ခွန်လွန်သူလျှိုစာရင်း
Vol. 20 Ch. 269
အခန်း (၂၆၉) ခွန်လွန်သူလျှိုစာရင်း
"ဂိုဏ်းတူအစ်ကို ကျိချိုး"
ကျန်းလန်က မက်မွန်ဝင်္ကပါအစီအရင်ကို ရပ်တန့်စေလိုက်ပြီး ကျိချိုးရှေ့သို့ ရောက်လာသည်။
"မက်မွန်ဝင်္ကပါအစီအရင်က အတော်လေး စွမ်းအားမြင့်မားတာပဲ ၊ ဂိုဏ်းတူညီလေး လုပ်ထားတာလား"
ကျိချိုးက ကျန်းလန်ကိုတွေ့သည်နှင့် မေးလိုက်သည်။
ကျန်းလန်က တိုးလျသည့်လေသံဖြင့်…
"ဂိုဏ်းတူအစ်ကိုရှေ့မှာ စိုးရွံ့မိပါတယ်"
ကျိချိုးက…
"ဂိုဏ်းတူညီလေးက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေပြန်ပါပြီ"
ထို့နောက် ကျိချိုးက စာရွက်တစ်ရွက်ထုတ်ယူလိုက်ပြီး ကျန်းလန်ကို ကမ်းပေးလာသည်။
"ဒါက နာမည်စာရင်းပါ ၊ ဂိုဏ်းတူညီလေးက ဆရာဦးလေးမော့ကျန်းသုန့်ကို ပေးစေချင်ပါတယ်"
ကျန်းလန်က နာမည်စာရင်းစာရွက်ကို အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။
"ဘာ နာမည်စာရင်းလဲ"
သူ ခဏမျှ စဉ်းစားနေမိသည်။
ခွန်လွန်တောင်တွင် လတ်တလော မည်သည့်ပြဿနာမှ မရှိပေ။
ထို့ပြင် တပည့်များအတွက်ရည်ရွယ်သည့် ပြင်ပခရီးစဉ် ရှိသည်ဟုလည်း သတင်းမကြားမိပေ။ မဟုတ်ပါက ဆရာဖြစ်သူက သေချာပေါက် သူ့ကို အကြောင်းကြားမည် ဖြစ်သည်။
ကျိချိုးက…
"ဂိုဏ်းတူညီလေး… ကျုပ်တို့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့ နေ့ရက်ကို မှတ်မိသေးလား"
နဝမတောင်ထွတ်သို့မရောက်ခင်တောအုပ်ထဲတွင် သူလျှိုများကို သတ်ဖြတ်နေစဉ် သူနှင့် ကျိချိုးတို့ တွေ့ဆုံခဲ့ရသည် မဟုတ်လား။
သို့ဆိုလျှင် ဤနာမည်စာရင်းက…
ကျန်းလန်က သူ့စိတ်ထဲမှ သံသယများကို အသံထွက်ပြီး ဖွင့်ဟမမေးမြန်းခင်မှာ ကျိချိုးက စကားဆိုလာသည်။
"ဟုတ်တယ် ၊ အခု ဂိုဏ်းတူညီလေး စိတ်ထဲက တွေးနေတဲ့အတိုင်းပဲ"
ထို့နောက် ကျိချိုးက ပြန်ရန်ဟန်ပြင်လိုက်သည်။
"ဂိုဏ်းတူညီလေး… ဆရာဦးလေးမော့ကျန်းသုန့်ကို ဒီနာမည်စာရင်းပေးဖို့ မမေ့နဲ့နော် ၊ သြော်… ပြီးတော့ မင်းလည်း ဒီနာမည်စာရင်းကို ဖွင့်ကြည့်လို့ရတယ် ၊ မင်းဆီကို ပေးခဲ့တယ်ဆိုမှတော့ မင်းလည်း သိခွင့်ရှိတယ်လေ"
ကျန်းလန်က…
"အခုလို အသိပေးတာ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို"
ကျိချိုးကို လိုက်ပို့ပေးပြီးနောက် နာမည်စာရင်းကို ဆရာဖြစ်သူအားပေးရန် နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။
လမ်းတွင် နာမည်စာရင်းစာရွက်ကို ဖွင့်ကြည့်လိုက်၏။
နာမည်စာရင်းကို တစ်ချက်ကြည့်လိုက်သည်နှင့် ကျန်းလန်၏မျက်ဝန်းအိမ်များ ပြူးကျယ်သွားရသည်။ ထိုနာမည်စာရင်းက သူမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသည်။
စာရွက်ပေါ်တွင် လူပေါင်း (၂၀၀) နီးပါး၏ အမည်များကို ရေးသားထားပြီး တစ်ယောက်ချင်းစီ၏ ယေဘူယျမှတ်ချက်များကိုလည်း ရေးသားထားသည်။
ထိုမှတ်ချက်များက ကျန်းလန်ကို အံ့အားသင့်စေခြင်း ဖြစ်သည်။
အမှတ်စဉ် (၁) ပထမတောင်ထွတ်မှ ယောင်ကျင်း (အသစ်ရောက်လာသူ ၊ သွေးဆာနေသူ ၊ ရှင်းပစ်ရန်)
အမှတ်စဉ် (၂) ပထမတောင်ထွတ်မှ ကန်းလင် (အသစ်ရောက်လာသူ ၊ ကိုယ့်ကိုယ်ကိုဖုံးကွယ်နိုင်စွမ်း နည်းပါးသူ ၊ ရှင်းပစ်ရန်)
……
အမှတ်စဉ် (၃၄) တတိယတောင်ထွတ်မှ လျိုစူး (အခြားတပည့်များကို လိုက်နှောက်ယှက် ၊ ရှင်းပစ်ရန်)
အမှတ်စဉ် (၃၅) တတိယတောင်ထွတ်မှ ပြယ်လင်း (တပည့်းများနှင့်အမြဲတမ်းပြဿနာတက်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်းမရှိ ၊ ရှင်းပစ်ရန်)
……
အမှတ်စဉ် (၇၆) စတုတ္ထတောင်ထွတ်မှ ကျောက်မော် (နှစ်ပေါင်း (၃၀၀)ကျော် ဂိုဏ်းထဲမှာ သူလျှိုလုပ်နေသူ ၊ ဘာမှအသုံးမဝင်တော့သဖြင့် ရှင်းပစ်ရန်)
အမှတ်စဉ် (၇၇) စတုတ္ထတောင်ထွတ်မှ ယွိယန် (ဂိုဏ်းကိုထိခိုက်စေခြင်းမရှိသေး ၊ တည်တည်ငြိမ်ငြိမ်ရှိသည် ၊ ဗဟုသုတနှင့်ပြည့်ပြီးသတင်းရယူမှုကောင်းသည် ၊ အင်အားကြီးအုပ်စုများမှ သတင်းများကို မကြာခဏ တပည့်များအလယ် ဖြန့်ဝေပေးလေ့ရှိသည် ၊ မရှင်းပစ်သေးဘဲ ယာယီခဏထားရန်)
……
အမှတ်စဉ် (၁၃၅) ဆဋ္ဌမတေင်ထွတ်မှ ယိုလီ (တပည့်များအချင်းချင်းတိုက်ခိုက်မှုဖြစ်အောင် သွေးထိုးလှုံ့ဆော်ပြီး သူလျှိုဖြစ်ကြောင်း သိသာအောင် နေထိုင်သည် ၊ ရှင်းပစ်ရန်)
အမှတ်စဉ် (၁၅၆) ဆဋ္ဌမတောင်ထွတ်မှ ဖန်းချန် (ကျောက်စိမ်းရေကန်နတ်ဘုရားမကို လုပ်ကြံသတ်ဖြတ်ရန်ရောက်လာသူ ၊ ချက်ချင်းရှင်းပစ်ရန်)
……
ကျန်းလန်နောက်ဆုံးရှိ နာမည်အနည်းငယ်ကို ကြည့်လိုက်သည်။
အမှတ်စဉ် (၁၈၈) အဋ္ဌမတောင်ထွတ်မှ လီချန် (နတ်လူသားမျိုးနွယ်များမှ စေလွှတ်ထားသည့်သူလျှို ၊ ပျောက်ဆုံးနေသူ ၊ အသတ်ခံရခြင်းဖြစ်နိုင်ခြေရှိသည်)
အမှတ်စဉ် (၁၉၀) ဆဋ္ဌမတောင်ထွတ်မှ ဝေ့ဟွာ (မြေအောက်နတ်ဆိုးမျိုးနွယ်များမှ စေလွှတ်ထားသည့် သူလျှို ၊ ပျောက်ဆုံးနေသူ ၊ ထွက်ပြေးသွားဖွယ်ရှိသည်)
……
နာမည်စာရင်းကိုဖတ်ပြီးသည်နှင့် ကျန်းလန်မှာ ဇောချွေးများပင်ပျံလာသည်။
ဒုတိယတောင်ထွတ်က ပေါ့သေးသေးမဟုတ်ပေ။ အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းသည်။
သူလျှိုစာရင်းထဲတွင် သူ့နာမည်များ ပါနေမည်လားဟု စိုးရိမ်ကာ နာမည်စာရင်းကို ကျန်းလန် နောက်တစ်ခေါက် ထပ်ဖတ်လိုက်သည်။
သူလုပ်ခဲ့သမျှ လုပ်ရပ်များအားလုံးကို ဒုတိယတောင်ထွတ်က သိရှိနေမည်လား။ ရှေ့လျှောက် သူ ပိုပြီးသတိထားရမည် ဖြစ်သည်။
အမှန်တော့ ခွန်လွန်တောင်တွင် သူလျှိုများ ရှိနေခြင်းမှာ ခွန်လွန်တောင်က မသိသောကြောင့် မဟုတ်ပေ။ အစကတည်း သိနေပါလျှက် တမင်သက်သက် လွှတ်ပေးထားသောကြောင့် ဖြစ်ကြောင်း ကျန်းလန် နားလည်သွားခဲ့သည်။
ထို့ပြင် အရည်အချင်း မပြည့်မီသည့် သူလျှိုများကို ခွန်လွန်တောင်က ရှင်းပစ်လေ့ရှိသည်။
ခံနိုင်ရည်မရှိသူများ ၊ ဇွဲလုံ့လမရှိသူများနှင့် ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သူများကို ဂိုဏ်းအတွင်း ဝင်ရောက်လာသည်နှင့် ရှင်းပစ်လိုက်သည်ပဲ ဖြစ်သည်။
ထိုသူများအတွက် အခွင့်အရေး လုံးဝမရှိပေ။
ကျန်းလန်တွေးမိသည်မှာ အစကတည်းက ရှင်းပစ်ရန် ရည်ရွယ်ထားလျှင် အဘယ့်ကြောင့် ခွန်လွန်တောင်သို့ ဝင်ခွင့်ပြုနေရပါသနည်း။
သူလျှိုများစာရင်းတွင် ရှောင်ယွိကို လုပ်ကြံသတ်ဖြတ်လိုသူပင် ပါဝင်နေသေးသည်။
ခွန်လွန်တောင်က အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု ရုတ်ချည်းပင် ကျန်းလန် ခံစားလိုက်ရသည်။
အမှန်တော့ ဘာတိုက်ခိုက်မှုမှ လုပ်စရာမလိုဘဲ နတ်ဘုရားရာထူးတစ်ခု ရရှိလိုက်သည်မှာ သာမန်အသိဖြင့် နားလည်နိုင်သောအရာမဟုတ်ခဲ့ပေ။
သို့ဆိုလျှင် အဘယ့်ကြောင့် သူက ထိုနတ်ဘုရားရာထူးကို ရရှိခဲ့ပါသနည်း။ ထိုကိစ္စက ဧကရာဇ်ရှီးဟယ်ဆိုသူနှင့် ဆက်စပ်နေသည်လား။
ဤသည်လည်း ခွန်လွန်တောင်မှ ထိန်းချုပ်နိုင်ခြင်း တစ်ခုပေပဲလား။ ကျန်းလန် ခန့်မှန်း၍ မရနိုင်ပေ။
ထို့နောက် သူက နတ်လူသားမျိုးနွယ်မှ စေလွှတ်လိုက်သော သူလျှို၏အမည်ကို ကျန်းလန် ကြည့်လိုက်သည်။ နတ်လူသားမျိုးနွယ်ဆိုလျှင် သူ့အကြောင်းစုံစမ်းရန် ရောက်လာသူ ဖြစ်နိုင်သောကြောင့် ကျန်းလန် အနည်းငယ် အကဲဆတ်မိသည်။
သို့သော် မည်သူသတ်လိုက်သည်လဲမသိ ၊ ထိုသူက အသတ်ခံလိုက်ရပြီ ဖြစ်၏။
ယခင်က ကျန်းလန်ကိုယ်တိုင်လည်း နတ်လူသားမျိုးနွယ် သူလျှိုများကို သတ်ဖြတ်ပစ်ခဲ့ဖူးသည်။ သို့သော် ခွန်လွန်တောင်က ယခုကဲ့သို့ သူလျှိုများကို စနစ်တကျ မှတ်တမ်းတင်ထားသည်ကို သူ မသိခဲ့ပေ။
ဒုတိယတောင်ထွတ်က သူ့ကို သံသယဝင်ကာ စောင့်ကြည့်မနေသောကြောင့် ကျေးဇူးတင်ရပေမည်။ မဟုတ်ပါက သူ့အတွက် အလွန်ကြောက်မက်ဖွယ်ရာကောင်းပေလိမ့်မည်။
ယခုတော့ နာမည်စာရင်းထဲတွင် သူမပါဝင်လေရာ ဒုတိယတောင်ထွတ်က သူကို ပစ်မှတ်မထားသည်မှာ သေချာသည်။ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေလျှင် ကျန်းလန်က သေချာပေါက် သိရှိမည် ဖြစ်သည်။
ဧကရာဇ်ရှီးဟယ် သူ့ကိုကြည့်နေလျှင်တောင်မှ သူက အာရုံခံနိုင်လေရာ အခြားသူများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
သူ့တွင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားအပြင် ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကိုပါ ပိုင်ဆိုင်ထားလေသည်။
ကျန်းလန် အသက်တစ်ချက် ရှူထုတ်လိုက်သည်။
ခွန်လွန်တောင်က သူထင်ထားသလို ရိုးရှင်းခြင်း မရှိပေ။ ထို့ကြောင့် ကိစ္စရပ်အတော်များများကို သူ နားမလည်နိုင်ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် တန်ခိုးစွမ်းအား မြင့်မားလာအောင် ကျင့်ကြံရန်သာ လိုအပ်သည်။
ဆရာဖြစ်သူကို ကျော်မတက်ခင် ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့် မည်မျှရှိသည်လဲ သိရှိအောင် ကြိုးစားရပေမည်။
ထို့နောက်တွင်တော့ အရာအားလုံး လွယ်ကူသွားပေလိမ့်မည်။
***
ကျန်းလန်က လက်ထဲမှ နာမည်စာရင်းစာရွက်ကို ဆရာဖြစ်သူထံ ပေးလိုက်သည်။
"ဆရာ ၊ ဒုတိယတောင်ထွတ်ကပို့လိုက်တဲ့ နာမည်စာရင်းပါ"
မော့ကျန်းသုန့်က ကျန်းလန်ပေးလာသည့်စာရွက်ကို တစ်ချက်မျှသာကြည့်လိုက်ပြီး အာရုံမထားပေ။
"မင်းရော ကြည့်ပြီးပြီလား"
ကျန်းလန်က…
"ကြည့်ပြီးပါပြီ ဆရာ"
မော့ကျန်းသုန့်က …
"ဒါဖြင့် ဘာပြောစရာရှိလဲ"
ကျန်းလန် ခေါင်းခါယမ်းရင်း…
"မရှိပါဘူး…"
သူက နာမည်စာရင်းထဲမှ တစ်ယောက်တစ်လေကိုမှ မသိရှိပေ။ ထို့ကြောင့် ပြောစရာစကားလည်း မရှိပေ။
မော့ကျန်းသုန့်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ နာမည်စာရင်းက ချက်ချင်းပင် မီးလောင်ကျွမ်းသွားပြီး ပြာအတိကျသွားသည်။
မော့ကျန်းသုန့်က ကျန်းလန်ကိုကြည့်လိုက်ပြီး…
"မင်းမှာ မေးစရာတစ်ခုခုများ ရှိသလား"
နာမည်စာရင်းနှင့်ပတ်သက်ပြီး သူသိချင်တာရှိလျှင် မေးမြန်းနိုင်ကြောင်း ဆရာဖြစ်သူက လမ်းဖွင့်ပေးခြင်း ဖြစ်သည်။
ကျန်းလန်လည်း စိတ်ထဲရှိသည့်အတိုင်းပင် မေးလိုက်၏။
"သူလျှိုတွေမှန်းသိရက်နဲ့ ဘာလို့ ခွန်လွန်တောင်က ဂိုဏ်းထဲဝင်ခွင့်ပြုထားတာလဲ"
ကျန်းလန်က သူလျှိုများကြောင့် သူ အန္တရယ်တစ်ခုခု ကျရောက်မည်ကိုလည်း စိုးရိမ်ခြင်း မရှိပေ။
သူလျှိုများမရှိလည်း အန္တရယ်များကတော့ ပျောက်ကွယ်သွားမည်မဟုတ်ဘဲ အစဉ်အမြဲ ရှိနေမည်သာပင်။
လောကတွင် လူများရှိနေသရွေ့ တိုက်ပွဲများလည်း ရှိနေမည်ဖြစ်ပြီး တန်ခိုးစွမ်းအားမြင့်မားသူများကသာ အသက်ရှင်သန်နိုင်မည် ဖြစ်သည်။
လူတိုင်းတွင် မတူညီသည့် ကိုယ်ရည်ကိုယ်သွေးများနှင့် မတူညီသော စိတ်နေစိတ်ထားများ ရှိကြပြီး မတူညီသည့် ရွေးခြယ်မှုများကို ပြုလုပ်ကြစမြဲ ဖြစ်သည်။
အန္တရယ်နှင့်ပတ်သက်သည့် အယူအဆကတော့ အတွေးတစ်ချက်အပေါ်တွင်သာ မူတည်သည်။
မော့ကျန်းသုန့်က…
"ဒီကိစ္စကတော့ အတော်လေး ရှုတ်ထွေးတယ် ၊ မင်း ကျင့်ကြံခြင်းအဆင့်မြင့်မားလာရင် နားလည်လာပါလိမ့်မယ်"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
သူကလည်း ဤကိစ္စကို အရမ်းကာရော သိချင်မနေပေ။
သူ့အနေဖြင့် တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာအောင်သာ ကျင့်ကြံရမည် ဖြစ်ပြီး တန်ခိုးစွမ်းအားမြင့်မားလာသည်နှင့်အမျှ သိသင့်သိထိုက်သည်များကို သိလာပေလိမ့်မည်။
ယခု သူလျှိုများကိစ္စကဲ့သို့ပင် ဖြစ်သည်။
အရင်က ခွန်လွန်တောင်တွင် သူလျှိုများစွာ ရှိနေသည်ဟုသာ သိရှိထားခဲ့သော်လည်း ယခုတော့ ထိုသူလျှိုများနှင့်ပတ်သက်သည့် အကြမ်းဖျင်းအကြောင်းအရာအချို့ကို နားလည်ခဲ့ရပြီ မဟုတ်ပါလား။
***
ကျန်းလန် နဝမတောင်ထွတ်အစွန်းမှ ပြန်လာခဲ့သည်။
ဒုတိယတောင်ထွတ်က သူလျှိုများကို ရှင်းလင်းခြင်းလုပ်ငန်း စတင်တော့မည် ဖြစ်သောကြောင့် ကျန်းလန် နဝမတောင်ထွတ်မှ မထွက်ခွာတော့ရန် ဆုံးဖြတ်လိုက်သည်။
နဝမတောင်ထွတ်သို့လာရာလမ်းတွင် ဖြတ်သန်းသွားလာရသည့်တောအုပ်သည် ခွန်လွန်တောင်၏ မိစ္ဆာလိုက်နယ်မြေတစ်ခု ဖြစ်လာပေတော့မည်။
ထို့ကြောင့် ကျန်းလန်အတွက် နဝမတောင်ထွတ်တွင်နေထိုင်ခြင်းကသာ အန္တရယ်ကင်းလေသည်။
ဤကာလအတွင်း အေးအေးဆေးဆေး ကျင့်ကြံရင်း နတ်ဘုရားရာထူးကို ဖယ်ရှားနိုင်မည်လား ၊ သို့မဟုတ် မည်သို့ ကာကွယ်ထားရမည်လဲဆိုသည်ကို စဉ်းစားရမည် ဖြစ်သည်။
နေ့အချိန်များတွင် ကျန်းလန် ခြံဝန်းထဲတွင် နေထိုင်ရင်း မျက်လုံးများကို မှိတ်ကာ သူ့ခန္ဓာကိုယ်ကို အာရုံခံကြည့်သည်။
နတ်ဘုရားရာထူးနှင့် သူ့ခန္ဓာကိုယ်ကြားဆက်စပ်နေမှုကို နားလည်ရန် ကြိုးစားနေခြင်းဖြစ်၏။ ထိုအချက်ကို နားလည်မှသာ နတ်ဘုရားရာထူးနှင့် သူ့ခန္ဓာကိုယ်ပေါင်းစပ်ထားသည်ကို မည်သို့ထိန်းချုပ်ရမည်ဖြစ်ကြောင်း သိရှိမည် ဖြစ်သည်။
ထို့နောက်တွင်တော့ နတ်ဘုရားရာထူးကို ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားဖြင့် ဖုံးကွယ်ရန် ကြိုးစားရပေမည်။
ညအချိန်တွင်တော့ ကျန်းလန်က ပုံမှန်အတိုင်း ကျင့်ကြံလေ့ရှိသည်။ ယခုဆိုလျှင်သူ၏ ကျင့်ကြံခြင်းက အရင်ကထက် အဆမတန် ပိုမိုလျှင်မြန်နေလေသည်။
လက်ရှိတွင် သူ ဂိုဏ်းထဲသို့ရောက်သည်မှာ နှစ်ပေါင်း (၃၁၀) ရှိပြီ ဖြစ်၏။
အစစအရာရာအဆင်ပြေမည်ဆိုလျှင် နောက်ထပ် နှစ်ပေါင်း(၈၀)အကြာတွင် မိုးကောင်းကင်အင်မော်တယ် ဖြစ်လာတော့မည် ဖြစ်သည်။
***
မျက်စိတစ်မှိတ်အတွင်း အချိန် (၃)လ ကုန်ဆုံးသွားသည်။
အရုဏ်မတက်ခင်အချိန်…
ကျန်းလန် ကျင့်ကြံခြင်းပြီးဆုံးခါနီးမှာပင် အစီအရင်မှ တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် တုံ့ပြန်မှုက ချက်ချင်းပြန်လည် ပျောက်ကွယ်သွားသည်။
ကျန်းလန်သည်လည်း ချက်ချင်းပင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
"တစ်ယောက်ယောက်က ငါ့ကို အာရုံခံပြီး ကြည့်နေပြန်ပြီလား"
ကျန်းလန် အာရုံစိုက်ကြည့်လိုက်သည့်အခါ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်က သူ၏တည်နေရာကို ရှာဖွေရန်ကြိုးစားနေကြောင်း သိလိုက်ရသည်။
"အင်း… ဖြစ်လာမှာတွေကတော့ ရှောင်လွှဲလို့မရဘူး"
ဟု ကျန်းလန်တွေးလိုက်မိ၏။