သူ၏နတ်ဘုရားရာထူးက အမှန်ကတယ်ပင်ထူးခြားသည်
Vol. 28 Ch. 386
အခန်း (၃၈၆) သူ၏နတ်ဘုရားရာထူးက အမှန်ကတယ်ပင်ထူးခြားသည်
"ဒီလိုပဲ အခြားတပည့်တွေလည်း ပြင်ပလောကမှ မိုးကောင်းကင်စမ်းသပ်ခံရဖို့ ထွက်သွားလေ့ ရှိကြတာပဲ ၊ မင်းတို့တွေက ဘာလို့ ဒီလောက်စဉ်းစားနေကြတာလဲ"
ကျိုးကျုန်းထျန်းက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
အဋ္ဌမတောင်ထွတ်မှ သူ့တပည့်များဆိုလျှင် အတွေ့အကြုံယူရန်ဖြစ်စေ ၊ အင်မ်ော်တယ်အဆင့်တက်ရန်ဖြစ်စေ ပြင်ပလောကသို့ ထွက်ခွာနေကြစမြဲ ဖြစ်သည်။
ဘာမှ ထူးဆန်းသည် မဟုတ်ပေ။
မြောင်ယွဲ့က ပြုံးလိုက်ရင်း...
"တခြားသူတွေအတွက်ကတော့ ဟုတ်တာပေါ့ ၊ ဒါပေမဲ့ ကျန်းလန်အတွက်ကတော့ ပုံမှန်မဟုတ်တဲ့ကိစ္စပဲလေ ၊ ဒါပေမဲ့ အရမ်းကြီး စိတ်ပူစရာလည်း မလိုပါဘူးလေ ၊ ဆိုတော့... ကျွန်မ ခန့်မှန်းကြည့်မယ်"
သူမက ဆက်ပြောသည်။
"သူ မိုးကောင်းကင်စမ်းသပ်မခံရသေးခင် ပြင်ပလောကို ထွက်သွားတာ ကိစ္စ (၂)ခု ဖြစ်နိုင်တယ် ၊ (၂)ခုလုံးက သူ ကျင့်ကြံခြင်းအဆင့်တက်တာနဲ့ ပတ်သက်နေနိုင်တယ်"
"ပထမတစ်ချက်က မိုးကောင်းကင်စမ်းသပ်ခံရတာကို လွယ်လွယ်နဲ့ မဖြတ်ကျော်နိုင်ဘူးလို့ ယူဆတဲ့အတွက် ပြင်ပလောကမှာ အခွင့်အလမ်းကောင်းတွေ သွားရောက်ရှာဖွေတာ ဖြစ်ရမယ်"
"ဒုတိယအချက်ကတော့ သူ့ရဲ့ မိုးကောင်းကင်စမ်းသပ်ခံရခြင်းက တစ်စုံတစ်ခု မှားယွင်းနေတာကြောင့် ဖြစ်လိမ့်မယ် ၊ အခြားကိုယ်ရေးကိုယ်တာကိစ္စတွေကတော့ ဘာမှ စိတ်ပူစရာ မရှိပါဘူး"
ကျူးချင်က...
"ဒါဖြင့် သူက လက်ထပ်ရမှာကြောက်လို့ စိတ်တည်ငြိမ်အောင် ခရီးထွက်သွားတာမျိုးရော မဖြစ်နိုင်ဘူးလား"
မြောင်ယွဲ့က ရယ်မောလိုက်ရင်း...
"စောစောက ကျွန်မမှန်းသလို လက်ထပ်ရမှာကြောက်လို့ ထွက်ပြေးတာဆိုရင်တော့ သေချာပေါက် ပြန်လာမှာ မဟုတ်တော့ဘူး"
သူမက ဆက်ပြောသည်။
"ဖြစ်နိုင်ခြေတော့ နည်းပါတယ်လေ ၊ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဖြစ်နိုင်ခြေအနည်းဆုံးဆိုတာတွေကလည်း ဖြစ်သွားတတ်တာပဲမဟုတ်လား"
လျိုကျင်းက...
"ဂိုဏ်းတူညီမလေး ၊ ပြဿနာမရှာနဲ့နော်"
ကြောက်ပါသည်ဆိုမှ ဖြဲမခြောက်စေရန် လျိုကျင်းက မြောင်ယွဲ့ကို သတိပေးလိုက်ခြင်းပင်။
မင်္ဂလာပွဲနီးလာသည်နှင့်အမျှ မည်သူမှ ပြဿနာမဖြစ်ချင်ကြပေ။
ထို့နောက် လျိုကျင်းက မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ရင်း...
"နောက်တစ်ခါဆိုရင်တော့ မင်း ကျုပ်တို့နဲ့တိုင်ပင်ပါကွာ ၊ မင်း သူ့ကို အပြင်လွှတ်ချင်တယ်ဆိုရင်လည်း ကျုပ်တို့က မတားပါဘူး"
ကျိုးကျုန်းထျန်းက...
"ကျန်းလန် ပြန်လာရင်ပဲ လက်ထပ်ရတော့မယ် ၊ နောက်တစ်ကြိမ် ဘယ်လိုလုပ် ရှိတော့မှာလဲ"
လျိုကျင်းက...
"အားလုံးပဲ... ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြပါ ၊ နှစ်တွေသိပ်မကြာခင် ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ မင်္ဂလာပွဲ ကျင်းပရတော့မှာ မဟုတ်လား"
ယနေ့ အစည်းအဝေးက အခြားပြဿနာ မရှိပေ။
မော့ကျန်းသုန့်က ကျန်းလန်ကို မည်သူမှ မသိအောင် အပြင်လောကသို့ ခရီးထွက်ခွင့်ပြုလိုက်သည့်အတွက် သူ့ကို ပြစ်တင်ဝေဖန်ရန် ရောက်လာကြခြင်း ဖြစ်သည်။
မော့ကျန်းသုန့်က တပည့်ဖြစ်သူကို အလိုလိုက်လွန်းသည်။
ယခုအချိန်တွင် ကျန်းလန်က ခွန်လွန်တောင်တစ်ခုလုံးအတွက် အဓိက သော့ချက်ဖြစ်လေရာ သူ တစ်စုံတစ်ခု အန္တရယ်ကျရောက်မည်ဆိုလျှင် ခွန်လွန်တောင်အပေါ် ကြီးမားသည့် သက်ရောက်မှု ရှိပေလိမ့်မည်။
***
အချိန် (၁)လခန့် ကြာခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ကြီးက ကြည်လင်နေ၏။
ကျန်းလန်က လေထဲတွင် ဓားကိုစီးနှင် ပျံသန်းလျှက် ရှိသည်။
သူက မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်တန်ခိုးစွမ်းအားကို အသုံးပြုပြီး များပြားလှစွာသောနေရာများကို ဖြတ်ကျော်ခဲ့သည်။
ဓားကိုစီးနှင်ပျံသန်းခရီးနှင်ခြင်းအပြင် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကိုလည်း ကျန်းလန်က အသုံးပြုသည်။ ကျန်းလန်က လုံးဝမရပ်တန့်ဘဲ မနားမနေ ခရီးသွားလျှက် ရှိ၏။
ယခု ခွန်လွန်တောင်နှင့် အလွန်ကွာဝေးသည့်နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ကြည့်ရတာ ငါ့ရဲ့နတ်ဘုရားရာထူးက ဘာအကန့်အသတ်နဲ့မှ ချုပ်နှောင်ခံမထားရဘူပဲ ၊ ငါက တခြားသူတွေနဲ့ မတူတာတော့ အမှန်ပဲ"
ကျန်းလန် ရေရွတ်လိုက်သည်။
သူ ဘာ့ကြောင့် အခြားသူများနှင့်မတူညီရသည်ကို ယခုအချိန်ထိ သိရှိခြင်း မရှိသေးပေ။ သူ့တွင် နားလည်လောက်သည့် တန်ခိုးစွမ်းအားလည်း မရှိသေးပေ။
လောလောဆယ်တွင် ထိုကိစ္စက အရေးမကကြီးပေ။ သူ တန်ခိုးစွမ်းအား မြင့်မားလာသည့်တစ်နေ့တွင် ဧကရာဇ်ရှီးဟယ်ကို တိုက်ရိုက်မေးမြန်းကြည့်နိုင်သည်။
လောလောဆယ်မှာတော့...
"ငါ တစ်ယောက်တည်းကျင့်ကြံဖို့ လူသိပ်မရှိတဲ့နေရာတစ်ခုလောက် ရှာရမယ်"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် နတ်ဘုရားရာထူးအကြောင်း မစဉ်းစားတော့ဘဲ လူသူကင်းမဲ့သည့် နေရာတစ်ခု စတင်ရှာဖွေသည်။ ကျောက်တုံးများဖြင့် ပြည့်နေသည့် သစ်တောတစ်ခုသို့ ကျန်းလန် ရောက်ရှိလာသည်။ ထိုနေရာတွင် ရက်စက်ကြမ်းတမ်းသားရဲများလည်း ကျက်စားနေထိုင်ကြသည်။
ရံဖန်ရံခါ မြူခိုးများ ထွက်ပေါ်လာတတ်သည်ဖြစ်ရာ လမ်းပျောက်ရန်လည်း လွယ်ကူသည့်နေရာတစ်ခု ဖြစ်၏။ လူတစ်ယောက် ပိတ်မိနေမည်ဆိုလျှင် ပြန်လည်ထွက်ခွာရန် အလွန်ခက်ခဲပေမည်။
နိဂုံးချုပ်ဆိုရသော် ထိုနေရာက ကျန်းလန်အတွက် အန္တရယ်ကင်းသည့်နေရာတစ်ခုဖြစ်သည်။ သူ့အတွက် အန္တရယ်ကင်းသော်လည်း အခြားသူများအတွက် အန္တရယ်များလေသည်။
ထို့ပြင် မည်သည့် သဘာဝအဖိုးတန်ပစ္စည်းမျှ မရှိလေရာ ဤနေရာသို့ အင်မော်တယ်များ လာရောက်ကြခြင်း မရှိပေ။လာရောက်ကြလျှင်လည်း အနည်းငယ်မျှသာ ရှိပေမည်။
ထို့ကြောင့် ဤနေရာက ကာလရှည်တစ်ယောက်တည်းကျင့်ကြံရန် သင့်တော်ပြီး အခြားသူများ နှောက်ယှက်ခြင်းမှ ကင်းဝေးသည်။
ကျောက်တုံးသစ်တောက လူသူလည်းကင်းမဲ့သည့်ဖြစ်ရာ အန္တရယ်ချဉ်းကပ်လာသည်နှင့် ကျန်းလန်အနေဖြင့် ချက်ချင်းသိရှိနိုင်သည်။ ထို့ကြောင့် ကျန်းလန်က ထိုနေရာတွင် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ကျောက်တုံးသစ်တောက အလွန်ဝေးကွာလေရာ ကျန်းလန်က အမြန်ဆုံးအရှိန်ဖြင့် ခရီးနှင်ခဲ့သည့်တိုင် အချိန် (၆)လခန့် ကြာမြင့်ခဲ့သည်။
သူက ဓားကိုစီးနှင်ပျံသန်းလာခြင်း ဖြစ်သောကြောင့် အလွန်အကျွံအာရုံစိုက်ရန် မလိုအပ်သည့်အတွက် ခရီးနှင်ရင်း စာအုပ်အချို့ကို ဖတ်ရှုနိုင်ခဲ့သည်။ ထို့ကြောင့် အချိန်ဖြုန်းသလို မဖြစ်တော့ပေ။
ရံဖန်ရံခါ သူက တောင်နှင့်မြစ်ရေများကို ကြည့်ရှုရင်း သဘာဝတရား၏ စွမ်းအားများကို ခံစားသည်။ သဘာဝတရားမှ တာအိုကိုနားလည်ရန်လည်း ကြိုးစားနိုင်သည် မဟုတ်ပါလား။
အစပိုင်းတွင် ကျန်းလန်က လူသူနည်းပါးသည့် လမ်းကြောင်းမှ သွားလိုသော်လည်း ကျိုးပေါ်ပြောသလို သဘာဝဘေးအန္တရယ်များ အမှန်တကယ်ဖြစ်ပေါ်နေခြင်း ရှိ မရှိ သိလိုသောကြောင့် လူအများနေထိုင်သည့် မြို့ရွာများကို ရံဖန်ရံခါ ဖြတ်ကျော်ပျံသန်းသွားတတ်သည်။
သို့သော် သူက မြို့ရွာများ၏ အစွန်အဖျားမှ ပျံသန်းသွားခြင်း ဖြစ်လေရာ မြို့ထဲမှလူအများက သူ့ကို သတိမပြုမိခဲ့ကြပေ။ အနည်းဆုံး မြို့ထဲတွင် တန်ခိုးစွမ်းအားရှင်များ ရှိနေမည်ဆိုလျှင် သူတို့ကို စော်ကားသလို မဖြစ်တော့သည့်အတွက် ကျန်းလန်အတွက်လည်း အန္တရယ်ကင်းသည်ဟု ဆိုနိုင်သည်။
မြို့ရွာအနည်းငယ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် သဘာဝဘေးအန္တရယ်များ သိပ်မရှိကြောင်း သဘောပေါက်ခဲ့သည်။
သို့ဆိုလျှင် ကျိုးပေါ်ပြောသည်မှာ မမှန်ဘူးလား။ သို့မဟုတ် လူအများ သဘာဝဘေးအန္တရယ်နှင့် ရင်ဆိုင်နေရသည်ဟု ထင်ယောင်ထင်မှားဖြစ်စေရန် ထိုသူက တမင်သက်သက် သတင်လွှင့်ခြင်းလား။
"ဖြစ်တော့ မဖြစ်နိုင်ပါဘူး"
ကျန်းလန် တွေးလိုက်သည်။
သူ ဖြတ်သန်းသွားလာသည့် နေရာများက ခွန်လွန်တောင်နှင့် နီးသောကြောင့် သဘာဝဘေးအန္တရယ်များ မခံစားရခြင်း ဖြစ်နိုင်သည်။
ကျန်းလန်သည် ထိုအကြောင်းကို သိပ်မစဉ်းစားတော့ဘဲ လူမရှိသည့် ကျောက်တုံးသစ်တောဆီသို့ ဆက်သွားခဲ့သည်။ နောက်ပိုင်းခရီးစဉ်က လူသူနည်းပါးပြီး အလွန်အန္တရယ်များခဲ့သည်။
ထိုနေရာတွင် အင်မော်တယ်များ ကျက်စားသည့် ခြေရာများလည်း မတွေ့ရပေ။ မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ဆိုသည်က အားနည်းသည်ဟု မသတ်မှတ်နိုင်ပေ။
သို့သော် ကျယ်ပြန့်သည့် လောကကြီးတွင် တန်ခိုးစွမ်းအားမြင့်မားသူများ မရေမတွက်နိုင်အောင် များပြားလွန်းသည်။ သူ၏ လုံခြုံမှုကို ဖြစ်နိုင်ခြေဖြင့် ဆုံးဖြတ်မရနိုင်ပေ။
ရန်သူနှင့် မတွေ့ဆုံရန်က (၉၀) ရာနှုန်းသေချာသည်ဆိုလျှင်တောင်မှ ကျန်ရှိသည့် (၁၀)ရာခိုင်နှုန်းအတွက် သတိထားရမည ် ဖြစ်သည်။
အချိန် (၆)လ ကြာပြီးနောက်…
ကျန်းလန် ဓားကို စီးနှင်ခြင်းကို ရပ်တန့်လိုက်သည်။
သူက လူသူကင်းမဲ့သည့် ကျောက်တုံးသစ်တောရှေ့တွင် မတ်တတ်ရပ်လျှက် ရှိသည်။
"ဒီနေရာက ကျယ်ပြန့်တယ် ၊ ချီစွမ်းအားနည်းပါးတယ် ၊ ပတ်ဝန်းကျင်ကတော့ အတော်လေး ကြမ်းတမ်းတာပဲ"
ထိုနေရာတွင် များစွာသော ဧရာမ ကျောက်တုံးကြီးများရှိနေသည့်တိုင် အစီအရင်များ ပြုလုပ်ထားသည့် လက္ခဏာမရှိပေ။
"ကျောက်တုံးကြီးပေါ်မှာ အင်းသင်္ကေတတွေ ၊ ရှေးဟောင်းကျောက်စာတွေ မရှိဘူး ၊ ကြည့်ရတာ ဘာလျှို့ဝှက်ချက်မှ ရှိပုံမပေါ်ဘူး"
အတွေးနှင့်အတူ ကျန်းလန် လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ့လက်ထဲတွင် လုန်ယွိ၏ ဆောင်းဝိညာဉ်ဓား ထွက်ပေါ်လာသည်။
ကြည်ပြာရောင်ဓားမှ အရာအားလုံးကို ပျက်စီးသွားစေနိုင်သည့် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကျန်းလန်က ဓားဖြင့် ဧကရာမကျောက်တုံးကြီးတစ်ခုကို ခုတ်ပိုင်းချလိုက်လေ၏။
"ဘုန်း…"
ကျောက်တုံးကြီး ထက်ခြမ်းကွဲအက်သွားသည်။
ကျန်းလန် ဧရာမကျောက်တုံးကြီးအနားသို့ တိုးကပ်သွားပြီး ဂရုတစိုက်လေ့လာလိုက်သည်။ မည်သည့်လျှို့ဝှက်ချက်မှ မရှိသော သာမန်ကျောက်တုံးတစ်တုံးသားဖြစ်ကြောင်း နားလည်လိုက်သည်။
"သူ့ဖြစ်တည်မှုအကြောင်းရင်းကို မသိပေမယ့် ဘာလျှို့ဝှက်ချက်မှတော့ မရှိဘူးပဲ ၊ ဒါဆိုရင်တော့ ဒီနေရာက ငါ နေဖို့သင့်တော်တယ်"
ကျောက်တုံးသစ်တောထဲတွင် ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်များ ရှိနေမည်ဆိုလျှင် အန္တရယ်သည်လည်း ကပ်လျှက်ပါလာမည် ဖြစ်သည်။
အချို့သူများက လူသူအရောက်အပေါက်နည်းသည့်နေရာများသို့ ရတနာပစ္စည်းများနှင့် အခြားသောလျှို့ဝှက်ချက်များအတွက် ရောက်လာတတ်ကြပြီး ဧရာမကျောက်တုံးကြီးများဖြင့် အစီအရင်အမှတ်အသား ပြုလုပ်ထားတတ်ကြသည်။
မစူးစမ်းမဆင်ခြင်ပဲ ထိုသို့သောနေရာမျိုးတွင် နေထိုင်မိမည်ဆိုလျှင် ထိုသူများ ရောက်လာသည့်အခါ သူ့ကို ရှာတွေ့သွားပြီး ဒုက္ခရောက်စေမည် ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် မည်သည့်လျှို့ဝှက်ချက်မှ မရှိသည်မှာ သေချာကြောင်း အတည်ပြုရန် လိုအပ်သည်။
ဤနေရာတွင် ဖုံးကွယ်ထားသည့် လျှို့ဝျက်ချက်တစ်ခုခု ရှိနေပါက သူ ချက်ချင်းလှည့်ထွက်သွားမည် ဖြစ်သည်။
လက်ရှိတွင် သူက မည်သည့်အရာမှ ချို့တဲ့ခြင်း မရှိလေရာ မည်သည့်ရတနာပစ္စည်း ၊ မည်သည့်အခွင့်အရေးကိုမှ မက်မောစရာ မရှိပေ။
ထို့ပြင် နှစ်ပေါင်းအသင်္ချေကြာသည့်တိုင် မည်သူမှ ရယူခြင်းမရှိသည့် အခွင့်အရေးမျိုးနှင့် တွေ့ကြုံရပါကလည်း ထိုသို့သော အခွင့်အရေးမျိုးကို အန္တရယ်ဟုသာ မှတ်ယူနိုင်သည်။ ကံကောင်းစွာပင် ထိုသို့သော ကိစ္စမျိုးလည်း ကျောက်တုံးသစ်တောထဲတွင် ရှိမနေခဲ့ပေ။
ထို့နောက်…
ကျန်းလန် ကျောက်တုံးသစ်တောထဲသို့ ဝင်လာသည်။
ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည့်အခါ ရက်စက်ကြမ်းတမ်းသည့် သားရဲအချို့ကို တွေ့လိုက်ရသည်။ သူတို့က အလွန်တရာ စွမ်းအားမြင့်မားကြသည်။
အချို့ဆိုလျှင် အစစ်အမှန်အင်မော်တယ်အဆင့် သားရဲများ ဖြစ်ကြသည်။
သို့သော် ဤသည်က မထူးဆန်းပေ။ အချို့သောဒေသများတွင်ဆိုလျှင် တာ့လော်အင်မော်တယ်အဆင့် သားရဲများပင် ရှိကြသည်ဟု အဆိုရှိ၏။
ကျန်းလန်ကတော့ ထိုသားရဲများကို မနှောက်ယှက်ဘဲ အဝေးမှပင် ရှောင်ကွင်းသွားခဲ့သည်။
မကြာမီ ကျောက်စရစ်ခဲများဖြင့် ပြည့်နက်နေသော်လည်း ကျယ်ပြန့်သည့် နေရာတစ်ခုသို့ ကျန်းလန် ရောက်ရှိလာသည်။ ကျောက်စရစ်ခဲများသာမက အတန်ငယ်ကြီးမားသည့် သဘာဝကျောက်တုံးကြီးများလည်း ရှိသည်။
ဤနေရာတွင် အစီအရင်များကို တည်ဆောက်ရန်အဆင်ပြေသည်။
အချိန် (၁)လခန့် ကြာပြီးနောက် ကျန်းလန်က သင့်တော်သည့် အစီအရင်များကို ပြုလုပ်ပြီး ဧရိယာတစ်ခုလုံးကို ဖုံးကွယ်ထားလိုက်သည်။
သူ ပြုလုပ်ထားသည့် အစီအရင်များမှာ အများအားဖြင့် ဖုံးကွယ်ထားသည့် အစီအရင်များဖြစ်ကြသည်။
ထို့ပြင် အနီးအနားရှိ ကျောက်တုံးများကို အသုံးပြုပြီး ဝင်္ကပါအစီအရင်တစ်ခုကိုလည်း ပြုလုပ်ထားသည်။ ဝင်္ကပါကို သဘာဝအတိုင်းဖြစ်တည်နေသည့် ပုံစံမျိုးဖြစ်အောင် ပြုပြင်ထား၏။
ဤနည်းအားဖြင့် သူ ရှိနေသည့်နေရာကို ပစ်မှတ်ထားရန် လွယ်ကူမည် မဟုတ်ပေ။
ထို့နောက် သူကတော့ မြေကြီးအောက်တွင် တွင်းတူးကာ ပုန်းအောင်းနေခဲ့သည်။
မြောအောက်တွင်လည်း ကြီးမားသည့် ကျောက်တုံးကြီးများကို တွေ့ရှိရသည်။ ကျန်းလန်က အန္တရယ်ကင်းစေရန်အတွက် ထိုကျောက်တုံးကြီးများကို စေ့စေ့စပ်စပ် ရှာဖွေခဲ့သော်လည်း ထူးခြားချက်တစ်စုံတစ်ရ မတွေ့ခဲ့ရပေ။
အားလုံးစိတ်ချရပြီဆိုသည့်အခါ ကျန်းလန် ကျင့်ကြံခြင်းကို စတင်လိုက်သည်။
ယခုတစ်ကြိမ် သူ၏အဓိကပန်းတိုင်မှာ မဟာတာအိုကို နားလည်ခြင်း ပြီးပြည့်စုံစေပြီး သူ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို မိုးနဲ့မြေ အသိအမှတ်ပြုမှု ရယူရန် ဖြစ်သည်။ သို့မှသာ တာ့လော်အင်မော်တယ်အဆင့်သို့ချောမွေ့စွာ ဝင်ရောက်နိုင်မည်ဖြစ်၏။
ထို့နောက် ရွှေခန္ဓာကျင့်စဉ်ကိုလည်း ပြီးပြည့်စုံအောင် ကျင့်ကြံရဦးမည် ဖြစ်သည်။
သူ၏ကိုယ်ပိုင်တာအိုလမ်းစဉ်ကို မိုးနဲ့မြေအသိအမှတ်ပြုမှု ရယူရန်မှာ တိကျသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သောကြောင့် အချိန်ကြာမြင့်နိုင်သည်။
ထို့ကြောင့် သူက (၁၀) နှစ်ခန့်ကြာမှ ခွန်လွန်တောင်သို့ ပြန်ရန် စီစဉ်ထားသည်။ (၁၀)နှစ်ဆိုသည့်အချိန်က လုံလောက်မည်ဟုလည်း သူ မျှော်လင့်ထားသည်။
မဟာတာအိုကို ပြီးပြည့်စုံစွာ နားလည်သဘောပေါက်ရန်မှာ အလွန်အရေးကြီးသည်။ တစ်ချက်ပင် အမှားအယွင်းခံ၍ မဖြစ်ပေ။
တစ်ခုခု မှားယွင်းသွားပါက အချိန်များ အလဟသ ဖြုန်းတီးသလို ဖြစ်မည့်အပြင် အချိန်များလည်း ပိုမိုကြန့်ကြာရပေလိမ့်မည်။