အဋ္ဌမမင်းသားနောက်ကွယ်ကနတ်ဘုရား
Vol. 25 Ch. 337
အခန်း (၃၃၇) အဋ္ဌမမင်းသားနောက်ကွယ်ကနတ်ဘုရား
"ကျီ"
လျှပ်စီးတန်ခိုးစွမ်းအားများ လက်ခနဲ စတင်ထွက်ပေါ်လာသည်။
ကောင်းကင်ထက်မှ အဋ္ဌမမင်းသား ဆင်းသက်လာပြီး သူ၏လှံရှည်ကို ဝှေ့ယမ်းကာ မိုးကြိုးတန်ခိးစွမ်းအားကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။
"နှစ်တစ်သောင်းမဟာမိုးကြိုးတန်ခိုးစွမ်းအား"
"ဘုန်း"
လုန်မန်၏လှံရှည်က လူသားအင်မော်တယ် မြေအောက်နတ်ဆိုးတစ်ယောက်ကို ရိုက်ချလိုက်သည်။
"ဝှစ်"
မိုးကြိုးတန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်သွား၏။
သူက ထိုလူသားအင်မော်တယ်မြေအောက်နတ်ဆိုးကို သတ်ဖြတ်ရန်ဟန်ပြင်လိုက်သည်။ သို့သော် မြေအောက်နတ်ဆိုးအဖွဲ့ခေါင်းဆောင်က လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး လုန်မန်ကို ရိုက်ချလိုက်၏။
အဋ္ဌမမင်းသားက ထိုသူ၏တိုက်ခိုက်မှုကို ထိပ်တိုက်ရင်မဆိုင်ဘဲ နောက်ပြန်ဆုတ်လိုက်သည်။
"ဘန်း"
လက်ဝါးရိုက်ချက်ကြောင့် အဋ္ဌမမင်းသား နောက်သို့အနည်းငယ် ဆုတ်လိုက်ရသည်။
"ကျစ်… ကျစ်… ၊ ကြည့်စမ်းပါဦး ၊ မင်း ကျုပ်တို့ကို နိုင်အောင်တိုက်နိုင်ပါ့မလားကွာ"
အဋ္ဌမမင်းသားက စိတ်ကိုတည်ငြိမ်အောင်ကြိုးစားလိုက်ပြီး လှံရှည်ကိုကိုင်ထားရင်း ထိုမြေအောက်နတ်ဆိုးကို ပြုံးပြလိုက်သည်။
အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်။
သို့ဖြစ်ရာ ရန်သူက သူနှင့် တန်ခိုးစွမ်းအား မတိမ်းမယိမ်း ဖြစ်သည်။ သူ့အနေဖြင့် တစ်ဖက်လူကို တိုက်ခိုက်ရန် ခက်ခဲမည် မဟုတ်ပေ။
ယန်ရှီးယွင်ကတော့ ဘေးဘက်သို့ အသာရှောင်တိမ်းလိုက်၏။
အဋ္ဌမမင်းသား ကောင်းကင်ထက် ပျံသန်းထွက်သွားချိန်တွင် ယန်ရှီးယွင်က အဋ္ဌမင်းသားနောက်သို့ လိုက်ပါသွားခြင်း မရှိပေ။
ကောင်းကင်ထက်မှ ပြုတ်ကျလျှင် ပိုပြီး အသက်ပျောက်နိုင်ခြေမြင့်မားလေရာ သူမအတွက် မြေပြင်နှင့် ခြေထောက်ထိနေသရွေ့ လွတ်လမ်းရှာဖွေနိုင်ပြီး အန္တရယ်ကင်းမည် ဖြစ်သည်။
သူမက အခွင့်အရေးရသည်နှင့် ထွက်ပြေးရန် ဆုံးဖြတ်ထား၏။
အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် မြေအောက်နတ်ဆိုးက လုန်မန်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ရင်း…
"ဘယ်သူများလဲလို့ ၊ နဂါးမျိုးနွယ်ရဲ့ အဋ္ဌမမင်းသား မဟုတ်လား"
နဂါးမျိုးနွယ်များက သူတို့ကိစ္စကို ဝင်စွက်နေခဲ့သည်လား။ ပြီးတော့ ချီလင်မျိုးနွယ်မှ မိန်းကလးတစ်ယောက်လည်း ရှိနေသေးသည်။
ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် များစွာသောမျိုးနွယ်စုများ တိတ်တဆိတ်ဖြင့် ရှိနေကြသည်ပဲ။
လုန်မန်က…
"မင်းက ကျုပ်ကို သိနေတာလား ၊ ဒါဖြင့် မင်း ကျုပ်ကို နိုင်အောင်တိုက်နိုင်ပါ့မလား ၊ မြေအောက်နတ်ဆိုးတွေက ဒီလောက်လည်း မဟုတ်ကြပါဘူးကွာ"
"ကျုပ်ကို သိနေတာလား ၊ ဒါဖြင့် မင်းကျုပ်ကို ထိန်းထားနိုင်မယ်လို့ ထင်သလား ၊ မြေအောက်နတ်ဆိုးတွေက ဒီလောက်လည်း မဟုတ်ကြပါဘူး"
စကားပြောရင်း အဋ္ဌမမင်းသားက ကျန်ရှိသည့် မြေအောက်နတ်ဆိုး (၂)ယောက်ကို အကဲခတ်ရင်း သတ်ဖြတ်ပစ်ရန် အခွင့်အရေး ရှာဖွေနေသည်။
အချိန်ကောင်းရသည်နှင့် သူက လူသားအင်မော်တယ် မြေအောက်နတ်ဆိုးတစ်ယောက်ကို သတ်ဖြတ်ပစ်ရပေမည်။ သို့မှသာ အစစ်အမှန်အင်မော်တယ်ဖြင့် တစ်ယောက်ချင်း ယှဉ်ပြိုင်နိုင်မည် ဖြစ်သလို တိုက်ပွဲတွင် နိုင်ခြေလည်း ရှိလာမည် ဖြစ်သည်။
အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် မြေအောက်နတ်ဆိုးက…
"နတ်မိစ္ဆာတွေဆီက ကျုပ်သတင်းကြားတာတော့ အဋ္ဌမမင်းသားက အင်မော်တယ်အဖြစ် မွေးဖွားလာတဲ့သူတဲ့လေ ၊ ဒီတော့ မင်းက တိုက်ခိုက်စွမ်းရည်မကောင်းရင်တောင်မှ ပြေးတဲ့စွမ်းရည်တော့ အတော်လေး ကောင်းမှာပေါ့ ၊ ဟုတ်တယ်မလား ၊ နတ်မိစ္ဆာတွေလက်က လွတ်အောင်ပြေးနိုင်ခဲ့တယ်ဆိုတော့ အခုလည်း ကျုပ်တို့လက်က လွတ်အောင်ပြေးနိုင်မလားဆိုတာ ကြည့်ကြတာပေါ့"
သူ စကားပြောနေစဉ် လုန်မန်က လူသားအင်မော်တယ် မြေအောက်နတ်ဆိုးတစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်၏။
သို့သော် မြေအောက်နတ်ဆိုး အဖွဲ့ခေါင်းဆောင်က အသတ်ခံလိုက်ရသည့် မြေအောက်နတ်ဆိုးကို အရေးမစိုက်ပေ။ သေခြင်းရှင်ခြင်းဆိုသည်က ဘဝ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။
လုန်မန်က…
"ဒါဖြင့် ကျုပ်ပြေးနိုင်မလားဆိုတာ စမ်းကြည့်လေ"
ပြောပြီးသည်နှင့် အဋ္ဌမမင်းသား၏ခန္ဓာကိုယ်ထက်မှ လျှပ်စီးတန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ရုတ်တရက် ထွက်ပြေးတော့မည့်ဟန်ပြင်လိုက်သည်။
မြေအောက်နတ်ဆိုးတစ်ယောက်က…
"အဋ္ဌမမင်းသားက—"
"ဘုန်း"
စကားပြောလိုက်သည့် မြေအောက်နတ်ဆိုးမှာ စကားမဆုံးခင်မှာပင် မိုးကြိုးစာမိသွားတော့သည်။
မြေပြင်တစ်ခုလုံး မိုးကြိုးသံကြောင့် တုန်ခါသွား၏။
အဋ္ဌမမင်းသား၏ ပုံရိပ်သည် မိုးကြိုးတစ်စင်းအလားဖြစ်ပြီး လူသားအင်မော်တယ် မြေအောက်နတ်ဆိုးကို မိုးကြိုးပစ်ချလိုက်ခြင်း ဖြစ်သည်။
"ဘန်း"
လူသားအင်မော်တယ်နတ်ဆိုးမှာ လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်က လျှပ်စီးများကြား နစ်မြုပ်လျှက် ရှိသည်။
သူက ခုခံကာကွယ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် လျှပ်စီးတန်ခိုးစွမ်းအားများက တိုက်စားသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီပျက်စီးသွားတော့၏။
ယခုတော့ လူသားအင်မော်တယ်အဆင့် မြေအောက်နတ်ဆိုး (၂)ယောက်လုံးကို ရှင်းပစ်လိုက်နိုင်ပြီ ဖြစ်သည်။
အဋ္ဌမမင်းသားကတော့ ကောင်းကင်ထက်တွင် မတ်တတ်ရပ်လျှက် ရှိ၏။
သူက အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် မြေအောက်နတ်ဆိုးကို ကြည့်လိုက်ရင်း...
"တကယ်တော့ ကျုပ်သိချင်တာက မင်းတို့တွေ ငရဲတံခါးအတွက် ဒီကို ရောက်လာကြတာလား ဆိုတာပဲ ၊ မင်းတို့အားလုံးက ဘာကိစ္စ ငရဲတံခါးကို ဒီလောက် စိတ်ဝင်စားနေကြတာလဲ"
မြေအောက်နတ်ဆိုးက…
"ငရဲတံခါးကို စိတ်ဝင်စားနေတဲ့အုပ်စုက သပ်သပ်ကို ရှိတာကွာ ၊ ပြီးတော့ ပျက်သုဉ်းတစ်စပြင်လောကကြီးရဲ့ စွန့်ပစ်နယ်မြေတွေကလည်း အစကတည်းက ပြဿနာတွေချည်းပဲလေ ၊ ဒါပေမဲ့ ခွန်လွန်တောင်ရဲ့ လှုပ်ရှားမှုကတော့ အရမ်းခြေလှမ်းသွက်လွန်းပြီး ရှေ့ကိုရောက်လွန်းတယ် ၊ ခွန်လွန်တောင်ရဲ့ နောက်ခံက ဘာလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ၊ ဒါပေမဲ့ ငရဲတံခါးမှာ တစ်ခုခု အမှားအယွင်းဖြစ်သွားတာနဲ့ ခွန်လွန်တောင်အတွက် ကြီးမားတဲ့ အဟန့်အတား ဖြစ်သွားမှာပဲ"
ခဏနားပြီးမှ မြေအောက်နတ်ဆိုးက လုန်မန်ကို အကဲခတ်ရင်း ဆက်ပြောသည်။
"ခွန်လွန်တောင်သာ ဒုက္ခရောက်သွားရင် ကျုပ်တို့ မြေအောက်နတ်ဆိုးတွေမပြောနဲ့ ၊ မင်းတို့နဂါးမျိုးနွယ်တွေလည်း ပျော်ကြမှာပဲလေ"
ပြောပြီးသည်နှင့် မြေအောက်နတ်ဆိုးက ချက်ချင်းမတိုက်ခိုက်သေးဘဲ အဋ္ဌမမင်းသားကို ကြည့်နေ၏။
လုန်မန်က…
"မင်းပြောတဲ့စကားကို ကျုပ်တစ်ဝက်ပဲ ယုံနိုင်မယ် ၊ ငရဲတံခါးမှာ တစ်ခုခု အမှားအယွင်း ဖြစ်သွားဖို့ အားလုံးက မျှော်လင့်နေကြတာ မှန်တယ် ၊ ဒါပေမဲ့ မင်းတို့မြေအောက်နတ်ဆိုးတွေကတော့ အခြားသူတွေ ဝမ်းသာဖို့တစ်ခုတည်းအတွက်နဲ့ ခွန်လွန်တောင်ကို ချဉ်းကပ်တာ မဖြစ်နိုင်ဘူး ၊ အဲဒီလိုလုပ်ရင် မင်းတို့အတွက် ဘာအကျိုးအမြတ်မှ မရှိဘူးလေ ၊ ဒီလို မဆင်မခြင်အလုပ်မျိုး မင်းတို့ဘာလို့ လုပ်မှာလဲ ၊ ဟုတ်တယ်မလား"
ခဏနားပြီးမှ လုန်မန်က ဆက်ပြောသည်။
"လူကြီးတွေရဲ့ လောကက ရှုတ်ထွေးလွန်းတယ် ၊ မင်းပြောသလို ဘယ်နည်းနဲ့မှ မရိုးရှင်းနိုင်ဘူး"
ထိုမြေအောက်နတ်ဆိုးကို အဋ္ဌမမင်းသား မယုံကြည်ပေ။
သူ၏အမေဖြစ်သူက အစ်မဖြစ်သူကို များစွာသော လှုပ်ရှားမှုများပြုလုပ်ရန် လှုံ့ဆော်ပေးခဲ့သည်။ သူ့ကိုလည်း အကြောင်းပြချက်မျိုးစုံဖြင့် ခွန်လွန်တောင်တွင် ယောက်ဖကို စိန်ခေါ်ရန် တိုက်တွန်းခဲ့သည်။
ထိုကိစ္စများအားလုံး၏နောက်ကွယ်တွင် အကြောင်းအရာများစွာ ရှိလေသည်။
သို့ဖြစ်ရာ မြေအောက်နတ်ဆိုးများအနေဖြင့် ခွန်လွန်တောင်ကို ကျရှုံးစေလိုသည့် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ငရဲတံခါးကို ချဉ်းကပ်သည်မှာ ဖြစ်နိုင်ပါမည်လား။
ဘယ်လိုပင်တွေးကြည့်ပါစေ ထိုအချက် လုံး၀ မဖြစ်နိုင်ကြောင်း လုန်မန် သိရှိနေသည်။
သူ့အမေနှင့် နဂါးမျိုးနွယ်အကြီးအကဲများ၏ လှုပ်ရှားမှုတိုင်းသည် နဂါးမျိုးနွယ်များ အကျိုးအတွက်သာ ဖြစ်သည်။ ထို့အတူ မြေအောက်နတ်ဆိုးများ၏ လှုပ်ရှားမှုတိုင်းသည်လည်း သူတို့မျိုးနွယ်အကျိုးအတွက်သာ ဖြစ်ရမည်ပင်။
အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် မြေအောက်နတ်ဆိုးက...
“ဒါပေ့ါ ၊ ကျုပ်တို့အတွက်လည်း အကျိုးရှိလို့ လုပ်တာပေါ့ ၊ ဒါပေမဲ့ ဒီအကြောင်းတွေက အဋ္ဌမမင်းသားကို မသိတာ အကောင်းဆုံးပါပဲ ၊ မင်း အခု သိတာတွေတောင် တော်တော်များနေပြီ ၊ ဒါပေမဲ့ မင်းသေသွားရင်တော့ ပြဿနာ မရှိတော့ဘူးပေ့ါ”
စကားဆုံးသွားသည်နှင့် မြေအောက်နတ်ဆိုးက လက်ကိုဆန့်ထုတ်ကာ တိုက်ခိုက်လိုက်သည်။
သူက လက်တစ်ဖက်တည်းဖြင့် အဋ္ဌမမင်းသားကို သတ်ဖြတ်ပစ်လိုဟန် ရှိသည်။
ရန်သူ၏တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသော်လည်း အဋ္ဌမမင်းသားက ကြောက်ရွံ့သွားခြင်း မရှိသလို ထွက်ပြေးရန်လည်း ရည်ရွယ်ချက် မရှိပေ။
သူက ဤမြေအောက်နတ်ဆိုးကို ဖမ်းဆီးပြီး ခွန်လွန်တောင်သို့ ခေါ်ဆောင်သွားရန် စဉ်းစားထားသည်။
သို့ဆိုလျှင် သူ့တာဝန် ပြီးဆုံးသွားမည် ဖြစ်၏။
သို့သော် လုန်မန်က ရန်သူကို ပြန်လည်တိုက်ခိုက်ရန် လျှပ်စီးတန်ခိုးစွမ်းအားကို ဆင့်ခေါ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အံ့သြမှင်တက်သွားရသည်။
မယုံကြည်နိုင်စရာကောင်းသည့် တန်ခိုးစွမ်းအားတစ်ခုက သူ့ကို လွှမ်းခြုံသွားသည်ကို ခံစားလိုက်မိပြီး လုန်မန်၏မျက်စံများ ကျဉ်းမြောင်းသွားကြသည်။
ထိုအချိန် မြေအောက်နတ်ဆိုး၏ အနောက်ဘက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို လုန်မန် တွေ့မြင်လိုက်ရသည်။
ထိုပုံရိပ်က သူ ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။
ထိုသို့သော တန်ခိုးစွမ်းအားမြင့်မားသည့် ပုံရိပ်တစ်ခုကို သူ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
"မင်း ခံစားမိလား"
အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် မြေအောက်နတ်ဆိုးက အဋ္ဌမမင်းသားကို ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။
"ဒီအတိုင်းသာဆိုရင် မင်း ဒီနေရာမှာ မသေဘူးဆိုတာ သေချာပါဦးမလား"
ဟုတ်ပေ၏။
ဤနေရာကို ခွန်လွန်တောင်မှလူများ ရှာဖွေတွေ့ရှိရန် အချိန်အနည်းငယ်ကြာမြင့်မည် ဖြစ်သည်။
လုန်မန်က...
"ဟက် ကျုပ်က မင်းကိုတော့ သတ်နိုင်ပါသေးတယ်"
မြေအောက်နတ်ဆိုးက...
"မင်း ကျုပ်တို့ ပြောနေတဲ့စကားကို ခိုးပြီး နားမထောင်သင့်ဘူး ၊ နတ်မိစ္ဆာတွေဘက်က အကြီးအကဲတွေက ပြဿနာတွေကြားထဲ ဝင်မပါပေမယ့် ကျုပ်တို့ကတော့ ဝင်ပါရလိမ့်မယ်"
ထို့နောက် အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် မြေအောက်နတ်ဆိုးက စတင်တိုက်ခိုက်လိုက်သည်။
"ခရက်"
ချက်ချင်းပင် မမြင်ရသည့်လက်တစ်ဖက်က အဋ္ဌမမင်းသားကို ဆုပ်ကိုင်လိုက်သည်။ လုန်မန်၏ တန်ခိုးစွမ်းအားများအားလုံး ထိန်းချုပ်ခံလိုက်ရပြီး တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားသည်။
သူ နာကျင်မှုကို ခံစားလိုက်ရပြီး ပါးစပ်ထဲမှ သွေးများစီးကျလာသည်။ စိတ်များရှုတ်ထွေးလာသည့်တိုင် သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။
ယခုအချိန် ဦးလေးလုန်ရဲ့ထံမှ အကူအညီရလျှင် အကောင်းဆုံးဖြစ်မည်ဟု တွေးလိုက်၏။
သို့သော် ဦးလေးလုန်ရဲ့ကို သူ မည်သို့ ဆက်သွယ်ရပါမည်နည်း။
လုန်မန်၏စိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်သန်းသွားပြးနောက် နောက်ဆုံးတွင် ယောက်ဖပြောသည့် စကားများကို သတိရသွားသည်။
အချို့နတ်ဘုရားနာမည်များက သူ့ကို ဒုက္ခပေးနိုင်သည့်တိုင် အချို့ကတော့ သူ့ကို ကူညီကယ်တင်နိုင်သည်ဟု ယောက်ဖက အရိပ်အမြွက်ပြောခဲ့သည် မဟုတ်လား။
ယောက်ဖပြောသည့်စကားက မည်သူ့ကို ရည်ညွန်းကြောင်း လုန်မန် ခန့်မှန်းမိလေသည်။
သို့ဖြစ်ရာ သေရေးရှင်ရေး အရေးကြီးနေချိန်တွင် များစွာတွေးမနေတော့ဘဲ အဋ္ဌမမင်းသားသည် ထိုအမည်ကို ခေါ်ဆိုရန် ပါးစပ်ကို ဟလိုက်လေတော့၏။
"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်က တစ္ဆေတိုင်းပြည်ရဲ့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား…"
***
နဝမတောင်ထွတ်။
မရဏဂူထဲတွင် ထိုင်နေသည့် ကျန်းလန်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်လေ၏။
ထို့နောက် သူ၏နတ်ဘုရားရာထူးတွင် ရှိနေသည့် အလင်းရောင်အစက်လေး (၃)စက်ကို ကြည့်လိုက်သည်။
အဋ္ဌမမင်းသားကို ကိုယ်စားပြုသည့် အလင်းစက်လေးက တောက်ပနေပြီး သူ၏နတ်ဘုရားရာထူးကို ခေါ်နေကြောင်း သိလိုက်ရသည်။
"အဋ္ဌမမင်းသားတော့ အန္တရယ်ကြုံတွေ့နေရပြီ ၊ ကြည့်ရတာ သူ ဒီည သတင်းတစ်ခုခု စုံစမ်းလို့ရသွားပြီထင်တယ်"
လုန်မန်တစ်ယောက် ညတွင်းချင်းပင် သတင်းစုံစမ်းနိုင်သွားခဲ့ပြီဖြစ်ရာ တကယ့်ကို အထင်ကြီးလောက်စရာပင်။
သို့သော် တစ်ညတည်းဖြင့်ပင် သူ့ထံမှ အကူအညီတောင်းရသည်မှာလည်း အထင်းကြီးလောက်ပေ၏။
“အကြီးအကဲရေ ကယ်ပါဦး”
အဋ္ဌမမင်းသားအသံက ပဲ့တင်ထပ်လျှက် ထွက်ပေါ်လာသည်။
ကျန်းလန် တုံ့ဆိုင်းမနေဘဲ အဋ္ဌမမင်းသားကို ကိုယ်စားပြုသည့် အလင်းစက်လေးကို နှိပ်လိုက်သည်။
“သူ ရောက်နေတဲ့နေရာက သိပ်မဝေးဘူး ၊ ဒါ ကောင်းတာပဲ”
အလင်းစက်လေးကို ထိလိုက်သည်နှင့် ကျန်းလန်စိတ်ထဲတွင် ပုံရိပ်များဖျတ်ခနဲတောက်ပလာပြီး အဋ္ဌမမင်းသား၏ အခြေအနေကို တွေ့မြင်လိုက်ရသည်။
အဋ္ဌမမင်းသားကို မမြင်ရသည့်လက်တစ်ဖက်က ထိန်းချုပ်ထားကြောင်း ကျန်းလန် သိရှိလိုက်သည်။
ထိုလက်မှာ မထင်မရှားရှိနေသည့် ပုံရိပ်တစ်ခုဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုပုံရိပ်ကို တွေ့မြင်လိုက်ရသည်နှင့် ပြင်းထန်သည့်ဖိအားတစ်ခုကို ကျန်းလန် ခံစားလိုက်ရသည်။
ဧကရာဇ်ရှီးဟယ်နှင့်တွေ့ဆုံစဉ် ခံစားရသည့် ဖိအားမျိုး ဖြစ်၏။
ထို့ပြင် ပုံရိပ်က သူ့ကို အလွန်ထူးဆန်းသည့် ခံစားချက်တစ်ခုကိုလည်း ပေးစွမ်းသည်။
အမှန်တကယ်ပင် ဧကရာဇ်ရှီးဟယ်နှင့် အလွန်ဆင်တူပြီး နတ်ဘုရားရာထူးရောင်ဝါတစ်ခု ထွက်ပေါ်လျှက် ရှိသည်။
ထိုပုံရိပ်မှာ ယခုပင် နတ်ဘုရားရာထူးအသစ်ကို ရရှိထားသည့် မြေအောက်နတ်ဆိုးအဓိပတိဘိုးဘေး ဖြစ်နိုင်၏။
ကျန်းလန်အနေဖြင့် ထိုသူကို ရင်ဆိုင်နိုင်ပါမည်လား မသေချာသော်လည်း စမ်းကြည့်ရမည် ဖြစ်၏။
ထိုသူကို ရင်မဆိုင်နိုင်သည့်တိုင် အဋ္ဌမမင်းသားကို ကယ်တင်ရန်က သူ့အတွက် ခက်ခဲလွန်းသည့်ကိစ္စတစ်ခု မဟုတ်ပေ။
ချက်ချင်းပင် ကျန်းလန်က သူ၏တန်ခိုးစွမ်းအားများကို အလင်းစက်လေးမှတစ်ဆင့် အဋ္ဌမမင်းသားထံသို့ ပို့လွှတ်လိုက်သည်။
“မင်း လှံရှည်ကို ဝှေ့ယမ်းပြီး စတင်တိုက်ခိုက်တော့”
အဋ္ဌမမင်းသား ကျန်းလန်ပြောသည့် စကားသံကို ကြားလိုက်ရ၏။
ချက်ချင်းပင် တန်ခိုးစွမ်းအားများ ထိန်းချုပ်ခံထားရသည့် အဋ္ဌမမင်းသားမှာ ချက်ချင်းပင် လှုပ်ရှားလာနိုင်သည်။ သူက လှံရှည်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ လှံရှည်ထိပ်ဖျားမှ လျှပ်စီးတန်ခိုးစွမ်းအားများ ထွက်ပေါ်လာ၏။
"ငတုံးကောင် ၊ မင်းနောက်မှာ ထောက်ပံ့ပေးနေတဲ့သူတစ်ယောက် ရှိနေသလို ကျုပ်မှာရော မရှိဘူးလို့ ထင်နေတာလား"
စကားဆုံးသွားသည်နှင့် လုန်မန်က လှံရှည်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။
သူက အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် မြေအာက်နတ်ဆိုးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ရန် ရှိသမျှတန်ခိုးစွမ်းအားအကုန်လုံးကို အသုံးပြုလိုက်လေတော့၏။