင့်ဖြစ်နေပြီ"

ကျန်းလန်၏ အသံထွက်ပေါ်လာသည်။

လုန်ယွိသည် သူမရှေ့မှ အေးဆေးတည်ငြိမ်လှသော ရင်းနှီးပြီးားမျက်နှာကို ငေးစိုက်ကြည့်ရင်း သူမလက်ကို ကျန်းလန်ရှိရာသို့ ကမ်းပေးလိုက်သည်။

ကျန်းလန်က လုန်ယွိ၏လက်ကိုဆွဲကာ ခေါ်သွားလေသည်။

လမ်းတွင် သူက သူမကို သတိပေးစကားဆိုသည်။

"ဂိုဏ်းတူအစ်မ ၊ မင်းရဲ့စိတ်တွေက မတည်ငြိမ်ဘူးဖြစ်နေတယ် ၊ ကိုယ်က မင်းရဲ့ ကိုယ်တွင်းမိစ္ဆာအဖြစ် ပြောင်းလဲသွားနိုင်တယ် ၊ သေသေချာချာ သတိထားပါ"

လုန်ယွိက ခေါင်းခါယမ်းလိုက်ရင်း…

"မဟုတ်ဘူး…"

လုန်ယွိ၏ အသံက ယုံကြည်မှုအပြည့်နှင့်ဖြစ်ပြီး နားထောင်၍လည်း ကောင်းလှသည်။

"ဂိုဏ်းတူမောင်လေး ၊ ရှင်က ကျွန်မရဲ့ နဂါးမျိုးနွယ်နှလုံးသားကို နားမလည်ဘူး ၊ ဂိုဏ်းတူမောင်လေးက ကျွန်မအတွက် ကိုယ်တွင်းမိစ္ဆာလုံး၀ ဖြစ်လာမှာ မဟုတ်ဘူး ၊ ရှင်က ကျွန်မအတွက် အလင်းရောင်ပဲ ၊ ဘယ်တော့မှ မှေးမှိန်မသွားမယ့် အလင်းရောင်ပါ"

ကျန်းလန်က လုန်ယွိကို လေးလေးနက်နက်ဖြင့် လှည့်ကြည့်လိုက်သည်။

ထို့နောက် သူက သဲ့သဲ့မျှ ပြုံးလိုက်ရင်း…

"လာ… သွားကြရအောင် ဂိုဏ်းတူအစ်မ ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်တာအိုလမ်းစဉ်ဆီကို မင်း လိုက်ခဲ့ပါ"

နေနှင့်လတို့ လှည့်ပတ်လျှက်ရှိသည့် အာကာသဗလာနယ်ထဲသို့ သူက သူမကို ညင်သာစွာ ဆွဲခေါ်သွားသည်။ ထိုနေရာတွင် ကြယ်စင်များကလည်း အဆက်မပြတ်ပြောင်းလဲလျှက်ရှိသည်။

တာအိုနယ်မြေပင် ဖြစ်၏၊

ထိုနေရာသို့ လုန်ယွိ ရောက်လာသည့်အခါ တာအိုတရားက သူမကို လှည့်ပတ်နေသည့်အလား ခံစားရသည်။ တစ်ချိန်တည်းမှာပင် ကျန်းလန်၏ ခြေထောက်အောက်တွင် မှုံဝါးသည့် လမ်းကြောင်းတစ်ခု ပေါ်လာသည်ကို သူမ တွေ့ရှိရသည်။

ကျန်းလန်က ရှေ့ဆက်လျှေက်လှမ်းသွားသည့်အခါ လမ်းကြောင်းက ပိုမိုရှင်းလင်းလာသည်။ သူမသည်လည်း လမ်းကြောင်းထက် ညင်သာစွာ လျှောက်လှမ်းသက်ဆင်းလိုက်သည်။

ထိုအခိုက်အတန့်တွင် လောကကြီးတစ်ခုလုံးက လည်ပတ်နေပြီး တာအိုတရားက ပဲ့တင်ထပ်လျှက် ရှိသည်။ ကျန်းလန်၏ တာအိုလမ်းစဉ်သည် သူမပိုင်ဆိုင်သည့် လမ်းစဉ်တစ်ခုအလား လုန်ယွိ ခံစားနေရသည်။

နားမလည်နိုင်သော်လည်း ခြိမ်းခြောက်မှုတစ်စုံတစ်ရာ မရှိခဲ့ပေ။

"ကိုယ် မင်းရဲ့လက်တွေကို ကိုင်ထားသရွေ့ မင်း ခြေလှမ်းမှားမှာ စိတ်ပူစရာ မလိုဘူး ၊ ခွန်လွန်တောင်ရဲ့ တန်ခိုးစွမ်းအားကို နားလည်ဖို့ပဲ အာရုံစိုက်ထားပါ"

ကျန်းလန်က လုန်ယွိကို တီးတိုးစကားဆိုသည်။

"ကိုယ်က ဂိုဏ်းတူအစ်မကို ကာကွယ်ပေးပါ့မယ်"

လုန်ယွိအသွင်နှင့် ဖြစ်သည့်အတွက် သူမက ကျန်းလန်ကို စကားမဆိုခဲ့ပေ။ သို့သော် သူမ တောက်ပစွာတစ်ချက်ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်လေသည်။

ကျန်းလန် အံ့အားသင့်သွားမိသည်။

လုန်ယွိအသွင်ဖြင့် သူ့ကို ယခုလိုပြုံးပြသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ လုန်ယွိ၏ အပြုံးလေးများကို ကာကွယ်ပေးရန် ကျန်းလန် ထပ်လောင်းအတည်ပြုလိုက်မိသည်။

ထိုအချိန်…

"ဘုန်း…"

တာအိုနယ်မြေတစ်ခုလုံး ပွင့်လင်းသွားပြီး ကျန်းလန်၏ ကိုယ်ပိုင်တာအိုလမ်းစဉ်က ပိုမိုကျယ်ပြန့်လာလေသည်။

***

ခွန်လွန်တောင်။

အဆုံးမရှိသည့် မိုးခြိမ်းသံများက ယခင်ကထက် ပိုမိုကျယ်လောင်လာသည်။

"ဘုန်း"

"ဘုန်း"

လမ်းလျှောက်နေသော မြောင်ယွဲ့သည် ရုတ်တရက် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်၌ လျှပ်စီးကြောင်းများက အက်ကွဲကြောင်းများပမာ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။ ထို့နောက် ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး လျှပ်စီးကြောင်းများက ပြန်လည် ဆုတ်ခွာသွားသည်။

မိုးနှင့်မြေကို ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်ခု ကောင်းကင်ထက်တွင် ထွက်ပေးလာသည်။

မြောင်ယွဲ့ မျက်မှောင်ကြုတ်လိုက်ရင်း…

"ကောင်းကင်ဘုံသို့ သွားရာလမ်းလား"

"သူက တန်ခိုးစွမ်းအားမြင့်မားပေမယ့် စိတ်စွမ်းအား သိပ်မကောင်းဘူးထင်တယ် ၊ ဒီအတိုင်းဆို လျှို့ဝှက်အန္တရယ်တွေ ပေါ်လာဖို့ လွယ်သွားလိမ့်မယ်"

ကျူးချင်က ကောင်းကင်ထက် လက်ညှိုးညွှန်ပြလိုက်ရင်း…

"ဂိုဏ်းတူအစ်မ… သက်တံရောင်စဉ်အလင်းတွေကို ကြည့်လိုက်ပါဦး"

***

ပထမတောင်ထွတ်။

ဖုန်းယီရှောက်က ခန်းမဆောင်ထဲတွင်ထိုင်ရင်း ကောင်းကင်ထက်မှ သက်တံ့ရောင်စဉ်အလင်းတန်းများကို ကြည့်နေသည်။

ထိုအလင်းတန်းများက ခွန်လွန်တောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကာကွယ်ခြင်းအလင်းတန်းများပမာ ဖြစ်သည်။

ဘေးနားတွင်ရှိနေသည့် လင်အန်းက စိတ်ဝင်တစားဖြင့်…

"ဆရာ… အဲဒါ ဘာဖြစ်တာလဲ"

ယနေ့မြင်တွေ့ရသည့် အံ့ဖွယ်ဖြစ်စဉ်က ပြောင်းလဲမှုအသစ်ဖြစ်လေသည်။

အစပိုင်းတွင် ကောင်းကင်ထက်၌ လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး နောက်ပိုင်း ရောင်စဉ် (၇)မျိုးအလင်းတန်းများ ထွက်ပေါ်လာသည်။

မထင်မှတ်ဘဲ လမ်းကြောင်းတစ်ခုပေါ်လာပြီး သက်တံရောင်စဉ်များက ထိုလမ်းကို ကာကွယ်ပေးထားသည်။

ထိုလမ်းကြောင်းက ပြားချပ်သည့် မြေပြင်ပမာဖြစ်ပြီး မြေပြင်အောက်တွင် လေထုရှိနေသည့်အလား ဖြစ်သည်။

ဖုန်းယီရှောက်က…

"အဲဒါ ကာကွယ်ခြင်းအလင်းတန်းတွေပဲ ၊ တာအိုနဲ့ စိတ်ဝိညာဉ်ကို ကာကွယ်ပေးထားတာ"

သူက ဆက်ပြောသည်။

"ကာကွယ်ခြင်းအလင်းရောင်မရှိရင် ကောင်းကင်ဘုံသို့သွားရာလမ်းက ကောင်းကင်ဘုံသို့သွားရာလမ်းမျှသာ ဖြစ်တယ် ၊ ဒါပေမဲ့ ကာကွယ်ခြင်းအလင်းရောင်ရှိနေတော့ ကောင်းကင်ဘုံသို့သွားရာလမ်းက ကောင်းကင်ဘုံသို့သွားရာတံတားလည်းဖြစ်သလို မြေပြင်သို့တံတားလည်း ဖြစ်နေတယ် ၊ သေးငယ်တဲ့ တာအိုလမ်းစဉ်ဟာ တည်ငြိမ်တဲ့ တာအိုလမ်းစဉ် ဖြစ်လာလိမ့်မယ် ၊ ဒါက မိုးနဲ့မြေ ပေါင်းစည်းသွားခြင်းရဲ့ ရလဒ်ပါပဲ"

ဖုန်းယီရှောက်က လင်အန်းကို တစ်ချက်လှမ်းကြည့်ရင်း ဆက်ပြောသည်။

"ဒါပေမဲ့ မင်းအနေနဲ့ အခြားသူတွေရဲ့ တာအိုလမ်းစဉ်ကို နားလည်ဖို့ မလိုဘူး ၊ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့လိုတယ်"

လင်အန်းက ချက်ချင်းပင် ဦးညွှတ်လိုက်ရင်း…

"အခုလို လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ် ဆရာ"

ထိုသူ၏ တာအိုလမ်းစဉ်က အထင်ကြီးစရာ ကောင်းလှသည်။ ထို့ကြောင့် လင်အန်းအနေဖြင့် နားလည်သဘောပေါက်လိုစိတ် ဖြစ်မိသည်။

သို့သော် သူက အစစ်အမှန်အင်မော်တယ်ဖြစ်သည်မှာ မကြာသေးလေရာ မိုးနဲ့မြေတာအိုတရားကို နားလည်ရန် အရေးကြီးသည့်အချိန်တွင် ရောက်ရှိနေခဲ့သည်။ ထိုအချိန်မျိုးတွင် အခြားသူများ၏ တာအိုကိုနားလည်ခြင်းက သူ့အပေါ် သက်ရောက်မှုရှိသွားပါက အနာဂတ်လမ်း ထိခိုက်မည် ဖြစ်သည်။

လင်အန်းက…

"ဆရာ၊ အဲဒီလူက ဘယ်သူလဲ"

"ဘာသတင်းမှ မကြားရသေးဘူး"

ဖုန်းယီရှောက်က မတ်တတ်ထရပ်လိုက်ပြီး သက်တံ့ရောင်အလင်းတန်းကိုကြည့်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ သိစရာလည်း မလိုဘူး ၊ ကာကွယ်ခြင်းအလင်းရောင်က ခွန်လွန်တောင်က ထွက်ပေါ်နေတာကို ကြည့်ခြင်းအားဖြင့် အဲဒီလူက ခွန်လွန်တောင်က တပည့်တစ်ယောက်ပဲ ၊ ဒါကြောင့် သူဘယ်သူလဲဆိုတာကို ရှာဖွေစရာ မလိုဘူး"

လင်းအန်းသည် ခေါင်းငုံ့ကာ ငြိမ်သက်သွားသည်။

ထို့နောက် ဖုန်းယီရှောက်က လင်အန်းကို လှည့်ကြည့်လိုက်ရင်း…

"ဂူထဲမှာ အခြေအနေဘယ်လိုရှိလဲ"

လင်အန်းက မျက်မှောင်ကြုတ်ရင်း…

"သိပ်အဆင်ပြေတဲ့ပုံ မပေါ်ဘူး ဆရာ…"

သူက ဆက်ပြောသည်။

"ဂိုဏ်းတူအစ်ကိုတွေနဲ့ အကြီးအကဲတွေက တည်ငြိမ်အောင် ထိန်းမထားနိုင်တော့ဘူး ၊ ဂူက အဆက်မပြတ် ကျယ်ပြန့်လာတယ် ၊ အကြီးအကဲတွေပြောတာတော့ စည်းတံဆိပ်က မပြီးဆုံးသေးဘူး ၊ ဒါပေမဲ့ သက်ရောက်မှုက အရမ်းပြင်းထန်လာတယ်တဲ့"

ဖုန်းယီရှောက်က…

"ဒါနဲ့ ကုချီရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိပြီလဲ"

လင်အန်းက…

"လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့်ပါ ဆရာ ၊ သူ အင်မော်တယ်ဖြစ်လာပြီးနောက်ပိုင်း တိုးတက်မှုက အရမ်းမြန်လာတယ် ၊ နောက်ထပ် နှစ်ပေါင်း (၁၀၀)အတွင်း အစစ်အမှန်အင်မော်တယ် ဖြစ်လာမယ်ထင်တယ်"

ဖုန်းယီရှောက်က…

"ကောင်းပြီ… ၊ သူ့ကို ဂူထဲမှာ ကျင့်ကြံချင်လားဆိုတာ သွားမေးလိုက်ပါ"

လင်အန်းက ခေါင်းညိတ်လိုက်ရင်း…

"ဟုတ်ကဲ့…"

ထို့နောက် သူက ခဏမျှ တုံ့ဆိုင်းသွားပြီး…

"ဆရာ… ဂူထကြ စည်းတံဆိပ် ပျောက်ကွယ်သွားရင် ၊ ဒါမှမဟုတ် ကျရှုံးသွားခဲ့ရင် ဘာတွေဖြစ်လာနိုင်သလဲ"

ထို ဂူပေါက်က ဘာဖြစ်သည်ကို လင်အန်းသိရှိသော်လည်း တကယ်တမ်း စည်းတံဆိပ် ပျက်စီးသွားခဲ့လျှင ်ဘာဖြစ်မည်ကို သူ မသိရှိပေ။

ဆရာဖြစ်သူကလည်း တစ်ခါမှ ပြောမပြခဲ့ဖူးပေ။

ဖုန်းယီရှောက်က ပြုံးလိုက်ရင်း လင်အန်းကို လှည့်ကြည့်လိုက်သည်။

"အဲဒါဆိုရင်တော့ ကောင်းကင်ဘုံပြိုလဲပြီး မိုးနဲ့မြေ ပျက်စီးသွားမှာပေါ့ကွာ…"

***

All Chapters