ဘာလို့ ဂိုဏ်းတူမောင်လေးက ကျွန်မရင်ဘတ်ကိုပဲ ကြည့်နေရတာလဲ
Vol. 24 Ch. 323
အခန်း (၃၂၃) ဘာလို့ ဂိုဏ်းတူမောင်လေးက ကျွန်မရင်ဘတ်ကိုပဲ ကြည့်နေရတာလဲ
လွန်ခဲ့သည့် နှစ်ပေါင်း (၄၀၀) က ကျန်းလန် ဂိုဏ်းထဲသို့ ရောက်ခဲ့သည်။ သူက ယခု မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ပြင် သူက နဝမတောင်ထွတ်၏ တောင်သခင်နေရာကို ဆက်ခံမည့်သူလည်း ဖြစ်သလို တိုက်ခိုက်စွမ်းရည်မြင့်မားပြီး စိတ်ထားတည်ငြိမ်သူလည်း ဖြစ်သည်။
သူနှင့်စေ့စပ်ထားသည့် ဇနီးလောင်းက နဂါးမင်းသမီးတစ်ပါး ဖြစ်၏။
သူမက ချောမောလှပသည်။ တသီးတသန့်နေတတ်သည်။ ပြီးတော့ မည်သည့်မိန်းကလေးနှင့်မှ ယှဉ်စရာမလိုအောင် ပြီးပြည့်စုံသည်။
သို့သော် ထိုအချက်များအားလုံးကြောင့် သူသည်လည်း မလိုအပ်ဘဲ အခြားသူများ၏ အာရုံစိုက်ခံရခြင်းများကို ရရှိခဲ့သည်။
ယခင်က ပြဿနာဆိုလျှင် အမြဲတမ်းရှောင်ရှာလေ့ရှိခဲ့သော်လည်း ယခုတော့ ရွေးချယ်စရာမရှိသည့်အခြေအနေမျိုးတွင် ပြဿနာများကိုလည်း ရင်ဆိုင်ရသည်ချည်း ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက သူက အစီအရင်ပညာနှင့်ပတ်သက်ပြီး အောင်မြင်မှုအချို့ ရရှိခဲ့သည်။
ယနေ့တော့ သူက ဇနီးလောင်းလေးအတွက် အစီအရင်တစ်ခု ပြုလုပ်ပေးရတော့မည်။
သို့သော်…
နဂါးမျိုးနွယ်များ၏ ကျင့်စဉ်က နားလည်ရန်ခက်ခဲသည်။
ရှောင်ယွိက ခွန်လွန်တောင်တွင် ကြီးပြင်းလာသည့်တပည့်တစ်ယောက်ဖြစ်ပြီး ကျောက်စိမ်းရေကန်နတ်ဘုရားမလည်း ဖြစ်သည့်တိုင် သူမက နဂါးမျိုးနွယ်များ၏ ကျင့်စဉ်အတိုင်း ကျင့်ကြံနေဆဲ နဂါးမျိုးနွယ်တစ်ယောက်ပင်။
"ကျွန်မကျင့်ကြံနေတဲ့ ကျင့်စဉ်ကို သိရဖို့ နဂါးအသွင်ပြောင်းမှ ဖြစ်မှာလား"
ရှောင်ယွိက စိတ်မပါလက်မပါပုံစံဖြင့် မေးမြန်းလိုက်သည်။
ကျန်းလန်က ခေါင်းညိတ်ရင်း…
"အင်းလေ… ၊ ဂိုဏ်းတူအစ်မရဲ့ ကျင့်စဉ်က ဘယ်လိုအလုပ်လုပ်သလဲဆိုတာ မသိရရင် အစီအရင်ကလည်း အပြည့်အ၀ အစွမ်းထက်နိုင်မှာ မဟုတ်ဘူး"
ရှောင်ယွိသာ လူသားအသွင်ဖြင့်ဆိုလျှင် သူမ၏နဂါးမျိုးနွယ်ကျင့်စဉ်ကို ကျန်းလန် အပြည့်အ၀ နားလည်နိုင်မည် မဟုတ်ပေ။ နဂါးအသွင်ပြောင်းပြမှသာလျှင် သေသေချာချာ လေ့လာသိရှိနိုင်မည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကျန်းလန်ရှေ့တွင် နဂါးအသွင်ပြောင်းရမည်ကိုတော့ ရှောင်ယွိ နည်းနည်းရှက်လေသည်။
"ဒါဖြင့်လည်းပြီးရော ၊ ဂိုဏ်းတူမောင်လေး ဟိုဘက်လှည့်နေ"
နောက်ဆုံးတော့ ကျန်းလန် သူမကို ကျောခိုင်းနေမှ နဂါးအသွင်ပြောင်းလဲရန် ရှောင်ယွိ ဆုံးဖြတ်လိုက်သည်။
ကျန်းလန်ကလည်း သူမကို ကျောခိုင်းလိုက်၏။
သူ့ပြောစကားကို ရှောင်ယွိ သဘောတူသည်ကိုတော့ ကျန်းလန် မအံ့သြမိပေ။ အစကတည်းက သူမ သဘောတူမည်ဟု ကျန်းလန် သိထားပြီးသားပင်။
သူတို့ (၂)ယောက်က တစ်ယောက်နှင့်တစ်ယောက်လည်း အတော်လေး ရင်းနှီးနေကြပြီ မဟုတ်ပါလား။
ထိုစဉ်…
"အား..."
အော်သံထွက်ပေါ်လာသည့်အတွက် ကျန်းလန် ရုတ်တရက် လှည့်ကြည့်လိုက်မိသည့်အခါ သူ့ကို ကြည့်နေသည့် ရှောင်ယွိ၏ အကြည့်စူးစူးများဖြင့် ရင်ဆိုင်လိုက်ရသည်။
"ဂိုဏ်းတူမောင်လေး… ရှင် ဘာလို့ ခိုးကြည့်တာလဲ"
ကျန်းလန်: "......"
သူ ခေါင်းပြန်လှည့်လိုက်ပြီး မည်သည့်စကားမှမဆိုဘဲ ငြိမ်နေလိုက်သည်။
ရှောင်ယွိသည် ကျောက်စိမ်းရေကန်တွင် မကြာခဏရေစိမ်လေ့ရှိသဖြင့် သူမဦးနှောက်ထဲ ရေဝင်နေခြင်း ဖြစ်နိုင်သည်။
ထိုအချိန် ကျန်းလန်၏အနောက်ဘက်မှ တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာကြောင်း ခံစားလိုက်ရသည်။ မကြာမီ သူ့နံဘေးသို့ နှင်းကဲ့သို့ ဖြူစင်သည့် ပုံရိပ်တစ်ခု ရောက်ရှိလာသည်။
ထိုအရာက အဖြူရောင်နဂါးတစ်ကောင်ဖြစ်လေ၏။ သူမက ကျန်းလန်အနားသို့ ပျံသန်းလာပြီး သူ့ကို စိုက်ကြည့်နေလေသည်။
သို့သော် အကြည့်များက နူညံ့သိမ်မွေ့သည့်ဟန်ပင်။
ကျန်းလန်က သူ့ရှေ့မှ နဂါးကိုကြည့်နေရင်း သူမ၏ မျက်နှာသွင်ပြင်က အတော်လေး သပ်ရပ်ထူးခြားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ချက်ချင်းပင် စိတ်ထဲသို့ အတွေးအချို့ဝင်ရောက်လာ၏။
"ဒီနဂါးမျိုးကို သူ လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်မည်လား"
ရှောင်ယွိ၏ နဂါးအသွင်က အတော်လေး စွမ်းအားကြီးမားပုံရသည်။
"ဝှစ်.."
ရှောင်ယွိက ကျန်းလန် သူမကို လေ့လာနိုင်ရန်ရည်ရွယ်ချက်ဖြင့် အတန်ကြာအောင် အချိန်ပေးလိုက်သည်။ ပြီးမှ လေထဲတွင် စက်ဝိုင်းပုံသဏ္ဌာန်လှည့်ပတ်ပျံသန်းကာ ကျောက်စိမ်းရေကန်အတွင်းသို့ ဝင်ရောက်သွားသည်။
ကျန်းလန်က သူမကို ဒီအတိုင်းပင် ကြည့်နေသည်။
ထိုစဉ်…
ရှောင်ယွိ၏ အဖြူရောင်နဂါးအကြေးခွံများက ကျောက်စိမ်းရေကန်ထဲတွင် စတင်တောက်ပလာသည်ကို သူ တွေ့မြင်လိုက်ရသည်။
ထိုအလင်းရောင်များက နဂါးမျိုးနွယ်ကျင့်စဉ်၏ သဲလွန်စလမ်းကြောင်းကို ထုတ်ဖော်ပြသနေခြင်း ဖြစ်သည်။
ကျန်းလန်က သူမကို ကြည့်နေရင်း အသေးစိတ်ကို နားလည်အောင် ကြိုးစားလိုက်သည်။
အတန်ကြာမှ ကျန်းလန်က သူမထံမှ အကြည့်များကို ရုတ်သိမ်းလိုက်ပြီး နူးညံ့စွာဖြင့် ဆိုသည်။
"ဂိုဏ်းတူအစ်မ ရပြီ"
သူ့အသံကြားသည်နှင့် အဖြူရောင်နဂါးက ရေကန်ထဲမှ အလျှင်အမြန်ထွက်လာလေသည်။ အပြင်သို့ထွက်လာသည့် အခိုက်အတန့်မှာပင် သူမပုံစံက လုန်ယွိအသွင် ပြောင်းလဲသွားသည်။
သူမက ကျန်းလန်ရှေ့သို့ ပျံသန်းဆင်းသက်လာပြီး သူမ အဝတ်အစားများက ရေစိုနေခြင်းလုံးဝမရှိကြောင်း ကျန်းလန် နားလည်လိုက်သည်။
"ဂိုဏ်းတူမောင်လေး… ရှင် သေသေချာချာရော သိလိုက်ရဲ့လား"
လုန်ယွိက မေးသည်။
သူမ အနည်းငယ် အံ့အားသင့်မိသည်။
နဂါးမျိုးနွယ်များ၏ ကျင့်စဉ်က နားလည်ရန် မလွယ်ကူလှပေ။ ကျန်းလန်က တကယ်ပဲအချိန်တိုအတွင်း နားလည်သွားခဲ့သည်လား။
သူမက ကျန်းလန်နားလည်အောင် နှေးကွေးစွာဖြင့် ရှင်းရှင်းလင်းလင်း ပြသခဲ့သော်လည်း…
နဂါးမျိုးနွယ်မဟုတ်သည့် လူသားတစ်ယောက်အနေဖြင့် နဂါးမျိုးနွယ်များ၏ ကျင့်စဉ်ကို နားလည်ရန်မှာ အလွန်ခက်ခဲသည်။
ကျန်းလန်က…
"သိလိုက်ပါတယ် ၊ ကိုယ်က ကျင့်စဉ်ဆိုတာထက် ယေဘူယျဦးတည်ချက်ကိုပဲ နားလည်အောင်လုပ်လိုက်တာလေ ၊ ဒီလောက်ဆိုရင် လုံလောက်ပါပြီ ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်မကျင့်ကြံတဲ့ ကျင့်စဉ်ကို ကိုယ်တိုင်ကျင့်ကြံတာမဟုတ်တော့ အားနည်းချက်တွေတော့ ရှိမှာပေါ့ ၊ ဒါကြောင့် နောက်ပိုင်း အစီအရင်ပြုလုပ်ရင် ဂိုဏ်းတူအစ်မ အနားမှာ ရှိနေဖို့ လိုအပ်တာပေါ့"
သူက ခဏနားပြီး ဆက်ပြောသည်။
"ဂိုဏ်းတူအစ်မက နဂါးအသွင်နဲ့လည်း အရမ်းကြည့်ကောင်းတာပဲ"
လုန်ယွိက မည်သည့်စကားမှမဆိုဘဲ ကျန်းလန်အနားသို့ တိုးကပ်လာသည်။
သို့သော် ထိုခဏတွင် လုန်ယွိ၏ပါးပြင်နှင့် လည်တိုင်တစ်လျှောက် သွေးနီရောင်အနာရွတ်ကြီး ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။
ကျန်းလန်က သူမကို ကြည့်နေသည်ဖြစ်ရာ လုန်ယွိက သူမလည်ပင်းကို အသာပွတ်သပ်လိုက်ရင်း…
"ဒါ အရင်က ရထားတဲ့ဒဏ်ရာလေ ၊ ကျွန်မရဲ့ ကျင့်စဉ်စွမ်းအားကို လှည့်ပတ်လိုက်လို့ ပြန်ပေါ်လာတာ"
ကျန်းလန်က လုန်ယွိ၏ လည်ပင်းထက်မှာ အနာရွတ်ကို လက်ဖြင့်အသာထိကိုင်ကြည့်လိုက်သည်။
လုန်ယွိ အနည်းငယ်လန့်သွားသော်လည်း နောက်ဆုတ်သွား ခြင်း မရှိပေ။ သူမ နေရာတွင်ပင် ရပ်နေလေသည်။
ကျန်းလန်က ဒဏ်ရာကို တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး လုန်ယွိအတွက် ကြီးမားသည့် ထိခိုက်မှုမရှိကြောင်းတွေ့ရတော့မှ လက်ကိုပြန်ရုတ်သိမ်းလိုက်သည်။
သူမတွင် အနာရွတ်ရှိနေသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ သူက စိတ်ထဲမထားပေ။
အနာရွတ် ရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ စိတ်ထဲ မထားပေ။
ကျန်းလန်က နူးညံ့စွာဖြင့်...
"ဒီအနာရွတ်ရှိနေလည်း ဂိုဏ်းတူအစ်မရဲ့ အလှတရားကို မထိခိုက်စေပါဘူးဗျာ"
လုန်ယွိ၏ခန္ဓာကိုယ်က ကျန်းလန်ရှေ့တွင် သေးငယ်သည်ထက် သေးငယ်သွားပြီး ရှောင်ယွိအသွင် ပြန်ပြောင်းသွားသည်။
သူမက ခန္ဓာကိုယ်လေးကို တစ်ပတ်လှည့်လိုက်ရင်း…
"ဒါကတော့ ဂိုဏ်းတူမောင်လေးက ကျွန်မကိုပဲ နေ့တိုင်းတွေ့နေရတာကိုး ၊ အပြင်က မိန်းကလေးကျင့်ကြံသူတွေ ဘယ်လောက်လှသလဲဆိုတာ ဂိုဏ်းတူမောင်လေးမှ မသိတာ"
ကျန်းလန်က ထိုကဲ့သို့ အပေါ်ယံအကြောင်းအရာများကို တုံ့ပြန်ပြောဆိုနေခြင်း မပြုတော့ပေ။
သူက ထိုင်ရန် နေရာတစ်ခုရှာလိုက်ပြီး အစီအရင်မူကြမ်းရေးဆွဲရန် စတင်စဉ်းစားနေသည်။ အစီအရင်မူကြမ်းက ကျောက်စိမ်းရေကန်၏ မြေမျက်နှာသွင်ပြင်နှင့် သင့်လျော်ရမည် ဖြစ်သည်။
အစီအရင်မူကြမ်းစဉ်းစားပြီးမှ အစီအရင်ကို မည်သို့ စတင်တည်ဆောက်ရမည်ကို သိရှိမည် ဖြစ်သည်။ ပြီးလျှင် အစီအရင်ပညာစာအုပ်များ ထပ်မံဖတ်ရှုရန်အတွက် နဝမတောင်ထွတ်သို့ ပြန်ရပေမည်။
ကြည့်ရသည်မှာ အတော်လေး အချိန်ယူရမည်ပင်။
ရှောင်ယွိက ကျန်းလန်နံဘေးတွင် ဝင်ထိုင်လိုက်သည်။ သူမက သူ့ကို အနှောက်အယှက်မပေးသော်လည်း ဘေးနားတွင်ထိုင်ပြီး ကျန်းလန် စဉ်းစားနေသည်ကို ကြည့်နေချင်သည်။
နဝမတောင်ထွတ်တွင်တော့ ရှောင်ယွိ ကစားရန် နာမ်ဝိညာဉ်ခြံဝန်းကို ကျန်းလန်က ပြုလုပ်ပေးထားသည်။ သို့သော် ကျောက်စိမ်းရေကန်တွင်တော့ သူမ ကစားရန် မည်သည့်အရာမှ ရှိမနေပေ။
အရုဏ်တက်မှသည် နေဝင်ချိန်အထိ ကျန်းလန် အချိန်ကြာမြင့်စွာ စဉ်းစားနေလေသည်။ သို့သော် အသင့်တော်ဆုံး အစီအရင်မူကြမ်းကို သူ မစဉ်းစားနိုင်ခဲ့ပေ။
နေဝင်ချိန်ရောက်မှ ကျန်းလန် သတိပြန်ဝင်လာလေသည်။ ရှောင်ယွိကတော့ သူ့နံဘေးတွင် အိပ်ပျော်နေပေပြီ။
"အိပ်လည်းအိပ်နိုင်တဲ့နဂါးပါပဲ။ ကာလနဂါးလားမသိဘူး"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် သူ အစီအရင်မည်သို့ပြုလုပ်ရမည်ကို ဆက်ပြီး စဉ်းစားနေလေသည်။
ထို့နောက် ကျောက်သားများထက် အိပ်စက်နေသည့် ရှောင်ယွိလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ အဆင်ပြေပြေဖြင့် အိပ်စက်စေလိုက်သည်။
ကျောက်စိမ်းရေကန်တွင် နဝမတောင်ထွတ်ကဲ့သို့ စားပွဲများ ၊ ထိုင်ခုံများ ၊ အိပ်ယာများ မရှိလေရာ ရှောင်ယွိ အဆင်ပြေစွာ မည်သို့အိပ်စက်နိုင်ပမည်နည်း။
ရှောင်ယွိသာ နဂါးအသွင်ဖြင့်ဆိုပါက မြေပြင်ထက်တွင်လည်း လဲလျောင်းအိပ်စက်နိုင်သလို ၊ ရေထဲတွင်လည်း အိပ်ပျော်ကောင်း ပျော်နိုင်သည်။
သို့သော် လူသားပုံစံနှင့်ဆိုလျှင်တော့ အိပ်စက်ရန် မလွယ်ကူပေ။
သူကတော့ ကျင့်စဉ်လမ်းစတင်လျှောက်လှမ်းကတည်းက အိပ်လေ့မရှိခဲ့တော့ပေ။
***
နောက်တစ်နေ့နံနက်။
ရှောင်ယွိ အိပ်ယာမှ နိုးလာလျှင် ကျောဆန့်ဦးမည်လားဟု ကျန်းလန် တွေးနေခဲ့သည်။
ထိုအချိန်မှာပင် နဂါးမယ်လေးသည် အိပ်ယာမှ နိုးထလာပြီး လုန်ယွိအသွင်ပြောင်းလဲကာ ပျင်းကြောဆန့်လိုက်လေသည်။
ရှောင်ယွိ တဖြည်းဖြည်း ကြီးလာသည်ကို ကျန်းလန်က ကြည့်နေလေသည်။
လုန်ယွိက အိပ်ချင်မူးတူးမျက်ဝန်းလေးများဖြင့် ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မကို ဘာလို့ ကြည့်နေတာလဲ"
ကျန်းလန်က...
"ဂိုဏ်းတူအစ်မက ကြီးသွားတာကိုး"
လုန်ယွိမှာ ခဏမျှမှင်တက်သွားပြီးနောက် လက်နှစ်ဖက်ကို ရင်ဘတ်ထက်တွင်ယှက်ရင်း ကျန်းလန်ကို ကျောခိုင်းလိုက်သည်။
ကျန်းလန်က သူမ၏အမူအရာများကို အရေးစိုက်ဟန်မပြဘဲ မြေပြင်ထက်တွင် အစီအရင်မူကြမ်းပုံစံကို စမ်းသပ်ရေးဆွဲကြည့်နေသည်။
လုန်ယွိကျောဆန့်လိုက်သည့်အခါ ဖွံ့ထွားသည့် ရွှေရင်အစုံကို မျက်စိရှေ့တွင် တွေ့မြင်ရလေရာ သူ့ဘဝတွင် ထိုသို့သောအတွေ့အကြုံ တစ်ခါမှ မရှိခဲ့ပေ။
ထို့ကြောင့် အတော်လေး စိတ်ဝင်စားဖွယ် ဖြစ်နေခဲ့သည်။
"ဂိုဏ်းတူမောင်လေး"
ရှောင်ယွိအသွင် ပြန်ပြောင်းသွားပြီဖြစ်သော နဂါးမယ်လေးက နူးညံ့သည့်အသံလေးဖြင့် ကျန်းလန်ကို ခေါ်လိုက်သည်။
"ရှင့်ကို မေးခွန်းလေးတစ်ခုလောက် မေးလို့ရမလား"
ကျန်းလန်က သူ့ကို ကျောပေးထားဆဲဖြစ်သည့် ရှောင်ယွိ၏ ကျောပြင်ကိုကြည့်ရင်း…
"မေးလေ ဂိုဏ်းတူအစ်မ"
"ဘာလို့... ဘာလို့ ကျွန်မ လုန်ယွိပုံစံပြောင်းလိုက်တိုင်း ဂိုဏ်းတူမောင်လေးက..."
သူမက မဝံ့မရဲ ရှက်ကိုးရှက်ကန်းဖြစ်နေပြီးမှ စကားဆက်ပြောသည်။
"ဘာလို့ ဂိုဏ်းတူမောင်လေးက ကျွန်မရင်ဘတ်ကိုပဲ ကြည့်နေရတာလဲ"
ကျန်းလန်က...
"ပိုပြီးကြီးလာတာကိုး…"
"……"
ဟုန်ပေ၏။
လုန်ယွိနှင့် ရှောင်ယွိက အလုံးအထည် ၊ အရပ်အမြင့် သိပ်မကွာလှပေ။ ထိုနေရာကသာလျှင် သိသာသည့် ပြောင်းလဲမှု ဖြစ်နေလေရာ ကြီးထွားလာခြင်းနှင့် လျှော့ချလိုက်ခြင်းတို့က အချိုးမညီ ဖြစ်နေသလိုပင်။
ရှောင်ယွိက ကျန်းလန်နောက်ဘက်သို့ ရောက်လာပြီး သူ့ကျောပြင်ကို မှီပြီးထိုင်လိုက်သည်။
ရှက်သွေးဖြာလျှက်ပင် သူမက ဆက်မေးပြန်၏။
"တခြား ဂိုဏ်းတူအစ်မတွေ ၊ ညီမလေးတွေရဲ့ ရင်ဘတ်ကိုလည်း ရှင် ဒီလိုပဲ လိုက်ကြည့်တာပဲလား"
ကျန်းလန်က ခေါင်းခါယမ်းရင်း...
"သူတို့ကိုသွားကြည့်ရင် ရိုင်းရာကျမှာပေါ့"
လုန်ယွိက...
"ဒါဖြင့် ကျွန်မ ရှောင်ယွိပုံစံပြောင်းတော့လည်း ရှင်က ဘာလို့ ရင်ဘတ်ကိုပဲ ကြည့်နေရပြန်တာလဲ”
ကျန်းလန်က အစီအရင်မူကြမ်းရေးဆွဲကြည့်နေရာမှ လက်ကိုအသာပြန်ရုတ်သိမ်းလိုက်ရင်း…
"အဲဒီနေရာက အရမ်းပြားချပ်ချပ်ဖြစ်သွားတာကို မယုံနိုင်လို့ ကြည့်နေတာ"
"ဟွန့်"
လုန်ယွိ နှေခါင်းရှုံ့လိုက်သည်။
"ဂိုဏ်းတူမောင်လေး ၊ ဒါကတော့ ရှင် ကျွန်မကို ရိုင်းပြစော်ကားလိုက်တာပဲ ၊ တော်ပြီ… ရှင့်ကိုကာကွယ်ပေးမယ်လို့ ပြောခဲ့တဲ့စကားကို နှစ်ခါပြန်စဉ်းစားရတော့မယ်"
ကျန်းလန်က ရှောင်ယွိ၏စကားများကို အရေးစိုက်မနေတော့ဘဲ မတ်တတ်ထရပ်လိုက်ရင်း ကျောက်စိမ်းရေကန်တွင် အစီအရင်တစ်ခု ပြုလုပ်ရန်မှာ မည်မျှခက်ခဲကြောင်း သိလိုက်ရသည်။
ယခုတော့ အစီအရင်မူကြမ်းရေးဆွဲနေသည်မှာ ပြီးလုနီးနေပြီ မဟုတ်ပါလား။