← Chapters

ဝိညာဉ်မိစ္ဆာငရဲဘုံသို့ကျရောက်ခြင်း

Vol. 22 Ch. 301

ဝိညာဉ်မိစ္ဆာငရဲဘုံသို့ကျရောက်ခြင်း

Vol. 22 Ch. 301

အခန်း (၃၀၁) ဝိညာဉ်မိစ္ဆာငရဲဘုံသို့ကျရောက်ခြင်း

ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းချင်း လမ်းလျှောက်လာသည်။

သူ၏ခြေလှမ်းများက ဖြည်းဖြည်းမှန်မှန်ဖြစ်သော်လည်း နောက်ဆုံးတွင်တော့ ကြီးမားသည့် လှေကားထစ်များကို ကျော်ဖြတ်ကာ စတုတ္ထထပ်တည်ရှိရာသို့ ချဉ်းကပ်နိုင်ခဲ့သည်။

"ငါ့တန်ခိုးစွမ်းအားတွေ မလုံလောက်ဘူးလို့ ခံစားရတယ် ၊ ဘာလို့လဲမသိဘူး အပေါ်ထပ်တက်ဖို့က နည်းနည်းခက်နေသလိုပဲ"

မရှိမှုအာကာသ ၊ အလယ်ဆင့်ကျင့်ကြံသူတစ်ယောက်အတွက် လှေကားကို ကျော်ဖြတ်နိုင်မည်သော်လည်း အလွန်ခက်ခဲလေသည်။

အကယ်၍ သူသာ အစီအရင်ပညာကို လုံလောက်သည့် နားလည်မှု မရှိခဲ့လျှင် ၊ မရှိမှုအာကာသ ကနဦးအဆင့်လည်း ဖြစ်နေမည်ဆိုလျှင် မည်သည့်နည်းနှင့်မှ အပေါ်ထပ်သို့ တက်နိုင်မည် မဟုတ်ပေ။

အပေါ်ထပ်မှလူများက အောက်ထပ်သို့ဆင်းရန်လွယ်ကူသော်လည်း အောက်ထပ်မှလူများ အပေါ်ထပ်သို့တက်ရန်မှာ ခက်ခဲသည်။

ဤသည်က မျှတမှုမရှိဟုထင်ရသော်လည်း ပုံမှန်အနေအထားပင် ဖြစ်သည်။

ကျန်းလန် လှေကားထစ်မှတက်လာစဉ် အောက်ဘက်ဆီမှ ရုတ်တရက် ထွက်ပေါ်လာသည့် အသံတစ်သံကို ကြားလိုက်ရသည်။

"အဲဒါကြီးက ဘာကြီးလဲမသိဘူး ၊ မဲမှောင်နေတာပဲ"

နောက်ထပ်အသံတစ်သံက…

"မသိဘူးလေ ၊ ငါတို့ စမ်းကြည့်ရင်ကောင်းမလား"

ကျန်းလန် လှေကားထက်မှ လှမ်းကြည့်လိုက်တော့ လူငယ် (၁)ယောက်နှင့် မိန်းမပျို (၂)ယောက်ကို တွေ့လိုက်ရသည်။

သူတို့ (၃)ယောက်က သားရဲများနှင့် သတ္တဝါဆိုးများရှိနေသည့် အမှောင်ထုအနားသို့ သိချင်စိတ်ဖြင့် ချဉ်းကပ်သွားကြသည်ကို တွေ့လိုက်ရသည်။

အမှောင်ထုထဲတွင်တော့ လျှာများသပ်ကာ သူတို့ကို စောင့်နေသြည့် ကြောက်မက်ဖွယ်ရာ သားရဲကြီးများနှင့် သတ္တဝါဆိုးများ ရှိနေလေသည်။

သူတို့က အနားသို့ တိုးကပ်လာသည့် ကျင့်ကြံသူ (၃)ယောက်အား အချိန်မရွေး ထိုးနှက်သတ်ဖြတ်တော့မည့်အလား စိုက်ကြည့်နေကြသည်။

ကျင့်ကြံသူ (၃)ယောက်ကတော့ ထိုအကြောင်းကို သိရှိကြခြင်း မရှိပေ။ သူတို့က စူးစမ်းလိုသည့်စိတ်ဖြင့် အမှောင်ထုအနားသို့ တိုးကပ်သွားကြ၏။

"နောက်ဆိုရင် လုံလောက်တဲ့ တန်ခိုးစွမ်းအား မရှိဘူးဆိုရင် သတိကြီးကြီးထားရမယ် ၊ ကိုယ်မသိတဲ့နေရာတွေကို လျှောက်ပြီးမချဉ်းကပ်ကြည့်တာ ပိုကောင်းလိမ့်မယ်"

ကျန်းလန် သူ့ကိုယ်သူ သတိပေးလိုက်သည်။

နောင်တစ်ချိန်တွင် သူလည်း ထိုကျင့်ကြံသူ (၃)ယောက်ကဲ့သို့ ဘေးအန္တရယ်ကို မသိမြင်ဘဲ ချဉ်းကပ်မိပါက သေချာပေါက် အန္တရယ်ကြုံရပေလိမ့်မည်။

ဘာမှန်းမသိသည့်အရာများအနားသို့ မဖြစ်မနေချဉ်းကပ်ရမည်ဆိုလျှင်တောင်မှ အန္တရယ်ကို ရင်ဆိုင်ရန် အသင့်ပြင်ထားရမည် ဖြစ်သည်။

နဝမတောင်ထွတ်တွင် အေးအေးဆေးဆေး ကျင့်ကြံနိုင်ရန်အတွက် တစ်ခါတစ်တရံ အန္တရယ်များကို အရင်ဆုံး ဖြိုခွင်းပစ်ရမည် ဖြစ်၏။

ဂိုဏ်းသို့ရောက်ရှိသည်မှာ နှစ်ပေါင်း (၃၉၃) နှစ်ကြာမြင့်ခဲ့ပြီးနောက် ကျန်းလန် မိုးကောင်းကင်အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့သည်။

သူ မှန်မှန်ကျင့်ကြံသွားသရွေ့ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဆရာဖြစ်သူကို ကျော်တက်နိုင်မည် ဖြစ်သည်။

အခြားသူများဆိုလျှင် နှစ်ပေါင်း (၃၉၃)နှစ်အတွင်း မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့်မျှသာ ရှိကြဦးမည် ဖြစ်သည်။

သူကတော့ ကျင့်ကြံခြင်းအဆင့်တက်သည်မှာ လျှင်မြန်လွန်းလှသည်။ မဟုတ်ပါက သူက သူ့စိတ်နေစိတ်ထားကို သတိထားနေမည် မဟုတ်ပေ။

သူ မာနထောင်လွှားပြီး မာန်တက်လာမည်ကို အမြဲတမ်း သတိထားနေခဲ့သည်။

နောက်ဆုံးတော့ ကျန်းလန် စတုတ္ထထပ် စြင်္ကံလမ်းတစ်ခုထက်သို့ ခြေလှမ်းနိုင်ခဲ့သည်။ သူ စတုတ္ထထပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်၏။

နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ သူတက်လာသည့် ကြီးမားသောလှေကားကြီးက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ တတိယထပ်သို့ ပြန်သွားမည်ဆိုလျှင် ဒီအတိုင်း ခုန်ဆင်းမှသာ ရပေတော့မည်။

စတုတ္ထထပ်ရောက်သည်နှင့် မလှမ်းမကမ်းတစ်နေရာတွင် အမှောင်ထုကြီးတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုအမှောင်ထုကြီးက တတိယထပ်မှ အမှောင်ထုကြီးနှင့်အတူတူပင် ဖြစ်သည်။

အထဲတွင် မရှိမှုအာကာသအဆင့် သားရဲကြီးများ ၊ ဖုတ်ကောင်များနှင့် ဝိညာဉ်ဆိုးများ အများအပြား လိုက်ပါလာကြသည်။

"ဒီလိုအမှောင်ထုကြီးတွေက အထပ်တိုင်းမှာ ရှိနေတာ ဖြစ်ရမယ် ၊ တကယ်လို့ ပေါ်ထက်က သားရဲတွေသာ အောက်ထပ်ဆင်းလာရင်တော့…"

ထိုသို့ဆိုလျှင် သေချာပေါက် ကပ်ဆိုးကြီးတစ်ခုနှင့် ရင်ဆိုင်ရပေလိမ့်မည်။

မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဤရက်စက်ကြမ်းတမ်းသည့် သားရဲများ ၊ သတ္တဝါဆိုးများနှင့် ပတ်သက်နေပါသလား။

သူတို့ မဟူရာမှော်ရုံနယ်မြေအတွင်းသို့ ဝင်ရောက်လာရသည်မှာ ဤသတ္တဝါဆိုးများကို တိုက်ခိုက်သတ်ဖြတ်ရန်အတွက်လား။

ပျက်သုဉ်းတစ်စပြင်လောကကြီးရှိ အင်အားကြီးအုပ်စုများက နတ်ဘုရားရာထူးတစ်ခု ရယူနိုင်ရန်အတွက် အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။

ယခု ဤသားရဲကြီးများနှင့် သူတို့ တိုက်ခိုက်ရခြင်းသည်လည်း ထိုကိစ္စနှင့် တစ်စုံတစ်ခု ပတ်သက်နေနိုင်သည်။ သို့သော် အသေးစိတ်ကိုတော့ ကျန်းလန် သိရှိခြင်း မရှိပေ။

သူ လုန်ယွိကို ရှာတွေ့လျှင် သူမနှင့်အတူ တစ်နေရာတွင် ပုန်းအောင်းနေရန် ဆုံးဖြတ်လိုက်သည်။

အပြင်ဘက်သို့ စောစောပြန်ထွက်သွားပြန်လျှင်လည်း ဆရာဖြစ်သူက လုံလောက်သည့် တိုက်ပွဲအတွေ့အကြုံ ရရှိခဲ့ခြင်း မရှိဟု ယူဆပေလိမ့်မည်။

သို့ဆိုလျှင် နောက်ပိုင်းကိစ္စများက ပိုမိုရှုတ်ထွေးလာမည် ဖြစ်၏။ ယနေ့ စုဝေးပွဲတွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်မှသာ နောက်ပိုင်း ဒုက္ခငြိမ်းစေမည် ဖြစ်သည်။

မှော်ရုံနယ်မြေထဲမှ လူများစွာကို အပြင်သို့ရောက်အောင် ပို့ပေးနေစရာတော့ မလိုအပ်ပေ။ အထဲတွင် အနည်းငယ် အချိန်ကြာကြာနေလိုက်လျှင် လုံလောက်မည် ဖြစ်သည်။

စတုတ္ထထပ်သို့ရောက်လာပြီးနောက်...

ကျန်းလန် ပထမဆုံးတွေ့မြင်လိုက်ရသည်က များပြားလှစွာသည့် စြင်္ကံန်လမ်းများ ဖြစ်သည်။

စြင်္ကံလမ်းများတွင် မည်သည့်အကာအကွယ်မှ မရှိလေရာ ရန်သူနှင့်ရင်ဆိုင်ရပါက ပုန်းအောင်ရန် မဖြစ်နိုင်ဘဲ တစ်ယောက်နှင့်တစ်ယောက် သတိပြုမိရန် လွယ်ကူသည်။

စြင်္ကံလမ်းများက လေထဲတွင် လွင့်မျောနေသည့်အလားဖြစ်ပြီး အောက်ဖက်တွင်တော့ နက်မှောင်နေသည့် ချောက်နက်ကြီးတစ်ခု ရှိနေသည်။

ကျန်းလန်က အောက်ဖက်မှ ချောက်နက်ကြီးကို သေသေချာချာ အာရုံခံကြည့်လိုက်သည့်အခါ ဝိညာဉ်မိစ္ဆာများရှိနေသည့် အငွေ့အသက်ကို ခံစားလိုက်ရ၏။

စိတ်ကိုသာ တည်ငြိမ်အောင် မထိန်းနိုင်လျှင် အကြောက်တရားဖြင့် ထိန်းချုပ်ခြင်းကို ခံရမည် ဖြစ်သည်။ ထို့ကြောင့် ချောက်နက်ကြီးအတွင်း ကျရောက်သွားလျှင် ရှင်းပစ်ခံလိုက်ရသူတစ်ယောက်ပမာ ဖြစ်ပေလိမ့်မည်။

ထိခိုက်မှုမရှိဘဲ ပြန်ထွက်လာနိုင်ရန်ကတော့ အခြားကိစ္စတစ်ခုဖြစ်သည်။

သူဆိုလျှင်တော့ အဆင်ပြေပြေနှင့် ပြန်ထွက်လာနိုင်မည် ဖြစ်သည်။

ထို့နောက် ကျန်းလန် စြင်္ကံလမ်းတစ်ခုအတိုင်းလမ်းလျှောက်လာသည်။

လုန်ယွိမည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကတော့...

ကျန်းလန်က လက်ထပ်စာချုပ်သင်္ကေတရှိနေသည့် လက်ကောင်ဝတ်ကို အသာဝှေ့မယ်းလိုက်သည်။ ထို့နောက် တုံ့ပြန်မှုကိုတစ်ချက်ကြည့်လိုက်ပြီး ဘယ်ဘက်သို့ ဦးတည်ထွက်ခွာသွားသည်။

သူမ ဘယ်လောက်ဝေးဝေးတွင်ရှိနေမည်လဲ သူ သိချင်မိသည်။

အတန်ကြာပြီးနောက်…

လူအချို့ ချဉ်းကပ်လာသည့်အတွက် ကျန်းလန် ခြေလှမ်းများကို အရှိန်လျှော့ချလိုက်သည်။ စတုတ္ထထပ်က ကြီးမားကျယ်ပြန့်သလောက် ရန်သူနှင့်တွေ့ဆုံရန်လည်း အခွင့်အလမ်းအလွန်မြင့်မားသည်။

အနားသို့ချဉ်းကပ်လာသူက စုစုပေါင်း (၅)ယောက်ဖြစ်သည်။

မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် (၅) ယောက်။

လူငယ် (၃) ယောက်နှင့် မိန်းကလေး (၂) ယောက် ဖြစ်၏။

လှပသပ်ရပ်သည့်အဝတ်အစားများကို ဝတ်ဆင်ထားကြသည်ဖြစ်လေရာ အင်အားကြီးဂိုဏ်းတစ်ခုခုမှ ဖြစ်ဟန်တူသည်။

ထိုသူ (၅)ယောက်က ချက်ချင်းပင် ကျန်းလန်ကို ဝိုင်းထားလိုက်ကြသည်။ သူတို့က စားသောက်စရာများပါဝင်သည့် အိတ်တစ်အိတ်ကို တွေ့လိုက်ရသည့်အလား မျက်နှာများက ပြုံးရွှင်လျှက် ရှိကြသည်။

ကျန်းလန် : "......"

သူတော့ ဒုက္ခရောက်ပြီ။

အကယ်၍ ထိုသူ (၅)ယောက်က မရှိမှုအာကာသ ၊ အလယ်ဆင့် ကျင့်ကြံသူ (၅)ယောက်ဆိုပါက သူ သေချာပေါက် ရင်ဆိုင်နိုင်မည် ဖြစ်သည်။

သို့ရာတွင် မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူ (၅)ယောက်ကို သတ်ဖြတ်ရန်ကတော့ မလွယ်ကူပေ။

***

"ဂိုဏ်းတူအစ်မ ၊ အဆင်ပြေရဲ့လား"

စတုတ္ထထပ် ၊ ဗဟိုမဏ္ဍိုင်မှ စြင်္ကံလမ်းတစ်ခုဆီသို့ ပြန်လျှောက်လာရင်း လင်စီးယာက လုန်ယွိကို မေးလိုက်သည်။

လူသားအင်မော်တယ်နှင့်တိုက်ခိုက်ပြီးနောက် လုန်ယွိ အနည်းငယ် ဒဏ်ရာရသွားခဲ့သည် မဟုတ်လား။ ယခုအချိန် ဒဏ်ရာသက်သာအောင် မကုသနိုင်လျှင် မှော်ရုံနယ်မြေထဲတွင် အန္တရယ်ရှိနိုင်လေသည်။

လုန်ယွိက တိုးလျစွာဖြင့်…

"ဘာမှ မဖြစ်ပါဘူး ၊ ခဏလောက်နားလိုက်ရင် ကောင်းသွားမှာပါ"

ယခုတော့ တိုက်ပွဲနှင့်ပတ်သက်ပြီး သူမ အနည်းငယ် နားလည်လာပြီ ဖြစ်သည်။

လင်စီးယာက လုန်ယွိကို စြင်္ကံလမ်းဘေးဘက်သို့ ခေါ်လာပြီး ထိုင်စေလိုက်သည်။

သူမက…

"ဂိုဏ်းတူအစ်မ ၊ လူသားအင်မော်တယ်တစ်ပါးကို ဘယ်လိုများ တိုက်ခိုက်ခဲ့တာလဲ"

လုန်ယွိက သစ်သားဓားလေးကို ထုတ်ယူလိုက်ရင်း…

"ဒီဓားလေးကြောင့် ဖြစ်မယ်"

လင်စီးယာ စိတ်ရှုတ်သွားပုံရသည့်အခါ သူမက ဆက်ရှင်းပြသည်။

"ဒီသစ်သားဓားလေးမှာ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းထားတယ်လေ ၊ ဂိုဏ်းတူမောင်လေး ဒီထဲကို နဂါးသုတ်သင်ဓားဝိညာဉ် အမြဲတမ်းထည့်သွင်းပေးနေတာ နှစ်ပေါင်း (၂၀၀) ကျော်နေပြီ ၊ ဒီတော့…"

ထို့ကြောင့် သူမက ဓားချက်တစ်ချက်တည်းဖြင့် နဂါးတစ်ကောင်ကို သတ်ဖြတ်ပစ်လိုက်နိုင်ခြင်း ဖြစ်သည်။

ထို့ပြင် သူမကိုယ်တိုင်သည်လည်း နဂါးများကို လွှမ်းမိုးနိုင်သည့်စွမ်းအားများကို ပိုင်ဆိုင်ထားသည့်အတွက် တိုက်ခိုက်ရာတွင် အားသာချက်များ ရှိနေခြင်း ဖြစ်သည်။

သူမ၏ တန်ခိုးစွမ်းအားမြင့်မားနေခြင်းကတော့ ကျောက်စိမ်းရေကန်နှင့် ဆက်စပ်နေနိုင်သည်။

လုန်ယွိ ရှင်းပြသည်ကိုကြားသည့်အခါ လင်စီးယာ အံ့အားသင့်သွားသည်။

"ဒါဖြင့် နဂါးမျိုးနွယ်တွေကို တိုက်ခိုက်တဲ့အချိန်မှာပဲ လွယ်ကူမှာပေါ့ ၊ တခြားမျိုးနွယ်တွေဆိုရင်တော့ ဒီလောက် လွယ်လွယ်နဲ့ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး"

လုန်ယွိ ခေါင်းညိတ်ပြလိုက်သည်။

လင်စီးယာက သိချင်စိတ်ဖြင့်…

"ဒါဖြင့် ဒီဓားနဲ့ ကိုယ့်ကိုယ်ကိုယ် ထိမိရင်ရော ဂိုဏ်းတူအစ်မ ဒဏ်ရာရမှာပေါ့"

လုန်ယွိ "......"

ထိုအချက်ကိုတော့ သူမလည်း သိရှိခြင်း မရှိပေ။ မဖြစ်နိုင်ဘူးဟုတော့ ယူဆမိ၏။

ခဏမျှ အနားယူပြီးနောက် ရုတ်တရက် ထူးဆန်းသည့် ခံစားချက်ကို လုန်ယွိ ခံစားလိုက်ရသည်။ ထို့နောက် သူမက ညာဘက်လက်ကို အသာဆန့်ထုတ်လိုက်သည်။

လက်ထပ်စာချုပ်သင်္ကေတမှ တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာသည် မဟုတ်ပါလား။

လင်စီးယာက…

"ဘာဖြစ်လို့လဲ ဂိုဏ်းတူအစ်မ"

လုန်ယွိက မတ်တတ်ထရပ်ရင်း…

"ဂိုဏ်းတူမောင်လေး စတုတ္ထထပ်ကို တက်လာတယ်ထင်တယ်"

သူမ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ကျန်းလန် ရှိနေနိုင်သည်ဟု သူမ ခံစားလိုက်ရ၏။

ထို့ပြင် ကျန်းလန် လိုက်လာသည်ဆိုသည့် ခံစားချက်က သူမကို ပျော်ရွှင်သွားစေပြီး ရင်ခုန်စိတ်လှုပ်ရှားသွားစေသည်။

လင်စီးယာက ထူးဆန်းသွားဟန်ဖြင့်…

"လက်ထပ်စာချုပ်က ဒီလိုမျိုးလည်း အသုံးဝင်တာလား"

လုန်ယွိက အနည်းငယ် ခေါင်းခါယမ်းပြလိုက်သည်။

အမှန်တော့ ကျန်းလန်၏ တည်နေရာကို ခန့်မှန်းနိုင်သည့်တိုင် တိကျခြင်း မရှိပေ။ ရံဖန်ရံခါမှ တည်နေရာက ပေါ်လာတတ်ပြီး တစ်ခါတစ်ရံ ပျောက်ကွယ်သွားပြန်လေသည်။

ပြီးတော့ အမှားအယွင်းလည်း ရှိနိုင်သည်။

လုန်ယွိက လမ်းလျှောက်သွားရင်း...

"သွားကြည့်ရအောင်"

လင်စီးယာ မည်သည့်စကားမှ မပြောဘဲ သူမနောက်မှ လိုက်သွားသည်။

ကျန်းလန်က မရှိမှုအာကာသ ၊ ကနဦးအဆင့်သာ ရှိသေးရာ စတုတ္ထထပ်သို့တက်လာသည်မှာ အလွန်ပင် အန္တရယ်များလွန်းလှ၏။

***

"ဘုန်း"

ကျန်းလန်က တိုက်ခိုက်မှုများကို ရှောင်တိမ်းပြီး ရှေ့သို့ အလျှင်အမြန် ထွက်ခွာသွားသည်။ သူက မရှိမှုအာကာသ ၊ အလယ်ဆင့် တန်ခိုးစွမ်းအားကို အသုံးပြုပြီး လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

သို့သော် မကြာမီပင် ထိုသူ (၅)ယောက်က ကျန်းလန်ကို လိုက်မီလာကြပြန်သည်။

ကျင့်ကြံခြင်းအဆင့် ကွာခြားသည့်အတွက် ထိုသူ (၅)ယောက်ကို ကျော်လွှားရန် အနည်းငယ် ခက်ခဲနေသည်။ မိုးကောင်းကင်အင်မော်တယ်အဆင့် တန်ခိုးစွမ်းအားကို ထုတ်သုံးရန်ကလည်း မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

အထူးသဖြင့် ရန်သူက (၅)ယောက်ဖြစ်နေသောကြောင့် ပိုမိုခက်ခဲနေရသည်။

ကျန်းလန်၏ စြင်္ကံလမ်းအစွန်းတွင် ရပ်နေပြီး သူ့ပတ်ပတ်လည်မှ လူ (၅)ယောက်ကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်သည်။

"ဟက်… မင်းက ထွက်ပြေးတယ်လား"

လူငယ်တစ်ယောက်က ကျန်းလန်ကိုကြည့်ပြီး ပြောလိုက်သည်။

"ခွန်လွန်တပည့်တစ်ယောက်က ဒီနေရာက အစောကြီးထွက်သွားရရင်တော့ကွာ ၊ အရှက်ကွဲမှာပဲ ဟုတ်တယ်မလား ၊ ဒီတော့ ကျုပ်တို့က မင်းကို ဒုက္ခရောက်အောင် မလုပ်ပါဘူး ၊ မင်းဆီက မှော်ဝင်ပစ္စည်းလေး နည်းနည်းပါးပါးပဲ တောင်းချင်တာပါ ၊ ဘယ်လိုလဲ"

မိန်းကလေးကျင့်ကြံသူကလည်း ဝင်ပြောလိုက်သည်။

"အများကြီးမလိုချင်ပါဘူး ၊ (၅)ခုလောက်ပါပဲ"

သူတို့တွင် သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်မရှိကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။

သို့ဆိုလျှင် ဤသူများကို အပြတ်ရှင်းပစ်လိုက်လျှင် ကောင်းမည်လားဟု ကျန်းလန်တွေးလိုက်သည်။ သို့သော် ထိုသို့ပြုလုပ်၍ မဖြစ်ကြောင်း နားလည်လိုက်သည်။

အတော်လေး ဒုက္ခရောက်သည့်အခြေအနေပဲ။

မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲက အတော်စိတ်ညစ်စရာကောင်းသည်ဟု ကျန်းလန် တွေးလိုက်မိသည်။

နောက်ဆုံးတော့ စြင်္ကံလမ်းထက်မှ နောက်ပြန်လှန်ချလိုက်ပြီး ဝိညာဉ်မိစ္ဆာငရဲဘုံသို့ ခုန်ချလိုက်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

"ဟေ့ ဟေ့… မင်း ခုန်ချရင် အဆုံးမရှိတဲ့ ဒုက္ခတွေကို ရင်ဆိုင်ရမှာနော် ၊ အကြောက်တရားတွေကို မသေမရှင်နဲ့ ခံစားရလိမ့်မယ် ၊ ကျုပ်တို့တောင်းသလောက် မပေးချင်လည်း မှော်ဝင်ပစ္စည်းတွေ လျှော့ပေးလို့ရပါတယ်ကွာ"

လူငယ်က ရုတ်တရက် ပြောလိုက်သည်။

တစ်ဖက်လူ အဆင်မပြေလျှင် ဈေးညှိနှိုင်းလို့ရသည်ပဲလေ။

သို့သော် ကျန်းလန်ကတော့ ညှိနှိုင်းရန် ဆန္ဒမရှိပေ။

သူက မည်သည့်စကားမှ မပြောဘဲ ချေက်နက်ကြီးအတွင်းသို့ ခုန်ချသွားလေတော့သည်။ ဤနည်းဖြင့်သာ ထိုသူများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

ပြီးမှ ချောက်နက်အတွင်းမှ ပြန်တက်လာကာ လုန်ယွိကို ရှာဖွေရမည် ဖြစ်သည်။

သူ ခုန်ချလိုက်သည်နှင့် သူ့စိတ်အာရုံတစ်ခုလုံးကို ချည်နှောင်လိုသည့် စွမ်းအားတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးမှ ထွက်ပေါ်လာသည်။

ထိုစွမ်းအားက သူ့ကို ချောက်နက်ထဲတွင် ချုပ်နှောင်ထားလိုဟန် ရှိသည်။ သို့သော် ကျန်းလန်အပေါ်တွင်တော့ မည်သည့်သက်ရောက်မှုမှ မရှိခဲ့ပေ။

ထိုစဉ်…

စြင်္ကံလမ်းပေါ်မှ ပုံရိပ်တစ်ခုသည် သူရှိရာသို့ လိုက်ပါခုန်ချလာသည်ကို ကျန်းလန် တွေ့မြင်လိုက်ရလေတော့သည်။

All Chapters