← Chapters

ငါ့ရည်းစား ရေသဖန်းပင်လေးက ငါ့ကိုလာရှာတယ်

Vol. 40 Ch. 554

ငါ့ရည်းစား ရေသဖန်းပင်လေးက ငါ့ကိုလာရှာတယ်

Vol. 40 Ch. 554

သားရဲဥလေး၏ဖြစ်စဉ်က ဤသို့ဖြစ်သည်။

သားရဲဥလေးအဖြစ် စတင်မွေးဖွားလာသည့်အချိန်မှစပြီး အစီအစဉ်မကျခြင်းများက အစီအစဉ်တကျဖြစ်လာခဲ့ပြီး သူက အသိဉာဏ်ပညာနှင့်အတူ မွေးဖွားလာခဲ့သည်။ ဥငယ်လေးအတွင်းတွင် သူ အသိစိတ်စဝင်လာသည်မှစပြီး သူက အခြားသူများနှင့်မတူကြောင်း နားလည်ခဲ့သည်။

သူ ဥခွံမှ မွေးဖွားလာမည့်အချိန်တွင် လက်ရှိခေတ်၏ အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်လာမည်ကိုလည်း နားလည်ထားသည်။

သူ၏ လောကကိုရှုမြင်ပုံကလည်း အခြားသူများနှင့်မတူညီပေ။ အခြားသူများက အင်မော်တယ်ဖြစ်ရန် ကြိုးစားနေကြစဉ် သူကတော့ အရာအားလုံးကို သိမြင်သည့် ဉာဏ်ပညာနှင့်အတူမွေးဖွားလာပြီး မဟာတာအိုကို နားလည်ခဲ့သည်။ ဥခွံမှ ပေါက်ဖွားလာမည့်အချိန်သည် တာအိုအင်မော်တယ် ဖြစ်လာမည့်အချိန်လည်း ဖြစ်သည်။ တာအိုလမ်းစဉ် အထွတ်ထိပ် လျှောက်လှမ်းပြီးလျှင် သူက ပိုမိုမြင့်မားသည့် လမ်းကြောင်းတစ်ခုကိုလည်း ဆက်လက်လျှောက်လှမ်းရန် စဉ်းစားထားသည်။

ထိုနေ့သို့ရောက်ရှိရန်အတွက် ဥခွံကွဲထွက်သည့်အချိန်ကိုစောင့်ဆိုင်းရမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူသည်လည်း ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် နာမည်ကျော်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

သို့ပေသိ…

တစ်နေ့တွင်တော့ သူ့ကို မိခင်ရင်ခွင်မှနေပြီး လူသားတစ်ယောက်က ယူဆောင်သွားခဲ့လေသည်။ သူက သားသမီးတာဝန်ကျေပွန်သူဖြစ်သည့်တိုင် ကံတရားက ထိုသို့ ဖြစ်လာခဲ့သည်။ အနာဂတ်တွင် ကျင့်ကြံခြင်းထိပ်ဆုံးအဆင့်ရောက်သည့်အခါ အမေ့ကို ပြန်ရှာရန် သူ ဆုံးဖြတ်လိုက်သည်။

အချိန်တစ်ခုကြာမြင့်သည့်အခါ သူ့ကို ယူဆောင်လာသူက အခြားတစ်ယောက်ထံသို့ ရောင်းချလိုက်သည်။ သားရဲဥခွံအတွင်းပိုင်းက ဖွဲ့စည်းပုံစနစ်တကျဖြင့်တည်ဆောက်ထားသဖြင့် နှစ်ပေါင်း မည်မျှကြာပါစေ အထဲတွင် အေးအေးဆေးဆေး နေထိုင်နိုင်လေသည်။ ထိုပြင် အပြင်ဘက်တွင် မည်သည့်အရာများဖြစ်ပျက်နေသည်ကိုလည်း ကြည့်ရှု၍ရသည်။

သားရဲဥလေးက သူ့ကို ဝယ်ယူသွားသူကို အတွင်းထဲမှ တစ်ချက်ခန့် လှမ်းကြည့်လိုက်သည်။ ထိုသူက သူ့သခင်ဖြစ်ထိုက်သူဆိုလျှင် သူ ဥခွံကိုခွဲထွက်လာသည့်တစ်နေ့တွင် ထိုသူကို ခေါ်ဆောင်ကာ ကောင်းကင်ဘုံကိုးထပ်အထိ ပျံသန်းလိုက်မည်ဟု စိတ်ကူးထားသည်။

သူက လူတစ်ယောက်ကို တစ်ချက်ကြည့်ရုံမျှဖြင့် အကောင်းအဆိုးကို ချက်ချင်းနားလည်သည့် အသိဉာဏ်ကိုလည်း ပိုင်ဆိုင်သည်။ သူက သာမန်သားရဲဥလေးမဟုတ်ဘဲ လောကတွင် ထွန်းလင်းနေသည့် လတစ်စင်းပမာ အရည်အချင်းများကို ပိုင်ဆိုင်ထားပြီး လောကတွင် သူ့ကိုယှဉ်နိုင်သူ အနည်းငယ်သာ ရှိသည်။

သို့သော်…

ယခုတော့ သူ အပြင်သို့ကြည့်လိုက်သည်နှင့် မည်သည့်လူပုဂ္ဂိုလ်ကိုမှ မတွေ့ရဘဲ နေရောင်ခြည်ပမာ တောက်ပနေသည့် ရောင်ဝါတစ်ခုကိုသာ တွေ့မြင်လိုက်ရသည်။ ထိုရောင်ဝါ မိုးမြေတစ်ခုလုံးကို လင်းထိန်တောက်ပသွားစေသည်။ ပေတစ်သောင်းမကသော ကောင်းကင်ယံထက်တိုင်း ထိုးဖောက်လင်းလက်နေသည့် အနှီအလင်းရောင်သည် ခေတ်ကာလတစ်ခုလုံးကို လွှမ်းခြုံတော့မည့်အလား ထင်မှတ်ရသည်။

သားရဲဥလေး စိတ်ဓာတ်ကျသွားသည်။ ထိုအလင်းရောင်နှင့်နှိုင်းယှဉ်လျှင် သူက ပိုးစုန်းကြူးငယ်လေးပမာသာ ဖြစ်သည်။

ထို့နောက် တောက်ပသည့်အလင်းရောင်အလယ်တွင် ပုံရိပ်တစ်ခုကို မှုံဝါးဝါးတွေ့မြင်ရသည်။ ထိုသူက အလင်းရောင်များအလယ်တွင် မတ်တတ်ရပ်လျှက် ရှိသည်။

သားရဲဥလေး အလွန်ပင်ကြောက်ရွံ့သွားပြီး သူ့ကမ္ဘာဖြစ်သည့် ဥခွံလေးထဲတွင် ပြန်လည်ပုန်းအောင်းနေလိုက်သည်။ ထိုသို့သော လူမျိုးနှင့်သာ တကယ်တမ်းထိတ်တိုက်တွေ့လျှင် သူ အသက်ပျောက်သွားနိုင်သည်။

သူက ချက်ချင်းပင် သူ့ကိုယ်သူ လုံခြုံမှုရှိစေရန် ဥခွံနံရံတွင် အင်းသင်္ကေတများရေးထွင်းလိုက်သည်။ ထို့နောက် ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် တစ်ချိန်လုံးကျင့်ကြံနေထိုင်ရန် ဆုံးဖြတ်လိုက်၏။

“တာအိုအင်မော်တယ်အဆင့်ကိုရောက်မှ ဥခွံထဲကထွက်တော့မယ်”

သူတွေးလိုက်သည်။

ထိုသို့ဖြင့် အချိန်အတန်ကြာပြီးသည့်နောက် သူ့ဘေးနားသို့ တစ်စုံတစ်ယောက် ရောက်ရှိလာသည်ကို အာရုံခံမိသည်။ သူက အန္တရယ်ကင်းရန် အကြာင်းပြချက်ဖြင့် သူ့ဘေးနားမှအရာ၏ ဝိညာဉ်ကို သူ့ဥခွံလေးထဲသို့ ဆွဲခေါ်လိုက်သည်။

ချစ်စရာကောင်မလေးတစ်ယောက်။

သူက ကောင်မလေးကို ပြောလိုက်သည်။

“အပြင်မထွက်နဲ့ ၊ အပြင်ထွက်တာနဲ့ သေမှာပဲ”

ကောင်မလေးကလည်း သူ့ကိုယုံကြည်ပြီး သူမ၏အစွမ်းများကို ထုတ်မပြေတော့ဘဲ သားရဲဥလေးနှင့်အတူ တိတ်ဆိတ်ငြိမ်သက်စွာပင် နေခဲ့သည်။ သူတို့ (၂)ယောက်ကို ဝိညာဉ်ဆေးရည်များလောင်းပေးကာ စောင့်ရှောက်ပေးသည့် သခင်တစ်ယောက်လည်း ရှိလေသည်။

ရေသဖန်းပင်ကောင်မလေးကတော့ အတော်တုံးသည့် ကောင်မလေးဖြစ်ပြီး သားရဲဥလေး မည်မျှတန်ခိုးစွမ်းအားမြင့်မားကြောင်း နားမလည်ပေ။ သူမက ဒဏ်ရာပျောက်ကင်းအောင်ကုသပေးနိုင်သည့်အစွမ်းရှိသည်မှလွဲပြီး အခြားအသုံးမဝင်ပေ။

နှစ်ပေါင်းများစွာကြာပြီးနောက် သားရဲဥလေးသည် မည်သူမှမယှဉ်နိုင်လောက်အောင် တန်ခိုးစွမ်းအားမြင့်မားလာခဲ့သည်။ သို့သော် လုံလောက်မှု မရှိသေးပေ။

အချိန်ကြာလာသည်နှင့်အမျှ သားရဲဥလေးနှင့် ရေသဖန်းပင်လေးတို့ သံယောဇဉ်တွယ်သွားပြီး ချစ်ကျွမ်းဝင်သွားကြသည်။ သူ ဥခွံထဲမှ အပြင်ထွက်သည့်အချိန်တွင် ထိုကောင်မလေးကို ကောင်းကင်ကိုးထပ်အထိ ခေါ်ဆောင်သွားမည်ဟု ဆုံးဖြတ်ထားသည်။

တစ်နေ့တွင်တော့ ရေသဖန်းပင်လေးက သူ့ထံသို့ အပြေးအလွှားရောက်ရှိလာသည်။

“အစ်ကို ဥ ၊ အစ်ကို ဥ ၊ ခုပဲ ကျွန်မရဲ့ အရွက်လေးတစ်ရွက်ကို မိန်းကလေးတစ်ယောက်က ခူးလိုက်တယ် ၊ ကျွန်မတို့သခင်က ယောကျ်ားလေးမဟုတ်လား ၊ ဒါဆို ဒီမိန်းကလေးက သခင့်ရဲ့ချစ်သူ ကျွန်မတို့ရဲ့ သခင်မလား မသိဘူး”

“မေးခွန်းကောင်းပဲ ၊ ငါလည်းသိချင်တယ်”

ထိုသို့ဖြင့် အချိန်များစွာ ကုန်ဆုံးသွားခဲ့ပြီးနောက်…

သားရဲဥလေး တာအိုအင်မော်တယ် အထွတ်ထိပ်အဆင့်သို့ ရောက်လာခဲ့သည်။

သူ တာအိုအင်မော်တယ် ၊ အထွတ်ထိပ်အဆင့်ရောက်ရှိပြီး သိပ်မကြာခင်မှာပင် ရေသဖန်းပင်လေးက ပြာပြာသလဲ သူ့ဆီရောက်လာသည်။

“အစ်ကို ဥ ၊ အစ်ကို ဥ ၊ မကောင်းတော့ဘူး”

ရေသဖန်းပင်လေးသည် အလွန်ကြောက်ရွံ့ထိတ်လန့်နေပုံရသည်။

“အခုပဲ ကျွန်မရဲ့ အရွက်တွေ ဖျက်စီးခံလိုက်ရပြီ ၊ အပြင်ကိုကြည့်လိုက်တော့ ကျွန်မတို့သခင်နေတဲ့အိမ် တိုက်ခိုက်ခံနေရတယ် ၊ တိုက်ပွဲဖြစ်တော့မယ် ၊ အစ်ကို ဥ အမြန်သွားမှဖြစ်မယ် ၊ မဟုတ်ရင် ကျွန်မတို့သခင်တော့တော့ ကိစ္စပြတ်တော့မယ်”

သားရဲဥလေးက သူမစကားကို မယုံတစ်ဝက်ဖြစ်သွားသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သို့သော် ရေသဖန်းပင်လေး အလွန်တရာ ကြောက်ရွံ့နေသည်ကို တွေ့လိုက်ရသသည့်အခါ သေချာပေါက် ပြဿနာတစ်ခုခုရှိနေသည်ကို သိရှိလိုက်ပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။

သူအပြင်သို့လှမ်းကြည့်လိုက်သည်နှင့် စကားသံတစ်သံကို ကြားလိုက်ရသည်။

“ကျုပ်ရဲ့ တန်ခိုးစွမ်းအားတွေကို ရုတ်သိမ်းပြီး လောကကြီးတစ်ခုလုံး တည်ငြိမ်အောင်လုပ်နိုင်မယ့်အခွင့်အလမ်းတစ်ခုရှာဖွေဖို့ တံခါးပိတ်ကျင့်ကြံနေတယ် ၊ နောက်ဆုံးအခွင့်အရေးကို ရှာတွေ့ဖို့ အချိန်နည်းနည်း ပေးပါ”

ထိုအသံက အလွန်ကျယ်လောင်လွန်းပြီး မိုးခြိမ်းသံအလား ထင်မှတ်ရသည်။ လွန်ခဲ့သည့်အချိန်များစွာက ချန်ထားခဲ့သည့် သူ့သခင်၏အသံဖြစ်ကြောင်း သားရဲဥလေး သိရှိလိုက်သည်။

သူ ချက်ချင်းပင် အိမ်ထဲတွင် တံခါးပိတ်ကျင့်ကြံနေသည့် သခင်ဖြစ်သူကို သတိထားလိုက်မိသည်။ သခင်ဖြစ်သူ၏ရောင်ဝါ နေတစ်စင်းပမာ ထွန်းလင်းတောက်ပလျှက် ရှိသည်။

ထိုအချိန် သူ့အနားသို့ တာအိုအင်မော်တယ်တစ်ယောက် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရပြီး သားရဲဥလေး ဒေါသအကြီးအကျယ်ထွက်သွားသည်။

“မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့သခင် တံခါးပိတ်ကျင့်ကြံနေတာကို နှောက်ယှက်ရဲတာလဲ”

ထို့နောက် ခြံဝင်းထဲမှ သားရဲဥလေးက မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ၏ဥခွံတွင် အက်ကြောင်းများပေါ်လာပြီး နေရောင်ပမာတောက်ပသည့် တာအိုရောင်ဝါက နေရာတိုင်းသို့ ပျံ့နှံ့ထွက်ပေါ်လာသည်။

လော့ချောင်နှင့် ကျန် (၂)ယောက်မှာ ကြောက်ရွံ့ထိတ်လန့်သွားကြသည်။

ဤသားရဲဥလေးက တာအိုအင်မော်တယ်တစ်ယောက်လား ၊ ပြီးတော့ သူ့မှာ သခင်တစ်ယောက် ရှိသေးသည်လား။ ဤလောကတွင် တာအိုအင်မော်တယ်တစ်ယောက်က “သခင်” ဟု ခေါ်ထိုက်သူ မည်သူရှိပါသနည်း။

မရဏလောကမှ တာအိုအင်မော်တယ်က သားရဲဥလေးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သို့သော် သားရဲဥလေး၏ တန်ခိုးစွမ်းအားကို မခံနိုင်ဘဲ နောက်သို့ လွင့်စင်ထွက်သွားသည်။

“ဘုန်း”

မရဏလောကမှတာအိုအင်မော်တယ် မယုံကြည်နိုင်ဖြစ်သွားသည်။ ထိုမျှမက လူတိုင်းလည်း မယုံကြည်နိုင် ဖြစ်သွားရသည်။

သားရဲဥလေးတစ်လုံးက…

ထိုအချိန် သားရဲဥလေး၏ ခန္ဓာကိုယ်ထက်တွင် အက်ကွဲကြောင်းများ သိာထင်ရှားစွာ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်က တဖြည်းဖြည်းကြီးထွားလာသည်။

အချိန်ခဏအတွင်းမှာပင် သားရဲဥလေးက လူသားတစ်ယောက်၏တစ်ဝက်ခန့် မြင့်မားလာသည်။

“ခရက်”

သားရဲဥက ခြေလက်များကို ဆန့်ထုတ်လိုက်သည့်အခါ စူးရှသည့် အက်ကွဲသံ ထွက်ပေါ်လာသည်။ သူက ခြေထောက်များဖြင့် ဥခွံကိုနင်းထားပြီး လက်ထဲတွင်လည်း ဥခွံကို ကိုင်ဆောင်ထားသည်။

ထို့နောက် သားရဲဥ၏ခန္ဓာကိုယ်ထက်တွင် မျက်နှာအသွင်အပြင်တစ်ခုထွက်ပေါ်လာသည်။

လူတိုင်း : “……”

မရဏလောကမှ တာအိုအင်မော်တယ်က…

“ဒီကောင်က ဘယ်နေရာက ထွက်လာတာလဲ”

“ဝှစ်”

ရေသဖန်းပင်လေးက သားရဲဥလေး၏ ခန္ဓာကိုယ်ထက်သို့ ခုန်တက်လိုက်ပြီး…

“အစ်ကို ဥ ၊ ရှင့်ပုံစံကြီးက ကြည့်မကောင်းဘူးနော်”

ထိုစကားကိုကြားသည့်အခါ သားရဲဥလေးထံမှ အက်ကွဲသံများထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှ တာအိုရောင်ဝါများ တောက်ပလာသည်။

သူ့ခြေထောက်အောက်မှ ဥခွံများက စစ်ဖိနပ်များအသွင်ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထက်ရှိဥခွံက သံချပ်ကာဝတ်စုံအဖြစ် ပြောင်းလဲသွားသည်။

သူ့ပုံစံက လူသားတစ်ယောက်ပမာ တဖြည်းဖြည်း ကြီးထွားလာပြီး ခန္ဓာကိုယ်ထက်မှ သံချပ်ကာက လက်များအထိ ဖြန့်ကျက်ထားသည်။ ဘယ်ဘက်လက်ထဲတွင် ကိုင်ထားသည့် ဥခွံက ဒိုင်းကာအဖြစ်ပြောင်းလဲသွားပြီး ညာဘက်လက်တွင်ကိုင်ထားသည့်ဥခွံက တိုက်ပွဲဝင်ပုဆိန်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။

သူက လေထဲတွင်ရပ်လျှက် တိုက်ပွဲဝင်ပုဆိန်ကို ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ တိုက်ခိုက်လိုသည့်စိတ်ဓာတ်က မိုးခြိမ်းသံပမာ ဟုန်းဟုန်းတောက် မြည်ဟည်းလာ၏။

“ဘုန်း”

မမြင်နိုင်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

ရေသဖန်းပင်လေးက သားရဲဥလေးကို မော့ကြည့်လိုက်ရင်း…

“အစ်ကို ဥ ၊ ရှင့်ရဲ့ ခေါင်းကဘယ်မှာလဲ”

“ဟမ်”

သားရဲဥလေးသည် လူသားအသွင်ဖြင့် သံချပ်ကာဝတ်စုံကိုဝတ်ဆင်ကာ တိုက်ပွဲဝင်ပုဆိန်နှင့် ဒိုင်းလွှားကို ကိုင်ဆောင်ထားသည့်တိုင် ခြေလက်များသာရှိပြီး ခေါင်းပျောက်နေခဲ့သည်။

သားရဲဥလေးဝမ်းဗိုက်နေရာမှာ မျက်လုံး (၂)လုံးပွင့်လာပြီး…

“ခေါင်းက ဒီနေရာမဟုတ်ဘူးလား”

“မဟုတ်ဘူး ၊ ကိစ္စမရှိဘူး ၊ ကျွန်မက ရှင့်အတွက် ခေါင်းလုပ်ပေးမယ်”

ပြောပြီးသည်နှင့် ရေသဖန်းပင်လေးသည် သစ်ပင်ဦးခေါင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သားရဲဥလေးထက်သို့ ခုန်တက်ကာ ဦးခေါင်းနေရာတွင် မတ်တတ်ရပ်လိုက်သည်။

ထို့နောက် သားရဲဥလေးက မရဏလောကမှ တာအိုအင်မော်တယ်ဆီသို့ လျှောက်သွားရင်း…

“မင်းက ကျုပ်ရဲ့သခင် တံခါးပိတ်ကျင့်ကြံနေတာကို နှောက်ယှက်တဲ့သူလား ၊ မင်းကို သေဒဏ်ပေးပစ်မယ်”

မရဏလောကမှတာအိုအင်မော်တယ်က မျက်မှောင်တစ်ချက်ကြုတ်သွားသည်။

ပြီးမှ စိတ်သက်သာရာရသွားဟန်ဖြင့်…

“မင်းက တာအိုအင်မော်တယ် မဖြစ်သေးဘူး”

သူက သားရဲဥလေးထံသို့ ခုန်ဝင်တိုက်ခိုက်လိုက်သည်။

“သေစမ်း”

လော့ချောင်နှင့် အခြားတာ့လော်အင်မော်တယ် (၂)ယောက်မှာ အနားသို့ မကပ်ရဲကြပေ။ တာအိုအင်မော်တယ်များတိုက်ပွဲက သူတို့ပါဝင်ပတ်သက်နိုင်သည့်အရာ မဟုတ်ပေ။

သို့ပေသိ ထိုသားရဲဥက အတော်လေး ထူးဆန်းပြီး အံ့သြစရာကောင်းသည်။ တာအိုအင်မော်တယ် အတုလားအစစ်လားပင် မသိနိုင်ပေ။ အစစ်ဖြစ်လျှင်ပြဿနာမရှိသော်လည်း အတုဆိုလျှင်တော့ သူတို့အားလုံး ပြဿနာတက်ပေလိမ့်မည်။

“ဟက်… ဟာသပဲ”

ထို့နောက် သားရဲဥလေးက ရှေ့သို့ ခြေတစ်လှမ်းချင်းလှမ်းလာပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကလည်း တစ်ဆင့်ချင်း ပြောင်းလဲသွားသည်။

ချီစွမ်းအားသန့်စင်ခြင်းအဆင့်။

အခြေခံတည်ဆောက်ခြင်းအဆင့်။

ရွှေပြဒါးအမြုတေအဆင့်။

မူလဝိညာဉ်အဆင့်။

မရှိမှုအာကာသအဆင့်။

လူသားအင်မော်တယ်အဆင့်။

အစစ်အမှန်အင်မော်တယ်အဆင့်။

မိုးကောင်းကင်အင်မော်တယ်အဆင့်။

တာ့လော်အင်မော်တယ်အဆင့်။

တာအိုအင်မော်တယ်အဆင့်။

သားရဲဥလေး၏ တာအိုရောင်ဝါများက တဖြည်းဖြည်း ထွန်းလင်းတောက်ပလာသည်။ မရဏလောကမှ တာအိုအင်မော်တယ် သူ့ထံခုန်ဝင်လာသည့်အချိန် သူက ချက်ချင်း တာအိုအင်မော်တယ်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

သားရဲဥလေးက…

“နှစ်ပေါင်း (၁၀၀၀)လုံးလုံး တံခါးပိတ်ကျင့်ကြံနေတာ ၊ ဒီနေ့တော့ တာအိုအင်မော်တယ်တစ်ယောက်ကို သတ်ပစ်ဖို့ အပြင်ထွက်လာရပြီ”

ပြောပြီးသည်နှင့် သူက လက်ထဲမှ ပုဆိန်ဖြင့် ရန်သူကို ခုတ်ပိုင်းချလိုက်သည်။

“ဘုန်း”

“ဘန်း”

မရဏလောကမှ တာအိုအင်မော်တယ်မှာ ခုခံနိုင်စွမ်း မရှိခဲ့ပေ။ သူ၏ ဘယ်ဘက်လက်မှာ ပုဆိန်ဖြင့် ခုတ်ဖြတ်ခံလိုက်ရသည်။

သားရဲဥက ပုဆိန်ကို ထပ်မံဝှေ့ယမ်းလိုက်သည်။

“ဘန်း”

မရဏလောကမှ တာအိုအင်မော်တယ်၏ ညာဘက်လက် တစ်စစီဖြစ်သွားသည်။

သားရဲဥက ပုဆိန်ကို ဝှေ့ယမ်းလိုက်ရင်း ရန်သူ၏ခေါင်းကို ခုတ်ဖြတ်ပစ်လိုက်သည်။

“ငါ့သခင် တံခါးပိတ်ကျင့်ကြံတာကို နှောက်ယှက်ရဲတဲ့ကောင် နောင်တရစမ်း”

ရေသဖန်းပင်လေးကလည်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

“ဘုန်း”

မရဏလောကမှ တာအိုအင်မော်တယ်မှာ ခေါင်း နှင့်ကိုယ် တခြားစီဖြစ်သွားသည်။ သူမျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နက်လျှက် အသက်ပျောက်သွားသည်။

“ဘာလို့ ဒီလိုဖြစ်ရတာလဲ”

သားရဲဥက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…

“ဟွန့်… ကျုပ်က ဒီနေ့မှ ဥခွံထဲက ထွက်လာတာဆိုပေမယ့် ကျုပ်မှာ ကြီးမားတဲ့ ကံကြမ္မာအခွင့်အလမ်းတွေ အများကြီးရှိတယ် ၊ မရေမတွက်နိုင်တဲ့ တိုက်စစ်ဗျူဟာတွေ အများကြီးကို သင်ယူထားတယ် ၊ မင်းလို့ အားနည်းတဲ့ တာအိုအင်မော်တယ်အစုတ်ပလုတ်လောက်ကတော့ လက်နဲ့တောက်ပစ်လိုက်ရုံပဲ”

ထို့နောက် သားရဲဥက မရဏလောကမှ တာအိုအင်မော်တယ်၏ ဦးခေါင်းဆီသို့ လမ်းလျှောက်လာသည်။

“ထပ်ပြောလိုက်ဦးမယ် ၊ ကျုပ် သခင်က သာမန်လူမဟုတ်ဘူး ၊ ကံကြမ္မာအခွင့်အလမ်းတွေနဲ့ ပြည့်နေတဲ့သူ ၊ သူက ကမ္ဘာကြီးတစ်ခုလုံးကို ကာကွယ်ပေးလိမ့်မယ်”

ပြောပြီးသည်နှင့် သားရဲဥက မရဏလောကမှ တာအိုအင်မော်တယ်၏ ဦးခေါင်းကို ခြေထောက်ဖြင့် နင်းခြေပစ်လိုက်သည်။

“ဘုန်း”

ထို့နောက် သားရဲဥက လော့ချောင်နှင့် အခြားတာ့လော်အင်မော်တယ် (၂)ယောက်ကို လှည့်ကြည့်လိုက်သည်။

“မင်းတို့ကလည်း ကျုပ်သခင် တံခါးပိတ်ကျင့်ကြံတာကို နှောက်ယှက်ဖို့ ရောက်လာကြတာလား”

လော့ချောင်က ချက်ချင်း ရှင်းပြသည်။

“မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ကျုပ်တို့က ဒီနေရာကို စောင့်ရှောက်နေတဲ့သူတွေပါ ၊ ငရဲတံခါးမှာ အင်အားကြီးတဲ့ ရန်သူတွေ အများကြီးရှိသေးတယ် ၊ ကျုပ်တို့က သူတို့ကို နှိမ်နင်းနေတာပါ”

ရေသဖန်းပင်လေးက…

“အစ်ကို ဥ ၊ သခင်က တံခါးပိတ်ကျင့်ကြံတာက ထွက်မလာသေးဘူး ၊ ကျွန်မတို့ အဲဒီရန်သူတွေကို တိုက်ခိုက်ပေးရမယ်ထင်တယ်”

သားရဲဥက ခေါင်းတစ်ချက်ညိတ်ရင်း…

“ကောင်းပြီ ၊ အဲဒီရန်သူတွေကို သွားနှိမ်နင်းမယ်”

ဤလောကတစ်ခုလုံကို တစ်ယောက်တည်းဖြင့် ဖျက်စီးပစ်နိုင်သည့် ရန်သူမျိုး ဖြစ်ပါစေ သားရဲဥက နှိမ်နင်းပစ်မည် ဖြစ်သည်။

ငရဲတံခါးမှ အင်မော်တယ်များစွာ ထွက်လာပြီး ထိုသူများကို သားရဲဥလေးက တိုက်ခိုက်နှိမ်နင်နေသည်ကို အာရုံခံမိသည့်အခါ မော့ကျန်းသုန့် များစွာ အံ့အားသင့်သွားသည်။

သူက သားရဲဥလေးကို ကျန်းလန်အားလက်ဆောင်ပေးခဲ့သူ ဖြစ်သည်။ ထိုသားရဲဥကို ယူလာကတည်းက အနည်းငယ် ပုံမှန်မဟုတ်ကြောင်း ခံစားမိသော်လည်း အသေးစိတ်ကို မသိရှိခဲ့ပေ။

ထိုအချိန် မြေအောက်နတ်ဆိုးဘိုးဘေးက အေးစက်သည့်လေသံဖြင့်…

“မော့ကျန်းသုန့် ၊ မင်းက ကျုပ်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး ၊ မင်းက အရမ်းတန်ခိုးစွမ်းအားမြင့်မားတာမှန်ပေမယ့် ကျုပ်က သူတော်စင်တစ်ပိုင်းဖြစ်နေပြီ ၊ ကျုပ်တို့ကြားမှာ အများကြီးကွာနေတယ် ၊ မင်း ကျုပ်ကို ဘယ်လောက်ကြာကြာ တိုက်ခိုက်နိုင်မှာလဲ ၊ ခွန်လွန်တောင်က တန်ခိုးစွမ်းအားမြင့်မားတယ်ဆိုပေမယ့် မင်း ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမှာတဲ့လဲ”

မော့ကျန်းသုန့်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ထံမှ လျှပ်စီးတန်ခိုးစွမ်းအားများက မရဏအငွေ့အသက်များနှင့် ရောယှက်ထွက်ပေါ်လာသည်။

“မင်း စမ်းကြည့်ရင် သိမှာပေါ့”

ထိုသို့ဖြင့် တိုက်ပွဲကြီးတစ်ခု စတင်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲက ပိုမိုပြင်းထန်လာသည်။

လေထဲတွင် သွေးရနံ့များ ဖုံးလွှမ်းနေပြီး လူသားအင်မော်တယ် ၊ အစစ်အမှန်အင်မော်တယ် ၊ မိုးကောင်းကင်အင်မော်တယ်နှင့် တာ့လော်အင်မော်တယ်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလျှက် ရှိသည်။

နောက်ထပ် သုံးနှစ်။

ကောင်းကင်ထက်မှ သွေးပင်လယ်ကြီးက တဖြည်းဖြည်းကျဆင်းလာလေရာ နတ်လူသားမျိုးနွယ်များသည်လည်း တောင့်ခံမထားနိုင်ကြတော့ပေ။

ခွန်လွန်တောင်အထက်တွင်တော့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါများက ဆက်လက်စုစည်းနေဆဲ ဖြစ်သည်။ သို့သော် သူတော်စင်လမ်းက ထွက်ပေါ်မလာသေးပေ။

ပင်လယ်လေး (၄)ခု ဒေသတွင်တော့ အဋ္ဌမမင်းသားမှာ ဒဏ်ရာအပြင်းအထန်ရထားပြီး ရေပြင်ထက် ဒူးထောက်ကျလျှက်ရှိကာ ကောင်းကင်နဂါးဓားကိုပင် ဝှေ့ယမ်းနိုင်ခြင်း မရှိတော့ပေ။ နဂါးမျိုးနွယ်အချို့က လုန်မန် ခဏမျှအနားယူနိုင်ရန် အကာအကွယ်ပေးထားသည်။

ကမ္ဘာမြေကြီးဗဟိုမဏ္ဍိုင်တွင်တော့ ယန်ရှီးယွင်သည် သဲလွန်စမကျန်အောင် အငွေ့ပျံပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ပျက်သုဉ်းတစ်စပြင်လောကကြီး၏ တစ်နေရာတွင်တော့ ချင်းမုသည် လက်များကျိုးကျေလျှက် အသက်ပျောက်နေပြီ ဖြစ်သည်။

မျိုးနွယ်စုများစွာ သေဆုံးခဲ့ကြရပြီး အရေအတွက်လည်း လျော့နည်းလာကြသလို သဘာဝဘေးအန္တရယ်များကြောင့် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး ပျက်စီးလျှက် ရှိ၏။

ခွန်လွန်တောင်မှတိုက်ပွဲက ပိုမိုပြင်းထန်လာသည်။

ဒုတိယတောင်ထွတ်၏တောင်သခင်လျိုကျင်းက တာအိုအင်မော်တယ် (၂)ယောက်ကို သတ်ဖြတ်ပစ်လိုက်ပြီး တတိယမြောက်တာအိုအင်မော်တယ်ထံသို့ ခုန်ဝင်သွားသည်။

လျိုကျင်း၏မျက်လုံးများတွင် ရူးသွပ်မှုများဖြင့်ပြည့်နေပြီး သူ့ရှေ့မှ တာအိုအင်မော်တယ်ကို စိုက်ကြည့်နေသည်။

တိကျင်းက…

“လျိုကျင်း ၊ မင်း ဟို (၂)ယောက်နဲ့ တိုက်ခိုက်ထားတာနော် ၊ ကျုပ်ကို ဆက်တိုက်ခိုက်မယ်ဆိုရင် သေသွားလိမ့်မယ်”

လျိုကျင်း၏ တိုက်ခိုက်မှုက အလွန်ရက်စက်ကြောင်း တိကျင်း သိရှိထားသည်။ ခွန်လွန်တောင်မှ တောင်သခင်အားလုံးက ရက်စက်သူများ ဖြစ်ကြသည်။

လူသားများ၏ ယုံကြည်ခြင်းသည် သူတို့ မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။

“သေလည်းဘာဖြစ်လဲ ၊ မင်းကို နောက်ဆုံးသတ်ပစ်မယ် ၊ မင်းကို ကျုပ်နဲ့အတူ သေလမ်းကို အတူတူခေါ်သွားမယ်”

ထို့နောက် လျိုကျင်းက  တိကျင်းကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။

တိကျင်း အံ့အားသင့်သွားပြီး နောက်ဆုံးတော့ အသက်ရှင်ရန် အခွင့်အရေးကို စွန့်လွှတ်လိုက်သည်။

“ကောင်းပြီ ၊ ဒါဖြင့် အတူတူသေကြတာပေါ့”

“ဘုန်း”

ပေါက်ကွဲသံကြီးတစ်သံထွက်ပေါ်လာပြီး ခွန်လွန်တောင်တစ်ခုလုံး တုန်လှုပ်သွားသည်။ တိကျင်းရော လျိုကျင်းပါ သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

သတ္တမတောင်ထွတ်၏ တောင်သခင်ချီရွှင်မှာလည်း ဒဏ်ရာများစွာရလျှက်ရှိသည်။

သူ့ရှေ့မှ မြေအောက်နတ်ဆိုးတာအိုအင်မော်တယ်၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေသည်။

ထိုသူက…

“မင်း ကျုပ်တို့ထဲက (၃)ယောက်ကို သတ်ပြီးပြီ ၊ ကျုပ်နဲ့ဆိုရင် (၄)ယောက် ၊ အခု မင်းလည်း သေဖို့တန်ပြီ မဟုတ်လား”

ချီရွှင်က သူ့နံဘေးမှ သေရည်ဆိုင်ရှင်အဘိုးအိုကို လှည့်ကြည့်လိုက်သည်။

“ဆိုင်ရှင် ၊ ကျန်တဲ့လူတွေတော့ မင်းပဲ ဆက်ရှင်းလိုက်တော့”

ပြောပြီးသည်နှင့်…

“ဘုန်း”

ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာပြီး ချီရွှင်နှင့် သူ့အရှေ့မှ မြေအောက်နတ်ဆိုးတာအိုအင်မော်တယ်တို့ အသက်ပျောက်သွားကြသည်။

ဆဋ္ဌမတောင်ထွတ်၏တောင်သခင် ချန်ရှီသည်လည်း တာအိုအင်မော်တယ်တစ်ယောက်နှင့် တိုက်ခိုက်နေသည်။ ထိုအချိန် တာအိုအင်မော်တယ် (၂)ယောက်က ကျူးချင်ကို ဝိုင်းဝန်းတိုက်ခိုက်နေသည်ကို တွေ့မြင်လိုက်ကြရသည်။

ချန်ရှီက သူ့အရှေ့မှ တာအိုအင်မော်တယ်ကို သတ်ဖြတ်ပစ်လိုက်ပြီး နောက်ဆုံးကျန်ရှိသည့် တန်ခိုးစွမ်းအားကို အသုံးပြုကာ ကြယ်စင်မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ကျူးချင်အနားသို့ ရောက်ရှိလာသည်။

ကြယ်စင်မြစ်က ကျူးချင်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည့် တာအိုအင်မော်တယ် (၂)ယောက်ကို ဖုံးအုပ်ပစ်လိုက်သည်။

“ဘုန်း”

အရာအားလုံး ပျောက်ကွယ်သွားသည်။

“ဂိုဏ်းတူညီမလေး ၊ မင်း ရှင်သန်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားပါ”

ချန်ရှီ၏ စကားသံက ကျူးချင်၏နားထဲသို့ ဝင်ရောက်လာသည်။

ကျူးချင်၏ မျက်ဝန်းများ မျက်ရည်များ စီးကျလာသည်။

“ဂိုဏ်းတူအစ်မ”

ထို့နောက် သူမက အခြားရန်သူများကို တိုက်ခိုက်ရန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

စတုတ္ထတောင်ထွတ်၏ တောင်သခင် စစ်ကျယ်ကတော့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အဆိပ်ပင်လယ်အဖြစ် ပြောင်းလဲလိုက်ပြီး သူနှင့်အတူ တာအိုအင်မော်တယ် (၃)ယောက်ကို သေရွာသို့ ခေါ်ဆောင်သွားသည်။ ဤပညာက နှစ်ပေါင်းများစွာ သူ ကျင့်ကြံနေခဲ့သည့် တန်ခိုးစွမ်းအားတစ်ခုပင် ဖြစ်၏။ တိုက်ပွဲ၏ နောက်ဆုံးအချိန်တွင် ပွဲသိမ်းတိုက်ခိုက်ရန် ဖြစ်သည်။

ခွန်လွန်တောင်ဘက်မှ လူတစ်ဝက်ခန့် ကျဆုံးခဲ့ပြီးသည့်နောက် ရန်သူအုပ်စု (၃)ခုက ခွန်လွန်တောင်ကို ကာကွယ်ပေးထားသည့် ပင်မအစီအရင်ကို စတင်တိုက်ခိုက်ကြသည်။

တောင်ခြေသေရည်ဆိုင်မှ ကောင်ငယ်လေးနှင့် ဟုန်ယာတို့သည်လည်း အပြင်းအထန် တိုက်ခိုက်လျှက် ရှိကြသည်။ ကောင်ငယ်လေးက ရက်စက်သောသားရဲတစ်ကောင်အသွင်ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို လှည့်ပတ်တိုက်ခိုက်နေသည်။

ခွန်လွန်တောင်တွင် လူအရေအတွက် လျော့နည်းလာသည်နှင့်အမျှ သူတို့ရင်ဆိုင်ရသည့်ရန်သူများ ပိုမိုများပြားလာသည်။ ကောင်ငယ်လေး၏ တိုက်ခိုက်မှုစွမ်းရည်က အံ့အားသင့်စရာဖြစ်သော်လည်း လုံလောက်မှု မရှိပေ။

ဟုန်ယာကတော့ သူမ၏တန်ခိုးစွမ်းအားများအားလုံးကို အသုံးပြုတိုက်ခိုက်ခဲ့ပြီး တဖြည်းဖြည်း အားနည်းလာပြီ ဖြစ်သည်။

“ဘုန်း”

ကြီးမားသည့် ဧရာမတူကြီးတစ်ခုက ဟုန်ယာကို ထုနှက်လိုက်ရာ သူမ လွင့်ထွက်သွားသည်။

“ဝေါ့”

သူမ ပါးစပ်မှ သွေးများ စီးကျလာသည်။

ဟုန်ယာ လူးလဲထလိုက်သော်လည်း ပြန်ထမလာနိုင်တော့ပေ။ ဤနေရာတွင် သေဆုံးရတော့မည်လား မသိသော်လည်း သူမ မသေချင်သေးပေ။

ဝူထုန်တောင်သို့ပြန်ပြီး သူမ၏မျိုးနွယ်များနှင့်အတူ ကောင်းကင်မီးတောက်များကို တွန်းလှန်ပေးချင်သေးသည်။ သူမ သေမည်ဆိုလျှင်လည်း ဝူထုန်တောင်တွင်သာ သေချင်လေသည်။ ဤနေရာတွင် အသတ်ခံရကာ သေဆုံးမသွားလိုပေ။

ထိုအချိန် ဓားတစ်လက် သူမထံသို့ ပျံသန်းဝင်ရောက်လာသည်။ ဟုန်ယာ သေချာပေါက် သေရတော့မည်ဟု တွေးလိုက်မိချိန်တွင် တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေသည့် ပုံရိပ်တစ်ခုက သူမရှေ့တွင်ပေါ်လာပြီး ပိတ်ဆို့ထားလိုက်သည်။

ဓားက ထိုသူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။

“ဝေါ့”

ထိုသူ သွေးများအန်ချလိုက်၏။

ဟုန်ယာကို ကယ်တင်လိုက်သူက အခြားသူ မဟုတ်ပေ။ သေရည်ဆိုင်မှ ကောင်ငယ်လေးပင် ဖြစ်သည်။

“ဟုန်ယာကို သတ်ချင်တယ်ဆိုရင် ငါ့အလောင်းကိုအရင်နင်းသွားမှ ရလိမ့်မယ်”

ကောင်ငယ်လေးက အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်မှလူများက မည်သည့်စကားမှမဆိုဘဲ ဆက်လက်တိုက်ခိုက်ကြသည်။

“ဘုန်း”

“ဘုန်း”

“ဘုန်း”

တန်ခိုးစွမ်းအားများနှင့် မှော်ဝင်ရတနာများ ကောင်ငယ်လေးထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး သူ၏လက်မောင်းနှင့် ခန္ဓာကိုယ်မှာ အက်ကွဲသွားသည်။

“ဘုန်း ဘုန်း ဘုန်း”

အဆုံးသတ်တွင်တော့ လူ (၁၀)ဦးကျော် ဝိုင်းဝန်းတိုက်ခိုက်မှုကို ကောင်ငယ်လေး မခံနိုင်တော့ဘဲ ဓား (၃)လက်က သူ့ခန္ဓာကိုယ်သို့ ဖောက်ဝင်သွားသည်။

ကောင်ငယ်လေး မဟန်နိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကာ တဖြည်းဖြည်း လဲကျသွားသည်။ ဟုန်ယာက သူမရှေ့သို့ လဲကျလာသည့် ကောင်ငယ်လေးကို ချက်ချင်းပင် ပြေးပွေ့လိုက်သည်။

“မင်း…”

သူမ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ပြောမထွက်နိုင်တော့ပေ။ သူမမျက်ဝန်းအစုံမှ မျက်ရည်များကြောင့် ေ၀ဝါးသွားသည်။

ကောင်ငယ်လေးက ဟုန်ယာ၏လက်နှစ်ဖက်ကို အသာဆုပ်ကိုင်လိုက်သည်။ စကားပြောရန် ပါးစပ်ကိုဟလိုက်သော်လည်း မပြောနိုင်တော့ဘဲ မျက်လုံးများ မှေးမှိတ်သွားသည်။ သူ့ခန္ဓာကိုယ်မှ အသက်ဓာတ်စွမ်းအားများ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဟုန်ယာ၏ ပါးပြင်ထက်သို့ မျက်ရည်များ စီးကျလာသည်။

ရုတ်တရက် နာကျည်းမှုနှင့် နောင်တတရားများကို သူမရင်ထဲ ခံစားလိုက်ရသည်။

“ဝှစ်…”

သူမ၏ ကျောပြင်ထက်မှ မီးတောက်ပမာနီရဲနေသည့် အတောင်ပံတစ်စုံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှလူများကို စတင်တိုက်ခိုက်လိုက်သည်။

သို့ပေသိ သူမ၏ တန်ခိုးစွမ်းအားများ လျော့နည်းနေလေရာ ရန်သူများကို သတ်ဖြတ်နိုင်စွမ်း မရှိခဲ့ပေ။ ရန်သူများက သူမ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး သူမကို သတ်ဖြတ်ရန် ဟန်ပြင်လိုက်ကြသည်။

ထိုအချိန် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဟုန်ယာက မြေပြင်ထက်လဲကျနေသည့် ကောင်ငယ်လေးကို  ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။ အလင်းရောင်က ကောင်ငယ်လေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်း ဖြစ်၏။

သူ၏ခန္ဓာကိုယ်ထက်တွင် မရေမတွက်နိုင်သည့် အက်ကွဲကြောင်းများ ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားသည်။

“ဘန်း”

ခန္ဓာကိုယ်အလယ်တွင် အလင်းရောင်စက်ဝန်းတစ်ခုရှိနေပြီး ထိုအလင်းရောင်စက်ဝန်းထဲတွင် လူငယ်လေးတစ်ယောက် ရှိနေသည်။

လူငယ်လေးက မျက်လုံးများကို မှေးမှိတ်ထားသော်လည်း သူ့နှုတ်ခမ်းဖျားဆီမှ တိုးလျသည့်အသံတစ်သံ ထွက်ပေါ်လာသည်။

“ငါ ရှိနေသရွေ့ ဟုန်ယာ အန္တရယ်မကျရောက်စေရဘူး ၊ ငါ ဟုန်ယာကို ကာကွယ်မယ် ၊ ငါ အပြင်ကိုထွက်မယ်”

“ခရက်”

“ဘုန်း”

အလင်းရောင်စက်ဝန်း အက်ကွဲသွားပြီး ထူးခြားသည့် စွမ်းအားတစ်ခုက ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ ထို့နောက် သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားပြီး အဆက်မပြတ် ကြီးထွားလာသည်။

သစ်ပင်ကိုတွေ့မြင်လိုက်သည်နှင့် ဟုန်ယာ၏စိတ်အာရုံထဲတွင် သတင်းအချက်အလက်အချို့ ထွက်ပေါ်လာသည်။

ထိုသစ်ပင်မှာ မူလတည်ထောင်သူဝိညာဉ်၏ စွမ်းအားဖြစ်သော ဖန်ဆင်းခြင်းသစ်ပင် ဖြစ်သည်။

ဟုန်ယာက ခပ်လှမ်းလှမ်းတစ်နေရာသို့ ဆုတ်သွားပြီး သစ်ပင်ကို မော့ကြည့်လိုက်သည်။ သစ်ပင်အူတိုင်ထဲတွင် လူငယ်လေးတစ်ယောက်ရှိနေပြီး နိုးတစ်ဝက်အိပ်တစ်ဝက် ဖြစ်နေဟန် ရှိလေသည်။

***

All Chapters