← Chapters

ဆရာဒေါ်လေးမြောင်ယွဲ့က ဘယ်သူ့ကိုသဘောကျတာလဲ

Vol. 28 Ch. 380

ဆရာဒေါ်လေးမြောင်ယွဲ့က ဘယ်သူ့ကိုသဘောကျတာလဲ

Vol. 28 Ch. 380

အခန်း (၃၈၀) ဆရာဒေါ်လေးမြောင်ယွဲ့က ဘယ်သူ့ကိုသဘောကျတာလဲ

စကားပြောပြီးသွားသည်နှင့် ချန်ရှီက လက်ဖက်ရည်ကြမ်းတစ်ခွက်ငှဲ့လိုက်ပြီး တစ်ငုံမျှသောက်လိုက်သည်။ ထို့နောက် သူမက မည်သည့်စကားမှ မဆိုတော့ဘဲ ကျန်းလန်ကို အကဲခတ်နေ၏။

သူမပြောသည့်စကားများကို ကျန်းလန် နားလည်အောင်တွေးတောနိုင်စေရန်အတွက် အချိန်ပေးစောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သို့မှသာ သူတို့ ရှေ့ဆက်စကားပြောရဆိုရ ပိုမိုလွယ်ကူပေလိမ့်မည်။

ကျန်းလန်ကတော့ မျက်ခုံးများတွန့်ချိုးထားပြီး အလေးအနက် စဉ်းစားလျှက် ရှိသည်။

ပါရမီ ရှိခြင်း မရှိခြင်းဆိုသည့် အဟန့်အတားကို သူက ချိုးဖျက်နိုင်ပါမည်လား။ အရင်ကဆိုလျှင် သူက ပါရမီရှင်မဟုတ်သည့်အတွက် ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာ အဆင့်မတက်နိုင်ခဲ့ပေ။

အမှန်တော့ သူက မူလဝိညာဉ်အဆင့်သို့ တက်ရောက်ရန် ပြင်ပအကူအညီကို ရယူခဲ့ရပြီး အင်မော်တယ်ဖြစ်လာရန်လည်း ခက်ခဲသူတစ်ယောက် ဖြစ်သည်။

သေရည်ဆိုင်အနောက်ဘက်တွင် အင်မော်တယ်တံခါးကို ရှာဖွေစဉ်ကလည်း သူ ကျရှုံးခဲ့ရသည်။

အဆုံးသတ်တွင် သူ အင်မော်တယ်အဖြစ် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ခြင်းမှာ ဆရာဖြစ်သူ ပေးအပ်ခဲ့သည့် နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကြောင့်သာ ဖြစ်သည်။

ထိုတန်ခိုးစွမ်းအားကြောင့် ကံကောင်းခဲ့ရပြီး စနစ်မှတ်ပုံတင်ရာတွင် မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို နောက်တစ်ကြိမ် ထပ်မံရရှိခဲ့သည်။ ထို့ကြောင့် လူသားအင်မော်တယ်အဆင့်သို့ အောင်မြင်စွာ အဆင့်တက်ရောက်နိုင်ခဲ့သည်။

ထို့နောက်တွင်တော့ သူ၏ ကျင့်ကြံခြင်းက အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။

ပါရမီ ရှိခြင်း  မရှိခြင်းဆိုသည့် အဟန့်အတားများက သူ့ကို တားဆီးနိုင်ခြင်း မရှိတော့ပေ။ ကျင့်ကြံခြင်းအဆင့်တက်ရာတွင်လည်း ပြင်ပစွမ်းအားများ၏ အကူအညီရယူရန် မလိုအပ်တော့ပေ။

ကျင့်စဉ်လမ်းတွင် မည်မျှခက်ခဲသည့်အရာရင်ဆိုင်ရပါစေ သူကတော့ သာသာလေးဖြတ်ကျော်နိုင်ခဲ့သည်ပင်။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းပါရမီဆိုသည့် အဟန့်အတားက သူ့ကို ထိန်းချုပ်မထားတော့သောကြောင့် ဖြစ်၏။

ဤသည်မှာ ဆရာဒေါ်လေးချန်ရှီပြောသည့် ပါရမီ ရှိခြင်း မရှိခြင်းဆိုသည့် အဟန့်အတားကို ချိုးဖျက်ပစ်ခြင်းကို ဆိုလိုသည်လား။ ထိုသို့ဆိုလျှင် သူက ယခင်အချိန်ကတည်းကပင် ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ပြင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အထောက်အကူပြုသည့် စနစ် ၊ မရဏဂူနှင့် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားများလည်း ရှိနေခဲ့သည်။ ထို့ကြောင့် သူ၏ အဆင့်မြင့်တက်ခြင်းက အခြားသူများထက် များစွာလျှင်မြန်နေခဲ့သည်။

သူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်က ဘယ်တော့မှ နှေးကွေးသွားခဲ့ခြင်းမရှိသလို တာအိုကိုနားလည်ခြင်းကလည်း မြန်ဆန်ခဲ့သည်။

ယခုဆိုလျှင် သူက မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နောက်ထပ် အနှစ် (၆၀) မှ (၇၀)အတွင်း မိုးကောင်းကင်အင်မော်တယ် အောင်မြင်သည့်အဆင့်သို့ ရောက်ရှိနိုင်တော့မည် ဖြစ်၏။

ရွှေခန္ဓာကျင့်စဉ် ပြီးဆုံးသွားလျှင်တော့ တာ့လော်အင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။ သို့ရာတွင် သူ တာ့လော်အင်မော်တယ်အဆင့်သို့ အောင်မြင်စွာ အဆင့်တက်နိုင်ပါမည်လား ဆိုသည်ကတော့ နှစ်ပေါင်း (၁၀၀)ခန့် စောင့်ကြည့်ရပေဦးမည်။

လက်ရှိတွင်တော့ လောစရာမလိုပေ။

ချန်ရှီက အကြမ်းပန်းကန်ကို စားပွဲပေါ်သို့တင်လိုက်ရင်း…

"အခု ငါပြောတာကို မင်း အကြမ်းဖျင်းနားလည်ပြီလား"

ကျန်းလန်က ခေါင်းညိတ်ရင်း…

"ဟုတ်… နားလည်ပါပြီ"

ချန်ရှီက…

"ဆိုတော့… မင်းရှေ့မှာ အကန့်အသတ်မဲ့အနာဂတ်တစ်ခု စောင့်ကြိုနေတယ်လို့ သိလိုက်ရတဲ့အခါ မင်း ဘယ်လိုခံစားရလဲ"

ကျန်းလန်က ခဏမျှစဉ်းစားပြီးမှ…

"အဲဒီလိုဆိုရင်တော့ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့် ထပ်ပြီးမြင့်တက်လာဖို့ ပြင်းပြင်းထန်ထန် ကြိုးစားရင်း အသိပညာတွေလည်း ပိုပြီးရှာဖွေချင်မိပါတယ် ၊ အပြောင်းအလဲတွေနဲ့ အတွေ့အကြုံတွေကိုလည်း လိုချင်ပါတယ် ၊ ဒါပေမဲ့ မူလအတိုင်း တည်ငြိမ်တဲ့စိတ်ထားကိုလည်း ဆက်ပြီး ထိန်းသိမ်းထားနိုင်စွမ်း ရှိချင်တယ် ၊ ဒါမှ အနာဂတ်မှာ ရရှိလာမယ့် အကန့်အသတ်မဲ့တဲ့အရာတွေကို လက်ခံနိုင်မှာဖြစ်ပါတယ်"

ထိုစကားကိုကြားသည့်အခါ ချန်ရှီက ကျန်းလန်ကို တအံ့တသြဖြင့် ကြည့်လိုက်သည်။

ဤအဖြေစကားက သူမမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ သူမက ကျန်းလန် စိတ်လှုပ်ရှားပြီး ပျော်ရွှင်သွားမည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ကျန်းလန်ကတော့ စိတ်လှုပ်ရှားခြင်းမရှိသလို ပျော်ရွှင်ခြင်းလည်း မရှိခဲ့ဘဲ ပုံမှန်အတိုင်း ဆက်လက်ကျင့်ကြံသွားရန်သာ စဉ်းစားခဲ့သည်။

ချန်ရှီက ပြုံးလိုက်ရင်း…

"ငါ အခုပဲ မင်းဆရာရဲ့ ခံစားချက်တွေကို နားလည်သွားပြီ ၊ ကောလဟလတွေအရတော့ မင်းက စိတ်စွမ်းအားအရမ်းကောင်းတယ်လို့ ပြောကြတယ် ၊ အဲဒါက ဘာမှမဟုတ်တဲ့အရာပဲလို့ ငါ တွေးထင်ခဲ့တယ် ၊ ဒါပေမဲ့ မျှော်လင့်မထားတာက မင်း စိတ်စွမ်းအားကောင်းတယ်ဆိုတာက သာမန်မဟုတ်ဘူးပဲ ၊ အတော်လေးကို စိတ်စွမ်းအား ကောင်းလွန်းနေတယ် ၊ ထားပါလေ… လိုရင်းကိုပဲသွားကြစို့…"

ကျန်းလန်က သူမ ဘာကိုဆိုလိုမှန်း မသိသော်လည်း တိတ်ဆိတ်စွာပင် နားထောင်နေခဲ့သည်။ သူမ ပြောမည့်စကားများသည် အကြမ်းဖျင်းအားဖြင့် သူ အင်မော်တယ်အဆင့်တက်ခြင်းနှင့် ဆက်စပ်နေနိုင်သည်။

"အင်မော်တယ်ဖြစ်လာဖို့ဆိုတာ မင်းအတွက် နည်းနည်းတော့ ခက်ခဲလိမ့်မယ် ၊ ဒါပေမဲ့ မင်းရဲ့ အဖြေစကားကို ကြည့်ခြင်းအားဖြင့် မင်းရဲ့စိတ်က အတော်လေးတည်ငြိမ်တယ်"

သူမက ဆက်ပြောသည်။

"မင်းမှာ စိတ်ဖိစီးမှုလည်းမရှိသလို စိတ်ပူပန်မှုလည်း မရှိဘူး ၊ မင်းကို တစ်ခုသတိပေးချင်တာက အင်မော်တယ်တံခါးကို မရှာခင် မင်းထိတ်လန့်နေမယ်ဆိုရင် ကျရှုံးဖို့လွယ်ကူတယ်ဆိုတာပဲ ၊ ဒီစကားကို မင်း သေသေချာချာ မှတ်ထားပါ ၊ ဒါပေါ့လေ ၊ မင်း အင်မော်တယ်အဖြစ် အဆင့်တက်တဲ့အခါ ငါ ကူညီပေးနိုင်တာ ဘာမှ မရှိပါဘူး ၊ အခု ငါလုပ်ပေးနိုင်တာက မင်းရင်ထဲက သံသယတွေကို ရှင်းလင်းပေးဖို့ပါပဲ"

ထို့နောက် ချန်ရှီက ကျန်းလန်ကိုကြည့်လိုက်ပြီး လေးနက်စွာဆိုသည်။

"ငါက နက္ခတ်ပညာမှာတော်တယ်လို့ ပြောလို့ရတယ် ၊ ဒီတော့… မင်းစိတ်ထဲ မရှင်းမလင်းဖြစ်နေတဲ့အရာတွေရှိရင် ငါ့ကို မေးလို့ရတယ်"

"ပြီးတော့ အင်မော်တယ်အဆင့်တက်မယ့်ဖြစ်စဉ်မှာ မင်း ကြုံတွေ့ရမယ့် ဖြစ်နိုင်ခြေအရှိဆုံးအတားအဆီးတွေကို အဖြေရှာကူညီပေးဖို့လည်း ငါ့ကို တောင်းဆိုနိုင်ပါတယ်"

ပြောပြီးသည်နှင့် ချန်ရှီက အကြမ်းရည်သောက်ရင်း ကျန်းလန်၏ အဖြေကို စောင့်ဆိုင်းနေ၏။

မည်သည့်မေးခွန်းမေးမည်လဲဆိုသည်ကို ဘယ်သူမှ ချက်ချင်းအဖြေပေးနိုင်မည် မဟုတ်ပေ။

မေးခွန်းမေးရန် မဆုံးဖြတ်ခင် မိမိမေးမည့်မေးခွန်း၏ ကောင်းကျိုးဆိုးကျိုးများကိုလည်း ချိန်ဆရမည် ဖြစ်သည်။

ကျန်းလန်က ထိုအရာများအားလုံးကို နားလည်သူ ဖြစ်သည်။

"သူ အင်မော်တယ်ဖြစ်လာနိုင်မလား" ဆိုသည့် တိုက်ရိုက်မေးခွန်းမျိုးက သူ့ကိုယ်သူသာလျှင် နာကျင်စေလိမ့်မည်။

"အင်မော်တယ်ဖြစ်လာမည်" ဟု ချန်ရှီကပြောလိုက်လျှင် ကျန်းလန်အနေဖြင့် ယုံကြည်မှုတိုးလာမည်ဖြစ်သော်လည်း "အင်မော်တယ် ဖြစ်မလာနိုင်" ဟု ပြောလိုက်လျှင်တော့ ယုံကြည်ချက်များ ရိုက်ချိုးခံရမည် ဖြစ်သည်။

မအောင်မြင်နိုင်ဟု ယူဆမိပါက ကျန်းလန်၏စိတ်အခြေအနေ အေးချမ်းနိုင်တော့မည် မဟုတ်ပေ။

အချိန်တန်၍ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရသည့်အခါ ကျောတ်ဖြတ်နိုင်ရန် အလွန်ခက်ခဲသွားပေလိမ့်မည်။

နက္ခတ်ပညာဆိုသည်က အရာအားလုံးကို ကိုယ်စားမပြုနိုင်သလို တစ်ခါတစ်ရံတွင်လည်း မမှန်တတ်ပေ။

ကျန်းလန်က သူ့ရှေ့မှ အကြမ်းပန်းကန်ကို ငုံ့ကြည့်လျှက် ရှိသည်။

"သူ အင်မော်တယ်ဖြစ်နိုင်မလား" ဆိုသည့် မေးခွန်းမျိုးကိုတော့ မေးမည်မဟုတ်ပေ။ ထိုမေးခွန်းမျိုးက သူ့အတွက် အလွန်အန္တရယ်များသည်။

ယခုလို အနီးကပ်ရှိနေသည့် အနေအထားတွင် အခန့်မသင့်ပါက  ဆရာဒေါ်လေးချန်ရှီအနေဖြင့် သူ၏ ကျင့်ကြံခြင်းအစစ်အမှန်ကို သိရှိသွားနိုင်သည်။

ထို့ကြောင့် ကျန်းလန်က သူ့အကြောင်း မည်သည့်မေးခွန်းကိုမှ မေးမြန်းမည် မဟုတ်ပေ။

သို့ဆိုလျှင်…

သူ မည်သည့်မေးခွန်းမေးမြန်းရပါမည်နည်း။

ဘာမှမမေးပြန်လျှင်လည်း မသင့်တော်သလို ခံစားရသည်။

အချိန်ခဏမျှကြာသည့်အခါ…

အကြမ်းရည်သောက်နေသည့် ချန်ရှီကို ကျန်းလန်က ခေါင်းမော့ကြည့်လိုက်သည်။

ချန်ရှီက…

"ကဲ… ဘာမေးခွန်းမေးမလဲဆိုတာ စဉ်းစားပြီးပြီလား ၊ မင်းရဲ့ အင်မော်တယ်အဆင့်တက်လှမ်းရမယ့်ကိစ္စနဲ့ပတ်သက်ပြီး မေးမလား…"

မေးခွန်းသာ မေးတတ်မည်ဆိုလျှင် အင်မော်တယ်အဆင့်တက်လှမ်းနိုင်ရန် အထောက်အကူပြုသည့်အဖြေကို ပေးနိင်မည် ဖြစ်သည်။

ကျန်းလန်က ခေါင်းခါယမ်းရင်း…

"မဟုတ်ပါဘူး ဆရာဒေါ်လေး"

သူက ဆက်ပြောသည်။

"အင်မော်တယ်လမ်းကို လျှောက်ဖို့ ကျွန်တော် ဘယ်တုန်းကမှ သံသယမရှိခဲ့ပါဘူး ၊ ဒါကြောင့် ဆရာဒေါ်လေးကို မေးမြန်းဖို့ ရည်ရွယ်မထားပါဘူး"

ချန်ရှီက…

"ဒါဖြင့် ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ပတ်သက်ပြီး မေးချင်သလား"

အင်မော်တယ်လမ်းနှင့်ပတ်သက်ပြီး ကျန်းလန် မေးမြန်းခြင်းမရှိသည်ကို ချန်ရှီ မအံ့သြမိပေ။

ကျန်းလန်နှင့် စကားပြောကြည့်ပြီးနောက် သူ၏စိတ်နေစိတ်ထားကို သူမ အကြမ်းဖျင်း မှန်းဆနိုင်နေပြီ ဖြစ်သည်။

ကျန်းလန်က အလွန်ပင် တရားသေဆန်သူဖြစ်လေရာ သာမန်ကိစ္စအချို့ကြောင့် သူ့ကိုယ်သူ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။

ဟုတ်ပေ၏။

အင်မော်တယ်ဖြစ်လာရန် အရေးကြီးဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေရန်သာ ဖြစ်သည်။

သို့မဟုတ် ကျန်းလန်တွင် ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက် တစ်ခုခုရှိနေပြီး ထိုအချက်ကို နက္ခတ်ပညာဖြင့် ကြည့်ရှုခံရမည်ကို မဝံ့ရဲခြင်းလည်း ဖြစ်နိုင်သည်။

လူတိုင်းက တစ်ခုခုကို ဖုံးကွယ်ထားရခြင်းကို သဘောကျတတ်သည် မဟုတ်လား။

ကျန်းလန်က ခေါင်းခါယမ်းရင်း…

"ဂိုဏ်းတူအစ်မနဲ့ပတ်သက်ပြီးတော့လည်း မမေးပါဘူး"

အမှန်တော့ လုန်ယွိနှင့်ပတ်သက်ပြီး ကျန်းလန် သိချင်သည့်အရာ များစွာရှိသည်။

ဥပမာ - သူမ မွေးဖွားလာစဉ်က ဥခွံပါလာခဲ့သလား။ သို့မဟုတ် သူမ နဂါးအသွင်ပြောင်းလိုက်သည့်အခါ ဝတ်ထားသည့်အဝတ်အစားများ ဘယ်နေရာသို့ ရောက်သွားသည်လဲ ၊ စသည်များ ဖြစ်သည်။

သို့သော် ထိုအကြောင်းအရာများက လုန်ယွိ၏ ကိုယ်ရေးကိုယ်တာများဖြစ်လေရာ သူက မေးမြန်းကြည့်ရန် မဖြစ်နိုင်ပေ။

ထို့ပြင် ကျန်းလန်က သူနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်း မေးမြန်းခြင်း မပြုလိုပေ။ သို့မှသာ သူ၏လျှို့ဝှက်ချက်များကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

ချန်ရှီက…

"ဒါဆို မင်းရဲ့ဆရာနဲ့ ပတ်သတ်လို့လား"

ကျန်းလန်က…

"ကျွန်တော်က ဆရာဒေါ်လေးမြောင်ယွဲ့အကြောင်း မေးချင်တာပါ"

"ဟမ်…"

ကျန်းလန်၏စကားကြောင့် ချန်ရှီ အံ့အားသင့်သွားသည်။

"ဂိုဏ်းတူညီမလေး မြောင်ယွဲ့အကြောင်း ဟုတ်လား ၊ သူ့အကြောင်း ဘာမေးချင်တာလဲ ၊ မေးခွန်းတွေ အများကြီး ငါ့ကိုမေးလို့တော့မရဘူးနော် ၊ မင်းရတဲ့အခွင့်အရေးကို ဖြုန်းတီးမပစ်နဲ့"

သူမအနေဖြင့် နက္ခတ်ပညာအသုံးပြုရသည်က လွယ်ကူသည်မဟုတ်ပေ။

သို့သော် ကျန်းလန် ဘာမေးမည်ကို သူမကိုယ်တိုင်လည်း သိချင်နေမိသည်။

ကျန်းလန်က နားလည်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး သူ မေးချင်သည့်မေးခွန်းကို မေးလိုက်၏။

"ဆရာဒေါ်လေးမြောင်ယွဲ့က လူတစ်ယောက်ကို သဘောကျနေတယ်လို့ ကျွန်တော်ကြားဖူးတယ် ၊ အဲဒီလူက ဘယ်သူလဲဆိုတာ သိချင်တာပါ"

"မင်းရဲ့ဆရာလေ"

ချန်ရှီက နက္ခတ်ပညာပင်မသုံးဘဲ ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်သည်။

ကျန်းလန်မှာ စကားမပြောနိုင်ဘဲ ခဏမျှ ဆွံ့အသွားသည်။

ပြီးမှ…

"တကယ်လား"

ဟု မေးလိုက်၏။

သို့ဆိုလျှင် ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ကို လိမ်ပြောခဲ့ခြင်း မဟုတ်ဘူးပေ့ါ။

အနည်းငယ်တော့ ယုတ္တိမတန်ဟု သူ ခံစားရသည်။

ဆရာဒေါ်လေးမြောင်ယွဲ့နှင့်တွေ့ဆုံရလေတိုင်း အလွန်အန္တရယ်များသည်ဟု ကျန်းလန် ခံစားရလေ့ ရှိသည်။

ပြီးတော့ သူမက သူ၏လျှို့ဝှက်ချက်များနှင့်အတွေးများကိုလည်း သိရှိနေပုံရသည်။

ထို့ကြောင့် သူမနှင့် ပြောဆိုဆက်ဆံရာတွင်အနည်းငယ်ပေါ့ဆမိပါက ထာဝရဒုက္ခရောက်သွားနိုင်သည်။

ချန်ရှီက ကျန်းလန်ကို အကဲခတ်နေ၏။

ကျန်းလန် ရောက်လာကတည်းက အမူအရာက တည်ငြိမ်လွန်းသည်။ သူမနှင့်စကားစမြည်ပြောသည့်အချိန်တွင်လည်း အေးအေးဆေးဆေးပင်ရှိ၏။

သို့သော် ယခု မြောင်ယွဲ့အကြောင်း အဖြေကိုသိလိုက်ရသည့်အခါ ကျန်းလန်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။

သူ့ကို ကြည့်ရသည်မှာ အံ့သြဝမ်းသာသွားသလို သံသယလည်းဝင်နေဟန်ပင်။

သို့သော် အလွန်အမင်း ဟန်ပျက်သွားခြင်းတော့ မရှိပေ။

ချန်ရှီက…

"အဲဒီအကြောင်းက လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး ၊ မြောင်ယွဲ့ ဂိုဏ်းထဲကိုဝင်လာတော့ မင်းရဲ့ဆရာနဲ့အတူတူ ကျင့်ကြံခဲ့ရတယ်လေ ၊ ဒီတော့ သူ မင်းရဲ့ဆရာကို လေးစားတာ သဘာဝကျပါတယ်"

သူမက ဆက်ပြောသည်။

"သူ့မျက်လုံးထဲမှာ မင်းရဲ့ဆရာက တန်ခိုးစွမ်းအားမြင့်မားတဲ့ ဂိုဏ်းတူအစ်ကိုတစ်ယောက်ပေါ့လေ ၊ အဲဒီခံစားချက်က ကြီးမားလာတဲ့အခါ သူက မင်းရဲ့ဆရာနေရာမှာ နောက်တစ်ယောက်ကို အစားထိုးပြီး သဘောမကျနိုင်တော့ဘူးပေါ့ ၊ သိတယ်မလား"

ကျန်းလန်က မျက်မှောင်ကြုတ်လိုက်သည်။

သူမက ဆရာဖြစ်သူကို အနီးကပ်ရင်းနှီးသည့် ဂိုဏ်းတူအစ်ကိုအဖြစ် သဘောထားခဲ့သည်လား။

ထိုသို့ဆိုလျှင် သူက ဆရာဒေါ်လေးမြောင်ယွဲ့ကို ဆရာဖြစ်သူ၏ ဇနီးအဖြစ် မည်သို့ ရွေးချယ်ရပါမည်နည်း။

လေးစားအထင်ကြီးခြင်းနှင့် ချစ်ခင်မြတ်နိုးခြင်းဆိုသည်က အဓိပ္ပါယ်မတူကွဲပြားသည် မဟုတ်ပါလား။

All Chapters