← Chapters

ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ဘယ်သူရမလဲ

Vol. 23 Ch. 312

ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ဘယ်သူရမလဲ

Vol. 23 Ch. 312

အခန်း (၃၁၂) ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ဘယ်သူရမလဲ

"ဘုန်း"

"ဘုန်း"

ပဉ္စမထပ်တစ်ခုလုံး အလင်းရောင်များ ပွင့်ထွက်နေသည်ကို အပြင်ဘက်မှ ကြည့်နေသူများအားလုံး တွေ့မြင်နေရသည်။

ကျန်းလန်၏ မီးရောင်ေ်တာက်နေသည့် လှံရှည်သည် အရာအားလုံးကို ထိုးဖောက်သွားပြီး လမ်းကြောင်းတစ်လျှောက်အတားအဆီးများအားလုံးကို သုတ်သင်ရှင်းလင်းသွားသည်။

ထိုလှံရှည်ကို မည်သည့်အရာကမှ မရပ်တန့်နိုင်ခဲ့ပေ။

လှံရှည်ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် လူသားအင်မော်တယ်များ အစိတ်စိတ်အမွှာမွှာ ကွဲကြေကုန်ကြသည်။ အစစ်အမှန်အင်မော်တယ်များ ပျက်စီးကုန်ကြပြီး မိုးကောင်းကင်အင်မော်တယ်များ ပျောက်ကွယ်ကုန်ကြသည်။

လှံရှည်အောက်တွင် အသက်ရှင်သန်ကျန်ရစ်သူ တစ်ယောက်မှ မရှိပေ။

ပဉ္စမထပ်မှ များစွာသော အစစ်အမှန်အင်မော်တယ်များ စတုတ္ထထပ်သို့ အလုအယက် ထွက်ပြေးတိမ်းရှောင်သွားကြပြီး လူသားအင်မော်တယ်များလည်း သူတို့နောက်မှ လိုက်သွားကြသည်။

ဒဏ်ရာရထားသည့် မိုးကောင်းကင်အင်မော်တယ် တစ်ယောက် နှစ်ယောက်ခန့်မှာလည်း ဒဏ်ရာအပြင်းအထန်ရကာ ငရဲမီးလျှံများထဲတွင် လူးလွန့်နေကြပြီး လှုပ်ရှားနိုင်ခြင်း မရှိကြတော့ပေ။

သူတို့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် တုန်လှုပ်မှုများနှင့် ပြည့်နက်နေကြ၏။

ဤလူထူးလူဆန်းက သူတို့အပေါ်တွင် တစ်ချက်လေးပင် သက်ညှာမှု မရှိပေ။ ယဉ်ကျေးမှုလည်းမရှိသလို အခွင့်အရေးလည်း လုံး၀ မပေးခဲ့ပေ။

နောက်ဆုံးတော့ သူတို့အားလုံး မှော်ရုံနယ်မြေအပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြရသည်ပင်။

အပြင်သို့ရောက်ရှိလာရခြင်းအတွက် နောင်တရခြင်းလည်း မရှိသလို အပြင်သို့မရောက်လိုသည့်ဆန္ဒလည်း သူတို့ထံတါင် မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် အပြင်ဘက်ရောက်မှသာ သူတို့ စိတ်သက်သာရာရခဲ့ကြသောကြောင့် ဖြစ်၏။ မဟူရာမှော်ရုံနယ်မြေ ပဉ္စမထပ်သည်ကား တကယ့်ငရဲဘုံတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။

"ဘန်း"

လုကျန်းသည်လည်း မှော်ရုံနယ်မြေအပြင်ဘက်သို့ ပြုတ်ကျလာသည်။ သူရောက်ရှိလာရာနေရာက အဋ္ဌမမင်းသား၏ ရှေ့တည့်တည့်သို့ ဖြစ်လေ၏။

လုန်မန်၏ နံဘေးတွင်ထိုင်နေသည့် ယန်ရှီးယွင်က ချက်ချင်းပင် လုကျန်းနံဘေးသို့ ပြေးလွှားထွက်ခွာသွားသည်။

"အစ်ကို…"

ခေါ်ပြီးသည်နှင့် ယန်ရှီးယွင်က သူမကိုယ်သူမ ကာကွယ်သည့်အနေဖြင့် မျက်နှာကို လက်ဖြင့်ကာထားလိုက်သည်။

လုကျန်း : "……"

လုကျန်းမှာ မြေပြင်ထက် လဲကျလျှက် ရှိသည်။

သူက ရုတ်တရက် သူ့အနားရောက်လာသည့် မိန်းမပျိုကို လှမ်းကြည့်လိုက်ပြီး တိုက်ခိုက်ခြင်းလည်း မပြုသလို စကားတုံ့ပြန်ပြောဆိုခြင်းလည်း မရှိပေ။

လုကျန်းက သူမကို မတိုက်ခိုက်သောကြောင့် ယန်ရှီးယွင် အနည်းငယ် ရဲတင်းလာသည်။

"အစ်ကို… ကျွန်မက…"

"ဘန်း"

"ဘာလာရှုတ်နေတာလဲ"

လုကျန်း ယန်ယွင်ရှီးကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်လေရာ ကံဆိုးရှာသည့်မိန်းမပျိုမှာ အဝေးသို့ လွင့်စင်ထွက်သွားတော့၏။

ထိုအချိန် အဋ္ဌမမင်းသားနှင့် သေရည်ဆိုင်မှ ကောင်ငယ်လေးက လုကျန်းအနားသို့ အတူတူ ရောက်ရှိလာသည်။

လုန်မန်က လွင့်ထွက်သွားသည့် ယန်ရှီးယွင်ကို အရေးမစိုက်ဘဲ လုကျန်းနံဘေးတွင် အသာထိုင်လိုက်ရင်း…

"ဂိုဏ်းတူအစ်ကိုလုကျန်း ၊ အဆင်ပြေရဲ့လား"

အဋ္ဌမမင်းသား ခွန်လွန်တောင်သို့ ရောက်နေသည်မှာ အချိန်ကြာမြင့်ပြီဖြစ်လေရာ လုကျန်းကဲ့သို့ နာမည်ကြီးများကို သိရှိသည်မှာ မဆန်းပေ။

တောင်ပေါ်တွင်အမဲလိုက်ရင်း သူတို့ မကြာခဏ ဆုံဖြစ်ကြသည်။ လုကျန်းသည်လည်း ဆရာဖြစ်သူ ကျိုးကျုန်းထျန်းကဲ့သို့ပင် သေရည်သောက်ရသည်ကို သဘောကျနှစ်သက်သူတစ်ယောက်ပင်။

ထို့ပြင် အဋ္ဌမမင်းသားက လုကျန်းကို "ဂိုဏ်းတူအစ်ကို" ဟုပင် ခေါ်လေသည်။ အစ်မဖြစ်သူနှင့် ယောက်ဖတို့ ခေါ်သလို သူကလည်း လိုက်ခေါ်ခြင်း ဖြစ်၏။

ပြီးတော့ ထိုသို့ခေါ်ဝေါ်ရသည်က လုကျန်းနှင့် ပိုမိုခင်မင်ရင်းနှီးသလို ခံစားရစေသည်။

အဋ္ဌမင်းသားက စကားပြောရင်းဖြင့်ပင် လုကျန်း၏ ဒဏ်ရများကို ကုသဖြင်းမန္တန်အသုံးပြုပြီး ကုသပေးလိုက်သည်။ ကောင်ငယ်လေးကလည်း အဋ္ဌမမင်းသားကို ကူညီပေးသည်။

လုကျန်းက မကြာခဏပင် သေရည်ဆိုင်တွင် အကောင်းစားသေရည် လာရောက်မှာယူလေ့ရှိရာ သူနှင့် မျက်မှန်းတန်းမိသူ ဖြစ်သည်။

လုကျန်းက…

"အဆင်မပြေတာ သိသာနေတာပဲလေဗျာ ၊ ဒါနဲ့… ဆရာ့ကို ရှာပေးပါလား အဋ္ဌမမင်းသား ၊ ကူညီပါဗျာ…"

လုကျန်းက အခြားသူများထက် ဒဏ်ရာပြင်းထန်စွာ ရရှိထားလေသည်။

ထိုစဉ် လုကျန်းနံဘေးမှ အသံတစ်သံထွက်ပေါ်လာသည်။

"မင်းရဲ့ဆရာက လောလောဆယ် မအားသေးဘူး"

ရောက်ရှိလာသူက မော့ကျန်းသုန့် ဖြစ်လေသည်။

လုကျန်းက...

"ဆရာဦးလေး"

ဟု နှုတ်ဆက်စကားဆိုလိုက်၏။

အဋ္ဌမမင်းသားကလည်း မတ်တတ်ထရပ်ကာ အရိုအသေပေးလိုက်ရင်း…

"တောင်သခင်"

ဟု နှုတ်ဆက်လိုက်သည်။

နဝမတောင်ထွတ်၏ တောင်သခင်က မည်မျှတန်ခိုးစွမ်းအားမြင့်မားကြောင်း သိရှိထားလေရာ လုန်မန် မလေးမစား မလုပ်ဝံ့ပေ။

သေရည်ဆိုင်မှ ကောင်ငယ်လေးကလည်း မော့ကျန်းသုန့်ကို ယဉ်ကျေးစွာ ဂါရဝပြုလိုက်သည့်တိုင် အဋ္ဌမမင်းသားလောက်တော့ မဟုတ်ပေ။

မော့ကျန်းသုန့်က သူတို့ကို ခေါင်းညိတ်ပြလိုက်ပြီး လက်တစ်ဖက်ဝှေ့ယမ်းလိုက်လေရာ လုကျန်းနှင့်အတူ နေရာမှ ပျောက်ကွယ်သွားလေသည်။

လုကျန်းသာ မှော်ရုံနယ်မြေထဲမှ အနည်းငယ်အထွက်နောက်ကျမည်ဆိုလျှင် အသက်ပျောက်သွားမည် ဖြစ်သည်။

မော့ကျန်းသုန့်က လုကျန်းကို ကောင်းကင်ထက်တစ်နေရာသို့ ခေါ်လာပြီး ဆေးလုံးတစ်လုံးတိုက်လိုက်သည်။  လုကျန်းက တင်ပျဉ်ခွေထိုင်ကျင့်ကြံရင်း ဒဏ်ရာများကို ကုသနေသည်။

ယခု သူရရှိထားသည့် ဒဏ်ရာများအတွက် ပြဿနာ မရှိနိုင်တော့ပေ။

"လုကျန်း ရထားတဲ့ဒဏ်ရာတွေကိုကြည့်ရတာ အတော်လေးကို ပြတ်ပြတ်သားသား တိုက်ခိုက်ခံထားရတာပဲ ၊ တကယ်ဆိုရင် သူအခုရထားတဲ့ ဒဏ်ရာတစ်ချက်လောက်နဲ့တင် မှော်ရုံနယ်မြေအပြင်ဘက်ရောက်လာဖို့ လုံလောက်နေပြီ"

မော့ကျန်းသုန့်က လုကျန်းခန္ဓာကိုယ်ထက်မှ ဒဏ်ရာများကိုကြည့်ရင်း အံ့အားသင့်စွာဖြင့် တွေးမိသည်။

မှော်ရုံနယ်မြေအတွင်းမှ လူထူးလူဆန်းသည် အလွန်ပြတ်သားစွာ တိုက်ခိုက်တတ်ပြီး မည်သည့်ပရိယာယ်မှ မသုံးသည်မှာ အံ့သြစရာကောင်းလှသည်။

ထို့အတူ လုကျန်း၏ ခံနိုင်ရည်စွမ်းနှင့် စွမ်းရည်တို့ကလည်း အံ့အားသင့်စရာပင်။

လုကျန်းက အရည်အချင်းရှိသည်။ စိတ်သဘောထားကောင်းမွန်သည်။ ပြီးတော့ ပြဿနာများကို တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသည်။

အနာဂတ်တွင် သူရရှိနိုင်မည့် အောင်မြင်မှုများကတော့ အကန့်အသတ်မဲ့လေ၏။

သူ့တပည့်ဖြစ်သူ ကျန်းလန်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လုကျန်း၏ အရည်အချင်းနှင့် ဂုဏ်သိက္ခာက များစွာ ပိုမိုမြင့်မားသည်။

သို့သော်…

ကျန်းလန် ယခုအတိုင်းလေးပင် နေထိုင်ခြင်းက ပိုမိုကောင်းမွန်သည်ဟု မော့ကျန်းသုန့် ယူဆမိသည်။

မဟုတ်ပါက ကျန်းလန်သည် အခြားသူများထက် ပိုမိုဆိုးရွားသူတစ်ယောက် ဖြစ်လာနိုင်သည်။

လူမှုရေးမကောင်းသည်မှလွဲပြီး ကျန်းလန်က အရာအားလုံးပြီးပြည့်စုံသူ ဖြစ်သည်။

ထို့ပြင် ကျန်းလန်သည် သူ ဂုဏ်အယူရဆုံးတပည့် ဖြစ်နေဆဲပင်။

မော့ကျန်းသုန့် တတိယထပ်ရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

သူ့တပည့်လေး မည်သည့်နေရာတွင် ပုန်းအောင်းနေမည်ကို သူ သိချင်မိသည်။

"ဘုန်း"

ပဉ္စမထပ်မှ ကျယ်လောင်သည့် အသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

မော့ကျန်းသုန့် ခေါင်းမော့ကြည့်လိုက်၏။

ထိုခဏတွင် နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး နဂါးဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်ကိုလည်း ကြားလိုက်ရသည်။

ငရဲမီးတောက်မီးလျှံများသည်လည်း မိုးမြေတစ်ခုလုံး တောက်လောင်နေသည့်အလား ထင်မှတ်ရသည်။


ဖုတ်ကောင်များသည်လည်း တစ်စစီ ဖျက်စီးခံလိုက်ကြရပြီး ဝိညာဉ်ဆိုးများသည်လည်း ပျောက်ကွယ်သွားကြသည်။

မီးတောက်များက အရာအားလုံးကို လောင်ကျွမ်းပစ်လိုက်ပြီး ပဉ္စမထပ်သည် တကယ့် ငရဲဘုံတစ်ခုအလား ထင်မှတ်ရသည်။

မိုးကေင်းကင်အင်မော်တယ်များ အားလုံးမှာ ငရဲဘုံအတွင်း ကျရောက်သက်ဆင်းသွားကြရသည်။

"ဘန်း"

ကျယ်လောင်သည့် အသံတစ်သံထွက်ပေါ်လာပြီး မိုးကောင်းကင်အင်မော်တယ်တစ်ယောက် ချက်ချင်းပင် အစိတ်စိတ်အမွှာ ပြိုကွဲသွားပြီး အလင်းရောင်များအကြား ပျောက်ကွယ်သွားသည်။

ထို့နောက်တွင်တော့ နတ်မိစ္ဆာများ ၊  "ပု" အိမ်တော်နှင့် ဘီလူးဝိညာဉ်မျိုးနွယ်တို့အားလုံးမှာ လှံရှည်ကိုင်ဆောင်ထားလေသည့် လူထူးလူဆန်းကို ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ကြပေ။

ထိုသူက ဖုတ်ကောင်များကို နင်းဖြတ်သွားရင်း လှံရှည်ကို ဝှေ့ယမ်းကာ လမ်းတစ်လျှောက်တွင် ရှိနေသည့် မိုးကောင်းကင်အင်မော်တယ်များကို တစ်ချက်မတုံ့ဆိုင်းဘဲ သုတ်သင်ပစ်နေသည်။

“ဒီလူက တန်ခိုးစွမ်းအား အရမ်းမြင့်မားတယ် ၊ ဒါတောင်မှ သူ့ရဲ့ တန်ခိုးစွမ်းအား အပြည့်အဝကို အသုံးပြုမထားသေးဘူး”

တိုက်ပွဲကို ကြည့်ရင်း မော့ကျန်းသုန့် တွေးလိုက်သည်။

သူကဲ့သို့ပင် အခြားသော တောင်သခင်များသည်လည်း ခန့်မှန်းနိုင်ကြမည်ပင်။

ထိုလူထူးလူဆန်းက လက်ရှိတွင် လှံရှည်ကိုသာ အသုံးပြုတိုက်ခိုက်နေပြီး ယခင်က တိုက်ပွဲများကဲ့သို့ လက်သီးစွမ်းကို အသုံးပြုခြင်း မရှိပေ။

ထိုပုဂ္ဂိုလ်က သူအသုံးပြုလေ့ရှိသည့် အဓိက လူသတ်စွမ်းရည်ကို ဖုံးကွယ်ထားခဲ့သည်။

"ဘန်း"

မော့ကျန်းသုန့် တိုက်ပွဲကို ဆက်ကြည့်နေသည်။

လူထူးလူဆန်းက မိုးကောင်းကင်အင်မော်တယ်တစ်ယောက်ကို ခြေထောက်အောက်တွင်နင်းထားပြီး လှံဖြင့် ထိုးစိုက်ချလိုက်သည်ကို တွေ့မြင်ရသည်။

ထိုသူက အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှမရှိစေဘဲ ရန်သူမှန်သမျှကို ပြတ်ပြတ်သားသား သုတ်သင်ပစ်နေသည်။

“တိုက်ချင်တဲ့သူ ဘယ်သူရှိသေးလဲ”

ကျန်းလန်က ပဉ္စမထပ်တွင် ရှိနေသူများကို တစ်ချက်ဝေ့ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။

မသိလျှင် အင်မော်တယ်များကို ရန်စနေသည့်အလား ထင်မှတ်ရသော်လည်း သူက ရိုးရှင်းစွာပင် မေးလိုက်ခြင်း ဖြစ်၏။

ထိုလူထူးလူဆန်း မည်သည့်နေရာက ရောက်ရှိလာကြောင်းကို မည်သူမှ မသိကြပေ။

ခွန်လွန်တောင်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်သည်ဟု ထင်မှတ်မိကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။ခွန်လွန်တောင်မှ မဟုတ်ပါစေနှင့်ဟုသာ သူတို့ မျှော်လင့်မိကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုသူ၏ တန်ခိုးစွမ်းအားအဆင့်အတန်းက မိုးကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေသည်။

သို့ပေသိ ထိုသူက သူနှင့်အဆင့်တူ မိုးကောင်းကင်အင်မော်တယ် အယောက်(၂၀)ခန့်ကို တိုက်ခိုက်သုတ်သင်ပစ်နိုင်ခဲ့သည်။

ထို့ပြင် မရေမတွက်နိုင်သည့် အစစ်အမှန်အင်မော်တယ်များနှင့် လူသားအင်မော်တယ်များကိုလည်း တိုက်ခိုက်ခဲ့သည်။

ဤသည်က ပုံမှန်မဟုတ်ပေ။

ထိုသို့သော စွမ်းအားကြီးမားသူတစ်ယောက်က ခွန်လွန်တောင်မှ ဖြစ်နေမည်ဆိုလျှင် ပျက်သုဉ်းတစ်စပြင်လောကကြီးမှ အခြားသော အင်အားကြီးအုပ်စုများအတွက် ရင်လေးဖွယ်ရာပင်။

ပဉ္စမထပ်တွင် ကျန်းလန်၏ မေးခွန်းကို ဖြေဆိုသူ မရှိတော့သလို ကျန်းလန်ကို တုံ့ပြန်တိုက်ခိုက်သူ တစ်ယောက်မှ မရှိတော့ပေ။

အင်မော်တယ်များ မည်သည့်နေရာသို့ ဆုတ်ခွာသွားကြသည်ကို မည်သူမှ မသိရှိပေ။

ပဉ္စမထပ်တွင် သူတစ်ယောက်တည်း မတ်တတ်ရပ်လျှက်ရှိပြီး မရေမတွက်နိုင်သည့် အင်မော်တယ်များကို သူ့ခြေရင်းအောက် ဝပ်ဆင်းစေခဲ့သည်။

သူ့ကို မည်သူမှ မဆန့်ကျင်နိုင်သလို မည်သူမှလည်း တုန်လှုပ်အောင် မလုပ်နိုင်ခဲ့ပေ။

တဟုန်းဟုန်း ဝင့်ကြွားဟန်ရှိသည့် မီးတောက်များအလယ်တွင် သူက ပြိုင်ဘက်ကင်းတစ်ယောက်ပမာ မတ်တတ်ရပ်လျှက် ရှိလေသည်။

ပဉ္စမထပ်သို့ကြည့်နေသူများအားလုံး အံ့အားသင့်လျှက် ရှိကြသည်။ ထိုလူထူးလူဆန်းထံမှ ပြိုင်ဘက်ကင်းရောင်ဝါများ ထွက်ပေါ်နေသသည်ဟု သူတို့အားလုံး ခံစားလိုက်ကြရသည်။

မည်သူမှ ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့သည့်နောက် ထိုသူက လက်ထဲမှ လှံရှည်ကို အသာချလိုက်ပြီး မီးလျှံများကြား ပျောက်ကွယ်သွားသည်။

မော့ကျန်းသုန့်က မြင်ကွင်းကို ကြည့်လျှက်ရှိသည်။

ခဏအကြာတွင်တော့ ပဉ္စမထပ်တွင် တောက်လောင်နေသည့် မီးတောက်များက ပေါက်ကွဲထွက်သွားသည်။

"ဘုန်း"

"ဘုန်း"

"ဘုန်း"

မရေမတွက်နိုင်သော သားရဲများ ၊ ဖုတ်ကောင်များနှင့် ဝိညာဉ်ဆိုးများမှာ နေရာတွင်ပင် ပေါက်ကွဲထွက်ကုန်ကြသည်။

ပဉ္စမထပ်တစ်ခုလုံး မီးရှူးမီးပန်းများ ဖောက်နေသည့်အလား ထင်မှတ်ရပြီး သူမတူအောင် လင်းထိန်တောက်ပလျှက် ရှိသည်။

ထိုခဏမှာပင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

မဟူရာမှော်ရုံနယ်မြေထိပ်ဖျားတွင် အလင်းရောင်တစ်ခု စတင်ထွက်ပေါ်လာခြင်း ဖြစ်သည်။

မူလက ထိုအလင်းရောင်ကို ကျင့်ကြံသူအချို့သာ တွေ့မြင်နိုင်သော်လည်း ယခုတော့ လူတိုင်း တွေ့မြင်ကြရပြီ ဖြစ်သည်။

ထိုရောင်ဝါထွက်ပေါ်လာသည်နှင့် ပဉ္စမထပ်မှ လူထူးလူဆန်းကို မည်သူမှ အာရုံမစိုက်ကြတော့သလို တောက်ပနေသည့် မီးတောက်များကိုလည်း မည်သူမှ စိတ်မဝင်စားကြတော့ပေ။

အားလုံးက မှော်ရုံနယ်မြေထိပ်ဖျားမှ ရောင်ဝါကိုသာ ပိုမိုအရေးစိုက်လာကြသည်။

မော့ကျန်းသုန့်သည်လည်း ထိုရောင်ဝါကို လှမ်းကြည့်လိုက်ရင်း…

"နောက်ဆုံးတော့ အဲဒီရောင်ဝါ ထွက်ပေါ်လာပြီပဲ ၊ ဘယ်သူက အဲဒါကို အရယူနိုင်မလဲဆိုတာ သိချင်လိုက်တာ"

မှော်ရုံနယ်မြေထိပ်ဖျားမှ ရောင်ဝါထွက်ပေါ်လာမည်ကို ခွန်လွန်တောင်မှ တောင်သခင်များ သိရှိကြသော်လည်း ထိုကံကြမ္မာအခွင့်ကောင်းရောင်ဝါကို မည်သူရရှိမည်လဲ မသိရှိနိုင်ကြပေ။

သို့သော် ခွန်လွန်တောင်ကတော့ ထိုရောင်ဝါကို ရရှိရန်အတွက် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။ အခြားမျိုးနွယ်စုများ ၊ အင်အားကြီးအုပ်စုများကတော့ ထိုရောင်ဝါရရှိရန်အတွက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ထိုစဉ်မှာပင် ကောင်းကင်ထက်မှ တိုက်ပွဲများသည်လည်း ရပ်တန့်သွား၏။

ဒဏ်ရာအနည်းငယ်ရထားသည့် ကျိုးကျုန်းထျန်းက မော့ကျန်းသုန့်ရှိရာသို့ ရောက်ရှိလာသည်။

ကောင်းကင်ထက် လေပြေကတိုက်ခတ်နေလေရာ သူ၏ အဝတ်အစားများနှင့် ဆံပင်ဖြူများက လေထဲတွင် လွင့်ပျံလျှက် ရှိသည်။

သူက ရရှိထားသည့် ဒဏ်ရာများကို အရေးမစိုက်ဘဲ သေရည်တစ်ငုံ မော့သောက်လိုက်၏။

"ချီလင်မျိုးနွယ်တွေက ကျုပ်ထင်ထားတာထက်တောင် စွမ်းအားနည်းပါးနေသေးတယ်"

ကျိုးကျုန်းထျန်းက ဆိုသည်။

မော့ကျန်းသုန့်က…

"သူတို့က ပညာကုန်မသုံးတာလည်း ဖြစ်နိုင်တာပဲလေ"

ကျိုးကျုန်းထျန်းက တင်ပျဉ်ခွေထိုင်ရင်း ဒဏ်ရာကုသနေသည့် လုကျန်းကို တစ်ချက်ကြည့်လိုက်ရင်း…

"ဒါနဲ့ ကျန်းလန် ထွက်မလာသေးဘူးလား"

မော့ကျန်းသုန့်က ခေါင်းညိတ်ရင်း…

"အင်း…"

သူက ဆက်ပြောသည်။

"သူက အစီအရင်ပညာအတော်လေး အဆင့်မြင့်နေပြီလေ ၊ သူ့အတွက် လုံခြံတဲ့နေရာတစ်ခု ဖန်တီးပြီး မှော်ရုံနယ်မြေထဲမှာ ပုန်းအောင်းနေမယ် ထင်တာပဲ ၊ ဒါဆိုရင် သားရဲတွေက သူ့ကို ထိခိုက်အောင် မလုပ်နိုင်တော့ဘူးလေ"

ကျိုးကျုန်းထျန်းက ရယ်မောလိုက်ရင်း…

"ကြည့်ရတာ မင်းလည်း သူ့ကို မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲမှာ ပါဝင်ခိုင်းဖို့ အတော်လေး တိုက်တွန်းခဲ့ရတယ်ထင်တယ်"

ထို့နောက် ကျိုးကျုန်းထျန်းက မှော်ရုံနယ်မြေထိပ်ဖျားမှ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို လှမ်းကြည့်လိုက်သည်။

"သူတို့ တိုက်ခိုက်ကြတော့မယ် ၊ အဆုံးသတ်မှာ အဲဒီရောင်ဝါကို ဘယ်သူရမလဲ မသိဘူး ၊ အခြေအနေကြည့်ပြီး ကျုပ်တို့လည်း ဝင်ပါသင့်ရင် ပါရမယ် မဟုတ်လား"

မော့ကျန်းသုန့်က ခေါင်းညိတ်ရင်း…

"ဒါပေါ့…"

ခွန်လွန်တောင်က ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ရရှိရန်အတွက် တိုက်ခိုက်မည်မဟုတ်သော်လည်း တိုက်ပွဲကို ဝင်ရောင်ထိန်းသိမ်းပေးရန်တော့ တာဝန်ရှိလေသည်။

All Chapters