မပျက်စီးနိုင်သည့်စိတ်အားထက်သန်မှု
Vol. 31 Ch. 431
ပင်လယ်ရေအောက် ၊ နဂါးမျိုးနွယ်များပိုင်နက်။
မူလက ငြိမ်သက်နေသည့် ကြည်လင်နေသော သလင်းနဂါးရုပ်တုကြီးသည် စတင်လှုပ်ခါလာသည်။
သလင်းနဂါးရုပ်တုကြီး၏ နောက်ကျောဘက်တွင်ရှိနေသည့် ကြည်လင်တောက်ပနေသော နဂါးဓားသည် ရှေးကျသည့် တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် ပဲ့တင်သံများ ထွက်ပေါ်လာသည်။ သို့သော် သူ့ကို ဆင်ခေါ်ခြင်း မရှိသေးသည့်အတွက် အသံက သိပ်မကြာရှည်ခဲ့ပေ။
တောင်ထိပ်တစ်ခုတွင်ရှိနေသည့် ဧရာမနဂါးကြီးတစ်ကောင်သည် ဓားသွားလှုပ်ရှားသွားသည်ကို သတိပြုမိသော်လည်း အရေးမကြီးဟန်ဖြင့် မျက်လုံးဖွင့်မကြည့်သေးဘဲ ငြိမ်သက်နေ၏။
တစ်ချိန်တည်းမှာပင် နဂါးငိုကျွန်းတွင်ရှိနေသည့် ကျန်းလန်သည်လည်း သူ အသုံးပြုနေသည့် နဂါးဓားသိုင်းက တစ်စုံတစ်ခုနှင့် ပဲ့တင်ထပ်နေသည်ကို သဘောပေါက်လိုက်သည်။ သို့သော် သူက အရေးမစိုက်ပေ။
သူ၏ တိုက်ခိုကမှုကြောင့် တောင်တစ်ခုလုံး ပြိုကွဲသွားပြီး ပင်လယ်ဖြတ်တောက်ခံရကာ လှိုင်းလုံးများက ဘဝဂ်ထိတိုင် မြင့်တက်သွားသည်။
ကျန်းလန်နှင့် အန်းကျီသည် ပင်လယ်ရေပြင်ထက်တွင် မတ်တတ်ရပ်နေကြ၏။ သူတို့လက်ရှိတည်နေရာက ကျွန်းနှင့် ဝေးကွာခြင်း မရှိပေ။
ကျန်းလန်က ကျွန်းအနီးအနားမှ ထွက်မသွားရဲသလို နဂါးနက်ဘုရင်သည်လည်း ထွက်မသွားရဲပေ။ သူ ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည့်အခါ ပျံသန်းထွက်ခွာလာသည့် နဂါးနက်များကို မိုးကြိုးတန်ခိုးစွမ်းအားများက ဖိနှိပ်ထားကြောင်း တွေ့လိုက်ရသည်။
မကြာမီ ထိုနဂါးနက်များအားလုံး ပြိုကျပျက်စီးနေသည့် တောင်နှင့်ဝေးရာသို့ ရောက်ရှိသွားကြသည်။
"ငါ နားလည်ပြီ"
စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချရင်း ကျန်းလန် တွေးလိုက်သည်။
နဂါးဓားသိုင်းဖြင့်ဆိုလျှင် ပြဿနာများကို ရှင်းရလွယ်ကူမည် ဖြစ်သည်။ သူ အနိုင်ရခဲ့လျှင် ဖြစ်၏။
တိုက်ပွဲက တဖြည်းဖြည်းပြင်းထန်လာလေရာ အကြီးအကဲများ ရောက်လာလျှင် ရှောင်ထွက်သွားရန် လွတ်လမ်းကိုလည်း ကျန်းလန်က ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
ဆရာဒေါ်လေးမြောင်ယွဲ့နှင့် ဆရာဦးလေးကျိုးကျုန်းထျန်း ၊ သို့မဟုတ် နဂါးမျိုးနွယ်များပင် သူ့ကို အာရုံစိုကလာနိုင်သည်။ ထိုသူများ တိုက်ပွဲအတွင်း ဝင်ရောက်လာမည်ဆိုလျှင် သူ ထွက်ပြေးရန် အချိန်များစွာရရှိမည် မဟုတ်ပေ။
ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားခဲ့သည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ ယခုလို အခြေအနေများကြုံတွေ့လာရမည်ဟု အစောကြီးကတည်းက သူတွေးထားပြီးသား ဖြစ်၏။
လှိုင်းလုံးကြီးများတက်လာသည်နှင့်အမျှ ကျန်းလန်၏ခန္ဓာကိုယ်က ရေမှဖြစ်တည်လာသကဲ့သို့ ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားသည်။ အကယ်၍ အကြီးအကဲများရောက်လာပါက ပင်လယ်လှိုင်းလုံးများအောက် ငုပ်လျှိုးပြီး ထွက်ပြေးသွားမည်ဆိုလျှင် အဆင်ပြေလေသည်။
နဂါးနက်ကြီးကိုတော့ ကျန်းလန် အရေးမစိုက်ပေ။ သူက လက်ထဲမှဓားကို နောက်တစ်ခေါက် ဝှေ့ယမ်းလိုက်သည်။
ကျန်းလန်မှာ ရန်သူကို ဒဏ်ရာရအောင် လုံး၀ တိုက်ခိုက်နိုင်ခြင်း မရှိသေးပေ။ သို့သော် နောက်ထပ် ဓားကွက် (၂)ကွက် ထုတ်သုံးရဦးမည် ဖြစ်သည်။
လောလောဆယ်တော့ သူက ထိုဓားကွက်များကို ထုတ်မသုံးသေးဘဲ ဆရာဦးလေးကျိုးကျုန်းထျန်းနှင့် ကျန်လူများ ရောက်လာမည်ကို စောင့်ဆိုင်းနေခဲ့သည်။ ယခုကဲ့သို့ ကြီးမားသည့် အဖြစ်အပျက်ကြီးတစ်ခုတွင် အကြီးအကဲများ ပါဝင်လှုပ်ရှားနိုင်ခြေ မြင့်မားသည်။
ကံမကောင်းသည်မှာ အချိန်အတန်ကြာအောင် စောင့်ဆိုင်းခဲ့သည့်တိုင် မည်သည့်အကြီးအကဲမှ ရောက်မလာခဲ့ကြပေ။ သူ့ထံသို့ မည်သည့်အကြီးအကဲမှ ချဉ်းကပ်မလာခဲ့ကြပေ။ တိုက်ပွဲရှိရာသို့ ကျရောက်လာသည့် အကြည့်အနည်းငယ်ကိုသာ ခံစားခဲ့ရသည်။
ကျွန်းတစ်ခုလုံးကို ဘိုးဘေးနဂါး၏ရောင်ဝါက ဖုံးလွှမ်းထားသည့်အတွက် အကြီးအကဲများရှိနေသည့် ကျောက်ကလပ်နေရာကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိပေ။
"သူတို့ အခုချိန်ထိ မလှုပ်ရှားသေးဘူးလား"
ကျန်းလန် တွေးလိုက်သည်။
သူတို့ မလှုပ်ရှားလျှင်တော့ သူ လှုပ်ရှားရပေမည်။
နဂါးနက်ကြီးက ကျန်းလန်ကို စိုက်ကြည့်နေသည်။ သူ့ခန္ဓာကိုယ်ထက်ရှိ နဂါးအကြေးခွံများမှ တန်ခိုးစွမ်းအားများ ထုတ်လွှတ်နေပြီး သူ့အနောက်ဘက်ရှိ ကြီးမားသောရေလှိုင်းလုံးများသို့တိုင် တန်ခိုးစွမ်းအားများက ပျံ့နှံ့သွားသည်။ သူက ကျန်းလန်ကို စိုက်ကြည့်ရင်း တည်ငြိမ်မှု ပြန်ရလာသည်။
"နောက်ဆုံးကြုံရတဲ့ ဘေးအန္တရယ်ကပ်ဆိုးကြီးမှာ ဒီဓားသိုင်းက ပျောက်ဆုံးသွားခဲ့ပြီပဲ ၊ ပြန်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ အထွတ်ထိပ်ချန်ယွမ်နဂါးမင်းတောင်မှ ဒီဓားသိုင်းကို အသုံးမပြုနိုင်ဘူး ၊ မင်းရဲ့ ဓားကွက်တွေက အဲဒီဓားသိုင်းနဲ့ ဆင်တူပေမယ့်…"
နဂါးနက်ကြီးက ကျန်းလန်ရှေ့သို့ ခုန်ဝင်လာသည်။
နဂါးဟိန်းသံကြီးက ကြီးမားလှသောပင်လယ်လှိုင်းလုံးကြီးများကို ပြိုကျစေတော့မည့်အလားဖြစ်သည်။ ရန်သူက ကျန်းလန်ကို အစိတ်စိတ်အမွှာမွှာ ကွဲကျေသွားစေလိုဟန် ရှိ၏။
ထို့နောက်နဂါးနက်ကြီးက စကားဆက်ပြောလိုက်သည်။
"ဒါပေမဲ့ လက်တွေ့စမ်းသပ်ပြီးမှပဲ မင်းရဲ့ ဓားသိုင်းက အတုလားအစစ်လားဆိုတာ ကျုပ်သိရလိမ့်မယ်"
စကားဆုံးသွားသည်နှင့် သူက ကျန်းလန်ရှိရာသို့ တဟုန်ထိုးဝင်ရောက်တိုက်ခိုက်လိုက်သည်။ သူက ကျန်းလန်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ချင်နေမိသည်။
ဒီလူက အန္တရယ်ကောင်ဖြစ်သည်။ သူက တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်သော်လည်း တာ့လော်အင်မော်တယ် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ကို ကောင်းကောင်းယှဉ်နိုင်သည်ဟု နဂါးနက်ဘုရင်အန်းကျီ ခံစားရသည်။ ကျန်းလန်ကို လျှော့တွက်မိလျှင် သူ အသက်ပျောက်သွားနိုင်သည်။
ကျန်းလန်မှာလည်း သူ့ထံသို့ ဝင်ရောက်လာသည့် နဂါးနက်ကြီးကို လျှော့မတွက်ရဲသလို တိုက်ခိုက်ရန်လည်း တုံ့ဆိုင်းမနေဝံ့ပေ။ ရန်သူက တန်ခိုးစွမ်းအားမြင့်မားလွန်းသည့်တိုင် နဂါးဓားသိုင်းကို အသုံးပြုပြီး တိုက်ခိုက်နိုင်ပေသည်။
နဂါးဓားသိုင်း၏ ဓားကွက် (၃)ကွက်က နဂါးမျိုးနွယ်များကို ဖိနှိပ်ရာတွင် အလွန်အသုံးဝင်သည်။
ကျန်းလန်က ဆောင်းရိပ်ရေစင်ဓားကို ဝှေ့ယမ်းလိုက်၏။ ဓားက မြင့်တက်လာပြီး ပတ်ဝန်းကျင်မှ ပင်လယ်လှိုင်းတံပိုးများသည်လည်း မြည်ဟည်းလာသည်။
ပင်လယ်ပြင်၏ တန်ခိုးစွမ်းအားမျာက ကျန်းလန်ရှိရာသို့ စုဝေးရောက်ရှိလာသည်။
"ဂရား…"
အဆုံးမရှိသည့် ဓားဝိညာဉ်အတွင်းသို့ နဂါးနက်ကြီး နစ်မြုသွားပြီး နဂါးဟိန်းသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ကျန်းလန်က ဓားကို အဆက်မပြတ်ဝှေ့ယမ်းနေပြီး ပင်လယ်လှိုင်းလုံးများသည်လည်း ဓားသွားအလား ထက်ရှလျှက် ရှိသည်။ တိုက်ခိုက်မှုက ပြင်းထန်လွန်းလှသည်။
ဓားသွားကျရောက်လာသည်နှင့် ပင်လယ်ရေပြင်တစ်ခုလုံး ဆူပွက်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေပြီး ဓားတန်ခိုးစွမ်းအားများနှင့် အဆုံးမဲ့ ပင်လယ်ရေလှိုင်းများအတွင်းသို့ နဂါးနက်ကြီး လုံး၀ နစ်မြုပ်သွားသည်။
တကယ်တော့ သူနစ်မြုပ်သွားသည်မှာ ပင်လယ်ရေလှိုင်းများအတွင်းသို့ မဟုတ်ပေ။ အဆုံးမရှိသည့် ပင်လယ်၏ တန်ခိုးစွမ်းအားများအလယ်တွင် ဖြစ်သည်။
ထို့နောက် ကျန်လန်၏ပုံရိပ်က နေရာမှာပင် ပျောက်ကွယ်သွားသည်။ သူက ပင်လယ်ထဲတွင် ရှိနေပြီး ပင်လယ်ရေများသည် သူ၏ အစိတ်အပိုင်းဖြစ်လာသည်။
ကျန်းလန်၏ ဓားသွားက နဂါးနက်ကြီးကို ခုတ်ပိုင်းချလိုက်သည်။
"ဂရား…"
နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်သည့် နဂါးအော်သံကြီး ထွက်ပေါ်လာသည်။ သို့သော် နာကျင်မှုက ဒေါသအဖြစ် ပြောင်းလဲသွားပြီး စတင်တိုက်ခိုက်လိုက်သည်။
နဂါးနက်ကြီး၏ပတ်ဝန်းကျင်မှ လှိုင်းလုံးများ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး အဆုံးမရှိသည့် ဓားဝိညာဉ်က သူ့ကို လွင့်ထွက်သွားစေသည်။
နဂါးနက်ဘုရင်အန်းကျီက သွေးများအန်ထုတ်လိုက်သည်။ ထိုသွေးများက သွေးစွမ်းအားအနှစ်သာရဖြစ်ပြီး တန်ခိုးစွမ်းအားအဖြစ်ပြောင်းလဲသွားကာ ကျန်းလန်ကို တိုက်ခိုက်လိုက်သည်။ သူ့စိတ်ထဲတွင် ဓားကိုင်ထားသူကို သတ်ဖြတ်ပစ်ရန်သာ ဆန္ဒရှိနေ၏။
နဂါးနက်ကြီးနှင့် တိုက်ခိုက်နေစဉ်မျာပင် ဖိအားများကို ခံစားလိုက်ရပြီး နဂါးဓားသိုင်း၏ တန်ခိုးစွမ်းအားကို ကျန်းလန်၏ ခန္ဓာကိုယ်က တောင့်ခံနိုင်ရန် ခက်ခဲလာသည်။ နာကျင်ခြင်းကို ခံစားလိုက်ရပြီး ချက်ချင်းပင် ဆေးလုံးတစ်လုံးထုတ်ကာ မျိုချလိုက်သည်။
ထို့နောက် တတိယဓားကွက်ကို ဆက်လက်ထုတ်ဖော်လိုက်သည်။
တစ်ခဏအတွင်း လေနှင့် တိမ်တိုက်များ မြင့်တက်လာပြီး ပင်လယ်ရေများက တိုင်လုံးများပမာ မြင့်တက်ကာ နဂါးပုံသဏ္ဌန်များအဖြစ် ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းကိုတွေ့မြင်သည့်အခါ နဂါးနက်ကြီး ကြောက်ရွံ့ထိတ်လန့်သွားသည်။
ယခုတော့ သူ မမှားနိုင်တော့ပေ။
တစ်ဖက်လူက တကယ်ပဲ ပျောက်ဆုံးနေပြီဖြစ်သော နဂါးဓားသိုင်းကို အသုံးပြုနေခြင်း ဖြစ်သည်။ သို့သော် သူက ထွက်ပြေးရန် ရည်ရွယ်ချက်မရှိဘဲ ကျန်းလန်ကို သတ်ဖြတ်ပစ်ရန် အကောင်းဆုံး ကြိုးစားတိုက်ခိုက်လိုက်၏။
"ဂရား"
နဂါးနက်ကြီးက ကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်ပြီး ကျန်းလန်ကို တိုက်ခိုက်ရန်အတွက် ကောင်းကင်ထက်သို့ ပျံတက်သွားလေတော့၏။
***
ထိုအချိန်…
ရန်သူနှင့်တိုက်ခိုက်နေသည့် အဋ္ဌမမင်းသားသည် ပင်လယ်ရေလှိုင်းများအတွင်းမှ ဓားဝိညာဉ်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ထို့နောက် သူ၏ နဂါးသွေးများ ဆူပွက်လာ၏။
တစ်စုံတစ်ခုက သူ့ကို လမ်းပြနေသည့်အလား ကြီးမားသည့် တန်ခိုးစွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိလာသည်။
"ဂရား…"
လုန်မန် နဂါးဟိန်းသံတစ်ချက် ပြုလုပ်လိုက်ပြီး မြွေမိစ္ဆာမယ်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။ ယခုတစ်ကြိမ်တော့ နတ်မိစ္ဆာများအားလုံကို ရှင်းပစ်ရန် ယုံကြည်ချက်ရှိနေလေပြီ။
သူ၏ တန်ခိုးစွမ်းအားများက အဆက်မပြတ် မြင့်တက်လာနေပြီး မြွေမိစ္ဆာမယ်မှာ နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွားရသည်။
"ဘာတွေဖြစ်နေတာလဲ"
မြွေမိစ္ဆာမယ်က အံ့သြစွာဖြင့် ရေရွတ်လိုက်သည်။
"အဲဒါ ဒဏ္ဍာရီထဲက နဂါးဓားဝိညာဉ်ပဲ ၊ ဒီဓားဝိညာဉ်ထွက်ပေါ်လာတာနဲ့ နဂါးသွေးပါတဲ့သူတွေအားလုံး တိုက်ချင်ခိုက်ချင်စိတ်တွေ မြင့်မားလာလိမ့်မယ် ၊ ကျုပ်တို့ နဂါးနက်တွေအပါအဝင်ပေါ့"
မြွေမိစ္ဆာမယ်၏ခန္ဓာကိယ်ထက်မှ နဂါးနက်ပုံရိပ်က ရှင်းပြလိုက်သည်။ သို့သော် သူသည်လည်း မြွေမိစ္ဆာမယ်ကို ကူညီနိုင်ခြင်း မရှိပေ။
***
လုန်ယွိ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
နဂါးဓားဝိညာဉ်ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး သူမ၏သွေးများ ပွက်ပွက်ဆူလာခဲ့သည်။
"ဒါ နဂါးဓားသိုင်းမဟုတ်လား ၊ ဒီဓားသိုင်းကို နဂါးတွေပဲ သင်ယူနိုင်တာ ၊ ဒါဆို အဲဒီလူက ဂိုဏ်းတူမောင်လေး မဟုတ်ဘူးပေါ့"
သူမ ပဟေဠိဖြစ်စွာ တွေးလိုက်သည်။
ကျန်းလန်က လူသားတစ်ယောက်ဖြစ်ပြီး နဂါးမဟုတ်သည်မှာ သေချာသည်။ သို့ဆိုလျှင် ယခု နဂါးဓားသိုင်းကို အသုံးပြုနေသူက မည်သူများလဲ။
ရွှံ့နွံများထဲတွင် တိုက်ခိုက်နေကြသည့် လုန်လင်နှင့် နဂါးလူငယ်များမှာလည်း တအံ့တသြဖြင့် သူတို့၏လက်များကို ငုံ့ကြည့်လိုက်ကြသည်။ သူတို့၏သွေးများ ပွက်ပွက်ဆူနေပြီး တန်ခိုးစွမ်းအားများလည်း ပိုမိုမြင့်တက်လာသည်။
သူတို့နှလုံးသားထဲတွင်လည်း မီးတောက်မီးလျှံများတောက်လောင်နေသည့်အလား မခံချင်စိတ်များနှင့် ပြည့်နက်လာသည်။
သူတို့ အစွမ်းကုန် တိုက်ခိုက်ချင်နေကြသည်။
"ဘုန်း…"
တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားလာပြီး ပတ်ဝန်းကျင်မှ ရန်သူများအားလုံးကို နှိမ်နင်းသတ်ဖြတ်ပစ်ရန် အကြွင်းမဲ့ အားသာချက်ကို အသုံးပြုလိုက်ကြလေတော့၏။
***
ကျောက်ကလပ်ပေါ်တွင် မတ်တတ်ရပ်နေသည့် ကျိုးကျုန်းထျန်းက ထွက်ပေါ်လာသည့် ဓားဝိညာဉ်ကိုကြည့်ပြီး အံ့သြတုန်လှုပ်သွားသည်။
"ဒီ ဓားဝိညာဉ်… အဲဒါက နဂါးဓားဝိညာဉ်မဟုတ်ဘူးလား"
နဂါးဓားသိုင်း ပျောက်ဆုံးသွားပြီဟု ကောလဟလများ ရှိခဲ့ကြသည်။ မပျောက်ဆုံးခဲ့လျှင်လည်း ရှားရှားပါးပါး နဂါးအနည်းငယ်ကသာ ထိုဓားသိုင်းကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်မည် ဖြစ်သည်။
ထိုဓားသိုင်းကို နဂါးမျိုးနွယ်တိုင်းလည်း သင်ယူ၍ မရနိုင်ပေ။ နဂါးဘုရင်နှင့် နဂါးဘုရင်ဖြစ်လာရန် အလားအလာရှိသူများသာ သင်ယူရန် အရည်အချင်းပြည့်မှီသူများ ဖြစ်ကြ၏။
ထို့ပြင် နဂါးဓားသိုင်းက နဂါးမျိုးနွယ်များကို ပြိုင်ဘက်ကင်း တိုက်ခိုက်မှုစွမ်းရည်များ ထွက်ပေါ်လာစေသည်။
ထိုဓားသိုင်းသာ ပျောက်ဆုံးနေခြင်း မရှိလျှင် နဂါးများအနေဖြင့် ခွန်လွန်တောင်ကို အလျှော့ပေးဆက်ဆံနေစရာ အကြောင်းမရှိပေ။
သို့သော် ယခုတော့ ထိုဓားသိုင်း တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီ ဖြစ်၏။
ဓားသိုင်းအသုံးပြုသူက တန်ခိုးစွမ်းအား လုံလော်ကခြင်းမရှိသောကြောင့်လားမသိ ၊ တန်ခိုးစွမ်းအားတော့ အနည်းငယ် နည်းပါးနေခဲ့သည်။
မြောင်ယွဲ့က နဂါးဧကရီရန်ကျင်းကို လှမ်းကြည့်လိုက်ရင်း...
"နဂါးမျိုးနွယ်တွေက တကယ့်ကို အထင်ကြီးစရာကောင်းလွန်းတယ် ၊ ရှင်တို့တွေက ဟာကွက်မရှိတဲ့ သဘာဝဓားသိုင်းပညာတစ်ခုကို ကျင့်ကြံနိုင်ခဲ့ကြတယ် ၊ အခုဆိုရင် အဲဒီဓားသိုင်းအသုံးပြုနိုင်တဲ့ နဂါးမျိုးနွယ်နဲ့ ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ ရှိတော့မယ် မထင်ဘူ ၊ သူက နဂါးဓားသိုင်း (၃)ကွက်လုံးကို သင်ယူတတ်မြောက်ထားတာပဲ"
သူမက ဆက်ပြောလိုက်သည်။
"ဒီနဂါးက တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီး နဂါးဓားသိုင်းကို စမ်းသပ်နေတာလား"
ရန်ကျင်းက မြောင်ယွဲ့ကို လှည့်ကြည့်လိုက်ရင်း...
“နောက်နေတာလား“
ထို့နောက် သူမ မည်သည့်စကားမှ မဆိုတော့ပေ။
သူတို့အားလုံး စကားပြောခြင်းကို ရပ်တန့်လိုက်ကြသည်။
တကယ်တော့ ရန်ကျင်း ထိုနေရာသို့ သွားပြီးကြည့်လိုလှသည်။ သို့သော် ခွန်လွန်တောင်မှလူများ၏စကားက သူမကို ထွက်ခွာသွားရန် တားဆီးထား၏။
အဘယ်ကြောင့်ဆိုသော်…
နဂါးမျိုးနွယ်များထဲတွင် ထိုဓားသိုင်းကို တတ်ကျွမ်းသူ တကယ် ရှိ မရှိ သူမလည်း မသိသောကြောင့် ဖြစ်သည်။
ယခုအချိန် သူမသွားကြည့်မည်ဆိုလျှင် မသိနိုင်သည့်ကိစ္စရပ်များစွာ ရင်ဆိုင်ရနိုင်သည်။
ထိုဓားသိုင်းကို တတ်ကျွမ်းသူက သူမတို့နဂါးမျိုးနွယ်များထဲမှ ဖြစ်နေမည်ဆိုလျှင် ခွန်လွန်တောင်က ခပ်ပေါပေါလှည့်ကွက်များအသုံးပြုပြီး ထိုနဂါးကို အပိုင်သိမ်းသွားဦးမည် ဖြစ်သည်။
မြောင်ယွဲ့က လုံး၀ စိတ်ထားကောင်းသူ မဟုတ်ပေ။ သူမက နဂါးမျိုးနွယ်များကို အမြဲတမ်း ဒေါသထွက်အောင် ပြုလုပ်လေ့ရှိသည်။ ထို့ကြေင့် သူမကို အဆက်မပြတ် သတိထားနေခဲ့ကြရသည်။
မြောင်ယွဲ့က နဂါးငိုကျွန်းရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
စကားအနည်းငယ်အစ်ကြည့်ပြီးသည့်နောက် နဂါးဓားသိုင်း ကျွမ်းကျင်သူတစ်ယောက် ရှိနေကြောင်းကို နဂါးမျိုးနွယ်များ သိရှိခဲ့ခြင်းမရှိဟု သူမ ကောက်ချက်ချလိုက်သည်။ မဟုတ်ပါက ထိုမျှလောက် အဆင့်အတန်းမြင့်သည့် နဂါးကို ယခုလိုအချိန်တွင် ထုတ်သုံးမည် မဟုတ်ပေ။
ထို့ကြောင့် နဂါးမျိုးနွယ်များ ထိုသူကို မရရှိစေရန် ထုံးစံအတိုင်း မြောင်ယွဲ့ အကြံထုတ်ရမည် ဖြစ်၏။
ထိုသူကို သုတ်သင်ပစ်ရန် မလိုအပ်သော်လည်း နဂါးမျိုးနွယ်များ ရရှိသွား၍ မဖြစ်ပေ။
မဟုတ်ပါက…
နဂါးမျိုးနွယ်များနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ရာတွင် လွယ်ကူမည် မဟုတ်တော့ပေ။
နဂါးဓားသိုင်းက တကယ့်ကို မယုံကြည်နိုင်စရာကောင်းလောက်အောင် အံ့သြဖွယ်ရာ ဖြစ်ခဲ့သည် မဟုတ်ပါလား။
***