← Chapters

ဇာမဏီမျိုးနွယ်များကို အနိုင်ယူရန်

Vol. 17 Ch. 229

ဇာမဏီမျိုးနွယ်များကို အနိုင်ယူရန်

Vol. 17 Ch. 229

အခန်း (၂၂၉) ဇာမဏီမျိုးနွယ်များကို အနိုင်ယူရန်

လုန်မန် ခေါင်းကျိန်းသွားတော့သည်။

လုန်ရဲ့က "မမူးသေး" ဟု ပြောလျှင် သေချာပေါက် သေရည်မူးနေပြီဟု ဆိုလိုက်ခြင်းပင်။

သေရည်သောက်ခြင်းက အမှန်တကယ်ပင် ကြောက်စရာကောင်းလှ၏။ သို့သော် လုန်ရဲ့ကိုလည်း ခေါ်ထုတ်မသွားနိုင်လေရာ လုန်မန် နေရာတွင်ပင် ပြန်ထိုင်လိုက်ပြီး မည်သည့်ပြဿနာမှ မဖြစ်ပါစေကြောင်း ဆုတောင်းလိုက်မိတော့သည်။

လုန်ရဲ့က နောက်ထပ်သေရည်တစ်ခွက်ကို တစ်ချက်တည်းဖြင့် မော့သောက်လိုက်ပြန်သည်။ သေရည်ငွေ့ဝေနေသည့် မျက်လုံးများက ရီဝေနီရဲလျှက် ရှိသည်။

မျက်နှာကလည်း နီမြန်းလျှက် ခန္ဓာကိုယ်ကလည်း ယိမ်းထိုးနေသေး၏။

လုန်ရဲ့က…

"လုန်မန်… ကောင်းကောင်ထိုင်စမ်းပါ… ယိမ်းထိုးမနေနဲ့…"

"……………"

လုန်မန် မည်သည့်စကားမှ မပြောတော့ပေ။ တကယ်တမ်း ယိမ်းထိုးနေသူက သူမှ မဟုတ်ပေပဲ။

မျက်စိထဲတွင် လုန်မန် အနည်းငယ်တည်ငြိမ်သွားသည်ဟု ထင်မှတ်မိတော့မှ လုန်ရဲ့က စကားစပြောလိုက်သည်။

"နတ်မိစ္ဆာတွေက ကျုပ်တို့ နဂါးမျိုးနွယ်တွေကို ဘာလို့ တိုက်ခိုက်သလဲ မင်းသိလား"

လုန်မန် မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း ခေါင်းခါယမ်းပြလိုက်သည်။

"ကောလာဟလ ကြားထားတာတွေ ရှိပေမယ့် အသေးစိတ်တော့ မသိဘူး"

လုန်ရဲ့က ရယ်မောလိုက်၏။

"ဟဲဟဲ… တကယ်တော့ ကျုပ်လည်း မသိဘူးကွ…"

"………………"

လုန်ရဲ့က စကားဆက်ပြောသည်။

"ဒါပေမဲ့ ကျုပ်သိတာက နဂါးမျိုးနွယ်တွေကလည်း အတော်လေးကို တိုက်ချင်ခိုက်ချင်နဲ့ သွေးဆူနေကြတာကွ ၊ အဲဒါ ပုံမှန်ပဲလို့ မင်းထင်သလား"

လုန်မန်က…

"အဲဒါက ပုံမှန် မဟုတ်လို့လား"

လုန်ရဲ့က ရယ်မောလိုက်ရင်း…

"တကယ်တော့ ပုံမှန်ပါပဲကွာ…"

"……………"

"နတ်မိစ္ဆာတွေနဲ့ နဂါးတွေ တိုက်ခိုက်ကြတာက ပုံမှန်ပါပဲကွာ… ၊ ဒါပေမဲ့ ဇာမဏီမျိုးနွယ်တွေ ၊ နတ်လူသားမျိုးနွယ်တွေ ၊ နတ်ဆိုးတွေ ၊ မှော်ဝိညာဉ်တောင်က မှော်ဆရာတွေအားလုံး အခုဆိုရင် တိုက်ခိုက်ဖို့ တာဆူနေကြတာ မင်း သတိထားမိတယ် မဟုတ်လား"

ခဏနားပြီးမှ လုန်ရဲ့က ဆက်ပြောသည်။

"တကယ်ဆို သူတို့အားလုံးက တိုက်ခိုက်ဖို့ ဘာအကြောင်းပြချက်မှ မယ်မယ်ရရမရှိဘဲ ထွက်လာကြတာကွ ၊ ထားပါတော့… နတ်လူသားမျိုးနွယ်တွေကတော့ ဇာမဏီတွေကိုတိုက်ခိုက်ဖို့ အကြောင်းပြချက် ရှိတယ်ပေါ့ကွာ ၊ ဒါပေမဲ့ အဲဒီ အကြောင်းပြချက်ကလည်း မှန်လားမှားလားဆိုတာ ဘယ်သူသိနိုင်မှာလဲ… အဟက်…"

လုန်ရဲ့က နောက်ထပ်သေရည်တစ်ခွက် မော့သောက်လိုက်ပြီး အာပေါင်းအာရင်းသန်သန်ဖြင့် ဆက်ပြော၏။

"ဒီကိစ္စတွေက ကျုပ်တို့ ခွန်လွန်တောင်ကိုလာရတဲ့အကြောင်းရင်းနဲ့ ဘာဆိုင်လဲလို့ မင်း တွေးနေတယ် မဟုတ်လား"

လုန်မန်က ခေါင်းညိတ်ပြလိုက်သည်။

ဟုတ်ပေ၏။ သူတို့ ခွန်လွန်တောင်သို့ လာရောက်ရခြင်းက ထိုကိစ္စများနှင့် မည်သို့မှ မသက်ဆိုင်ပေ။

လုန်ရဲ့က လုန်မန်ကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်…

"အိမ်း… တကယ်တော့ ခွန်လွန်တောင်က ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ နဂါးမျိုးနွယ်တွေ နတ်မိစ္ဆာတွေထက် အင်အားမနည်းလှတဲ့ အင်အားစုကြီးတစ်ခုလေကွာ... မင်းလည်း သိတာပဲမဟုတ်လား ၊ အခု အနောက်ဘက်စွန့်ပစ်နယ်မြေရဲ့ အနောက်ဘက်စွန်းမှာတည်ရှိတဲ့ တစ္ဆေတိုင်းပြည်က အတော်လေး မတည်မငြိမ်ဖြစ်နေတယ် ၊ ဒါပေမဲ့ ခွန်လွန်တောင်က ဘာလှုပ်ရှားမှုမှ မလုပ်သေးဘူးလေ"

လုန်မန်အံ့အားသင့်သွားသည်ကိုတွေ့သည်နှင့် လုန်ရဲ့က ဆက်ပြောသည်။

"တကယ်ဆို တစ်လောကလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြတဲ့အချိန် ခွန်လွန်တောင်က ဘာလို့ ငြိမ်သက်နေရတာလဲ ၊ လောကရေးရာတွေ ဝင်မပါချင်ဘူးဆိုပြီး အေးဆေးလုပ်နေတာတော့ လုံးဝမဟုတ်ဘူးနော်… ဟေ့ကောင် ၊ တကယ်တော့ ခွန်လွန်တောင် ငြိမ်နေရတဲ့အကြောင်းရင်း (၂)ချက်ရှိတယ်ကွ… (၂)ချက်…"

လုန်ရဲ့ စကားပြောခြင်းကို ရပ်လိုက်ပြီး သေရည်ခွက်ကိုကြည့်ရင်း ပြုံးလိုက်၏။

"ပထမအချက်က ခွန်လွန်တောင်က နာမည်မကြီးချင်လို့ အခြားအင်အားစုတွေ လှုပ်ရှားနေတဲ့အချိန်မှာ မလှုပ်ရှားသေးဘဲငြိမ်နေတာမျိုး ဖြစ်နိုင်တယ် ၊ နောက်တစ်ချက်က ခွန်လွန်တောင်က ဘယ်သူမှ မရိပ်မှုအောင် အားလုံးထက်အရင် ခြေတစ်လှမ်းကြိုလှမ်းပြီး လှုပ်ရှားမှု ပြုလုပ်ထားတာမျိုးလည်း ဖြစ်နိုင်တယ် ၊ ဒုတိယအချက်သာ ဖြစ်နေမယ်ဆိုရင်တော့ တကယ့်ကို ကြောက်စရာပဲကွ…"

လုန်ရဲ့၏စကားများကို လုန်မန်က အံ့အားသင့်စွာဖြင့်ပင် ဆက်ပြီး နားထောင်နေသည်။

"ဒီတော့ ကျုပ်တို့နဂါးမျိုးနွယ်တွေ ဒီတစ်ခေါက် ခွန်လွန်တောင်ကို လာရတဲ့အကြောင်းက ခွန်လွန်တောင်မှာ လျှို့ဝှက်လှုပ်ရှားမှုတွေ ရှိသလားဆိုတာကို စုံစမ်းဖို့ပဲ"

လုန်မန်က…

"ဒါဖြင့် ကျောက်စိမ်းရေကန်နတ်ဘုရားမကိစ္စအတွက် လာတာမဟုတ်ဘူးပေါ့…"

လုန်ရဲ့က…

"ဟုတ်တယ်လေ ၊ တကယ်တော့ ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုတာကလည်း သဘာဝတရားကနေ မွေးဖွားလာတဲ့ နတ်ဘုရားမပဲကွ ၊ ပိုတောင် အံ့သြစရာကောင်းသေးတယ်… ၊ ဟင်း… ဒီကိစ္စတွေအားလုံးက ခပ်ရှုတ်ရှုတ်ပဲဟေ့… ၊ ဘာတွေဖြစ်နေတယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ"

စကားဆုံးသွားသည်နှင့် လုန်ရဲ့က ပခုံးတစ်ချက်တွန့်ရင်း သေရည်ကို မော့သောက်လိုက်သည်။

ထိုစဉ်မှာပင် သူ့လုံးထောင့်တွင် ကျန်းလန်ကို ဖျတ်ခနဲ သတိထားမိသွားသည်။

"ဒီလူထိုင်နေသည်ကို စောစောက အဘယ့်ကြောင့် သတိမထားမိပါလိမ့်" ဟု လုန်ရဲ့ တွေးလိုက်၏။ အမှန်တော့ လုန်မန်နှင့် လေအပန်းကောင်းပြီး ကျန်းလန်ကို မေ့သွားခဲ့ခြင်း ဖြစ်သည်။

သူက မျက်စိမှိတ်နေသည့် ကျန်းလန်ရှေ့တွင် လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ့ရှေ့တွင် တစ်စုံတစ်ခု ရှိနေသည်ကို အာရုံခံလိုက်မိသည်နှင့် ကျန်းလန်က မျက်လုံးများ ဖွင့်ကြည့်လိုက်၏။ ထိုအခါ စိတ်ရှုတ်ထွေးဟန်ပေါက်နေသည့် လုန်ရဲ့၏ မျက်နှာကြီးကို မျက်စိရှေ့တွင် တွေ့လိုက်ရသည်။

သေရည်မူးနေသည့် နဂါးကြီး။

အမှန်တော့ လုန်ရဲ့၏ စကားများကို နားထောင်ရင်း သူ အံ့အားသင့်နေခဲ့ခြင်း ဖြစ်သည်။ တစ်ဆက်တည်းပင် ရှေးဟောင်းရေတွင်းကြီးအတွင်းမှ မျက်လုံးနီကြီးပြောခဲ့သည့် "ကောင်းကင်ဘုံပြိုကျကာ မိုးနဲ့မြေပျက်စီးတော့မည်" ဆိုသောစကားများကို ပြန်လည် အမှတ်ရလိုက်မိသည်။

သို့သော် ထိုကိစ္စသာ အမှန်ဆိုလျှင် ပြဿနာအရှုတ်အထွေးများကြားမှ သတိရှိရှိဖြင့် အသက်ရှင်ရန် အခွင့်ကောင်းကို ရှာဖွေရမည် ဖြစ်သည်။

လုန်ရဲ့က…

"ညီလေး…  ကျုပ် မင်းကို ရင်းရင်းနှီးနှီး မြင်ဖူးနေသလိုပဲ… ၊ လာ… သေရည် အတူတူသောက်ရအောင်"

လုန်ရဲ့က ကျန်းလန်ရှေ့မှ သေရည်ခွက်ကို လှမ်းယူလိုက်ပြီး သေရည်တစ်ခွက် ငှဲ့ထည့်ပေးလိုက်သည်။

ကျန်းလန်က သေရည်ခွက်ကို ခေါင်းငုံ့ကြည့်လိုက်သည်။ ဤသေရည်က အနည်းငယ် ကြောက်စရာကောင်းလှသည်။

သောက်လိုက်သည်နှင့် သေချာပေါက် လူမှန်းသူမှန်းမသိအောင် မူးပေလိမ့်မည်။ လုန်ရဲ့ကဲ့သို့ မိုးကောင်းကင်အင်မော်တယ်ပင် သေရည်သောက်ပြီး မူးနေလေရာ ကျန်းလန်ဆိုလျှင်တော့ ပြောစရာ မလိုတော့ပေ။

လုန်ရဲ့က…

"မင်း ဘာလို့ သေရည်ကို စိုက်ကြည့်နေတာလဲ"

"………………"

"ဘုန်း…"

လုန်ရဲ့က စားပွဲကို ဘုန်းကနဲ ထုလိုက်သည်။

"မင်းက ကျုပ်ကို အထင်သေးတာလား ၊ ကျုပ်က မင်းကို ညီအစ်ကိုလို ဆက်ဆံတယ် ၊ မင်းကတော့ ကျုပ်ကို ချီးထုတ်လိုဆက်ဆံတယ် ၊ ဒီနေ့ ကျုပ်တိုက်တဲ့သေရည်ကို မသောက်ဘူးဆိုရင် နောက်တစ်ခါ မင်းကို ညီအစ်ကိုလို့ သတ်မှတ်စရာ အကြောင်းမရှိတော့ဘူး"

"………………"

ပြောရင်း လုန်ရဲ့က ဒေါသတကြီးဖြင့် မတ်တတ်ထရပ်လိုက်၏။

ကျန်းလန် ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အနေစဉ် လုန်ရဲ့က သေရည်ခွက်ကို ဒေါသတကြီးဖြင့် ကြမ်းပြင်ထက် ပေါက်ကွဲပစ်လိုက်သည်။

"ခွမ်း…"

လုန်ရဲ့ ဒေါသထွက်နေသည်ကိုကြည့်ပြီး လုန်မန်ကတော့ ကြောက်ရွံ့သွားလေသည်။ ဦးလေးလုန်ရဲ့နှင့်အတူ သေရည်သောက်ရခြင်းက အန္တရယ်များ လွန်းလှသည်။

သူက အခြေအနေမဟန်မှန်းသိသဖြင့် ကျန်းလန်ဘက်မှ ကာကွယ်ပြောဆိုပေးလိုက်သည်။

"ဦးလေး… ဒေါမကြီးပါနဲ့… ၊ ကျွန်တော့်ယောက်ဖက သေရည်မသောက်တတ်လို့ပါ…"

လုန်ရဲ့က လုန်မန်ကို လှမ်းကြည့်လိုက်ပြီး…

"မင်းက ဘာသောက်ပေါက်ကရတွေ ပြောနေတာလဲ…"

သူက ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…

"ဒါ ကျုပ်ညီကွ... မြင်းသေးတွေအတူသောက်ပြီး ခွေးချေးတွေအတူစားခဲ့ကြတာ ၊ ကျုပ်တို့ညီအစ်ကိုတွေ ဘဝတစ်လျှေက်လုံး အတူရှိခဲ့ကြတာ ၊ ကျုပ်ညီက မင်းယောက်ဖ ဘာလို့ ဖြစ်ရမှာလဲ"

".............."

ယခုတစ်ကြိမ် ဆွံ့အ သွားရသူက လုန်မန် ဖြစ်၏။

သူက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။

လုန်မန်က သူ့ကိုကြည့်လာသည်နှင့် ကျန်းလန်ကလည်း ချက်ချင်းပင် သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်သည်။

"ကျုပ် တစ်ခါမှ သူနဲ့အတူ ခွေးချေးတွေ မစားဖူးဘူးနော် အဋ္ဌမမင်းသား"

ထိုစဉ် လုန်ရဲ့က သေရည်ခွက်ထဲသို့ သေရည်ငှဲ့ထည့်လိုက်၏။ သို့သော် သေရည်က မရှိတော့ပေ။

သေရည်မရှိတော့ဘူးလား...။

"ခွမ်း..."

လုန်ရဲ့ ဒေါသတကြီးဖြင့် သေရည်အိုးကို ကြမ်းပြင်ထက်ပေါက်ခွဲပစ်လိုက်သည်။

ထို့နောက်...

"ကောင်လေး … မင်းက ဘာလို့ အကောင်းစားသေရည် မပေးရတာဲ ၊ ဒီမှာ ကျုပ်ညီလေးက သေရည်သောက်ဖို့စောင့်တာ ၊ မင်းတို့ဆိုင်က အတော်တာဝန်မဲ့တာပဲ ၊ မြင်းသေးထက် နည်းနည်းလောက်သာတဲ့ သေရည်မျိုးတော့ ပေးမှပေါ့ကွ… ၊ ပေးစမ်း… အကောင်းစားသေရည် (၁၀)အိုး…"

လုပ်ပြန်ပြီ။

ကျန်းလန် နေရာမှ ခပ်ဖြည်းဖြည်းထလိုက်ပြီး အဝေးသို့ရွှေ့သွား၏။ လုန်မန်လည်း ကျန်းလန် နောက်မှလိုက်သွား၏။

ယခင်က ကြုံတွေ့ခဲ့ရသည့် ကြောက်မက်ဖွယ်ရာအတွေ့အကြုံများကို သူတို့ ပြန်လည်သတိရလိုက်မိကြသည်။

ကလေးငယ်က တစ်ချက်သမ်းဝေလိုက်ရင်း…

"ဖီရှိုးရေ... လာဦးဟေ့..."

သူနှင့်ရင်းနှီးပြီးသား ဖီရှိုးကောင် ဆိုင်ထဲဝင်လာသည်ကို တွေ့မြင်လိုက်သည်နှင့် ကျန်းလန်က ချက်ချင်းပင် ဆိုင်ထောင့်တစ်နေရာသို့ ကပ်နေလိုက်၏။

ဖီရှိုးကောင်နှင့် လုန်ရဲ့ အကြည့်ချင်းဆုံသွားကြသည်။ ရန်သူချင်းဆုံတွေ့သည့်အခါ မျက်ဝန်းများတွင် အမုန်းတရားများ ပြည့်နက်သွားကြသည်။

"ဂရား…"

နဂါးဟိန်းသံကြီးထွက်ပေါ်လာပြီး လုန်ရဲ့က ဖီရှိုးကို စတင်တိုက်ခိုက်လိုက်၏။

"ဝုန်း…"

"ဝှီး…"

သေရည်ဆိုင်ထဲမှ စားပွဲနှင့်ထိုင်ခုံများ လေထဲပျံဝဲကုန်ကြသည်။

ကျန်းလန်က အတန်ငယ်ဝေးသည့် ဆိုင်ထောင့်တစ်နေရာတွင် ကပ်နေသောကြောင့် သိပ်မခံလိုက်ရပေ။

လုန်ရဲ့နှင့် ဖီရှိုး တိုက်ခိုက်ရင်း ဆိုင်ထဲကထွက်သွားတော့မှ ကျန်းလန်က ထိုင်ခုံများကို ပြန်စီပေးပြီး နေရာတစ်နေရာတွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်သည်။

သူ့ပုံစံက ဘာမှမဖြစ်သလိုပင်။

လုန်မန်က သူ့ယောက်ဖကိုကြည့်ပြီး အံ့အားသင့်သွားသည်။

လုန်ရဲ့နှင့် ဖီရှိုးတိုက်ခိုက်သည်ကို မတုန်မလှုပ် ကြည့်နေနိုင်သည့် ယောက်ဖက ထူးခြားလွန်းသူတစ်ယောက် ဖြစ်သည်ဟု လုန်မန် တွေးလိုက်မိသည်။

သူပင်လျှင် လုန်ရဲ့နှင့် ဖီရှိုးစတင်တိုက်ခိုက်သည်ကို တွေ့မြင်ရစဉ်က အတော်လေး သွေးပျက်ခဲ့ရသည် မဟုတ်ပါလား။

ဆိုင်သန့်ရှင်းရေးလုပ်ပြီးသွားသည်နှင့် ကလေးငယ်က မြေပဲနှင့်လက်ဖက်ရည်ကြမ်းများယူလာပြီး ကျန်းလန်ရှေ့သို့ ချပေးလိုက်သည်။

"ဒါက အစ်ကိုကြီးစားဖို့ ၊ ကျွန်တော်တို့ဆိုင်က နဂါးတွေနဲ့ ခွေးတွေကိုတော့ မကြိုဆိုဘူး"

လုန်မန်က ကလေးငယ်ကို မကျေမနပ်ဖြင့် ကြည့်လိုက်ရင်း…

"ကောင်လေး… မင်းက ကျုပ်ကို တည့်စော်နေတာလား"

ကလေးငယ်က…

"ဟုတ်တယ်လေ… တည့်တည့်ပဲ ပြောရမှာပဲ ၊ နဂါးတစ်ကောင်လာတိုင်း ဖီရှိုးကို ဝိညာဉ်ကျောက်တုံးတစ်တုံးပေးပြီး မောင်းထုတ်ခိုင်းနေရတာ"

ထို့နောက် ကလေးငယ်က သက်ပြင်းတစ်ချက်ချရင်း…

"ဖီရှိုးကောင်ကိုလည်း ဘယ်သူက အကျင့်လုပ်ပြီး ဝိညာဉ်ကျောက်တုံးပေးလိုက်လဲ မသိဘူး ၊ အခုဆို ဆိုင်ကို ဒုက္ခပေးတဲ့သူတွေကို မောင်းထုတ်ဖို့တောင် ဝိညာဉ်ကျောက်တုံး ပေးနေရတယ်"

ကျန်းလန် : "………………"

အရင်က ဖီရှိုးသတ္တဝါက အလကားခိုင်းလို့ရသည့် သတ္တဝါလား။

ထိုအချက်ကို ကျန်းလန်လည်း မသိရှိပေ။ သူကတော့ ဖီရှိုးကောင်ကို ဝိညာဉ်ကျောက်တုံးပေးကာ ခိုင်းစေခဲ့ဖူးလေသည်။ ထိုသို့ခိုင်းစေရန်မှာလည်း ရှောင်ယွိက သင်ပေးခဲ့ခြင်း ဖြစ်၏။

ထို့နောက် ကောင်လေးက ကျန်းလန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ရင်း…

"အစ်ကိုကြီး… မေးခွန်းတစ်ခုလောက်မေးလို့ရမလား"

ကျန်းလန်က မြေပဲများကို ငုံ့ကြည့်နေရင်းမှ ခေါင်းညိတ်ပြလိုက်သည်။

"မေးလေ…"

ကလေးငယ်က စိတ်ညစ်နေသည့်ဟန်ဖြင့်…

"ဟုန်ယာကပြောတယ် ၊ သူ့ကို သေအောင်ရိုက်ရင်တောင် ကျွန်တော့်ကို ပြန်မကြိုက်နိုင်ဘူးတဲ့"

ကလေးငယ်က ခဏနားပြီးမှ ဆက်ပြောသည်။

"အဲဒါ… အစ်ကိုကြီးကျတော့ စေ့စပ်ထားတဲ့သူတစ်ယောက် ဘယ်လိုများရအောင် ကြိုးစားလိုက်တာလဲဟင်"

"ဆရာကောင်းတစ်ယောက် ရထားလို့ပေါ့ကွာ" ဟု ကျန်းလန် စိတ်ထဲက ပြောလိုက်သည်။

အမှန်တကယ်လည်း ထိုအချက်ကြောင့်ပင်ဖြစ်သည် မဟုတ်ပါလား။

သို့သော် ကျန်းလန် စကားမပြောနိုင်ခင်မှာပင် လုန်မန်က ဝင်ပြောလိုက်၏။

"ဟေ့ကောင်လေး… ဒီလိုကိစ္စတွေမှာ ကျုပ်ကမှ အတွေ့အကြုံများတာကွ"

ကလေးငယ်က လုမန်ကို လှမ်းကြည့်လိုက်သည်။

ကျန်းလန်မှာလည်း ထိုသို့သောအချစ်ရေးအချစ်ရာကိစ္စများကို ကျွမ်းကျင်သူမဟုတ်လေရာ လုန်မန် ဘာပြောမည်ကို သိချင်စိတ်ဖြစ်သွားမိသည်။

သူ ရှောင်ယွိကို တုတ်ထိုးသကြားလုံးများ လက်ဆောင်ပေးစဉ်က တပည့်ဖြစ်သူကို ကောင်းကောင်း မသင်ပြပေးမိလေခြင်းဟု ဆရာဖြစ်သူက သူ့ကိုယ်သူ အပြစ်တင်နေဟန် ရှိသည်။

ဤသို့သော အချစ်ရေးအချစ်ရာကိစ္စများတွင် တပည့်ဖြစ်သူအသုံးမကျသည်မှာ သူ့အပြစ်သာဖြစ်ကြောင်း ဆရာဖြစ်သူက ပြောဆိုလေ့ရှိသည်။

လုန်မန်က ကောင်တာတွင်ရပ်နေသည့် ကလေးမလေးကို တစ်ချက်လှမ်းကြည့်လိုက်ရင်း…

"ဟို ကောင်တာမှာရှိနေတဲ့ ကောင်မလေးက ဇာမဏီးမျိုးနွယ်တစ်ယောက်ပဲ ၊ ဟုတ်တယ်မလား"

ကလေးငယ်က ခေါင်းညိတ်ပြလိုက်၏။

လုန်မန်က စကားဆက်ပြောသည်။

"ဇာမဏီမျိုးနွယ်တစ်ယောက်က မင်းကို လက်ခံစေချင်တယ်ဆိုရင် သူ့ခေါင်းကို လှံရှည်တစ်ချောင်းနဲ့ တီးပစ်လိုက်ဖို့ပဲလိုတယ်ကွ ၊ ဆိုတော့ကွာ… မင်း သူ့ခေါင်းပေါ်တက်ဖိပြီး မင်းကို သဘောကျမလား မကျဘူးလားဆိုတာ မေးလိုက်ရုံပဲ ၊ မဟုတ်လို့ကတော့ ဇာမဏီတွေက သူတို့ကိုယ်သူတို့ မင်းထက်ပိုပြီး အဆင့်အတန်းမြင့်တယ်ဆိုပြီး မာန်တက်နေတော့ မင်းကို ငြင်းနေဦးမှာပဲ"

လုန်မန်က ခဏနားပြီးမှ ဆက်ပြောသည်။

"ကောင်လေး… ဇာမဏီမယ်လေးတွေက ကျုပ်တို့ နဂါးမျိုးနွယ်တွေနဲ့ မတူဘူးကွ ၊ မာနခဲအကြမ်းအတမ်းလေးတွေ… ၊ အဲဒီတော့ ခပ်ကြမ်းကြမ်းကိုင်ရတယ်… ၊ ကျုပ်အစ်မဆိုရင်တော့ သူတို့လိုမဟုတ်ဘူး ၊ နူးညံ့တယ် ၊ ကျက်သရေရှိတယ် ၊ ဣန္ဒြေလည်းရှိတယ် ၊ ယောက်ဖနဲ့ အရမ်းကို လိုက်ဖက်ညီတာ"

All Chapters